Article Premier League

လီဗာပူးလ်ဂိုးသွင်းဘုရင် ချဲလ်ဆီးဟောင်း ဆာလားရဲ့ မာနနဲ့ အောင်မြင်မှုဆီ သွားရာလမ်း

လီဗာပူးလ်အသင်းရဲ့ ဂိုးသွင်းဘုရင်ဖြစ်ပြီး လက်ရှိဘောလုံးကမ္ဘာမှာ ဘယ်ခြေတစ်ပေါက် လျှမ်းလျှမ်းတောက်ဖြစ်နေတဲ့ ညာတောင်ပံတိုက်စစ်မှူး မိုဟာမက် ဆာလားတစ်ယောက် အောင်မြင်မှုတွေကို ရှာဖွေဖြစ်ခဲ့ပုံကို သူ့ရဲ့ အသင်းဖော်ဟောင်း ဖလိပီ လူးဝစ်က ထုတ်ဖော်ပြောကြားလိုက်ပြီး ဖာရိုးဘုရင်ကြီးအနေနဲ့ သူ့ရဲ့ Comfort Zone ကနေ ရုန်းထွက်ခဲ့ပုံကို ရှင်းပြသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးနဲ့ပွဲမှာ ကစားကွက် အသာမရတဲ့ကြားက တစ်ဂိုးသွင်းယူပြီး အသင်းဖော် ဆာဒီယို မာနေးကို တစ်ဂိုးဖန်တီးပေးခဲ့တဲ့ အီဂျစ်သားဟာ ဒီလိုအဆင့်ကို လွယ်လွယ်နဲ့တော့ ရောက်ရှိလာခဲ့တာမဟုတ်ဘဲ လန်ဒန်ကလပ် ချဲလ်ဆီးအသင်းကို စွန့်ခွာရင်း ကိုယ့်ထူးကိုယ်ချွန် ကြိုးစားခဲ့ရတာပါ။

ဒီလိုနေ့မျိုးမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဆာလားအတွက် သူ့ကို ချဲလ်ဆီးအသင်းက ပေါပေါပဲပဲနဲ့ ရောင်းထုတ်ပစ်ခဲ့တာက ဇာတ်ကြောင်းပြန်ရင် လန်ဒန်ကလပ်ရဲ့ စီမံခန့်ခွဲမှုအတွက် ဟားတိုက်စရာလည်းဖြစ်နေခဲ့ပြီး အဲ့ဒီအချိန်က အသင်းမှာ တာဝန်ရှိခဲ့သူတွေအတွက်လည်း မျက်နှာပျက်စရာတစ်ခု ဖြစ်ခဲ့ရပါတယ်။

သူ့ရဲ့ အဲ့ဒီစတမ်းဖို့ဒ်ဘရစ်ချ်နေ့ရက်တွေတုန်းက အသင်းဖော် ဖလိပီ လူးဝစ်ကတော့ ဆာလားဟာ အသင်းရဲ့ ကော့ဘ်ဟမ်းထရိန်နင်မှာ ခြေစွမ်း ပြလေ့ရှိသူဖြစ်ပြီး လီယွန်နယ် မက်ဆီလိုမျိုး အဲ့ဒီအချိန်ကတည်းက ကစားနိုင်ခဲ့သူဖြစ်တယ်လို့ ထုတ်ဖော်လိုက်ပြီး နည်းပြ ဂျိုဆေး မော်ရင်ညိုဆီမှာတော့ ကံမကောင်းခဲ့ဘူးလို့ ဆိုပါတယ်။

“မော်ရင်ညိုနဲ့ ဖလားရခဲ့လို့ သူ့ကို ကျေးဇူးတင်ပြီး အထင်ကြီးမိပေမယ့် ကျွန်တော့်ကစားပုံကောင်းက ဘယ်လိုဆိုတာ သူမသိခဲ့ဘူး။ ဆာလားကိစ္စမှာလည်း ဒီလိုပါပဲ”လို့ ဘရာဇီးလ်နောက်ခံလူဟောင်းက ဖွင့်ဟလိုက်ပြီး ဘေဆယ်လ်က ရောက်လာခဲ့တဲ့ အီဂျစ်သားရဲ့ ရုန်းကန်ခဲ့ရမှုကိုလည်း ထုတ်ဖော်သွားပါတယ်။

“သူက ဖီအိုရင်တီးနားကို သွားတော့မယ်လို့လဲဆိုရော ‘ဘာဖြစ်လို့ သွားမှာလဲ မိုမို၊ ဒါက ချဲလ်ဆီးအသင်းလေ’လို့ ကျွန်တော်က သတိပေးခဲ့တယ်။ ဒါပေမယ့် သူပြန်ပြောတာက ‘ငါ ကစားခွင့်ရဖို့ လိုတယ်’တဲ့။ အဲ့ဒီကတည်းက ဒီကောင်လေးက တကယ့်အဖိုးတန်လေးပဲလို့ ကျွန်တော် တွေးမိခဲ့တယ်”

“သူဟာ ငွေကြေးအတွက် ဘောလုံးကစားတဲ့သူ မဟုတ်ဘူး။ သူက အရန်ခုံ ထိုင်နေပေမယ့်အစား ကစားရတာကိုပဲ လိုချင်တာ။ ထရိန်နင်မှာလည်း အမြဲတမ်း မက်ဆီလို ကစားပြတယ်။ မက်ဆီနဲ့ တကယ်တူတယ်ဆိုတာ မယုံရင် ခင်ဗျား အဲ့ဒီတုန်းက အသင်းဖော်တိုင်းကို မေးကြည့်လို့ ရတယ်”လို့ ဖလိပီ လူးဝစ်က ပြောပြခဲ့ပါတယ်။

ဖီအိုရင်တီးနားအသင်းမှာ အငှားနဲ့ ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆာလားကို ရိုးမားအသင်းက အငှားကြေး ယူရို ၅ သန်း၊ အပြီးသတ်ခေါ်ယူခွင့် ယူရို ၁၅ သန်းနဲ့ ချဲလ်ဆီးတို့ဆီက သဘောတူညီမှု ရယူခဲ့ပြီး တစ်ရာသီကစားပြီးချိန်မှာ ၁၅ ဂိုးသွင်းယူခဲ့တဲ့အခါမှာ အိုလံပီကိုမှာ တရားဝင်ရှိနေစေဖို့ လုပ်ဆောင်သွားခဲ့တာပါ။

နောက်တစ်ရာသီမှာ ရောမသားတွေအတွက် ၁၉ ဂိုး ထပ်မံသွင်းယူအပြီးမှာ လီဗာပူးလ်အသင်းက ပေါင် ၃၆.၅ သန်း+ အနာဂတ် ခံစားခွင့် ပေါင် ၆.၅ သန်းနဲ့ ခေါ်ယူခဲ့ချိန်မှာတော့ သူ့ရဲ့ ဘူမိနက်သန် နေရာမှာမှာ အောင်မြင်မှုတွေကို အားလုံးသိထားတဲ့အတိုင်း ဂိုးတွေ၊ တစ်ဦးချင်းဆုတွေနဲ့အတူ ရှာဖွေနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းတုန်းကသာ ဖလိပီ လူးဝစ် ထုတ်ဖော်သွားခဲ့သလိုမျိုး မထွက်ခွာဖြစ်ခဲ့ဘူးဆိုရင် ဒီလိုမျိုးဖြစ်နိုင်ဖို့ ခဲယဉ်းမှာလည်းဖြစ်ပါတယ်။

မော်ရင်ညိုရဲ့ လက်အောက်မှာ သူ့လို ကစားဟန်နဲ့ ကစားသမားတစ်ယောက် ကစားခွင့်ရဖို့ဆိုတာက တကယ်တော့ လွယ်ကူမှာ မဟုတ်သလို ပေါ်တူဂီသားကြီး ခံစစ်ပိတ်ကစားပြီး Direct Counter Attack တွေကို အသုံးပြုတဲ့ နည်းစနစ်မှာ အလိုလို နေရာပျောက်ဖို့ များနေခဲ့တာကြောင့် သူ့အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆက်နေလည်း ခြေစွမ်းကို မှိုတက်ရုံပဲ ရှိမှာပါ။

ဒါပေမယ့် ကစားသမားဘဝ အလှည့်အပြောင်းနဲ့ အခွင့်အရေးကောင်းတွေကို စွန့်စားဆုပ်ကိုင်နိုင်ခဲ့တဲ့ ဆာလားအတွက်တော့ အသင်းဖော်ဟောင်းက ထုတ်ဖော်သွားခဲ့သလို ကစားခွင့်ကို ငွေထက် တန်ဖိုးထားပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားကောင်း ပီသခဲ့တဲ့အတွက် လက်ရှိမှာ မှန်ကန်တဲ့ မာနရဲ့ အသီးအပွင့်တွေကို ခံစားနေရတာဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ အသည်းနှလုံးဖြစ်ဖို့ အဲ့ဒီအခိုက်အတန့်က အရေးပါခဲ့တာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းရဲ႕ ဂိုးသြင္းဘုရင္ျဖစ္ၿပီး လက္ရွိေဘာလုံးကမာၻမွာ ဘယ္ေျခတစ္ေပါက္ လွ်မ္းလွ်မ္းေတာက္ျဖစ္ေနတဲ့ ညာေတာင္ပံတိုက္စစ္မႉး မိုဟာမက္ ဆာလားတစ္ေယာက္ ေအာင္ျမင္မႈေတြကို ရွာေဖြျဖစ္ခဲ့ပုံကို သူ႔ရဲ႕ အသင္းေဖာ္ေဟာင္း ဖလိပီ လူးဝစ္က ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး ဖာ႐ိုးဘုရင္ႀကီးအေနနဲ႔ သူ႔ရဲ႕ Comfort Zone ကေန ႐ုန္းထြက္ခဲ့ပုံကို ရွင္းျပသြားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ ကစားကြက္ အသာမရတဲ့ၾကားက တစ္ဂိုးသြင္းယူၿပီး အသင္းေဖာ္ ဆာဒီယို မာေနးကို တစ္ဂိုးဖန္တီးေပးခဲ့တဲ့ အီဂ်စ္သားဟာ ဒီလိုအဆင့္ကို လြယ္လြယ္နဲ႔ေတာ့ ေရာက္ရွိလာခဲ့တာမဟုတ္ဘဲ လန္ဒန္ကလပ္ ခ်ဲလ္ဆီးအသင္းကို စြန႔္ခြာရင္း ကိုယ့္ထူးကိုယ္ခြၽန္ ႀကိဳးစားခဲ့ရတာပါ။

ဒီလိုေန႔မ်ိဳးမွာ ေျခစြမ္းျပသႏိုင္ခဲ့တဲ့ ဆာလားအတြက္ သူ႔ကို ခ်ဲလ္ဆီးအသင္းက ေပါေပါပဲပဲနဲ႔ ေရာင္းထုတ္ပစ္ခဲ့တာက ဇာတ္ေၾကာင္းျပန္ရင္ လန္ဒန္ကလပ္ရဲ႕ စီမံခန႔္ခြဲမႈအတြက္ ဟားတိုက္စရာလည္းျဖစ္ေနခဲ့ၿပီး အဲ့ဒီအခ်ိန္က အသင္းမွာ တာဝန္ရွိခဲ့သူေတြအတြက္လည္း မ်က္ႏွာပ်က္စရာတစ္ခု ျဖစ္ခဲ့ရပါတယ္။

သူ႔ရဲ႕ အဲ့ဒီစတမ္းဖို႔ဒ္ဘရစ္ခ်္ေန႔ရက္ေတြတုန္းက အသင္းေဖာ္ ဖလိပီ လူးဝစ္ကေတာ့ ဆာလားဟာ အသင္းရဲ႕ ေကာ့ဘ္ဟမ္းထရိန္နင္မွာ ေျခစြမ္း ျပေလ့ရွိသူျဖစ္ၿပီး လီယြန္နယ္ မက္ဆီလိုမ်ိဳး အဲ့ဒီအခ်ိန္ကတည္းက ကစားႏိုင္ခဲ့သူျဖစ္တယ္လို႔ ထုတ္ေဖာ္လိုက္ၿပီး နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳဆီမွာေတာ့ ကံမေကာင္းခဲ့ဘူးလို႔ ဆိုပါတယ္။

“ေမာ္ရင္ညိဳနဲ႔ ဖလားရခဲ့လို႔ သူ႔ကို ေက်းဇူးတင္ၿပီး အထင္ႀကီးမိေပမယ့္ ကြၽန္ေတာ့္ကစားပုံေကာင္းက ဘယ္လိုဆိုတာ သူမသိခဲ့ဘူး။ ဆာလားကိစၥမွာလည္း ဒီလိုပါပဲ”လို႔ ဘရာဇီးလ္ေနာက္ခံလူေဟာင္းက ဖြင့္ဟလိုက္ၿပီး ေဘဆယ္လ္က ေရာက္လာခဲ့တဲ့ အီဂ်စ္သားရဲ႕ ႐ုန္းကန္ခဲ့ရမႈကိုလည္း ထုတ္ေဖာ္သြားပါတယ္။

“သူက ဖီအိုရင္တီးနားကို သြားေတာ့မယ္လို႔လဲဆိုေရာ ‘ဘာျဖစ္လို႔ သြားမွာလဲ မိုမို၊ ဒါက ခ်ဲလ္ဆီးအသင္းေလ’လို႔ ကြၽန္ေတာ္က သတိေပးခဲ့တယ္။ ဒါေပမယ့္ သူျပန္ေျပာတာက ‘ငါ ကစားခြင့္ရဖို႔ လိုတယ္’တဲ့။ အဲ့ဒီကတည္းက ဒီေကာင္ေလးက တကယ့္အဖိုးတန္ေလးပဲလို႔ ကြၽန္ေတာ္ ေတြးမိခဲ့တယ္”

“သူဟာ ေငြေၾကးအတြက္ ေဘာလုံးကစားတဲ့သူ မဟုတ္ဘူး။ သူက အရန္ခုံ ထိုင္ေနေပမယ့္အစား ကစားရတာကိုပဲ လိုခ်င္တာ။ ထရိန္နင္မွာလည္း အၿမဲတမ္း မက္ဆီလို ကစားျပတယ္။ မက္ဆီနဲ႔ တကယ္တူတယ္ဆိုတာ မယုံရင္ ခင္ဗ်ား အဲ့ဒီတုန္းက အသင္းေဖာ္တိုင္းကို ေမးၾကည့္လို႔ ရတယ္”လို႔ ဖလိပီ လူးဝစ္က ေျပာျပခဲ့ပါတယ္။

ဖီအိုရင္တီးနားအသင္းမွာ အငွားနဲ႔ ကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဆာလားကို ႐ိုးမားအသင္းက အငွားေၾကး ယူ႐ို ၅ သန္း၊ အၿပီးသတ္ေခၚယူခြင့္ ယူ႐ို ၁၅ သန္းနဲ႔ ခ်ဲလ္ဆီးတို႔ဆီက သေဘာတူညီမႈ ရယူခဲ့ၿပီး တစ္ရာသီကစားၿပီးခ်ိန္မွာ ၁၅ ဂိုးသြင္းယူခဲ့တဲ့အခါမွာ အိုလံပီကိုမွာ တရားဝင္ရွိေနေစဖို႔ လုပ္ေဆာင္သြားခဲ့တာပါ။

ေနာက္တစ္ရာသီမွာ ေရာမသားေတြအတြက္ ၁၉ ဂိုး ထပ္မံသြင္းယူအၿပီးမွာ လီဗာပူးလ္အသင္းက ေပါင္ ၃၆.၅ သန္း+ အနာဂတ္ ခံစားခြင့္ ေပါင္ ၆.၅ သန္းနဲ႔ ေခၚယူခဲ့ခ်ိန္မွာေတာ့ သူ႔ရဲ႕ ဘူမိနက္သန္ ေနရာမွာမွာ ေအာင္ျမင္မႈေတြကို အားလုံးသိထားတဲ့အတိုင္း ဂိုးေတြ၊ တစ္ဦးခ်င္းဆုေတြနဲ႔အတူ ရွာေဖြႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းတုန္းကသာ ဖလိပီ လူးဝစ္ ထုတ္ေဖာ္သြားခဲ့သလိုမ်ိဳး မထြက္ခြာျဖစ္ခဲ့ဘူးဆိုရင္ ဒီလိုမ်ိဳးျဖစ္ႏိုင္ဖို႔ ခဲယဥ္းမွာလည္းျဖစ္ပါတယ္။

ေမာ္ရင္ညိဳရဲ႕ လက္ေအာက္မွာ သူ႔လို ကစားဟန္နဲ႔ ကစားသမားတစ္ေယာက္ ကစားခြင့္ရဖို႔ဆိုတာက တကယ္ေတာ့ လြယ္ကူမွာ မဟုတ္သလို ေပၚတူဂီသားႀကီး ခံစစ္ပိတ္ကစားၿပီး Direct Counter Attack ေတြကို အသုံးျပဳတဲ့ နည္းစနစ္မွာ အလိုလို ေနရာေပ်ာက္ဖို႔ မ်ားေနခဲ့တာေၾကာင့္ သူ႔အေနနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဆက္ေနလည္း ေျခစြမ္းကို မႈိတက္႐ုံပဲ ရွိမွာပါ။

ဒါေပမယ့္ ကစားသမားဘဝ အလွည့္အေျပာင္းနဲ႔ အခြင့္အေရးေကာင္းေတြကို စြန႔္စားဆုပ္ကိုင္ႏိုင္ခဲ့တဲ့ ဆာလားအတြက္ေတာ့ အသင္းေဖာ္ေဟာင္းက ထုတ္ေဖာ္သြားခဲ့သလို ကစားခြင့္ကို ေငြထက္ တန္ဖိုးထားၿပီး ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားေကာင္း ပီသခဲ့တဲ့အတြက္ လက္ရွိမွာ မွန္ကန္တဲ့ မာနရဲ႕ အသီးအပြင့္ေတြကို ခံစားေနရတာျဖစ္ၿပီး လီဗာပူးလ္အသင္းရဲ႕ အသည္းႏွလုံးျဖစ္ဖို႔ အဲ့ဒီအခိုက္အတန႔္က အေရးပါခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.