Analysis Article Premier League

တူဟယ်လ်ပြောင်းလဲပေးနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့လက ချဲလ်ဆီးရဲ့ အကောင်းအဆိုး အကြောင်းအကျိုးတို့ရဲ့အလယ်

ချဲလ်ဆီးအသင်းဟာ အလွန်ကောင်းမွန်တဲ့ ပရီးမီးယားလိဂ်ရာသီ ပထမဆုံးလကို ပိုင်ဆိုင်ခဲ့ပြီးနောက် လီဗာပူးလ်အသင်းနဲ့အတူ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒါက အရင်တုန်းက ပိုပြီး အန္တရာယ်ကြီးပုံ ပေါ်ခဲ့ပြီး ကစားသမားတွေဟာ ထက်ထက်မြက်မြက်နဲ့ ပါဝင်ကစားရတဲ့ပွဲစဉ်တိုင်းကို အနိုင်ယူဖို့ အဆင်သင့်ဖြစ်နေပုံ ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒုတိယလထဲအထိ တူညီတဲ့ အရှိန်အဟုန်ကို ဆက်လက်သယ်ဆောင်နိုင်ခဲ့တဲ့ ချဲလ်ဆီးအတွက် အရာအားလုံးက တော်တော်လေး အဆင်ပြေနေခဲ့ပေမယ့်လည်း စက်တင်ဘာလအစမှာတော့ အရမ်းကောင်းမွန်ခဲ့တဲ့ တူဟယ်ရဲ့ချဲလ်ဆီးဟာ လကုန်ခါနီးလေ စိတ်ပျက်စရာကောင်းလေ၊ စိုးရိမ်စရာဖြစ်လာလေ ဖြစ်ခဲ့ပါတယ်။

လန်ဒန် ကလပ်အသင်းဟာ စက်တင်ဘာလအတွင်းမှာ လီဗာပူးလ်၊ မန်ချက်စတာစီးတီးတို့ရဲ့နောက် အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ရပေမယ့် ယခုအောက်တိုဘာလအစမှာတော့ နည်းပြတူဟယ်လ်အနေနဲ့ ပြီးခဲ့တဲ့လက အကောင်းအဆိုးတွေကိုသုံးသပ်လေ့လာပြီး ပွဲစဉ် ၇ အပြီးမှာ ဒုတိယနေရာက လီဗာပူးလ်ထက် တစ်မှတ်အသာဖြင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးက ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်

ပရီးမီးယားလိဂ်ချန်ပီံယံဖြစ်ဖို့အတွက် ပြီးခဲ့တဲ့စက်တင်ဘာလဟာ အမှားတွေဆီကနေ သင်ခန်းစာတွေ ယူခဲ့ရတဲ့ နည်းပြတူဟယ်လ်နဲ့ ချဲလ်ဆီးအသင်းအတွက် အရေးကြီးတဲ့ လတစ်လဖြစ်ပြီး ချဲလ်ဆီးရဲ့ အကောင်းအဆိုး အကြောင်းအကျိုးတို့ရဲ့အလယ် ပြီးခဲ့တဲ့လက ပြောစရာ အချက် ၅ ချက်က ဘာတွေများဖြစ်မလဲ…

၅. အတောင့်တင်းဆုံး ဂိုးသမားအင်အားကို ပိုင်ဆိုင်ထားခြင်း

ပြီးခဲ့တဲ့ရာသီ ဖရန့်ခ် လမ်းပတ် လုပ်ဆောင်ခဲ့တဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုဟာ မန်ဒီကို ခေါ်ယူခဲ့ခြင်းလို့ ပြောရမှာပါ။ မန်ဒီဟာ ချဲလ်ဆီးရဲ့ ဆိုးရွားတဲ့ ခံစစ်ကို ကုစားပေးနိုင်ခဲ့ပြီး ဥရောပရဲ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ဦးဆိုတာလည်း သက်သေပြသနိုင်ခဲ့ပါတယ်။ မန်ဒီအနေနဲ့ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ချီးမြှင့်ခြင်းခံခဲ့ရပြီး ယခုရာသီမှာလည်း ကစားကွက်ကနေ ပေးဂိုး ၂ ဂိုးသာ ခွင့်ပြုထားရတဲ့အထိ လက်စွမ်းပြနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်ကောင်းဖို့ရာ တစ်ယောက်က ပျက်ရတဲ့ ဓမ္မတာအတိုင်း ကီပါကတော့ အရန်ခုံမှာ ဖင်ကို သံမှိုစွဲထားသလို ဖြစ်နေရပြီဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလားပြိုင်ပွဲတစ်ခုလုံး ကစားခဲ့ပေမယ့် ဗိုလ်လုပွဲမှာ လက်စတာစီးတီးကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဖလားကိုင်မြှောက်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာလည်း ကီပါဟာ ဒုတိယဦးစားပေးဂိုးသမားအဖြစ် ဆက်လက်ရှိနေပေမယ့်လည်း စူပါဖလားဗိုလ်လုပွဲမှာတော့ ကောင်းကောင်းလက်စွမ်းပြသခဲ့ပါတယ်။ စူပါဖလားပွဲစဉ်ပြီးကတည်းက ကီပါဟာ မကစားရတော့ပေမယ့်လည်း ကိုယ့်ကိုကိုယ် အရမ်းယုံကြည်မှု ရှိနေပုံရပြီး စပါးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကီပါဟာ လိဂ်ဖလားပွဲစဉ်ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာလည်း ပင်နယ်တီကာကွယ်နိုင်ခဲ့တဲ့ ဟီးရိုးဖြစ်ခဲ့ပြီး အဲဒါက အဲဒီအချိန်မှာ ဂိုးသမား ၂ ဦးစလုံးဟာ ပျော်ရွှင်ပြီး ယုံကြည်မှုရှိနေတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ကီပါဟာ အသက် ၂၆ နှစ်သာရှိသေးပြီး မန်ဒီနဲ့အတူ လက်စွမ်း ဆက်လက်တိုးတက်နေမယ်ဆိုရင် ပထမပွဲထွက်ဂိုးသမားနေရာအတွက် ဆီနီဂေါဂိုးသမားကို ကျိန်းသေပေါက် စိန်ခေါ်နိုင်မှာဖြစ်ပါတယ်။

၄။ အကူအညီတွေ ပိုလိုအပ်နေတဲ့ လူကာကူ

သင်ကသာ ချဲလ်ဆီးပရိတ်သတ်ဆိုရင် ပထမဆုံးလတုန်းက လုပ်ပြခဲ့တဲ့အတိုင်း လူကာကူ ထပ်လုပ်ပြမှာကို စောင့်ဆိုင်းနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ နည်းနည်း အထီးကျန်နေပြီး တိုက်စစ်မှာ ငေါင်တောင်တောင်ဖြစ်နေတဲ့ပုံပေါ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ လူကာကူဟာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် ၂ ပွဲမှာမှ တစ်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အက်စ်တွန်ဗီလာနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ဂိုးပေါက်ကန်သွင်းမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ၃ ကြိမ်ဟာ ဂိုးပေါက်တွေ့ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပျော်ရွှင်စရာရလဒ် ထွက်ပေါ်ခဲ့ပေမယ့်လည်း အဲဒီပွဲစဉ်ကိုယ်တိုင်က ဘာတွေလုပ်ရမလဲဆိုတာ ညွှန်ကြားမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

စပါး၊ မန်စီးတီးတို့နဲ့ပွဲမှာ လူကာကူဟာ ပထမပိုင်းအတွင်း လုံးဝကို တစ်ယောက်တည်း သီးခြားဖြစ်နေခဲ့ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးနဲ့ တီမို ဗာနာတို့ဟာ ဘောလုံးက ချဲလ်ဆီးအသင်းရဲ့ ကွင်းဘက်ခြမ်းကနေ ကျော်ဖို့ ခဲယဉ်းတဲ့အချိန်ကတည်းက ပျောက်နေခဲ့ကြတာဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုနဲ့ ကွင်းလယ်အသာစီးလွှမ်းမိုးနိုင်ခဲ့တဲ့ ဂျူဗင်တပ်နဲ့ ပွဲစဉ်မှာတောင်မှပဲ ကစားသမားတွေဟာ လူကာကူးဆီကို ပုံမှန် ပေးပို့မှုတွေ ပြုလုပ်နိုင်စွမ်းမရှိခဲ့ဘဲ ကျောနံပါတ် ၉ အနေနဲ့ ဂိုးသွင်းယူဖို့ဆိုရင် အသင်းဖော်တွေဆီကနေ ဒီထက်ပိုမိုတဲ့ အကူအညီတွေ လိုအပ်မှာဖြစ်ပါတယ်။ မားကို့စ် အလွန်ဆိုနဲ့ ရီးစ် ဂျိမ်းစ်တို့လို ကစားသမားတွေဟာ အံ့အားသင့်ဖွယ် ဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်နိုင်စွမ်းရှိပြီး လူကာကူဆီ ဘောလုံးပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ ကစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။

၃။ ဒဏ်ရာတွေရဲ့ မျက်နှာသာပေးခြင်းမခံခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလူစာရင်းပိုင်ဆိုင်ထားတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အများစုက ဒဏ်ရာပြဿနာတွေဟာ အသင်းအတွက် ကြီးကြီးမားမား ထိခိုက်စရာဖြစ်လာမှာမဟုတ်ဘူးလို့ ယူဆကြမှာပါ။ ဒါပေမယ့်လည်း မေဆန် မောင့်၊ ရီးစ် ဂျိမ်းစ်၊ ကွန်တေတို့လို ကစားသမားတွေ ဒဏ်ရာရတဲ့အခြေအနေမှာတော့ အသင်းအပေါ်မှာ စတင်ပြီး အကျိုးသက်ရောက်မှုတွေ ရှိလာပြီး ချဲလ်ဆီးကွင်းလယ်ဟာ ဗီလာနဲ့ပွဲစဉ်ပြီးကတည်းက အတောင့်တင်းဆုံးပုံစံမှာ ရှိမနေတော့တာဖြစ်ပါတယ်။

စပါးနဲ့ပွဲစဉ်က စွမ်းဆောင်ရည်ကလည်း ချဲလ်ဆီးအနေနဲ့ တိုက်စစ်ဧရိယာမှာ လွှမ်းမိုးနိုင်စွမ်းနဲ့ ခိုင်မာမှုပိုမိုရရှိအောင် လုပ်ဖို့ လိုအပ်နေပြီဆိုတာ ညွှန်ပြနေခဲ့တာဖြစ်ပြီး မေဆန် မောင့်ဟာ အကောင်းဆုံးရာသီကို မရရှိသေးဘူးဆိုပေမယ့်လည်း မပါတာထက်စာရင် လူစာရင်းမှာ ပါလာတာနဲ့ တော်တော်လေးကောင်းမွန်နေတယ်ဆိုတာ သိသာပါတယ်။ အဲဒါက မေဆန် မောင့်မပါဘဲ ကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲစလုံးမှာ တိုက်စစ် သေဆုံးနေတာကို ကြည့်ခြင်းအားဖြင့် ပြောနိုင်ပြီး ကွန်တေကလည်း လန်ဒန်ဒါဘီပွဲစဉ်ရဲ့ အရှိန်ကို လျင်လျင်မြန်မြန် မြှင့်တင်ပေးနိုင်တဲ့ ပွဲအပြောင်းအလဲ ပြုလုပ်ပေးသူ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ရီးစ် ဂျိမ်းစ်ဟာ လူကာကူနဲ့ ကောင်းမွန်တဲ့ အချိတ်အဆက်၊ အရိပ်အကဲကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ၎င်းရဲ့ ဒဏ်ရာရရှိမှုကြောင့် ချဲလ်ဆီးရဲ့တိုက်စစ်ဟာ ခံစားခဲ့ရတာဖြစ်ပါတယ်။

၂။ လူငယ်ကစားသမားတွေ ပွဲထုတ်မှု

လူဟယ်လုပ်နေသေးတဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုဟာ လူငယ်ကစားသမားတွေကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နေတာဖြစ်ပါတယ်။ လိဂ်ဖလားပွဲစဉ်အဖြစ် အက်စ်တွန်ဗီလာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ မာလန် ဆားနဲ့အတူ ကောင်းကောင်းကစားနိုင်ခဲ့တဲ့ ချာလိုဘက်ကို မြင်တွေ့ရတာက ကောင်းမွန်ခဲ့ပြီး ချာလိုဘက်ကို ခဏထားလိုက်ပြီး လော့ဖ်တပ်စ်-ချိခ်နဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ကို ကြည့်လိုက်မယ်ဆိုရင်လည်း အရမ်းအရေးပါတဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားပေးခဲ့ပါတယ်။ အဲဒါက တူဟယ်ဟာ လူငယ်ကစားသမားတွေကို ယုံကြည်မှုပေးနေပြီး အရန်ကစားတွေကိုလည်း အခွင့်အရေးပေးတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ချာလိုဘက်ဟာ သူ့ရဲ့ ပုံမှန်ခြေစွမ်းအတိုင်း ဆက်လက် စွမ်းဆောင်ပြခဲ့ပြီး တူရင်မှာ ကွင်းလယ်ခံစစ်အဖြစ် ကစားခဲ့ရာမှာလည်း အလွန်ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။

တဖက်မှာလည်း အိုဒွိုင်းဟာ ဗီလာနဲ့ပွဲမှာ အသက်ဝင်နေခဲ့ပြီး ဂျူဗင်တပ်နဲ့ပွဲမှာလည်း အလွန်ကောင်းမွန်တဲ့အခိုက်အတံ့အချို့ကို ပြသခဲ့တာဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ အိုဒွိုင်းဟာ အီတလီထိပ်သီးအသင်းကြီးနဲ့ပွဲစဉ်မှာ ချဲလ်ဆီးအတွက် ချေပဂိုးရရှိအောင် ကူညီမပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လော့ဖ်တပ်စ်-ချိခ်ကတော့ အသက် ၂၀ ကျော်ကာလ အလယ်ပိုင်းကို ရောက်ရှိနေပြီဖြစ်ပြီး ပုံမှန်ဘောလုံးကစားရတာကို မြင်တွေ့ရတာ သိပ်မကြာသေးသလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း တူဟယ်က ၎င်းကို ဆာအူးလ် နီဂယ်နဲ့အတူ ကာရာဘောင်ဖလားပွဲစဉ်မှာ ပွဲထွက်ကစားစေဖို့ ဆုံးဖြတ်ခဲ့ပြီး ကွင်းထဲမှာ အင်တိုက်အားတိုက်အရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ လော့ဖ်တပ်စ်-ချိခ်ဟာ ဂျူဗင်တပ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ချိန်မှာလည်း တက်တက်ကြွကြွရှိခဲ့ပြီး ပထမအသင်းမှာ အားထားရနိုင်တဲ့ ကစားသမားဖြစ်နိုင်ဆဲဆိုတာ ဒီကစားသမားတွေက ပြသခဲ့တာဖြစ်ပါတယ်။

၁။ နည်းဗျူဟာအသစ်ရှာဖွေရတော့မယ့် တူဟယ်

အခုအချိန်မှာ တူဟယ်အနေနဲ့ ဘာတွေမှားခဲ့လဲဆိုတာကို စဉ်းစားရင်း ခေါင်းတွေ ကုတ်နေလောက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့လက ၄ ပွဲ အနိုင်ရခဲ့ပေမယ့် ပွဲကြီးပွဲကောင်းတွေဖြစ်တဲ့ မန်စီးတီး၊ ဂျူဗင်တပ်တို့နဲ့ပွဲတွေမှာ ရှုံးခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲမှာတော့ ချဲလ်ဆီးအသင်းဟာ စိတ်ဓာတ်ခွန်အားတက်ကြွမှုမရှိခဲ့ဘဲ အဲဒါကပဲ တိုက်စစ်ကို အတူတကွ မဖော်ဆောင်နိုင်ခဲ့တဲ့ အကြောင်းအရင်းဖြစ်ခဲ့ပါတယ်။ တူဟယ်က ခံစစ်ပုံစံကနေ ပိုပြီး လွတ်လွတ်လပ်လပ် ရွေ့လျားနိုင်တဲ့ပုံစံနဲ့ ဂျူဗင်တပ်နဲ့ပွဲမှာ တိုက်စစ်အသားပေးပုံစံ ပြောင်းလဲခဲ့ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်းက ခံစစ်တံတိုင်းကို ထိုးဖောက်ဖို့အတွက် ဖန်တီးနိုင်စွမ်း ကင်းမဲ့နေခဲ့ပါတယ်။ အဲဒါက အသင်းဆီကနေ ပြီးပြည့်စုံတဲ့ ရလဒ် တောင်းဆိုထားတဲ့ ဂျာမန်နည်းပြအတွက် စိုးရိမ်စရာဖြစ်ခဲ့ပြီး ကံကောင်းစွာနဲ့ ရာသီဟာ အခုမှ စတင်ခဲ့တာဖြစ်သလို ကစားကွက်စမ်းနေတုန်းပဲ ရှိနေပါသေးတယ်။ချဲလ်ဆီးအသင်းကလည်း စက်တင်ဘာလမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ ကနေ အောက်တိုဘာလမှာ အဆင့် ၁ ကို ပြန်လည်ရောက်ရှိလာပါပြီ။။ ချဲလ်ဆီးအသင်းဟာ တူဟယ် နည်းဗျူဟာအသစ် စမ်းလိုက်မယ်လို့ ဆုံးဖြတ်လိုက်တိုင်း အလွယ်တကူ နိုင်ပွဲပြန်လည်ရယူနိုင်တာကို တွေ့ရပါတယ်။ တူဟယ်ဟာ ဉာဏ်ကြီးရှင်ဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ အတွေးတိုင်းဟာ ပြီးပြည့်စုံလာဖို့အတွက် အချိန်လိုအပ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ စက်တင်ဘာလကုန်ခါနီးမှာ ဖရိုဖရဲဖြစ်နေပုံ ပေါ်ခဲ့ပေမယ့် အဲဒီအခြေအနေကို ပြောင်းလဲပေးနိုင်သူများရှိခဲ့ရင် အဲဒါက တူဟယ်ပဲ ဖြစ်ပြီး နိုင်ငံတကာပွဲတွေ မတိုင်ခင် အောက်တိုဘာလ ပွဲစဉ် ၇ မှာ ထိပ်ဆုံးနေရာ အရပြန်ယူထားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ထိပ်ဆုံးမှာ ဆက်လက်တည်ရှိစေဖို့ ဂျာမန်သားနည်းပြကြီးအနေနဲ့ ချဲလ်ဆီးရဲ့ အကောင်းအဆိုး အကြောင်းအကျိုးတို့ကို လတစ်လပြီးဆုံးတိုင်း သုံးသပ်ပြောင်းလဲပေးနိုင်ခဲ့ရင် ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ချဲလ်ဆီးအသင်းအနေနဲ့ ဆွတ်ခူးသွားဖွယ်ရာရှိကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ အလြန္ေကာင္းမြန္တဲ့ ပရီးမီးယားလိဂ္ရာသီ ပထမဆုံးလကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ လီဗာပူးလ္အသင္းနဲ႔အတူ အမွတ္ေပးဇယား ထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ အဲဒါက အရင္တုန္းက ပိုၿပီး အႏၲရာယ္ႀကီးပုံ ေပၚခဲ့ၿပီး ကစားသမားေတြဟာ ထက္ထက္ျမက္ျမက္နဲ႔ ပါဝင္ကစားရတဲ့ပြဲစဥ္တိုင္းကို အႏိုင္ယူဖို႔ အဆင္သင့္ျဖစ္ေနပုံ ေပၚေနခဲ့တာျဖစ္ပါတယ္။

ဒုတိယလထဲအထိ တူညီတဲ့ အရွိန္အဟုန္ကို ဆက္လက္သယ္ေဆာင္ႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးအတြက္ အရာအားလုံးက ေတာ္ေတာ္ေလး အဆင္ေျပေနခဲ့ေပမယ့္လည္း စက္တင္ဘာလအစမွာေတာ့ အရမ္းေကာင္းမြန္ခဲ့တဲ့ တူဟယ္ရဲ႕ခ်ဲလ္ဆီးဟာ လကုန္ခါနီးေလ စိတ္ပ်က္စရာေကာင္းေလ၊ စိုးရိမ္စရာျဖစ္လာေလ ျဖစ္ခဲ့ပါတယ္။

လန္ဒန္ ကလပ္အသင္းဟာ စက္တင္ဘာလအတြင္းမွာ လီဗာပူးလ္၊ မန္ခ်က္စတာစီးတီးတို႔ရဲ႕ေနာက္ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနခဲ့ရေပမယ့္ ယခုေအာက္တိုဘာလအစမွာေတာ့ နည္းျပတူဟယ္လ္အေနနဲ႔ ၿပီးခဲ့တဲ့လက အေကာင္းအဆိုးေတြကိုသုံးသပ္ေလ့လာၿပီး ပြဲစဥ္ ၇ အၿပီးမွာ ဒုတိယေနရာက လီဗာပူးလ္ထက္ တစ္မွတ္အသာျဖင့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ဆုံးက ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္

ပရီးမီးယားလိဂ္ခ်န္ပီံယံျဖစ္ဖို႔အတြက္ ၿပီးခဲ့တဲ့စက္တင္ဘာလဟာ အမွားေတြဆီကေန သင္ခန္းစာေတြ ယူခဲ့ရတဲ့ နည္းျပတူဟယ္လ္နဲ႔ ခ်ဲလ္ဆီးအသင္းအတြက္ အေရးႀကီးတဲ့ လတစ္လျဖစ္ၿပီး ခ်ဲလ္ဆီးရဲ႕ အေကာင္းအဆိုး အေၾကာင္းအက်ိဳးတို႔ရဲ႕အလယ္ ၿပီးခဲ့တဲ့လက ေျပာစရာ အခ်က္ ၅ ခ်က္က ဘာေတြမ်ားျဖစ္မလဲ…

၅. အေတာင့္တင္းဆုံး ဂိုးသမားအင္အားကို ပိုင္ဆိုင္ထားျခင္း

ၿပီးခဲ့တဲ့ရာသီ ဖရန႔္ခ္ လမ္းပတ္ လုပ္ေဆာင္ခဲ့တဲ့ အေကာင္းဆုံးအရာေတြထဲက တစ္ခုဟာ မန္ဒီကို ေခၚယူခဲ့ျခင္းလို႔ ေျပာရမွာပါ။ မန္ဒီဟာ ခ်ဲလ္ဆီးရဲ႕ ဆိုး႐ြားတဲ့ ခံစစ္ကို ကုစားေပးႏိုင္ခဲ့ၿပီး ဥေရာပရဲ႕အေကာင္းဆုံးဂိုးသမားေတြထဲကတစ္ဦးဆိုတာလည္း သက္ေသျပသႏိုင္ခဲ့ပါတယ္။ မန္ဒီအေနနဲ႔ ယူအီးအက္ဖ္ေအရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးဂိုးသမားဆုကို ခ်ီးျမႇင့္ျခင္းခံခဲ့ရၿပီး ယခုရာသီမွာလည္း ကစားကြက္ကေန ေပးဂိုး ၂ ဂိုးသာ ခြင့္ျပဳထားရတဲ့အထိ လက္စြမ္းျပေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း တစ္ေယာက္ေကာင္းဖို႔ရာ တစ္ေယာက္က ပ်က္ရတဲ့ ဓမၼတာအတိုင္း ကီပါကေတာ့ အရန္ခုံမွာ ဖင္ကို သံမႈိစြဲထားသလို ျဖစ္ေနရၿပီျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္ဂိုးသမားဟာ ၿပီးခဲ့တဲ့ရာသီ အက္ဖ္ေအဖလားၿပိဳင္ပြဲတစ္ခုလုံး ကစားခဲ့ေပမယ့္ ဗိုလ္လုပြဲမွာ လက္စတာစီးတီးကို ရႈံးနိမ့္ခဲ့တဲ့အတြက္ ဖလားကိုင္ေျမႇာက္ႏိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ယခုရာသီမွာလည္း ကီပါဟာ ဒုတိယဦးစားေပးဂိုးသမားအျဖစ္ ဆက္လက္ရွိေနေပမယ့္လည္း စူပါဖလားဗိုလ္လုပြဲမွာေတာ့ ေကာင္းေကာင္းလက္စြမ္းျပသခဲ့ပါတယ္။ စူပါဖလားပြဲစဥ္ၿပီးကတည္းက ကီပါဟာ မကစားရေတာ့ေပမယ့္လည္း ကိုယ့္ကိုကိုယ္ အရမ္းယုံၾကည္မႈ ရွိေနပုံရၿပီး စပါးအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ဂိုးမေပးရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ကီပါဟာ လိဂ္ဖလားပြဲစဥ္ျဖစ္တဲ့ အက္စတြန္ဗီလာနဲ႔ပြဲစဥ္မွာလည္း ပင္နယ္တီကာကြယ္ႏိုင္ခဲ့တဲ့ ဟီး႐ိုးျဖစ္ခဲ့ၿပီး အဲဒါက အဲဒီအခ်ိန္မွာ ဂိုးသမား ၂ ဦးစလုံးဟာ ေပ်ာ္႐ႊင္ၿပီး ယုံၾကည္မႈရွိေနတယ္ဆိုတာကို ျပသေနတာျဖစ္ပါတယ္။ ကီပါဟာ အသက္ ၂၆ ႏွစ္သာရွိေသးၿပီး မန္ဒီနဲ႔အတူ လက္စြမ္း ဆက္လက္တိုးတက္ေနမယ္ဆိုရင္ ပထမပြဲထြက္ဂိုးသမားေနရာအတြက္ ဆီနီေဂါဂိုးသမားကို က်ိန္းေသေပါက္ စိန္ေခၚႏိုင္မွာျဖစ္ပါတယ္။

၄။ အကူအညီေတြ ပိုလိုအပ္ေနတဲ့ လူကာကူ

သင္ကသာ ခ်ဲလ္ဆီးပရိတ္သတ္ဆိုရင္ ပထမဆုံးလတုန္းက လုပ္ျပခဲ့တဲ့အတိုင္း လူကာကူ ထပ္လုပ္ျပမွာကို ေစာင့္ဆိုင္းေနတာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္လည္း ဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာ နည္းနည္း အထီးက်န္ေနၿပီး တိုက္စစ္မွာ ေငါင္ေတာင္ေတာင္ျဖစ္ေနတဲ့ပုံေပၚေနခဲ့ပါတယ္။ ၿပီးခဲ့တဲ့လမွာ လူကာကူဟာ ၃ ဂိုးသာ သြင္းယူႏိုင္ခဲ့ၿပီး ေကာင္းမြန္တယ္လို႔ ဆိုႏိုင္ေပမယ့္ ၂ ပြဲမွာမွ တစ္ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အက္စ္တြန္ဗီလာနဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းက ဂိုးေပါက္ကန္သြင္းမႈ ၄ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ၿပီး ၃ ႀကိမ္ဟာ ဂိုးေပါက္ေတြ႕ခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေပ်ာ္႐ႊင္စရာရလဒ္ ထြက္ေပၚခဲ့ေပမယ့္လည္း အဲဒီပြဲစဥ္ကိုယ္တိုင္က ဘာေတြလုပ္ရမလဲဆိုတာ ၫႊန္ၾကားမႈေတြ ျပဳလုပ္ေနခဲ့တာျဖစ္ပါတယ္။

စပါး၊ မန္စီးတီးတို႔နဲ႔ပြဲမွာ လူကာကူဟာ ပထမပိုင္းအတြင္း လုံးဝကို တစ္ေယာက္တည္း သီးျခားျဖစ္ေနခဲ့ၿပီး ဘယ္လ္ဂ်ီယံတိုက္စစ္မႉးနဲ႔ တီမို ဗာနာတို႔ဟာ ေဘာလုံးက ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းဘက္ျခမ္းကေန ေက်ာ္ဖို႔ ခဲယဥ္းတဲ့အခ်ိန္ကတည္းက ေပ်ာက္ေနခဲ့ၾကတာျဖစ္ပါတယ္။ ေဘာလုံးပိုင္ဆိုင္မႈနဲ႔ ကြင္းလယ္အသာစီးလႊမ္းမိုးႏိုင္ခဲ့တဲ့ ဂ်ဴဗင္တပ္နဲ႔ ပြဲစဥ္မွာေတာင္မွပဲ ကစားသမားေတြဟာ လူကာကူးဆီကို ပုံမွန္ ေပးပို႔မႈေတြ ျပဳလုပ္ႏိုင္စြမ္းမရွိခဲ့ဘဲ ေက်ာနံပါတ္ ၉ အေနနဲ႔ ဂိုးသြင္းယူဖို႔ဆိုရင္ အသင္းေဖာ္ေတြဆီကေန ဒီထက္ပိုမိုတဲ့ အကူအညီေတြ လိုအပ္မွာျဖစ္ပါတယ္။ မားကို႔စ္ အလြန္ဆိုနဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔လို ကစားသမားေတြဟာ အံ့အားသင့္ဖြယ္ ျဖတ္တင္ေပးပို႔မႈေတြ ျပဳလုပ္ႏိုင္စြမ္းရွိၿပီး လူကာကူဆီ ေဘာလုံးေပးပို႔ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ကစားဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

၃။ ဒဏ္ရာေတြရဲ႕ မ်က္ႏွာသာေပးျခင္းမခံခဲ့ရတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာ ကမာၻေပၚမွာ အေကာင္းဆုံးလူစာရင္းပိုင္ဆိုင္ထားတဲ့ အသင္းေတြထဲက တစ္သင္းျဖစ္ၿပီး အမ်ားစုက ဒဏ္ရာျပႆနာေတြဟာ အသင္းအတြက္ ႀကီးႀကီးမားမား ထိခိုက္စရာျဖစ္လာမွာမဟုတ္ဘူးလို႔ ယူဆၾကမွာပါ။ ဒါေပမယ့္လည္း ေမဆန္ ေမာင့္၊ ရီးစ္ ဂ်ိမ္းစ္၊ ကြန္ေတတို႔လို ကစားသမားေတြ ဒဏ္ရာရတဲ့အေျခအေနမွာေတာ့ အသင္းအေပၚမွာ စတင္ၿပီး အက်ိဳးသက္ေရာက္မႈေတြ ရွိလာၿပီး ခ်ဲလ္ဆီးကြင္းလယ္ဟာ ဗီလာနဲ႔ပြဲစဥ္ၿပီးကတည္းက အေတာင့္တင္းဆုံးပုံစံမွာ ရွိမေနေတာ့တာျဖစ္ပါတယ္။

စပါးနဲ႔ပြဲစဥ္က စြမ္းေဆာင္ရည္ကလည္း ခ်ဲလ္ဆီးအေနနဲ႔ တိုက္စစ္ဧရိယာမွာ လႊမ္းမိုးႏိုင္စြမ္းနဲ႔ ခိုင္မာမႈပိုမိုရရွိေအာင္ လုပ္ဖို႔ လိုအပ္ေနၿပီဆိုတာ ၫႊန္ျပေနခဲ့တာျဖစ္ၿပီး ေမဆန္ ေမာင့္ဟာ အေကာင္းဆုံးရာသီကို မရရွိေသးဘူးဆိုေပမယ့္လည္း မပါတာထက္စာရင္ လူစာရင္းမွာ ပါလာတာနဲ႔ ေတာ္ေတာ္ေလးေကာင္းမြန္ေနတယ္ဆိုတာ သိသာပါတယ္။ အဲဒါက ေမဆန္ ေမာင့္မပါဘဲ ကစားခဲ့တဲ့ ပြဲစဥ္ ၂ ပြဲစလုံးမွာ တိုက္စစ္ ေသဆုံးေနတာကို ၾကည့္ျခင္းအားျဖင့္ ေျပာႏိုင္ၿပီး ကြန္ေတကလည္း လန္ဒန္ဒါဘီပြဲစဥ္ရဲ႕ အရွိန္ကို လ်င္လ်င္ျမန္ျမန္ ျမႇင့္တင္ေပးႏိုင္တဲ့ ပြဲအေျပာင္းအလဲ ျပဳလုပ္ေပးသူ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ရီးစ္ ဂ်ိမ္းစ္ဟာ လူကာကူနဲ႔ ေကာင္းမြန္တဲ့ အခ်ိတ္အဆက္၊ အရိပ္အကဲကို ထိန္းသိမ္းထားႏိုင္ခဲ့ၿပီး ၎ရဲ႕ ဒဏ္ရာရရွိမႈေၾကာင့္ ခ်ဲလ္ဆီးရဲ႕တိုက္စစ္ဟာ ခံစားခဲ့ရတာျဖစ္ပါတယ္။

၂။ လူငယ္ကစားသမားေတြ ပြဲထုတ္မႈ

လူဟယ္လုပ္ေနေသးတဲ့ အေကာင္းဆုံးအရာေတြထဲက တစ္ခုဟာ လူငယ္ကစားသမားေတြကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ျပဳလုပ္ေနတာျဖစ္ပါတယ္။ လိဂ္ဖလားပြဲစဥ္အျဖစ္ အက္စ္တြန္ဗီလာနဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ မာလန္ ဆားနဲ႔အတူ ေကာင္းေကာင္းကစားႏိုင္ခဲ့တဲ့ ခ်ာလိုဘက္ကို ျမင္ေတြ႕ရတာက ေကာင္းမြန္ခဲ့ၿပီး ခ်ာလိုဘက္ကို ခဏထားလိုက္ၿပီး ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ကို ၾကည့္လိုက္မယ္ဆိုရင္လည္း အရမ္းအေရးပါတဲ့ပြဲစဥ္ေတြမွာ ပါဝင္ကစားေပးခဲ့ပါတယ္။ အဲဒါက တူဟယ္ဟာ လူငယ္ကစားသမားေတြကို ယုံၾကည္မႈေပးေနၿပီး အရန္ကစားေတြကိုလည္း အခြင့္အေရးေပးတယ္ဆိုတာကို ျပသေနတာျဖစ္ပါတယ္။ ခ်ာလိုဘက္ဟာ သူ႔ရဲ႕ ပုံမွန္ေျခစြမ္းအတိုင္း ဆက္လက္ စြမ္းေဆာင္ျပခဲ့ၿပီး တူရင္မွာ ကြင္းလယ္ခံစစ္အျဖစ္ ကစားခဲ့ရာမွာလည္း အလြန္ေကာင္းမြန္ခဲ့တာျဖစ္ပါတယ္။

တဖက္မွာလည္း အိုဒြိဳင္းဟာ ဗီလာနဲ႔ပြဲမွာ အသက္ဝင္ေနခဲ့ၿပီး ဂ်ဴဗင္တပ္နဲ႔ပြဲမွာလည္း အလြန္ေကာင္းမြန္တဲ့အခိုက္အတံ့အခ်ိဳ႕ကို ျပသခဲ့တာျဖစ္ပါတယ္။ ကံဆိုးစြာနဲ႔ အိုဒြိဳင္းဟာ အီတလီထိပ္သီးအသင္းႀကီးနဲ႔ပြဲစဥ္မွာ ခ်ဲလ္ဆီးအတြက္ ေခ်ပဂိုးရရွိေအာင္ ကူညီမေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ေလာ့ဖ္တပ္စ္-ခ်ိခ္ကေတာ့ အသက္ ၂၀ ေက်ာ္ကာလ အလယ္ပိုင္းကို ေရာက္ရွိေနၿပီျဖစ္ၿပီး ပုံမွန္ေဘာလုံးကစားရတာကို ျမင္ေတြ႕ရတာ သိပ္မၾကာေသးသလို ျဖစ္ေနခဲ့ပါတယ္။ ဒါေပမယ့္လည္း တူဟယ္က ၎ကို ဆာအူးလ္ နီဂယ္နဲ႔အတူ ကာရာေဘာင္ဖလားပြဲစဥ္မွာ ပြဲထြက္ကစားေစဖို႔ ဆုံးျဖတ္ခဲ့ၿပီး ကြင္းထဲမွာ အင္တိုက္အားတိုက္အရွိဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။ ေလာ့ဖ္တပ္စ္-ခ်ိခ္ဟာ ဂ်ဴဗင္တပ္နဲ႔ပြဲမွာ လူစားဝင္ကစားခဲ့ခ်ိန္မွာလည္း တက္တက္ႂကြႂကြရွိခဲ့ၿပီး ပထမအသင္းမွာ အားထားရႏိုင္တဲ့ ကစားသမားျဖစ္ႏိုင္ဆဲဆိုတာ ဒီကစားသမားေတြက ျပသခဲ့တာျဖစ္ပါတယ္။

၁။ နည္းဗ်ဴဟာအသစ္ရွာေဖြရေတာ့မယ့္ တူဟယ္

အခုအခ်ိန္မွာ တူဟယ္အေနနဲ႔ ဘာေတြမွားခဲ့လဲဆိုတာကို စဥ္းစားရင္း ေခါင္းေတြ ကုတ္ေနေလာက္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့လက ၄ ပြဲ အႏိုင္ရခဲ့ေပမယ့္ ပြဲႀကီးပြဲေကာင္းေတြျဖစ္တဲ့ မန္စီးတီး၊ ဂ်ဴဗင္တပ္တို႔နဲ႔ပြဲေတြမွာ ရႈံးခဲ့ပါတယ္။ မန္စီးတီးနဲ႔ပြဲမွာေတာ့ ခ်ဲလ္ဆီးအသင္းဟာ စိတ္ဓာတ္ခြန္အားတက္ႂကြမႈမရွိခဲ့ဘဲ အဲဒါကပဲ တိုက္စစ္ကို အတူတကြ မေဖာ္ေဆာင္ႏိုင္ခဲ့တဲ့ အေၾကာင္းအရင္းျဖစ္ခဲ့ပါတယ္။ တူဟယ္က ခံစစ္ပုံစံကေန ပိုၿပီး လြတ္လြတ္လပ္လပ္ ေ႐ြ႕လ်ားႏိုင္တဲ့ပုံစံနဲ႔ ဂ်ဴဗင္တပ္နဲ႔ပြဲမွာ တိုက္စစ္အသားေပးပုံစံ ေျပာင္းလဲခဲ့ပါတယ္။

ဒါေပမယ့္ ခ်ဲလ္ဆီးအသင္းက ခံစစ္တံတိုင္းကို ထိုးေဖာက္ဖို႔အတြက္ ဖန္တီးႏိုင္စြမ္း ကင္းမဲ့ေနခဲ့ပါတယ္။ အဲဒါက အသင္းဆီကေန ၿပီးျပည့္စုံတဲ့ ရလဒ္ ေတာင္းဆိုထားတဲ့ ဂ်ာမန္နည္းျပအတြက္ စိုးရိမ္စရာျဖစ္ခဲ့ၿပီး ကံေကာင္းစြာနဲ႔ ရာသီဟာ အခုမွ စတင္ခဲ့တာျဖစ္သလို ကစားကြက္စမ္းေနတုန္းပဲ ရွိေနပါေသးတယ္။ခ်ဲလ္ဆီးအသင္းကလည္း စက္တင္ဘာလမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၃ ကေန ေအာက္တိုဘာလမွာ အဆင့္ ၁ ကို ျပန္လည္ေရာက္ရွိလာပါၿပီ။။ ခ်ဲလ္ဆီးအသင္းဟာ တူဟယ္ နည္းဗ်ဴဟာအသစ္ စမ္းလိုက္မယ္လို႔ ဆုံးျဖတ္လိုက္တိုင္း အလြယ္တကူ ႏိုင္ပြဲျပန္လည္ရယူႏိုင္တာကို ေတြ႕ရပါတယ္။ တူဟယ္ဟာ ဉာဏ္ႀကီးရွင္ျဖစ္ၿပီး အလြန္ေကာင္းမြန္တဲ့ အေတြးတိုင္းဟာ ၿပီးျပည့္စုံလာဖို႔အတြက္ အခ်ိန္လိုအပ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ စက္တင္ဘာလကုန္ခါနီးမွာ ဖ႐ိုဖရဲျဖစ္ေနပုံ ေပၚခဲ့ေပမယ့္ အဲဒီအေျခအေနကို ေျပာင္းလဲေပးႏိုင္သူမ်ားရွိခဲ့ရင္ အဲဒါက တူဟယ္ပဲ ျဖစ္ၿပီး ႏိုင္ငံတကာပြဲေတြ မတိုင္ခင္ ေအာက္တိုဘာလ ပြဲစဥ္ ၇ မွာ ထိပ္ဆုံးေနရာ အရျပန္ယူထားခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ထိပ္ဆုံးမွာ ဆက္လက္တည္ရွိေစဖို႔ ဂ်ာမန္သားနည္းျပႀကီးအေနနဲ႔ ခ်ဲလ္ဆီးရဲ႕ အေကာင္းအဆိုး အေၾကာင္းအက်ိဳးတို႔ကို လတစ္လၿပီးဆုံးတိုင္း သုံးသပ္ေျပာင္းလဲေပးႏိုင္ခဲ့ရင္ ယခုရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဆြတ္ခူးသြားဖြယ္ရာရွိေၾကာင္း ေရးသားတင္ဆက္လိုက္ရပါတယ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.