Analysis Article La Liga Ligue1 Premier League Serie A UCL&UEL

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကြားက သိသိသာသာ ကွဲပြားခြားနားမှု ၅ ချက်

ဘောလုံးလောကရဲ့ အကောင်းဆုံး နှစ်ဦးလို့ ပြောလို့ရပြီး သူတို့နှစ်ယောက်ရဲ့ ကစားသမားဘဝက ကုန်ဆုံးဖို့ နီးကပ်လာပေမယ့် အကောင်းဆုံး အချိန်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားနိုင်ဆဲဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကြားမှာ ဘယ်လိုနေရာတွေက သိသိသာသာ ကွဲပြားခြားနားနေသလဲဆိုတာကို နှိုင်းယှဉ်ကြည့်ကြရအောင်ပါ။

၁။ ပွဲအပေါ် ချဉ်းကပ်ပုံ

R: ရော်နယ်လ်ဒိုဟာ သူ့အသင်းဘက်က ဘောလုံးပြန်ရပြီဆိုတာနဲ့ ဂိုးပေါက်ဆီ အမြန်ဆုံး တိုက်စစ်ဆင်ချင်သူဖြစ်ပါတယ်။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ သူ့ရဲ့ လျင်မြန်တဲ့ ပြေးနှုန်း၊ ကြံ့ခိုင်မှုတွေနဲ့ ဂိုးသွင်းနိုင်ဖို့ ဘယ်ခြမ်း Half Space ကနေ တစ်ဖက်ဂိုးဆီ အရောက်သွားသလို သူ့လိုပဲ လျင်မြန်တဲ့ အသင်းဖော်တွေကိုလည်း ပူးပေါင်းအသုံးချတတ်သူဖြစ်ပါတယ်။ သူကိုယ်တိုင် အဆုံးသတ်နိုင်ဖို့ ဦးစားပေးအဖြစ် ကြိုးစားသလို အခွင့်အရေး မကောင်းရင်တော့ အတူတွဲပါလာတဲ့ အသင်းဖော်အတွက် ဖန်တီးပေးမှာပါ။

M: မက်ဆီကတော့ နည်းစနစ်ပိုင်းကို ပိုပြီး အားပြုပါတယ်။ ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်းဟာ သူ့ရဲ့ ငယ်ဘဝကတည်းက အသားကျနေခဲ့တဲ့ ကစားကွက်ပုံဖော်မှုနဲ့ လူပေးကစားမှုတွေမှာ တစ်ဖက်ခံစစ်ကို အလိမ်အလှည့်တွေ ပေါင်းထည့်ပြီး ဖရိုဖရဲဖြစ်ဖို့ အရင်ခြိမ်းခြောက်တာပါ။ ပြီးတော့မှ တစ်ဖက်အသင်းရဲ့ အားအနည်းဆုံးနေရာကို ရှာပြီး ထိုးနှက်တတ်သလို သူ့ဘေးနဲ့ သူ့ရှေ့က ပြေးပေးမယ့် အသင်းဖော်တွေရဲ့ ဖန်တီးမှုကိုလည်း အကောင်းဆုံး အသုံးချတတ်သူဖြစ်ပါတယ်။

၂။ အဆုံးသတ် ဂိုးသွင်းယူမှုများ

R: နှစ်ယောက်စလုံးက အကောင်းဆုံးအဆုံးသတ်သမားတွေချည်းဖြစ်ပေမယ့် ဒီနေရာမှာလည်း သိသိသာသာကွဲပြားပါတယ်။ မက်ဆီထက်ပိုပြီး ဂိုးသွင်းယူထားနိုင်တဲ့ ပေါ်တူဂီသားကြီးက ဂိုးဧရိယာအတွင်းမှာ အသင်းဖော်တွေကို ပေးဖို့ထက် ပိုပြီး အင်အားသုံး အဆုံးသတ်ဖို့ ကြိုးစားမှာဖြစ်ပြီး အမြင့်ခုန် ခေါင်းတိုက်ချက်တွေ၊ တစ်ဖက်နောက်ခံလူကို Step over ခြေယောင်ပြမှုတွေနဲ့ လှည့်စားပြီး ဘယ်ခြေညာခြေမရွေးတဲ့ ကန်သွင်းမှုတွေနဲ့ ကိုယ့်ရဲ့ အသင်းဖော်ကန်သွင်းလို့ ထွက်လာမယ့် ဘောလုံးတွေအတွက် Rebound ပိတ်သွင်းဖို့ အဆင်သင့် စောင့်စားနေမှာပါ။

M: မက်ဆီရဲ့ အဓိက ကွာခြားချက်နဲ့ CR7 ထက် ဂိုးနည်းနည်း ပိုနည်းနေတာက Rebound တွေကို သိပ်ပြီးစိတ်မဝင်စားတာပါပဲ။ သူကန်မသွင်းဘူးလို့ ဆုံးဖြတ်ထားရင် ဖန်တီးပေးပြီးတာနဲ့ အဝေးမှာပဲ အေးအေးဆေးဆေးနေတတ်တဲ့ မက်ဆီဟာ Rebound ဂိုးတွေ နည်းခဲ့ပါတယ်။ ဧရိယာအတွင်းမှာ ဂိုးသမားရဲ့ အားနည်းချက်နေရာကို ရှာဖွေသွင်းယူတတ်ပြီး ဂိုးစည်းနားရောက်တဲ့အထိ လိမ်ခေါက်ချင်တဲ့ သူ့ရဲ့ ပုံစံကတော့ တစ်မျိုးတစ်ဘာသာ ကွဲပြားနေခဲ့တာပါ။

၃။ အားနည်းတဲ့ ခြေကန်ချက်များ

R: ရော်နယ်လ်ဒိုမှာ ငယ်ဘဝကတော့ အားနည်းတဲ့ ဘယ်ခြေကို ပိုင်ဆိုင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်မှာ လေ့ကျင့်ရင်း နှစ်ဖက်စလုံး အတူတူနီးပါး သန်စွမ်းလာခဲ့ပါတယ်။ ညာခြေနဲ့ ဂိုးသွင်းရတာကို ပိုမိုသဘောကျတဲ့ ပေါ်တူဂီသားဟာ ဘယ်ခြေနဲ့လည်း ထင်မှတ်မထားချိန်မှာ ဂိုးတွေ သွင်းပြခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝသွင်းဂိုး ၇၉၀ မှာ ဘယ်ခြေနဲ့ ၁၄၅ ဂိုးအထိ ရယူထားနိုင်ခဲ့ပါတယ်။

M: ပီအက်စ်ဂျီတိုက်စစ်မှူးကတော့ ညာခြေသန်စွမ်းမှုက ဘယ်ခြေရဲ့ ထက်ဝက်တောင် ရှိပါ့မလားလို့ တွေးမိချင်စရာဖြစ်သလို သူ့ရဲ့ ဘယ်ခြေကတော့ ကမ္ဘာ့အကောင်းဆုံး ဘယ်သန်လို့ ပြောလို့ရအောင် တိကျကောင်းမွန်သူဖြစ်ပါတယ်။ ဘယ်ခြေကန်ချက် ၁၀ ကြိမ်မှာ ၈ ကြိမ် ဂိုးရယူနိုင်တဲ့ အာဂျင်တိုင်းကြီး အနေနဲ့ ညာခြေကတော့ တိကျမှုနည်းပြီး ၈ ကြိမ်မှာ တစ်ဂိုးမနည်းရအောင် သွင်းယူထားရတာပါ။

၄။ လေထဲက စွမ်းဆောင်ရည်

မက်ဆီရဲ့ အရပ်က ၁.၆၉ မီတာ(၅ ပေ ၇ လက်မ)သာ ရှိချိန်မှာ ရော်နယ်လ်ဒိုကတော့ ၁.၈၇ မီတာ(၆ ပေ ၂ လက်မ)ရှိလို့ ဘယ်သူက လေထဲမှာ ပိုကောင်းမလဲဆိုတာ စဉ်းစားစရာ မလိုတဲ့ မေးခွန်းတစ်ခုပါ။ ခေါင်းတိုက်ဂိုးတွေကို ပျမ်းမျှ ၁၀ ဂိုးသွင်းရင် ၂ ဂိုး ရရှိလေ့ရှိတဲ့ ရော်နယ်လ်ဒိုနဲ့ ၂၉ ဂိုးသွင်းမှ ၁ ဂိုးပါတတ်တဲ့ မက်ဆီတို့ကြားမှာ ဒီတစ်ချက်ကတော့ ဘဝပေးကုသိုလ်ကြောင့် ကွဲပြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ မက်ဆီရဲ့ အမြင့်ခုန်ပြီး ခေါင်းတိုက်သွင်းယူခဲ့တဲ့ ဂိုးက ရှားပါးတဲ့ Collector Item ဖြစ်နေလို့ တစ်သသပြန်ပြောနေကြရပြီး ကျန်တဲ့ပွဲတွေမှာတော့ မြင်ရတာ နည်းပါးလွန်းခဲ့တာပါ။ အာဂျင်တီးနားသားရဲ့ ပရိသတ်တွေထဲမှာတောင် Perfect Hat-trick လို့ ခေါ်တဲ့ ဘယ်ခြေ၊ ညာခြေ၊ ခေါင်းတိုက်မှု သုံးမျိုးနဲ့ သွင်းယူမှုကို ရှိမှရှိရဲ့လားလို့ ပြန်စဉ်းစားနေကြချိန်မှာ ပေါ်တူဂီသားကြီးက ၉ ကြိမ်အထိ သွင်းယူထားခဲ့တာဖြစ်ပါတယ်။

၅။ အသင်းလိုက်တွဲဖက်ကစားပုံ

R: အသင်းလိုက်တွဲဖက်ကစားပုံမှာလည်း သူတို့နှစ်ယောက်က ကွဲပြားလွန်းပါတယ်။ ရော်နယ်လ်ဒိုဟာ သူ့ရဲ့ အသင်းဖော်တွေကို ဘာလုပ်လို့ ပြောပြီး သူအကျိုးရှိဖို့ မောင်းကစားတတ်သူဖြစ်သလို HR နဲ့ Admin ဆန်တဲ့ အသင်းခေါင်းဆောင်တစ်ယောက် ပီသပြီး စီးပွားရေးအကျိုးအမြတ်ကို ဦးတည်တဲ့ လုပ်ငန်းရှင်သူဌေးမျိုးပါ။ သူ့ရဲ့ အသင်းသားတွေ ခြေစွမ်း ဘယ်လိုပဲ ရှိရှိ၊ သူကတော့ တစ်နေရာကနေ တစ်ကိုယ်တော် ရုန်းပြဦးမှာဖြစ်ပြီး သူညွှန်ကြားတိုင်း မဖြစ်ခဲ့အခါတွေမှာတော့ အခွင့်အရေးကို ကိုယ်တိုင်ပဲ လိုက်လံရှာဖွေတတ်သူဖြစ်ပါတယ်။

M: မက်ဆီကတော့ အသင်းကို ထိန်းကျောင်းမောင်းနှင်တဲ့ အသင်းခေါင်းဆောင်တစ်ယောက်လို့ ပြောလို့ရပေမယ့် သူကိုယ်တိုင် ရှေ့ကနေ စွမ်းဆောင်ပြပြီး ဒီလိုမျိုးလုပ်ရမယ်၊ ငါက ဘယ်လိုဆိုရင် မင်းက ဘယ်လိုဆိုပြီး အလိုက်သိလာအောင် တွဲဖက်သင်ကြားပေးတတ်တဲ့ အောက်ခြေကနေ တက်ပြီး သူဌေးဖြစ်လာတဲ့သူမျိုးလို့ ဆိုနိုင်မှာပါ။ တစ်ဖက်ဂိုးဧရိယာနားရောက်ရင် သူ့အတွက်ပဲဖြစ်ဖြစ် သူများအတွက်ပဲဖြစ်ဖြစ် လှပတဲ့ အပြန်အလှန် ပေးပို့မှုတွေကနေ ဂိုးရှာဖွေသူဖြစ်ပြီး အာဂျင်တီးနားသားရဲ့ အသင်းလိုက်ကစားပုံက ပေါ်တူဂီသားထက် သာလွန်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးေလာကရဲ႕ အေကာင္းဆုံး ႏွစ္ဦးလို႔ ေျပာလို႔ရၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ ကစားသမားဘဝက ကုန္ဆုံးဖို႔ နီးကပ္လာေပမယ့္ အေကာင္းဆုံး အခ်ိန္ေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္ စြမ္းေဆာင္ရည္ေတြကို ပိုင္ဆိုင္ထားႏိုင္ဆဲျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ၾကားမွာ ဘယ္လိုေနရာေတြက သိသိသာသာ ကြဲျပားျခားနားေနသလဲဆိုတာကို ႏႈိင္းယွဥ္ၾကည့္ၾကရေအာင္ပါ။

၁။ ပြဲအေပၚ ခ်ဥ္းကပ္ပုံ

R: ေရာ္နယ္လ္ဒိုဟာ သူ႔အသင္းဘက္က ေဘာလုံးျပန္ရၿပီဆိုတာနဲ႔ ဂိုးေပါက္ဆီ အျမန္ဆုံး တိုက္စစ္ဆင္ခ်င္သူျဖစ္ပါတယ္။ မ်က္စိတစ္မွိတ္ လွ်ပ္တစ္ျပက္အတြင္းမွာ သူ႔ရဲ႕ လ်င္ျမန္တဲ့ ေျပးႏႈန္း၊ ႀကံ့ခိုင္မႈေတြနဲ႔ ဂိုးသြင္းႏိုင္ဖို႔ ဘယ္ျခမ္း Half Space ကေန တစ္ဖက္ဂိုးဆီ အေရာက္သြားသလို သူ႔လိုပဲ လ်င္ျမန္တဲ့ အသင္းေဖာ္ေတြကိုလည္း ပူးေပါင္းအသုံးခ်တတ္သူျဖစ္ပါတယ္။ သူကိုယ္တိုင္ အဆုံးသတ္ႏိုင္ဖို႔ ဦးစားေပးအျဖစ္ ႀကိဳးစားသလို အခြင့္အေရး မေကာင္းရင္ေတာ့ အတူတြဲပါလာတဲ့ အသင္းေဖာ္အတြက္ ဖန္တီးေပးမွာပါ။

M: မက္ဆီကေတာ့ နည္းစနစ္ပိုင္းကို ပိုၿပီး အားျပဳပါတယ္။ ဘာစီလိုနာအသင္းေခါင္းေဆာင္ေဟာင္းဟာ သူ႔ရဲ႕ ငယ္ဘဝကတည္းက အသားက်ေနခဲ့တဲ့ ကစားကြက္ပုံေဖာ္မႈနဲ႔ လူေပးကစားမႈေတြမွာ တစ္ဖက္ခံစစ္ကို အလိမ္အလွည့္ေတြ ေပါင္းထည့္ၿပီး ဖ႐ိုဖရဲျဖစ္ဖို႔ အရင္ၿခိမ္းေျခာက္တာပါ။ ၿပီးေတာ့မွ တစ္ဖက္အသင္းရဲ႕ အားအနည္းဆုံးေနရာကို ရွာၿပီး ထိုးႏွက္တတ္သလို သူ႔ေဘးနဲ႔ သူ႔ေရွ႕က ေျပးေပးမယ့္ အသင္းေဖာ္ေတြရဲ႕ ဖန္တီးမႈကိုလည္း အေကာင္းဆုံး အသုံးခ်တတ္သူျဖစ္ပါတယ္။

၂။ အဆုံးသတ္ ဂိုးသြင္းယူမႈမ်ား

R: ႏွစ္ေယာက္စလုံးက အေကာင္းဆုံးအဆုံးသတ္သမားေတြခ်ည္းျဖစ္ေပမယ့္ ဒီေနရာမွာလည္း သိသိသာသာကြဲျပားပါတယ္။ မက္ဆီထက္ပိုၿပီး ဂိုးသြင္းယူထားႏိုင္တဲ့ ေပၚတူဂီသားႀကီးက ဂိုးဧရိယာအတြင္းမွာ အသင္းေဖာ္ေတြကို ေပးဖို႔ထက္ ပိုၿပီး အင္အားသုံး အဆုံးသတ္ဖို႔ ႀကိဳးစားမွာျဖစ္ၿပီး အျမင့္ခုန္ ေခါင္းတိုက္ခ်က္ေတြ၊ တစ္ဖက္ေနာက္ခံလူကို Step over ေျခေယာင္ျပမႈေတြနဲ႔ လွည့္စားၿပီး ဘယ္ေျခညာေျခမေ႐ြးတဲ့ ကန္သြင္းမႈေတြနဲ႔ ကိုယ့္ရဲ႕ အသင္းေဖာ္ကန္သြင္းလို႔ ထြက္လာမယ့္ ေဘာလုံးေတြအတြက္ Rebound ပိတ္သြင္းဖို႔ အဆင္သင့္ ေစာင့္စားေနမွာပါ။

M: မက္ဆီရဲ႕ အဓိက ကြာျခားခ်က္နဲ႔ CR7 ထက္ ဂိုးနည္းနည္း ပိုနည္းေနတာက Rebound ေတြကို သိပ္ၿပီးစိတ္မဝင္စားတာပါပဲ။ သူကန္မသြင္းဘူးလို႔ ဆုံးျဖတ္ထားရင္ ဖန္တီးေပးၿပီးတာနဲ႔ အေဝးမွာပဲ ေအးေအးေဆးေဆးေနတတ္တဲ့ မက္ဆီဟာ Rebound ဂိုးေတြ နည္းခဲ့ပါတယ္။ ဧရိယာအတြင္းမွာ ဂိုးသမားရဲ႕ အားနည္းခ်က္ေနရာကို ရွာေဖြသြင္းယူတတ္ၿပီး ဂိုးစည္းနားေရာက္တဲ့အထိ လိမ္ေခါက္ခ်င္တဲ့ သူ႔ရဲ႕ ပုံစံကေတာ့ တစ္မ်ိဳးတစ္ဘာသာ ကြဲျပားေနခဲ့တာပါ။

၃။ အားနည္းတဲ့ ေျခကန္ခ်က္မ်ား

R: ေရာ္နယ္လ္ဒိုမွာ ငယ္ဘဝကေတာ့ အားနည္းတဲ့ ဘယ္ေျခကို ပိုင္ဆိုင္ခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္မွာ ေလ့က်င့္ရင္း ႏွစ္ဖက္စလုံး အတူတူနီးပါး သန္စြမ္းလာခဲ့ပါတယ္။ ညာေျခနဲ႔ ဂိုးသြင္းရတာကို ပိုမိုသေဘာက်တဲ့ ေပၚတူဂီသားဟာ ဘယ္ေျခနဲ႔လည္း ထင္မွတ္မထားခ်ိန္မွာ ဂိုးေတြ သြင္းျပခဲ့ၿပီး သူ႔ရဲ႕ ကစားသမားဘဝသြင္းဂိုး ၇၉၀ မွာ ဘယ္ေျခနဲ႔ ၁၄၅ ဂိုးအထိ ရယူထားႏိုင္ခဲ့ပါတယ္။

M: ပီအက္စ္ဂ်ီတိုက္စစ္မႉးကေတာ့ ညာေျခသန္စြမ္းမႈက ဘယ္ေျခရဲ႕ ထက္ဝက္ေတာင္ ရွိပါ့မလားလို႔ ေတြးမိခ်င္စရာျဖစ္သလို သူ႔ရဲ႕ ဘယ္ေျခကေတာ့ ကမာၻ႔အေကာင္းဆုံး ဘယ္သန္လို႔ ေျပာလို႔ရေအာင္ တိက်ေကာင္းမြန္သူျဖစ္ပါတယ္။ ဘယ္ေျခကန္ခ်က္ ၁၀ ႀကိမ္မွာ ၈ ႀကိမ္ ဂိုးရယူႏိုင္တဲ့ အာဂ်င္တိုင္းႀကီး အေနနဲ႔ ညာေျခကေတာ့ တိက်မႈနည္းၿပီး ၈ ႀကိမ္မွာ တစ္ဂိုးမနည္းရေအာင္ သြင္းယူထားရတာပါ။

၄။ ေလထဲက စြမ္းေဆာင္ရည္

မက္ဆီရဲ႕ အရပ္က ၁.၆၉ မီတာ(၅ ေပ ၇ လက္မ)သာ ရွိခ်ိန္မွာ ေရာ္နယ္လ္ဒိုကေတာ့ ၁.၈၇ မီတာ(၆ ေပ ၂ လက္မ)ရွိလို႔ ဘယ္သူက ေလထဲမွာ ပိုေကာင္းမလဲဆိုတာ စဥ္းစားစရာ မလိုတဲ့ ေမးခြန္းတစ္ခုပါ။ ေခါင္းတိုက္ဂိုးေတြကို ပ်မ္းမွ် ၁၀ ဂိုးသြင္းရင္ ၂ ဂိုး ရရွိေလ့ရွိတဲ့ ေရာ္နယ္လ္ဒိုနဲ႔ ၂၉ ဂိုးသြင္းမွ ၁ ဂိုးပါတတ္တဲ့ မက္ဆီတို႔ၾကားမွာ ဒီတစ္ခ်က္ကေတာ့ ဘဝေပးကုသိုလ္ေၾကာင့္ ကြဲျပားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကို ၂၀၀၈ ခုႏွစ္ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ မက္ဆီရဲ႕ အျမင့္ခုန္ၿပီး ေခါင္းတိုက္သြင္းယူခဲ့တဲ့ ဂိုးက ရွားပါးတဲ့ Collector Item ျဖစ္ေနလို႔ တစ္သသျပန္ေျပာေနၾကရၿပီး က်န္တဲ့ပြဲေတြမွာေတာ့ ျမင္ရတာ နည္းပါးလြန္းခဲ့တာပါ။ အာဂ်င္တီးနားသားရဲ႕ ပရိသတ္ေတြထဲမွာေတာင္ Perfect Hat-trick လို႔ ေခၚတဲ့ ဘယ္ေျခ၊ ညာေျခ၊ ေခါင္းတိုက္မႈ သုံးမ်ိဳးနဲ႔ သြင္းယူမႈကို ရွိမွရွိရဲ႕လားလို႔ ျပန္စဥ္းစားေနၾကခ်ိန္မွာ ေပၚတူဂီသားႀကီးက ၉ ႀကိမ္အထိ သြင္းယူထားခဲ့တာျဖစ္ပါတယ္။

၅။ အသင္းလိုက္တြဲဖက္ကစားပုံ

R: အသင္းလိုက္တြဲဖက္ကစားပုံမွာလည္း သူတို႔ႏွစ္ေယာက္က ကြဲျပားလြန္းပါတယ္။ ေရာ္နယ္လ္ဒိုဟာ သူ႔ရဲ႕ အသင္းေဖာ္ေတြကို ဘာလုပ္လို႔ ေျပာၿပီး သူအက်ိဳးရွိဖို႔ ေမာင္းကစားတတ္သူျဖစ္သလို HR နဲ႔ Admin ဆန္တဲ့ အသင္းေခါင္းေဆာင္တစ္ေယာက္ ပီသၿပီး စီးပြားေရးအက်ိဳးအျမတ္ကို ဦးတည္တဲ့ လုပ္ငန္းရွင္သူေဌးမ်ိဳးပါ။ သူ႔ရဲ႕ အသင္းသားေတြ ေျခစြမ္း ဘယ္လိုပဲ ရွိရွိ၊ သူကေတာ့ တစ္ေနရာကေန တစ္ကိုယ္ေတာ္ ႐ုန္းျပဦးမွာျဖစ္ၿပီး သူၫႊန္ၾကားတိုင္း မျဖစ္ခဲ့အခါေတြမွာေတာ့ အခြင့္အေရးကို ကိုယ္တိုင္ပဲ လိုက္လံရွာေဖြတတ္သူျဖစ္ပါတယ္။

M: မက္ဆီကေတာ့ အသင္းကို ထိန္းေက်ာင္းေမာင္းႏွင္တဲ့ အသင္းေခါင္းေဆာင္တစ္ေယာက္လို႔ ေျပာလို႔ရေပမယ့္ သူကိုယ္တိုင္ ေရွ႕ကေန စြမ္းေဆာင္ျပၿပီး ဒီလိုမ်ိဳးလုပ္ရမယ္၊ ငါက ဘယ္လိုဆိုရင္ မင္းက ဘယ္လိုဆိုၿပီး အလိုက္သိလာေအာင္ တြဲဖက္သင္ၾကားေပးတတ္တဲ့ ေအာက္ေျခကေန တက္ၿပီး သူေဌးျဖစ္လာတဲ့သူမ်ိဳးလို႔ ဆိုႏိုင္မွာပါ။ တစ္ဖက္ဂိုးဧရိယာနားေရာက္ရင္ သူ႔အတြက္ပဲျဖစ္ျဖစ္ သူမ်ားအတြက္ပဲျဖစ္ျဖစ္ လွပတဲ့ အျပန္အလွန္ ေပးပို႔မႈေတြကေန ဂိုးရွာေဖြသူျဖစ္ၿပီး အာဂ်င္တီးနားသားရဲ႕ အသင္းလိုက္ကစားပုံက ေပၚတူဂီသားထက္ သာလြန္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.