Ligue1

နေမာကို သူတောင်းစားလို့ ခေါ်ခဲ့တာ အမ်ဘာပေဝန်ခံခဲ့ပြီး PSGဥက္ကဌရဲ့ ဒေါသကို ထပ်ဆွလိုက်တဲ့ ပီရက်ဇ်

ခီလီယန် အမ်ဘာပေဟာ အင်္ဂါနေ့က ယခုရာသီကုန် စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ပီအက်စ်ဂျီအသင်းကို စွန့်ခွာမလားဆိုတာကို ပြောကြားဖို့ ငြင်းပယ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်ကတော့ ပြင်သစ်တိုက်စစ်မှူးအနေနဲ့ ဘာနေဗျူးကို လာလိမ့်မယ်လို့ အကောင်းမြင်နေတာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ချင်တယ်လို့ ပြောကြားခဲ့ပြီး ပီအက်စ်ဂျီအသင်းကတော့ စပိန်လာလီဂါထိပ်သီးအသင်းကြီးရဲ့ ကမ်းလှမ်းမှုအများအပြားကို ဒိုင်ခံ ပယ်ချခဲ့တာဖြစ်ပါတယ်။ လာမယ့် နွေရာသီမှာ အသင်းကနေ ထွက်ခွာမှာလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အမ်ဘာပေက ပြင်သစ်အားကစားသတင်းဌာန L’Equipe ကို အခုလိုပဲ ပြန်လည်ပြောကြားသွားခဲ့ပါတယ်။

“မနေ့က အမှန်တရားက ဒီနေ့မှာ သေချာပေါက် မမှန်သလို မနက်ဖြန်မှာလည်း မမှန်ဘူးဆိုတာကို သိဖို့အတွက် လုံလောက်တဲ့ အချိန်ကာလတစ်ခုအထိ ကျွန်တော် ဘောလုံးလောကထဲမှာ ရှိနေခဲ့ပြီးပါပြီ။ ပီအက်စ်ဂျီအသင်းမှာ မက်ဆီ ကစားပေးသွားလိမ့်မယ်လို့ ကျွန်တော့်ကိုသာ ပြောခဲ့ရင် အဲဒါကို ယုံကြည်ခဲ့မှာ မဟုတ်ပါဘူး။ အဲဒီတော့ ဘာတွေဖြစ်လာမလဲဆိုတာ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး”

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က တနင်္လာနေ့က စပိန်သတင်းစာ El Debate ကို လာမယ့် ဇန်နဝါရီလမှာ အမ်ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “အရာအားလုံးက ဇန်နဝါရီပထမအပတ်မှာ ပြီးစီးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပီးရက်ဇ်က ပြောခဲ့ပါတယ်။

ပီရက်ဇ်ရဲ့ မှတ်ချက်စကားဟာ ပီအက်စ်ဂျီအသင်း အားကစား ဒါရိုက်တာ လီယိုနာဒိုကို ဒေါသထွက်စေခဲ့ပြီး “အဲဒီလိုဖြစ်နေခဲ့တာ ၂ နှစ်လောက်ရှိနေပြီ။ ခင်ဗျားကို သတိပေးချင်တာက အပြောင်းအရွှေ့စျေးကွက်က ပိတ်သွားပြီ။ ရာသီက သွားနေပြီ။ ပွဲစဉ်တွေ ကစားဖို့ရှိနေပြီး ရီးရဲလ်မက်ဒရစ်အနေနဲ့ ဒီလိုပုံစံမျိုးနဲ့ ဆက်ပြီး ပြုမူနေလို့ မရဘူး။ ရပ်လိုက်ပါတော့။ ခီလီယန်က ပီအက်စ်ဂျီရဲ့ ကစားသမားဖြစ်ပြီး အသင်းက ဒီ ဆက်ဆံရေးကို ကြာနိုင်သမျှ ကြာကြာ ဆက်ရှိစေချင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

အမ်ဘာပေ၊ လီယွန်နယ် မက်ဆီ၊ နေမာတို့ တိုက်စစ် ၃ ဦးအတွဲဟာ လက်ရှိ ကလပ်ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး တိုက်စစ်အတွဲလို့ ယူဆခြင်းခံထားရပေမယ့် ၎င်းတို့ဟာ အချိတ်အဆက်မိဖို့ ရုန်းကန်နေရပြီး အမ်ဘာပေက ဘရာဇီးလ်တိုက်စစ်မှူးအပေါ် စိတ်ပျက်နေမှုကို ပြီးခဲ့တဲ့လက မောင့်ပယ်လီယာနဲ့ပွဲစဉ်မှာ ‘ဒီ သူတောင်းစားက ကျွန်တော့်ကိုဆို ဘယ်တော့မှ ဘောလုံးမပေးဘူး’လို့ ပြောကြားရင်း ပြသခဲ့တာဖြစ်ပါတယ်။ “ဟုတ်ပါတယ်။ ကျွန်တော် အဲဒီလို ပြောခဲ့ပါတယ်။ အခု ဒီလိုအရာတွေက ဘောလုံးမှာ တချိန်လုံး ဖြစ်ပျက်နေတာပဲလေ။ အဲဒါက ဝေဖန်တာမျိုးလည်း မဟုတ်ပါဘူး။ အဲဒါကြောင့်ပဲ အဲဒီကိစ္စအပြီး ချက်ချင်းပဲ ကျွန်တော် သူ့ကို အဲဒီအကြောင်း ပြောခဲ့ပါတယ်”

“ကျွန်တော်တို့ အရင်တုန်းကလည်း တစ်ယောက်နဲ့တစ်ယောက် အဲဒီလိုစကားတွေ အများကြီး ပြောခဲ့ကြပြီး ဆက်ပြီးလည်း ပြောသွားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အနိုင်ရချင်လို့ပါ။ ဒါပေမယ့် အဲဒီလို ပြောတာကို စိတ်ထဲမှာ အတည်ကြီး ခံစားနေတာမျိုး မရှိသင့်ပါဘူး။ စိတ်ဆိုးနာကျည်းစရာလည်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကစားသမားနဲ့ လူပုဂ္ဂိုလ်ကို လေးစားပြီး သူရဲ့ ဖြစ်တည်မှုကိုလည်း အထင်ကြီးလေးစားလို့ပါ”လို့ အမ်ဘာပေက ရှင်းလင်းပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခီလီယန္ အမ္ဘာေပဟာ အဂၤါေန႔က ယခုရာသီကုန္ စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းကို စြန႔္ခြာမလားဆိုတာကို ေျပာၾကားဖို႔ ျငင္းပယ္ခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္ဥကၠဌ ပီးရက္ဇ္ကေတာ့ ျပင္သစ္တိုက္စစ္မႉးအေနနဲ႔ ဘာေနဗ်ဴးကို လာလိမ့္မယ္လို႔ အေကာင္းျမင္ေနတာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ခ်င္တယ္လို႔ ေျပာၾကားခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းကေတာ့ စပိန္လာလီဂါထိပ္သီးအသင္းႀကီးရဲ႕ ကမ္းလွမ္းမႈအမ်ားအျပားကို ဒိုင္ခံ ပယ္ခ်ခဲ့တာျဖစ္ပါတယ္။ လာမယ့္ ေႏြရာသီမွာ အသင္းကေန ထြက္ခြာမွာလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အမ္ဘာေပက ျပင္သစ္အားကစားသတင္းဌာန L’Equipe ကို အခုလိုပဲ ျပန္လည္ေျပာၾကားသြားခဲ့ပါတယ္။

“မေန႔က အမွန္တရားက ဒီေန႔မွာ ေသခ်ာေပါက္ မမွန္သလို မနက္ျဖန္မွာလည္း မမွန္ဘူးဆိုတာကို သိဖို႔အတြက္ လုံေလာက္တဲ့ အခ်ိန္ကာလတစ္ခုအထိ ကြၽန္ေတာ္ ေဘာလုံးေလာကထဲမွာ ရွိေနခဲ့ၿပီးပါၿပီ။ ပီအက္စ္ဂ်ီအသင္းမွာ မက္ဆီ ကစားေပးသြားလိမ့္မယ္လို႔ ကြၽန္ေတာ့္ကိုသာ ေျပာခဲ့ရင္ အဲဒါကို ယုံၾကည္ခဲ့မွာ မဟုတ္ပါဘူး။ အဲဒီေတာ့ ဘာေတြျဖစ္လာမလဲဆိုတာ ခင္ဗ်ား ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ပါဘူး”

ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အသင္းဥကၠဌ ဖေလာ္ရန္တီႏို ပီရက္ဇ္က တနလၤာေန႔က စပိန္သတင္းစာ El Debate ကို လာမယ့္ ဇန္နဝါရီလမွာ အမ္ဘာေပအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းမွာ ရွိေနမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “အရာအားလုံးက ဇန္နဝါရီပထမအပတ္မွာ ၿပီးစီးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္”လို႔ ပီးရက္ဇ္က ေျပာခဲ့ပါတယ္။

ပီရက္ဇ္ရဲ႕ မွတ္ခ်က္စကားဟာ ပီအက္စ္ဂ်ီအသင္း အားကစား ဒါ႐ိုက္တာ လီယိုနာဒိုကို ေဒါသထြက္ေစခဲ့ၿပီး “အဲဒီလိုျဖစ္ေနခဲ့တာ ၂ ႏွစ္ေလာက္ရွိေနၿပီ။ ခင္ဗ်ားကို သတိေပးခ်င္တာက အေျပာင္းအေ႐ႊ႕ေစ်းကြက္က ပိတ္သြားၿပီ။ ရာသီက သြားေနၿပီ။ ပြဲစဥ္ေတြ ကစားဖို႔ရွိေနၿပီး ရီးရဲလ္မက္ဒရစ္အေနနဲ႔ ဒီလိုပုံစံမ်ိဳးနဲ႔ ဆက္ၿပီး ျပဳမူေနလို႔ မရဘူး။ ရပ္လိုက္ပါေတာ့။ ခီလီယန္က ပီအက္စ္ဂ်ီရဲ႕ ကစားသမားျဖစ္ၿပီး အသင္းက ဒီ ဆက္ဆံေရးကို ၾကာႏိုင္သမွ် ၾကာၾကာ ဆက္ရွိေစခ်င္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အမ္ဘာေပ၊ လီယြန္နယ္ မက္ဆီ၊ ေနမာတို႔ တိုက္စစ္ ၃ ဦးအတြဲဟာ လက္ရွိ ကလပ္ေဘာလုံးေလာကရဲ႕ စိတ္လႈပ္ရွားစရာ အေကာင္းဆုံး တိုက္စစ္အတြဲလို႔ ယူဆျခင္းခံထားရေပမယ့္ ၎တို႔ဟာ အခ်ိတ္အဆက္မိဖို႔ ႐ုန္းကန္ေနရၿပီး အမ္ဘာေပက ဘရာဇီးလ္တိုက္စစ္မႉးအေပၚ စိတ္ပ်က္ေနမႈကို ၿပီးခဲ့တဲ့လက ေမာင့္ပယ္လီယာနဲ႔ပြဲစဥ္မွာ ‘ဒီ သူေတာင္းစားက ကြၽန္ေတာ့္ကိုဆို ဘယ္ေတာ့မွ ေဘာလုံးမေပးဘူး’လို႔ ေျပာၾကားရင္း ျပသခဲ့တာျဖစ္ပါတယ္။ “ဟုတ္ပါတယ္။ ကြၽန္ေတာ္ အဲဒီလို ေျပာခဲ့ပါတယ္။ အခု ဒီလိုအရာေတြက ေဘာလုံးမွာ တခ်ိန္လုံး ျဖစ္ပ်က္ေနတာပဲေလ။ အဲဒါက ေဝဖန္တာမ်ိဳးလည္း မဟုတ္ပါဘူး။ အဲဒါေၾကာင့္ပဲ အဲဒီကိစၥအၿပီး ခ်က္ခ်င္းပဲ ကြၽန္ေတာ္ သူ႔ကို အဲဒီအေၾကာင္း ေျပာခဲ့ပါတယ္”

“ကြၽန္ေတာ္တို႔ အရင္တုန္းကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ အဲဒီလိုစကားေတြ အမ်ားႀကီး ေျပာခဲ့ၾကၿပီး ဆက္ၿပီးလည္း ေျပာသြားမွာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အႏိုင္ရခ်င္လို႔ပါ။ ဒါေပမယ့္ အဲဒီလို ေျပာတာကို စိတ္ထဲမွာ အတည္ႀကီး ခံစားေနတာမ်ိဳး မရွိသင့္ပါဘူး။ စိတ္ဆိုးနာက်ည္းစရာလည္း မရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ကစားသမားနဲ႔ လူပုဂၢိဳလ္ကို ေလးစားၿပီး သူရဲ႕ ျဖစ္တည္မႈကိုလည္း အထင္ႀကီးေလးစားလို႔ပါ”လို႔ အမ္ဘာေပက ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.