Analysis Premier League

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးထမင်းငတ် ၁၁ ဦးအသင်း

ဘောလုံးပရိသတ်တွေအားလုံး သိတဲ့အတိုင်း အားကစားဆိုတာဟာ မတူညီတဲ့ အတွေးအမြင်တွေဖြစ်ပြီး အဲဒါကြောင့်ပဲ ပြိုင်ပွဲတွေဟာ လူတွေကို ပျော်ရွှင်စေတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းသာ ကစားသမားတစ်ဦး ဒါမှမဟုတ် အသင်းတစ်သင်းကို တူညီတဲ့ခံစားမှုမျိုး ရှိနေခဲ့မယ်ဆိုရင် မယုံကြည်နိုင်လောက်အောင် ပျင်းရိစရာကောင်းနေမှာမို့လို့ပါ။

အဲဒီအတွက် ပရီးမီးယားလိဂ်မှာ ကောင်းတာထက်ကို ပိုပြီး အလွန်အကျွံ အမွမ်းတင်အခံရဆုံးကစားသမား ၁၁ ဦး စာရင်းကို ဖော်ပြပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆိုလိုချင်တာက ဒီကစားသမားတွေဟာ မကောင်းဘူးလို့ ပြောချင်တာမဟုတ်ဘဲ သင်ထင်ထားသလောက်လည်း မကောင်းတာ ဖြစ်ချင်ဖြစ်နေနိုင်တယ်ဆိုတာဖြစ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ တိုက်ခိုက်လိုခြင်းမရှိဘူးဆိုတာ အရင်ဦးဆုံး တောင်းပန်ထားပါရစေ။

ဂိုး- ဟူဂို လိုရစ်(စပါး)

လိုရစ်ဟာ စပါးနဲ့ ပြင်သစ်အသင်းအတွက် ကမ္ဘာ့အဆင့် ဂိုးသမားဖြစ်နေခဲ့တာ အချိန်များစွာ ကြာမြင့်နေခဲ့ပြီဖြစ်ပေမယ့်လည်း အဲဒီနေ့တွေဟာ နောက်မှ ကျန်နေခဲ့ပြီဖြစ်ပြီး လိုင်ယွန်ဂိုးသမားဟောင်းဟာ လက်ရှိမှာတော့ ပါဝင်ကစားတဲ့ ပွဲတော်တော်များများမှာ အလွဲတွေများနေခဲ့ပြီး လက်စွမ်းကျဆင်းနေပုံ ရပါတယ်။ လိုရစ်ဟာ အခုအချိန်မှာ တော်တော်လေး ကောင်းမွန်တဲ့ ဂိုးသမားအဖြစ် ရှိနေသေးပေမယ့် အကောင်းဆုံးနေ့ရက်တွေက ကုန်ဆုံးသွားပြီဆိုတာ လက်ခံရမှာပါ။

ညာနောက်ခံ- အာရွန် ဝမ်ဘစ်ဆာကာ(မန်ချက်စတာယူနိုက်တက်)

စပိုက်ဒါလို့ အမည်ပြောင်ပေးခြင်းခံထားရတဲ့ နောက်ခံကစားသမားဟာ လျှောထိုးဖျက်ထုတ်မှုတွေ ပြုလုပ်တဲ့အချိန်မှာ အရမ်းကို ထူးခြားဆန်းကြယ်တဲ့သူမို့လို့ပါ။ ဒါပေမယ့်လည်း နေရာယူ မပါးနပ်မှုနဲ့ ပထမဆုံးထိချက် မသေချာတာကြောင့် ကောင်းတာလေးတောင် ပျောက်သလိုဖြစ်နေတဲ့သူပါ။ ဝမ်ဘစ်ဆာကာဟာ တိုက်စစ်မှာလည်း သာမန်လောက်သာ အရည်အသွေးရှိပြီး ယနေ့ခေတ် နောက်ခံကစားသမားတွေထဲမှာဆိုရင်တော့ ကောင်းသင့်သလောက်တောင် မကောင်းဘူးလို့ ဆိုရမှာပါ။

ဗဟိုခံစစ်- ဂျိမ်းစ် တကောစကီး(ဘန်လေ)

ဘန်လေအသင်းက တကောစကီးကို ခေါ်ယူချင်တဲ့ လက်စတာစီးတီးအသင်းဆီကနေ ပေါင်သန်း ၅၀ တောင်းဆိုခဲ့တာကို ဒီနေ့အထိ မယုံကြည်နိုင် ဖြစ်နေဆဲပါ။ ဟုတ်ပါတယ်။ သူက တည်ကန်ဘောတွေကနေ ခြိမ်းခြောက်နိုင်တဲ့ နောက်ခံကစားသမားကောင်းဆိုပေမယ့် အဲဒီလောက်ကြီး စျေးတောင်းလို့ သင့်တော်တယ်ဆိုတဲ့အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။

ဗဟိုခံစစ်- တိုင်ရုန်း မင်းစ်(အက်စ်တွန်ဗီလာ)

တိုင်ရုန်း မင်းစ်ရဲ့ အက်စ်တွန်ဗီလာအသင်းဖော် အက်ဇ်ရီ ခွန်ဆာက အပတ်တိုင်း ၎င်းထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနေချိန်မှာ မင်းစ်က ဘယ်လိုလုပ်ပြီး အင်္ဂလန်လူစာရင်းထဲမှာ ရှိနေသေးလဲ မသိပါဘူး။ မင်းစ်က ပရီးမီးယားလိဂ်ထိပ်သီးအဆင့် ကစားသမားတွေနဲ့ နီးစပ်တယ်လို့ကို ယူဆလို့မရအောင် အမှားများစွာ ပြုလုပ်နေဆဲဖြစ်ပါတယ်။

ဘယ်နောက်ခံ- လူကာ ဒီညီ(အဲဗာတန်)

ဒီညီက ကမ္ဘာ့အဆင့် ကစားသမားလို့တော့ မတွေးလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ သူက ဘောလုံးဖြတ်တင်တာနဲ့ ကျော်ပေးတာကောင်းပြီး ထူးထူးဆန်းဆန်း ဂိုးဖန်တီးပေးနိုင်ရုံပဲမို့လို့ပါ။ ပြင်သစ်နောက်ခံကစားသမားဟာ တော်တော်လေးကောင်းတဲ့ ဘောလုံးသမားဆိုပေမယ့် လီဗာပူးလ်ရဲ့ အန်ဒီ ရောဘတ်ဆန်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ ဆီနဲ့ ရေလို ကွာဟနေမှာဖြစ်ပါတယ်။

ကွင်းလယ်ဗဟို- ယူရီ တီးလီးမန်းစ်

နာမည်ကြီးထမင်းငတ် ၁၁ ဦးအသင်းထဲမှာ အငြင်းပွားစရာအကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ယူရီ တီးလီးမန်းစ်ဟာ အလွန့်အလွန်ကောင်းတဲ့ ဘောလုံးသမားပါ။ အဲဒါကို ဘာပဲဖြစ်ဖြစ် ငြင်းချက်ထုတ်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အချို့ယုံနေကြတဲ့ အာဆင်နယ်ဂန္တဝင် ပက်ထရစ် ဗီအဲရာနဲ့ ဒီဘရိုင်းတို့ကို ပေါင်းစပ်ထားတယ်ဆိုတာမျိုးကတော့ လုံးဝ မဟုတ်ပါဘူး။

ကွင်းလယ်ဗဟို- ဂျိမ်းစ် ဝါ့ဒ်-ပရောက်စ်(ဆောက်သမ်တန်)

ဝါ့ဒ်-ပရောက်စ်ဟာ အလွတ်တည်ကန်ဘော အရမ်းကောင်းပြီး အသင်းရဲ့ပွဲတိုင်းမှာ မိနစ်ပြည့်နီးပါး ပါဝင်ကစားပေးတဲ့ ကစားသမားတစ်ဦးပါ။ အဲဒီအချက်တွေဟာ ချီးမွမ်းစရာ အရည်အချင်းကောင်းတွေဆိုပေမယ့် ကွင်းလယ်ကစားသမားတွေမှာ ရှိသင့်တဲ့အရာတွေ အားလုံးရှိတဲ့သူလားဆိုရင်တော့ မဟုတ်ဘူးလို့ပဲ ရိုးရိုးသားသား ဖြေရမှာပါ။

ကွင်းလယ်တိုက်စစ်- ခိုင် ဟားဗတ်ဇ်(ချဲလ်ဆီး)

ချဲလ်ဆီးပရိသတ်တွေကတော့ ဒေါသတွေ စထွက်နေလောက်ပြီ ထင်ပါတယ်။ ဟားဗတ်ဇ်က ချဲလ်ဆီးမှာ သူ့ရဲ့ အရည်အသွေးတွေကို မကြာခဏ လျှပ်တပြက်ပြသပြီး ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတောင် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့သူပါ။ ဒါပေမယ့်လည်း ဂျာမန်ကြယ်ပွင့်ဟာ ပါရမီရှင်မျိုးဆက်မှာ မွေးဖွားလာသူဖြစ်တဲ့အတွက် ၎င်းရဲ့ ဂုဏ်သတင်းအတိုင်း လုပ်ပြနိုင်ဖို့ လိုအပ်နေပါသေးတယ်။

တိုက်စစ်ညာတောင်ပံ- အဒါမာ ထရာအိုရေး(ဝုဗ်)

ထရာအိုရေးရဲ့ မြန်နှုန်း၊ ကြံ့ခိုင်မှုနဲ့ အလိမ်အခေါက်အရည်အသွေးတွေက သူ့ကို ဖျော်ဖြေမှုပေးနိုင်တဲ့ကစားသမားအဖြစ် စောင့်ကြည့်ချင်လာအောင် ဆွဲဆောင်နိုင်ခဲ့တယ်ဆိုတာကတော့ သံသယဖြစ်စရာ မရှိပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄၃ ပွဲမှာ လေးဂိုးသာ သွင်းယူနိုင်ခဲ့တာကတော့ တိုက်စစ်ကစားသမားတစ်ယောက်အတွက် တော်တော်လေး ဆိုးရွားတဲ့စံချိန်ပါပဲ။

တိုက်စစ်မှူး- ရောဘတ်တို ဖာမီနို(လီဗာပူးလ်)

လီဗာပူးလ်ပရိသတ်တွေက ယာဂန် ကလော့ပ်ရဲ့ ကစားကွက်ထဲမှာ ဖာမီနိုက ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတဲ့အကြောင်း ပြောနေကြတာ ကျွန်တော်တို့ အားလုံး ကြားခဲ့ဖူးမှာပါ။ ဒါပေမယ့် စိတ်မကောင်းပါဘူး။ ဘယ်သူကမှ ပရီးမီးယားလိဂ်တစ်ရာသီမှာ ၁၂ ဂိုးထက် ပိုသွင်းယူနိုင်တဲ့ တိုက်စစ်မှူးကောင်းရှိနေချိန်မှာ ဂိုးပေါက် ၆ ကြိမ်ကန်သွင်းရာမှာ ၁ ဂိုးပဲ ရတဲ့သူကို တိုက်စစ်မှူးကောင်းလို့ ယူဆမယ် မထင်ပါဘူး။

တိုက်စစ်ဘယ်တောင်ပံ- အန်သိုနီ မာစီယယ်လ်(မန်ချက်စတာယူနိုက်တက်)

ပြင်သစ်တိုက်စစ်မှူးဟာ ကမ္ဘာ့အဆင့် အရည်အသွေးတွေကို ပိုင်ဆိုင်ထားပေမယ့်လည်း ယူနိုက်တက်ရှပ်နဲ့ ကွင်းထဲမှာ ထူးထူးခြားခြားလုပ်ပြတာမျိုးကို မြင်ရခဲပါတယ်။ မာစီယယ်လ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၄ ဂိုးသာ သွင်းယူခဲ့ပြီး ဒီရာသီမှာတော့ ၁ ဂိုးသာ သွင်းယူနိုင်ပါသေးတယ်။ အေးစက်စက်နဲ့ စိတ်မပါလက်မပါ ကစားပုံမျိုးနဲ့ မာစီယယ်လ်ဟာ အင်္ဂလန်မှာ ထိပ်တန်းကစားသမားဖြစ်လာတော့မှာမဟုတ်ဘူးဆိုတာကို လက်ခံရမယ့်အချိန်ရောက်ပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဘာလုံးပရိသတ္ေတြအားလုံး သိတဲ့အတိုင္း အားကစားဆိုတာဟာ မတူညီတဲ့ အေတြးအျမင္ေတြျဖစ္ၿပီး အဲဒါေၾကာင့္ပဲ ၿပိဳင္ပြဲေတြဟာ လူေတြကို ေပ်ာ္ရႊင္ေစတာျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ လူတိုင္းသာ ကစားသမားတစ္ဦး ဒါမွမဟုတ္ အသင္းတစ္သင္းကို တူညီတဲ့ခံစားမႈမ်ိဳး ရွိေနခဲ့မယ္ဆိုရင္ မယုံၾကည္နိုင္ေလာက္ေအာင္ ပ်င္းရိစရာေကာင္းေနမွာမို႔လို႔ပါ။

အဲဒီအတြက္ ပရီးမီးယားလိဂ္မွာ ေကာင္းတာထက္ကို ပိုၿပီး အလြန္အကၽြံ အမြမ္းတင္အခံရဆုံးကစားသမား ၁၁ ဦး စာရင္းကို ေဖာ္ျပေပးဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဆိုလိုခ်င္တာက ဒီကစားသမားေတြဟာ မေကာင္းဘူးလို႔ ေျပာခ်င္တာမဟုတ္ဘဲ သင္ထင္ထားသေလာက္လည္း မေကာင္းတာ ျဖစ္ခ်င္ျဖစ္ေနနိုင္တယ္ဆိုတာျဖစ္ၿပီး ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ တိုက္ခိုက္လိုျခင္းမရွိဘူးဆိုတာ အရင္ဦးဆုံး ေတာင္းပန္ထားပါရေစ။

ဂိုး- ဟူဂို လိုရစ္(စပါး)

လိုရစ္ဟာ စပါးနဲ႔ ျပင္သစ္အသင္းအတြက္ ကမၻာ့အဆင့္ ဂိုးသမားျဖစ္ေနခဲ့တာ အခ်ိန္မ်ားစြာ ၾကာျမင့္ေနခဲ့ၿပီျဖစ္ေပမယ့္လည္း အဲဒီေန႔ေတြဟာ ေနာက္မွ က်န္ေနခဲ့ၿပီျဖစ္ၿပီး လိုင္ယြန္ဂိုးသမားေဟာင္းဟာ လက္ရွိမွာေတာ့ ပါဝင္ကစားတဲ့ ပြဲေတာ္ေတာ္မ်ားမ်ားမွာ အလြဲေတြမ်ားေနခဲ့ၿပီး လက္စြမ္းက်ဆင္းေနပုံ ရပါတယ္။ လိုရစ္ဟာ အခုအခ်ိန္မွာ ေတာ္ေတာ္ေလး ေကာင္းမြန္တဲ့ ဂိုးသမားအျဖစ္ ရွိေနေသးေပမယ့္ အေကာင္းဆုံးေန႔ရက္ေတြက ကုန္ဆုံးသြားၿပီဆိုတာ လက္ခံရမွာပါ။

ညာေနာက္ခံ- အာရြန္ ဝမ္ဘစ္ဆာကာ(မန္ခ်က္စတာယူနိုက္တက္)

စပိုက္ဒါလို႔ အမည္ေျပာင္ေပးျခင္းခံထားရတဲ့ ေနာက္ခံကစားသမားဟာ ေလၽွာထိုးဖ်က္ထုတ္မႈေတြ ျပဳလုပ္တဲ့အခ်ိန္မွာ အရမ္းကို ထူးျခားဆန္းၾကယ္တဲ့သူမို႔လို႔ပါ။ ဒါေပမယ့္လည္း ေနရာယူ မပါးနပ္မႈနဲ႔ ပထမဆုံးထိခ်က္ မေသခ်ာတာေၾကာင့္ ေကာင္းတာေလးေတာင္ ေပ်ာက္သလိုျဖစ္ေနတဲ့သူပါ။ ဝမ္ဘစ္ဆာကာဟာ တိုက္စစ္မွာလည္း သာမန္ေလာက္သာ အရည္အေသြးရွိၿပီး ယေန႔ေခတ္ ေနာက္ခံကစားသမားေတြထဲမွာဆိုရင္ေတာ့ ေကာင္းသင့္သေလာက္ေတာင္ မေကာင္းဘူးလို႔ ဆိုရမွာပါ။

ဗဟိုခံစစ္- ဂ်ိမ္းစ္ တေကာစကီး(ဘန္ေလ)

ဘန္ေလအသင္းက တေကာစကီးကို ေခၚယူခ်င္တဲ့ လက္စတာစီးတီးအသင္းဆီကေန ေပါင္သန္း ၅၀ ေတာင္းဆိုခဲ့တာကို ဒီေန႔အထိ မယုံၾကည္နိုင္ ျဖစ္ေနဆဲပါ။ ဟုတ္ပါတယ္။ သူက တည္ကန္ေဘာေတြကေန ၿခိမ္းေျခာက္နိုင္တဲ့ ေနာက္ခံကစားသမားေကာင္းဆိုေပမယ့္ အဲဒီေလာက္ႀကီး ေစ်းေတာင္းလို႔ သင့္ေတာ္တယ္ဆိုတဲ့အဓိပၸာယ္ေတာ့ မဟုတ္ပါဘူး။

ဗဟိုခံစစ္- တိုင္႐ုန္း မင္းစ္(အက္စ္တြန္ဗီလာ)

တိုင္႐ုန္း မင္းစ္ရဲ့ အက္စ္တြန္ဗီလာအသင္းေဖာ္ အက္ဇ္ရီ ခြန္ဆာက အပတ္တိုင္း ၎ထက္ ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္မ်ိဳး ျပသေနခ်ိန္မွာ မင္းစ္က ဘယ္လိုလုပ္ၿပီး အဂၤလန္လူစာရင္းထဲမွာ ရွိေနေသးလဲ မသိပါဘူး။ မင္းစ္က ပရီးမီးယားလိဂ္ထိပ္သီးအဆင့္ ကစားသမားေတြနဲ႔ နီးစပ္တယ္လို႔ကို ယူဆလို႔မရေအာင္ အမွားမ်ားစြာ ျပဳလုပ္ေနဆဲျဖစ္ပါတယ္။

ဘယ္ေနာက္ခံ- လူကာ ဒီညီ(အဲဗာတန္)

ဒီညီက ကမၻာ့အဆင့္ ကစားသမားလို႔ေတာ့ မေတြးလိုက္ပါနဲ႔။ ဘာလို႔လဲဆိုေတာ့ သူက ေဘာလုံးျဖတ္တင္တာနဲ႔ ေက်ာ္ေပးတာေကာင္းၿပီး ထူးထူးဆန္းဆန္း ဂိုးဖန္တီးေပးနိုင္႐ုံပဲမို႔လို႔ပါ။ ျပင္သစ္ေနာက္ခံကစားသမားဟာ ေတာ္ေတာ္ေလးေကာင္းတဲ့ ေဘာလုံးသမားဆိုေပမယ့္ လီဗာပူးလ္ရဲ့ အန္ဒီ ေရာဘတ္ဆန္နဲ႔ ႏွိုင္းယွဥ္လိုက္မယ္ဆိုရင္ေတာ့ ဆီနဲ႔ ေရလို ကြာဟေနမွာျဖစ္ပါတယ္။

ကြင္းလယ္ဗဟို- ယူရီ တီးလီးမန္းစ္

နာမည္ႀကီးထမင္းငတ္ ၁၁ ဦးအသင္းထဲမွာ အျငင္းပြားစရာအေကာင္းဆုံး ေရြးခ်ယ္မႈတစ္ခု ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ယူရီ တီးလီးမန္းစ္ဟာ အလြန႔္အလြန္ေကာင္းတဲ့ ေဘာလုံးသမားပါ။ အဲဒါကို ဘာပဲျဖစ္ျဖစ္ ျငင္းခ်က္ထုတ္မွာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း အခ်ိဳ႕ယုံေနၾကတဲ့ အာဆင္နယ္ဂႏၲဝင္ ပက္ထရစ္ ဗီအဲရာနဲ႔ ဒီဘရိုင္းတို႔ကို ေပါင္းစပ္ထားတယ္ဆိုတာမ်ိဳးကေတာ့ လုံးဝ မဟုတ္ပါဘူး။

ကြင္းလယ္ဗဟို- ဂ်ိမ္းစ္ ဝါ့ဒ္-ပေရာက္စ္(ေဆာက္သမ္တန္)

ဝါ့ဒ္-ပေရာက္စ္ဟာ အလြတ္တည္ကန္ေဘာ အရမ္းေကာင္းၿပီး အသင္းရဲ့ပြဲတိုင္းမွာ မိနစ္ျပည့္နီးပါး ပါဝင္ကစားေပးတဲ့ ကစားသမားတစ္ဦးပါ။ အဲဒီအခ်က္ေတြဟာ ခ်ီးမြမ္းစရာ အရည္အခ်င္းေကာင္းေတြဆိုေပမယ့္ ကြင္းလယ္ကစားသမားေတြမွာ ရွိသင့္တဲ့အရာေတြ အားလုံးရွိတဲ့သူလားဆိုရင္ေတာ့ မဟုတ္ဘူးလို႔ပဲ ရိုးရိုးသားသား ေျဖရမွာပါ။

ကြင္းလယ္တိုက္စစ္- ခိုင္ ဟားဗတ္ဇ္(ခ်ဲလ္ဆီး)

ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ ေဒါသေတြ စထြက္ေနေလာက္ၿပီ ထင္ပါတယ္။ ဟားဗတ္ဇ္က ခ်ဲလ္ဆီးမွာ သူ႔ရဲ့ အရည္အေသြးေတြကို မၾကာခဏ လၽွပ္တျပက္ျပသၿပီး ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာေတာင္ အနိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့သူပါ။ ဒါေပမယ့္လည္း ဂ်ာမန္ၾကယ္ပြင့္ဟာ ပါရမီရွင္မ်ိဳးဆက္မွာ ေမြးဖြားလာသူျဖစ္တဲ့အတြက္ ၎ရဲ့ ဂုဏ္သတင္းအတိုင္း လုပ္ျပနိုင္ဖို႔ လိုအပ္ေနပါေသးတယ္။

တိုက္စစ္ညာေတာင္ပံ- အဒါမာ ထရာအိုေရး(ဝုဗ္)

ထရာအိုေရးရဲ့ ျမန္ႏႈန္း၊ ႀကံ့ခိုင္မႈနဲ႔ အလိမ္အေခါက္အရည္အေသြးေတြက သူ႔ကို ေဖ်ာ္ေျဖမႈေပးနိုင္တဲ့ကစားသမားအျဖစ္ ေစာင့္ၾကည့္ခ်င္လာေအာင္ ဆြဲေဆာင္နိုင္ခဲ့တယ္ဆိုတာကေတာ့ သံသယျဖစ္စရာ မရွိပါဘူး။ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၄၃ ပြဲမွာ ေလးဂိုးသာ သြင္းယူနိုင္ခဲ့တာကေတာ့ တိုက္စစ္ကစားသမားတစ္ေယာက္အတြက္ ေတာ္ေတာ္ေလး ဆိုးရြားတဲ့စံခ်ိန္ပါပဲ။

တိုက္စစ္မႉး- ေရာဘတ္တို ဖာမီနို(လီဗာပူးလ္)

လီဗာပူးလ္ပရိသတ္ေတြက ယာဂန္ ကေလာ့ပ္ရဲ့ ကစားကြက္ထဲမွာ ဖာမီနိုက ဘယ္ေလာက္အထိ အေရးႀကီးတယ္ဆိုတဲ့အေၾကာင္း ေျပာေနၾကတာ ကၽြန္ေတာ္တို႔ အားလုံး ၾကားခဲ့ဖူးမွာပါ။ ဒါေပမယ့္ စိတ္မေကာင္းပါဘူး။ ဘယ္သူကမွ ပရီးမီးယားလိဂ္တစ္ရာသီမွာ ၁၂ ဂိုးထက္ ပိုသြင္းယူနိုင္တဲ့ တိုက္စစ္မႉးေကာင္းရွိေနခ်ိန္မွာ ဂိုးေပါက္ ၆ ႀကိမ္ကန္သြင္းရာမွာ ၁ ဂိုးပဲ ရတဲ့သူကို တိုက္စစ္မႉးေကာင္းလို႔ ယူဆမယ္ မထင္ပါဘူး။

တိုက္စစ္ဘယ္ေတာင္ပံ- အန္သိုနီ မာစီယယ္လ္(မန္ခ်က္စတာယူနိုက္တက္)

ျပင္သစ္တိုက္စစ္မႉးဟာ ကမၻာ့အဆင့္ အရည္အေသြးေတြကို ပိုင္ဆိုင္ထားေပမယ့္လည္း ယူနိုက္တက္ရွပ္နဲ႔ ကြင္းထဲမွာ ထူးထူးျခားျခားလုပ္ျပတာမ်ိဳးကို ျမင္ရခဲပါတယ္။ မာစီယယ္လ္ဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ၄ ဂိုးသာ သြင္းယူခဲ့ၿပီး ဒီရာသီမွာေတာ့ ၁ ဂိုးသာ သြင္းယူနိုင္ပါေသးတယ္။ ေအးစက္စက္နဲ႔ စိတ္မပါလက္မပါ ကစားပုံမ်ိဳးနဲ႔ မာစီယယ္လ္ဟာ အဂၤလန္မွာ ထိပ္တန္းကစားသမားျဖစ္လာေတာ့မွာမဟုတ္ဘူးဆိုတာကို လက္ခံရမယ့္အခ်ိန္ေရာက္ပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.