Analysis Bundesliga La Liga Ligue1 Premier League Serie A

တချို့ပရိသတ်တွေအတွက် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တဲ့ ၂၀၂၁ ဘယ်လွန်ဒေါဆုရှင် ရေပန်းအစားဆုံးစာရင်း

ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆုတံဆိပ်ဖြစ်တဲ့ ဘယ်လွန်ဒေါဆုဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ခုနှစ်မှာ ဆုပေးပွဲမပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ယခုနှစ်မှာ ပြန်လည်ကျင်းပသွားတော့မယ်လို့ Marca ရဲ့ သတင်းအရ သိရပါတယ်။ လီယွန်နယ် မက်ဆီက ဘယ်လွန်ဒေါကို ၆ ကြိမ်မြောက် ရရှိခဲ့ပြီးနောက် ၂ နှစ်နီးပါးကြာမြင့်ခဲ့ပြီးနောက် လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ရွှေဘောလုံးဆုကို ဘယ်သူက ကိုင်မြှောက်သွားမှာလဲဆိုတာကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ဘယ်လွန်ဒေါဆုဟာ ပြက္ခဒိန်တစ်နှစ်စာ စွမ်းဆောင်ရည်အားလုံးကို ခြုံငုံသုံးသပ်ပြီးတော့ ပေးအပ်တဲ့ ဆုတံဆိပ်ဖြစ်တာကြောင့် မက်ဆီနဲ့ ဂျော်ဂျင်ညိုတို့လို ကစားသမားတွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွက် လုပ်ဆောင်မှုတွေဟာ မှတ်တမ်းဝင်ပြီးသားဖြစ်တာကြောင့် ၂၀၂၁-၂၀၂၂ ရာသီအစပိုင်းမှာ အိပ်နေလည်း ပြဿနာမရှိတော့တာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆန်ကာတင် အယောက် ၃၀ စာရင်းဟာ သိပ်မကြာမီ ရက်ပိုင်းအတွင်း လူသိရှင်ကြား ထွက်ပေါ်လာတော့မှာဖြစ်ပေမယ့် ဘယ်လွန်ဒေါဆုအတွက် ယှဉ်ပြိုင်ရာမှာ ဦးဆောင်နေသူတွေက ဘယ်သူတွေလဲဆိုတာကို ပရိသတ်တွေသိအောင် လှစ်ဟပြချင်တာဖြစ်ပြီး အဲဒါကြောင့် ကမ္ဘာ့အကောင်းဆုံး အမျိုးသားကစားသမားအဖြစ် သတ်မှတ်ခံရနိုင်ခြေအများဆုံးလို့ လောင်းကစားဒိုင်ဖြစ်တဲ့ SkyBet က ရွေးချယ်ထားတဲ့ ၂၈ ဦးစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

၂၆. သီယေဂို ဆေးလ်ဗား(ချဲလ်ဆီး)- ၁၅ဝလေး ၁ လေး

၂၆. ကာရင် ဘန်ဇီးမား(ရီးရဲလ် မက်ဒရစ်)-၁၅၀ လေး ၁ လေး

၂၆. ဂျေဒန် ဆန်ချို(မန်ချက်စတာယူနိုက်တက်)- ၁၅၀ လေး ၁ လေး

၂၄. ဖီးလ် ဖိုဒန်(မန်ချက်စတာစီးတီး)- ၁၀၀ လေး ၁ လေး

၂၄. လီယိုနာဒို ဘိုနူချီ(ဂျူဗင်တပ်) ၁၀၀ လေး ၁ လေး

၂၁. ပေါ့ဂ်ဘာ(မန်ချက်စတာယူနိုက်တက်)- ၈၀ လေး ၁ လေး

၂၁. လူးဝစ္စ ဆွာရက်ဇ်(အက်သလက်တီကို မက်ဒရစ်)- ၈၀ လေး ၁ လေး

၂၁. လိုရန်းဇိုး အင်ဆစ်ဂ်ညီ(နာပိုလီ)- ၈၀ လေး ၁ လေး

၁၉. ဒွန်နာရမ်းမား(ပီအက်စ်ဂျီ)- ၆၆ လေး ၁ လေး

၁၉. ရူဘင် ဒီယက်စ်(မန်ချက်စတာစီးတီး)-၆၆ လေး ၁ လေး

၁၅. မိုဟာမက် ဆာလား(လီဗာပူးလ်)-၅၀ လေး ၁ လေး

၁၅. အာလင်း ဟာလန်း(ဒေါ့မွန်)- ၅၀ လေး ၁ လေး

၁၅. ဂျော်ဂျီယို ခီလီနီ(ဂျူဗင်တပ်)- ၅၀ လေး ၁ လေး

၁၅. ဘရူနို ဖာနန်ဒက်စ်(မန်ချက်စတာယူနိုက်တက်)- ၅၀ လေး ၁ လေး

၁၁. လူကာကူး(ချဲလ်ဆီး)- ၄၀ လေး ၁ လေး

၁၁. မေဆန် မောင့်(ချဲလ်ဆီး)- ၄၀ လေး ၁ လေး

၁၁. ဂျက် ဂရီးလစ်ရှ်(မန်ချက်စတာစီးတီး)- ၄၀ လေး ၁ လေး

၁၁. ရှီရို အီမော်ဘီလေ(လာဇီယို)- ၄၀ လေး ၁ လေး

၉. ခီလီယန် အမ်ဘာပေး(ပီအက်စ်ဂျီ)- ၃၃ လေး ၁ လေး

၉. နေမာ(ပီအက်စ်ဂျီ)- ၃၃ လေး ၁ လေး

၈. ရာဟင်း စတာလင်း(မန်ချက်စတာစီးတီး)- ၂၅ လေး ၁ လေး

၆. ခရစ္စတီယာနို ရော်နယ်ဒို(မန်ချက်စတာယူနိုက်တက်)- ၁၆ လေး ၁ လေး

၆. ဟာရီ ကိန်း(တော့တင်ဟမ်ဟော့စပါး)- ၁၆ လေး ၁ လေး

၄. အန်ဂိုလို ကွန်တေ(ချဲလ်ဆီး)- ၁၂ လေး ၁ လေး

၄. ကယ်ဗင် ဒီဘရိုင်းနား(မန်ချက်စတာစီးတီး)- ၁၂ လေး ၁ လေး

၃. ဂျော်ဂျင်ညို(ချဲလ်ဆီး)- ၆ လေး ၁ လေး

၂. ရောဘတ် လီဗန်ဒေါ့ဗ်စကီး(ဘိုင်ယန်မြူးနစ်)- ၅ လေး ၁ လေး

၁. လီယွန်နယ် မက်ဆီ(ပီအက်စ်ဂျီ)- ၁ လေး ၂ လေး

မက်ဆီကို ဘာလို့ ဘယ်လွန်ဒေါရဖို့ ရေပန်းအစားဆုံးအဖြစ် SkyBet က ရွေးချယ်ခဲ့တာလဲ

မက်ဆီဟာ ဘယ်လွန်ဒေါ ၇ ကြိမ်မြောက် ရရှိဖို့အတွက် အနီးစပ်ဆုံးအနေအထားမှာ ရှိနေတယ်လို့ SkyBet က ယူဆထားပြီး ရော်နယ်ဒိုရဲ့ အထက် ၅ ဆင့်မှာ ရပ်တည်နေတာအကြောင်းရှိပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ နှေးကွေးစွာ အစပြုခဲ့ပေမယ့် နိုင်ငံအသင်းနဲ့ ကိုပါအမေရိကဖလား ပထမဆုံးအကြိမ် အောင်မြင်မှုမရရှိမီ ဘာစီလိုနာကစားသမားဘဝကို ကြီးမားတဲ့ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ အဆုံးသတ်ခဲ့သူဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ မက်ဆီနဲ့ ယှဉ်ပြိုင်နိုင်တဲ့ တစ်ဦးချင်း ဂိုးသွင်းစွမ်းရည်ရှိပေမယ့် ရရှိခဲ့တဲ့ ဆုဖလားတွေရဲ့အရည်အသွေးချင်း မတူညီတာဖြစ်ကောင်းဖြစ်နိုင်ပြီး ဂျော်ဂျင်ညိုကတော့ ဥရောပအောင်မြင်မှုရရှိခဲ့ပေမယ့်လည်း ဂိုးသွင်းစွမ်းရည်မှာ ပြဿနာတက်နေတာဖြစ်ပါတယ်။ ဆာလားဟာ တော်တော်လေး နိမ့်ကျတဲ့နေရာမှာ ရပ်တည်နေတာကို မြင်တွေ့ရတာက ကျိန်းသေ အံ့အားသင့်စရာ ဖြစ်နေမှာဖြစ်ပြီး လက်ရှိ ခြေစွမ်းနဲ့ဆို ကမ္ဘာ့အကောင်းဆုံးကစားသမားလို့တောင် ယူဆကောင်း ယူဆနိုင်တဲ့ ကစားသမားဖြစ်တာကြောင့် ဂရီးလစ်ရှ်နဲ့ နေမာက ရှေ့မှာ ရှိနေစရာ အကြောင်းမရှိပါဘူး။

ယူရို ၂၀၂၀ အောင်မြင်မှုကြောင့် အီမော်ဘီလေနဲ့ ခီလီနီတို့က သာမန်ထက် အဆင့်သတ်မှတ်ချက် ပိုများနေခဲ့တာဖြစ်ကောင်း ဖြစ်နိုင်တာကြောင့် ယခုနှစ် ဘယ်လွန်ဒေါကို ဘယ်သူရရှိမလဲဆိုတာကို SkyBet က အမှန်တကယ် အာရုံစိုက်နေတယ်ဆိုတာ ရှင်းပါတယ်။ အားလုံးခြုံပြောရရင် ယခုနှစ် ဘယ်လွန်ဒေါဆန်ကာတင်စာရင်းကို ကြည့်ရတာ တော်တော်လေး စိတ်ဝင်စားမှု အထွတ်အထိပ်ရောက်ရှိအောင် လုပ်နိုင်တယ်ဆိုတာ ငြင်းချက်ထုတ်စရာမရှိဘဲ ဒီစာရင်းထဲက ဘယ်ကစားသမားတွေ ပြုတ်ပြီး ဘယ်ကစားသမားတွေ ပါလာမလဲဆိုတာ သေချာသိရဖို့အတွက် အချိန်အကြာကြီး သိပ်စောင့်ဆိုင်းရတော့မှာမဟုတ်ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂုဏ္သိကၡာအႀကီးမားဆုံး တစ္ဦးခ်င္းဆုတံဆိပ္ျဖစ္တဲ့ ဘယ္လြန္ေဒါဆုဟာ ကမၻာ့ကပ္ေရာဂါျဖစ္တဲ့ ကိုဗစ္-၁၉ ေၾကာင့္ ၂၀၂၀ ခုႏွစ္မွာ ဆုေပးပြဲမျပဳလုပ္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီးေနာက္ ယခုႏွစ္မွာ ျပန္လည္က်င္းပသြားေတာ့မယ္လို႔ Marca ရဲ့ သတင္းအရ သိရပါတယ္။ လီယြန္နယ္ မက္ဆီက ဘယ္လြန္ေဒါကို ၆ ႀကိမ္ေျမာက္ ရရွိခဲ့ၿပီးေနာက္ ၂ ႏွစ္နီးပါးၾကာျမင့္ခဲ့ၿပီးေနာက္ လာမယ့္ နိုဝင္ဘာ ၂၉ ရက္ေန႔မွာ ေရႊေဘာလုံးဆုကို ဘယ္သူက ကိုင္ေျမႇာက္သြားမွာလဲဆိုတာကို ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။

ဘယ္လြန္ေဒါဆုဟာ ျပကၡဒိန္တစ္ႏွစ္စာ စြမ္းေဆာင္ရည္အားလုံးကို ျခဳံငုံသုံးသပ္ၿပီးေတာ့ ေပးအပ္တဲ့ ဆုတံဆိပ္ျဖစ္တာေၾကာင့္ မက္ဆီနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔လို ကစားသမားေတြအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္အတြက္ လုပ္ေဆာင္မႈေတြဟာ မွတ္တမ္းဝင္ၿပီးသားျဖစ္တာေၾကာင့္ ၂၀၂၁-၂၀၂၂ ရာသီအစပိုင္းမွာ အိပ္ေနလည္း ျပႆနာမရွိေတာ့တာျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ဆန္ကာတင္ အေယာက္ ၃၀ စာရင္းဟာ သိပ္မၾကာမီ ရက္ပိုင္းအတြင္း လူသိရွင္ၾကား ထြက္ေပၚလာေတာ့မွာျဖစ္ေပမယ့္ ဘယ္လြန္ေဒါဆုအတြက္ ယွဥ္ၿပိဳင္ရာမွာ ဦးေဆာင္ေနသူေတြက ဘယ္သူေတြလဲဆိုတာကို ပရိသတ္ေတြသိေအာင္ လွစ္ဟျပခ်င္တာျဖစ္ၿပီး အဲဒါေၾကာင့္ ကမၻာ့အေကာင္းဆုံး အမ်ိဳးသားကစားသမားအျဖစ္ သတ္မွတ္ခံရနိုင္ေျခအမ်ားဆုံးလို႔ ေလာင္းကစားဒိုင္ျဖစ္တဲ့ SkyBet က ေရြးခ်ယ္ထားတဲ့ ၂၈ ဦးစာရင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

၂၆. သီေယဂို ေဆးလ္ဗား(ခ်ဲလ္ဆီး)- ၁၅ဝေလး ၁ ေလး

၂၆. ကာရင္ ဘန္ဇီးမား(ရီးရဲလ္ မက္ဒရစ္)-၁၅၀ ေလး ၁ ေလး

၂၆. ေဂ်ဒန္ ဆန္ခ်ိဳ(မန္ခ်က္စတာယူနိုက္တက္)- ၁၅၀ ေလး ၁ ေလး

၂၄. ဖီးလ္ ဖိုဒန္(မန္ခ်က္စတာစီးတီး)- ၁၀၀ ေလး ၁ ေလး

၂၄. လီယိုနာဒို ဘိုႏူခ်ီ(ဂ်ဴဗင္တပ္) ၁၀၀ ေလး ၁ ေလး

၂၁. ေပါ့ဂ္ဘာ(မန္ခ်က္စတာယူနိုက္တက္)- ၈၀ ေလး ၁ ေလး

၂၁. လူးဝစၥ ဆြာရက္ဇ္(အက္သလက္တီကို မက္ဒရစ္)- ၈၀ ေလး ၁ ေလး

၂၁. လိုရန္းဇိုး အင္ဆစ္ဂ္ညီ(နာပိုလီ)- ၈၀ ေလး ၁ ေလး

၁၉. ဒြန္နာရမ္းမား(ပီအက္စ္ဂ်ီ)- ၆၆ ေလး ၁ ေလး

၁၉. ႐ူဘင္ ဒီယက္စ္(မန္ခ်က္စတာစီးတီး)-၆၆ ေလး ၁ ေလး

၁၅. မိုဟာမက္ ဆာလား(လီဗာပူးလ္)-၅၀ ေလး ၁ ေလး

၁၅. အာလင္း ဟာလန္း(ေဒါ့မြန္)- ၅၀ ေလး ၁ ေလး

၁၅. ေဂ်ာ္ဂ်ီယို ခီလီနီ(ဂ်ဴဗင္တပ္)- ၅၀ ေလး ၁ ေလး

၁၅. ဘ႐ူနို ဖာနန္ဒက္စ္(မန္ခ်က္စတာယူနိုက္တက္)- ၅၀ ေလး ၁ ေလး

၁၁. လူကာကူး(ခ်ဲလ္ဆီး)- ၄၀ ေလး ၁ ေလး

၁၁. ေမဆန္ ေမာင့္(ခ်ဲလ္ဆီး)- ၄၀ ေလး ၁ ေလး

၁၁. ဂ်က္ ဂရီးလစ္ရွ္(မန္ခ်က္စတာစီးတီး)- ၄၀ ေလး ၁ ေလး

၁၁. ရွီရို အီေမာ္ဘီေလ(လာဇီယို)- ၄၀ ေလး ၁ ေလး

၉. ခီလီယန္ အမ္ဘာေပး(ပီအက္စ္ဂ်ီ)- ၃၃ ေလး ၁ ေလး

၉. ေနမာ(ပီအက္စ္ဂ်ီ)- ၃၃ ေလး ၁ ေလး

၈. ရာဟင္း စတာလင္း(မန္ခ်က္စတာစီးတီး)- ၂၅ ေလး ၁ ေလး

၆. ခရစၥတီယာနို ေရာ္နယ္ဒို(မန္ခ်က္စတာယူနိုက္တက္)- ၁၆ ေလး ၁ ေလး

၆. ဟာရီ ကိန္း(ေတာ့တင္ဟမ္ေဟာ့စပါး)- ၁၆ ေလး ၁ ေလး

၄. အန္ဂိုလို ကြန္ေတ(ခ်ဲလ္ဆီး)- ၁၂ ေလး ၁ ေလး

၄. ကယ္ဗင္ ဒီဘရိုင္းနား(မန္ခ်က္စတာစီးတီး)- ၁၂ ေလး ၁ ေလး

၃. ေဂ်ာ္ဂ်င္ညိဳ(ခ်ဲလ္ဆီး)- ၆ ေလး ၁ ေလး

၂. ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး(ဘိုင္ယန္ျမဴးနစ္)- ၅ ေလး ၁ ေလး

၁. လီယြန္နယ္ မက္ဆီ(ပီအက္စ္ဂ်ီ)- ၁ ေလး ၂ ေလး

မက္ဆီကို ဘာလို႔ ဘယ္လြန္ေဒါရဖို႔ ေရပန္းအစားဆုံးအျဖစ္ SkyBet က ေရြးခ်ယ္ခဲ့တာလဲ

မက္ဆီဟာ ဘယ္လြန္ေဒါ ၇ ႀကိမ္ေျမာက္ ရရွိဖို႔အတြက္ အနီးစပ္ဆုံးအေနအထားမွာ ရွိေနတယ္လို႔ SkyBet က ယူဆထားၿပီး ေရာ္နယ္ဒိုရဲ့ အထက္ ၅ ဆင့္မွာ ရပ္တည္ေနတာအေၾကာင္းရွိပါတယ္။ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းမွာ ေႏွးေကြးစြာ အစျပဳခဲ့ေပမယ့္ နိုင္ငံအသင္းနဲ႔ ကိုပါအေမရိကဖလား ပထမဆုံးအႀကိမ္ ေအာင္ျမင္မႈမရရွိမီ ဘာစီလိုနာကစားသမားဘဝကို ႀကီးမားတဲ့ သြင္းဂိုး၊ ဂိုးဖန္တီးမႈေတြနဲ႔ အဆုံးသတ္ခဲ့သူျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ မက္ဆီနဲ႔ ယွဥ္ၿပိဳင္နိုင္တဲ့ တစ္ဦးခ်င္း ဂိုးသြင္းစြမ္းရည္ရွိေပမယ့္ ရရွိခဲ့တဲ့ ဆုဖလားေတြရဲ့အရည္အေသြးခ်င္း မတူညီတာျဖစ္ေကာင္းျဖစ္နိုင္ၿပီး ေဂ်ာ္ဂ်င္ညိဳကေတာ့ ဥေရာပေအာင္ျမင္မႈရရွိခဲ့ေပမယ့္လည္း ဂိုးသြင္းစြမ္းရည္မွာ ျပႆနာတက္ေနတာျဖစ္ပါတယ္။ ဆာလားဟာ ေတာ္ေတာ္ေလး နိမ့္က်တဲ့ေနရာမွာ ရပ္တည္ေနတာကို ျမင္ေတြ႕ရတာက က်ိန္းေသ အံ့အားသင့္စရာ ျဖစ္ေနမွာျဖစ္ၿပီး လက္ရွိ ေျခစြမ္းနဲ႔ဆို ကမၻာ့အေကာင္းဆုံးကစားသမားလို႔ေတာင္ ယူဆေကာင္း ယူဆနိုင္တဲ့ ကစားသမားျဖစ္တာေၾကာင့္ ဂရီးလစ္ရွ္နဲ႔ ေနမာက ေရွ႕မွာ ရွိေနစရာ အေၾကာင္းမရွိပါဘူး။

ယူရို ၂၀၂၀ ေအာင္ျမင္မႈေၾကာင့္ အီေမာ္ဘီေလနဲ႔ ခီလီနီတို႔က သာမန္ထက္ အဆင့္သတ္မွတ္ခ်က္ ပိုမ်ားေနခဲ့တာျဖစ္ေကာင္း ျဖစ္နိုင္တာေၾကာင့္ ယခုႏွစ္ ဘယ္လြန္ေဒါကို ဘယ္သူရရွိမလဲဆိုတာကို SkyBet က အမွန္တကယ္ အာ႐ုံစိုက္ေနတယ္ဆိုတာ ရွင္းပါတယ္။ အားလုံးျခဳံေျပာရရင္ ယခုႏွစ္ ဘယ္လြန္ေဒါဆန္ကာတင္စာရင္းကို ၾကည့္ရတာ ေတာ္ေတာ္ေလး စိတ္ဝင္စားမႈ အထြတ္အထိပ္ေရာက္ရွိေအာင္ လုပ္နိုင္တယ္ဆိုတာ ျငင္းခ်က္ထုတ္စရာမရွိဘဲ ဒီစာရင္းထဲက ဘယ္ကစားသမားေတြ ျပဳတ္ၿပီး ဘယ္ကစားသမားေတြ ပါလာမလဲဆိုတာ ေသခ်ာသိရဖို႔အတြက္ အခ်ိန္အၾကာႀကီး သိပ္ေစာင့္ဆိုင္းရေတာ့မွာမဟုတ္ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.