Premier League

ရာသီအစမှာ ချဲလ်ဆီး ပရီးမီးယားလိဂ်ရမယ်ဆိုပြီးမှ လေသံပြောင်းသွားတဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က ရာသီစတင်ချိန်တုန်းက ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်လိမ့်မယ်လို့ အားပေးထောက်ခံခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းဟာ မန်ချက်စတာစီးတီးအသင်းဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ ဥရောပချန်ပီယံ ချဲလ်ဆီးအသင်းကို စတန်းဖို့ဒ် ဘရစ်ဂျ်မှာ ၁-၀ နဲ့ အနိုင်ယူပြီး အန်းဖီးမှာ လီဗာပူးလ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က စိတ်ပြောင်းခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဖလားကို ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်နဲ့ ၁၂ မှတ်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပြီး ယခုလက်ရှိမှာတော့ အဆင့် ၂ နေရာက လီဗာပူးလ်နဲ့ ၁ မှတ်အကွာ၊ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးနဲ့ ၂ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ တနင်္ဂနွေနေ့က အန်းဖီးမှာ သရေ ၁ မှတ်ရရှိနိုင်ဖို့အတွက် နောက်ကနေ ၂ ဂိုး လိုက်သွင်းခဲ့ရတာဖြစ်ပြီး ဖာဒီနန်က မန်စီးတီးကို ယခုရာသီ ၎င်းရဲ့ ဖလားရဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ဖို့အတွက် လုံလောက်တဲ့ အရာကို မြင်တွေ့ခဲ့ရပြီးပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အဲဒါက မြင့်ရာကနေ နိမ့်သွားတဲ့သဘောပဲ ကိုယ့်လူ။ ရာသီ ပထမဆုံး ၅ ပွဲထဲက ၄ ပွဲမှာ ကျွန်တော် အဲဒီမှာ ထိုင်နေခဲ့ပြီး ချဲလ်ဆီးက အနိုင်ရမယ့်အသင်းလို့ တွေးနေခဲ့မိပါတယ်။ ၄ ပွဲထဲက ၃ ပွဲကစားပြီးတဲ့အချိန်မှာ မန်စီးတီးက အနိုင်ရမယ့်အသင်းလို့ ကျွန်တော် တွေးနေမိတယ်။ သူတို့တွေက အသင်းကြီးတွေနဲ့ ကစားတဲ့အခါမှာ တကယ်ကို အထင်ကြီးဖွယ်ကောင်းပါတယ်”

“သူတို့တွေ ချဲလ်ဆီးကို လွှမ်းမိုးနိုင်ခဲ့တယ်။ သူတို့တွေ တနင်္ဂနွေနေ့မှာ လီဗာပူးလ်ကို ပထမပိုင်းမှာ လွှမ်းမိုးနိုင်ခဲ့ပြီး ပွဲက ပြတ်သွားခဲ့သင့်တာ။ သူတို့တွေ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ကြောင့် နည်းနည်း စိတ်ပျက်ကောင်း စိတ်ပျက်သွားမှာပါ။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို အထင်ကြီးအောင် အလုပ်နိုင်ဆုံးပါ။ သူတို့တွေက အဲဒီအချိန်မှာ ကြောက်ခမန်းလိလိပါပဲ”

“သူတို့တွေက ပွဲစဉ်ရဲ့ ၉၉ ရာခိုင်နှုန်းလောက်ကို အနိုင်ယူသွားမယ်ဆိုတာ သံသယဖြစ်စရာမရှိပေမယ့် အဆုံးသတ်ပိုင်းပဲ စကားပြောရမှာပါ။ သူတို့တွေ အဲဒီဟာကို အဆင်ပြေပြေနဲ့ မှန်မှန်ကန်ကန် လုပ်နိုင်ရင် သူတို့တွေက အနိုင်ရမယ့်အသင်းလို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က ရာသီစတင္ခ်ိန္တုန္းက ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္သြားနိုင္လိမ့္မယ္လို႔ အားေပးေထာက္ခံခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာေတာ့ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးအသင္းဟာ မန္ခ်က္စတာစီးတီးအသင္းျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

လက္ရွိ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းဟာ ဥေရာပခ်န္ပီယံ ခ်ဲလ္ဆီးအသင္းကို စတန္းဖို႔ဒ္ ဘရစ္ဂ်္မွာ ၁-၀ နဲ႔ အနိုင္ယူၿပီး အန္းဖီးမွာ လီဗာပူးလ္နဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရရလဒ္ရရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က စိတ္ေျပာင္းခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ့ မန္စီးတီးဟာ ၿပီးခဲ့တဲ့ရာသီက အမွတ္ေပးဖလားကို ဒုတိယေနရာက မန္ခ်က္စတာယူနိုက္တက္နဲ႔ ၁၂ မွတ္ျဖတ္ၿပီး ရရွိခဲ့တာျဖစ္ၿပီး ယခုလက္ရွိမွာေတာ့ အဆင့္ ၂ ေနရာက လီဗာပူးလ္နဲ႔ ၁ မွတ္အကြာ၊ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ခ်ဲလ္ဆီးနဲ႔ ၂ မွတ္အကြာ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ တနဂၤေႏြေန႔က အန္းဖီးမွာ သေရ ၁ မွတ္ရရွိနိုင္ဖို႔အတြက္ ေနာက္ကေန ၂ ဂိုး လိုက္သြင္းခဲ့ရတာျဖစ္ၿပီး ဖာဒီနန္က မန္စီးတီးကို ယခုရာသီ ၎ရဲ့ ဖလားရဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ သတ္မွတ္ဖို႔အတြက္ လုံေလာက္တဲ့ အရာကို ျမင္ေတြ႕ခဲ့ရၿပီးၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အဲဒါက ျမင့္ရာကေန နိမ့္သြားတဲ့သေဘာပဲ ကိုယ့္လူ။ ရာသီ ပထမဆုံး ၅ ပြဲထဲက ၄ ပြဲမွာ ကၽြန္ေတာ္ အဲဒီမွာ ထိုင္ေနခဲ့ၿပီး ခ်ဲလ္ဆီးက အနိုင္ရမယ့္အသင္းလို႔ ေတြးေနခဲ့မိပါတယ္။ ၄ ပြဲထဲက ၃ ပြဲကစားၿပီးတဲ့အခ်ိန္မွာ မန္စီးတီးက အနိုင္ရမယ့္အသင္းလို႔ ကၽြန္ေတာ္ ေတြးေနမိတယ္။ သူတို႔ေတြက အသင္းႀကီးေတြနဲ႔ ကစားတဲ့အခါမွာ တကယ္ကို အထင္ႀကီးဖြယ္ေကာင္းပါတယ္”

“သူတို႔ေတြ ခ်ဲလ္ဆီးကို လႊမ္းမိုးနိုင္ခဲ့တယ္။ သူတို႔ေတြ တနဂၤေႏြေန႔မွာ လီဗာပူးလ္ကို ပထမပိုင္းမွာ လႊမ္းမိုးနိုင္ခဲ့ၿပီး ပြဲက ျပတ္သြားခဲ့သင့္တာ။ သူတို႔ေတြ တစ္ဖက္ ၂ ဂိုးစီ သေရရလဒ္ေၾကာင့္ နည္းနည္း စိတ္ပ်က္ေကာင္း စိတ္ပ်က္သြားမွာပါ။ ဒါေပမယ့္ သူတို႔က ကၽြန္ေတာ့္ကို အထင္ႀကီးေအာင္ အလုပ္နိုင္ဆုံးပါ။ သူတို႔ေတြက အဲဒီအခ်ိန္မွာ ေၾကာက္ခမန္းလိလိပါပဲ”

“သူတို႔ေတြက ပြဲစဥ္ရဲ့ ၉၉ ရာခိုင္ႏႈန္းေလာက္ကို အနိုင္ယူသြားမယ္ဆိုတာ သံသယျဖစ္စရာမရွိေပမယ့္ အဆုံးသတ္ပိုင္းပဲ စကားေျပာရမွာပါ။ သူတို႔ေတြ အဲဒီဟာကို အဆင္ေျပေျပနဲ႔ မွန္မွန္ကန္ကန္ လုပ္နိုင္ရင္ သူတို႔ေတြက အနိုင္ရမယ့္အသင္းလို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.