La Liga

ဘာကာက ခေါင်းဆောင်ကောင်းလိုနေတာဆိုပြီး ကိုးမန်းကို ကစ်ခဲ့တဲ့ ပီယာနစ်

ဘာစီလိုနာကွင်းလယ်ကစားသမား ပီယာနစ်က ဘာစီလိုနာအသင်းဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ခေါင်းဆောင်ကောင်းရဖို့ ရုန်းကန်နေရတဲ့အသင်းအတွက် အချိန်ကျပြီလို့ ပြောကြားခဲ့ပြီး ကျောင်းတော်က ရန်စရှိခဲ့တဲ့ နည်းပြ ရော်နယ် ကိုးမန်းကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ကိုးမန်းဟာ ပီယာနစ်ကို ယခုရာသီမှာ ဘက်ဆစ်တက်ကို အငှားမချမီ ပြီးခဲ့တဲ့နှစ်က အရန်ခုံမှာ ထိုင်ခိုင်းထားခဲ့တာဖြစ်ပြီး ဂျူဗင်တပ်ကြယ်ပွင့်ဟောင်းဟာ ဒတ်ချ်လူမျိုးနည်းပြရဲ့ ဆက်ဆံပုံကို မနှစ်မြို့ခဲ့တာဖြစ်ပါတယ်။ ပီယာနစ်ဟာ နည်းပြကိုးမန်းကို သွယ်ဝိုက်ပြီး ကစ်ခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းအနေနဲ့ ဘဏ္ဍာရေးအကြပ်အတည်းကို ကျော်ဖြတ်ပြီးတာနဲ့ ကမ္ဘာ့ထိပ်သီး စူပါပါဝါအသင်းကြီးအဖြစ် ပြန်လည် တန်ခိုးထွားလာလိမ့်မယ်လို့ ထောက်ခံ ပြောကြားခဲ့ပါတယ်။

“ဘာစီလိုနာက ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နေရပါတယ်။ ရလဒ်တွေက ကစားသမားတွေအပေါ် ဖိအားတွေဖြစ်စေပြီး ပရိသတ်တွေ လိုချင်တဲ့အတိုင်း မဟုတ်ပါဘူး။ အသင်းအနေနဲ့ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့အတွက် ခေါင်းဆောင်ကောင်း လိုအပ်နေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာစီလိုနာက အရင်တုန်းကအနေအထားအတိုင်းကို ပြန်ရောက်မှာပါ။ ဒါပေမယ့် အချိန်ယူရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ပီယာနစ်ဟာ ဘက်ဆစ်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် သိပ်မကြာမီမှာပဲ ကိုးမန်းဟာ မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခဲ့ဖူးသူဖြစ်ပြီး ပွဲကစားချိန်မပေးသလို အဆက်အဆံလည်း မလုပ်တာကြောင့် ယုံကြည်ချက် သေဆုံးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

“နည်းပြက ကျွန်တော့်ကို မလေးမစားလုပ်ခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် မနှစ်က ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကို အသားမကျနိုင်ခဲ့ပါဘူး။ ကျွန်တော် အဲဒါကို မလိုချင်ခဲ့တာကို သိခဲ့ပါတယ်။ ကျွန်တော်က ကစားသမားတစ်ယောက်ပါ။ ဘောလုံးကစားရတာကို နှစ်သက်ပြီး အဲဒါက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်”

“ကျွန်တော် အမြဲတမ်း ဘာကာအတွက် ကစားပေးချင်ခဲ့ပေမယ့် ဒီလို အခြေအနေတွေက အရမ်းရှုပ်ထွေးလာမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ကျွန်တော် ပွဲကစားချိန် နည်းနည်းပဲ ကစားရတဲ့အကြောင်းက အရာအားလုံးက ရှုပ်ထွေးနေခဲ့လို့ပါ။ ကျွန်တော် ကစားရတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကောင်းဖို့ကလည်း ခက်ခဲခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါတွေက ကျွန်တော့်ရဲ့ ယုံကြည်ချက်ကို သတ်နေခဲ့လို့ပါ။ ကိုးမန်းနဲ့ ကျွန်တော် အဆက်အဆံ မရှိခဲ့လို့ပါ”

“အဲဒါက အရမ်း ထူးဆန်းတယ်။ ဘာလို့လဲဆိုတော့ နည်းပြဆိုတာက ဘယ်သူ ကစားရမယ်၊ ဘယ်သူ မကစားရဘူးဆိုတာကို ပြောရမယ့်သူတစ်ယောက်ဖြစ်ပေမယ့် မတူညီတဲ့နည်းလမ်းတွေနဲ့ လုပ်လို့ရတာတွေ ရှိပါတယ်။ ကျွန်တော်က အရာအားလုံးကို လက်ခံနိုင်တဲ့ ကစားသမားပါ။ ဒါပေမယ့် မျက်နှာချင်းဆိုင် ပြောဆိုရတာကိုပဲ အမြဲတမ်း သဘောကျခဲ့တာပါ။ ဘာမှ မဖြစ်ပျက်ခဲ့သလိုပဲ မပြောဘဲနေခဲ့တာက ကျွန်တော် အသက် ၁၅ နှစ်အရွယ်တုန်းကပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာကြင္းလယ္ကစားသမား ပီယာနစ္က ဘာစီလိုနာအသင္းဟာ ရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ ေခါင္းေဆာင္ေကာင္းရဖို႔ ႐ုန္းကန္ေနရတဲ့အသင္းအတြက္ အခ်ိန္က်ၿပီလို႔ ေျပာၾကားခဲ့ၿပီး ေက်ာင္းေတာ္က ရန္စရွိခဲ့တဲ့ နည္းၿပ ေရာ္နယ္ ကိုးမန္းကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

ကိုးမန္းဟာ ပီယာနစ္ကို ယခုရာသီမွာ ဘက္ဆစ္တက္ကို အငွားမခ်မီ ၿပီးခဲ့တဲ့ႏွစ္က အရန္ခုံမွာ ထိုင္ခိုင္းထားခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္ၾကယ္ပြင့္ေဟာင္းဟာ ဒတ္ခ်္လူမ်ိဳးနည္းျပရဲ့ ဆက္ဆံပုံကို မႏွစ္ၿမိဳ႕ခဲ့တာျဖစ္ပါတယ္။ ပီယာနစ္ဟာ နည္းျပကိုးမန္းကို သြယ္ဝိုက္ၿပီး ကစ္ခဲ့ေပမယ့္လည္း ဘာစီလိုနာအသင္းအေနနဲ႔ ဘ႑ာေရးအၾကပ္အတည္းကို ေက်ာ္ျဖတ္ၿပီးတာနဲ႔ ကမၻာ့ထိပ္သီး စူပါပါဝါအသင္းႀကီးအျဖစ္ ျပန္လည္ တန္ခိုးထြားလာလိမ့္မယ္လို႔ ေထာက္ခံ ေျပာၾကားခဲ့ပါတယ္။

“ဘာစီလိုနာက ခက္ခဲတဲ့အခ်ိန္ေတြကို ေက်ာ္ျဖတ္ေနရပါတယ္။ ရလဒ္ေတြက ကစားသမားေတြအေပၚ ဖိအားေတြျဖစ္ေစၿပီး ပရိသတ္ေတြ လိုခ်င္တဲ့အတိုင္း မဟုတ္ပါဘူး။ အသင္းအေနနဲ႔ ပုံမွန္အေျခအေနကို ျပန္ေရာက္ဖို႔အတြက္ ေခါင္းေဆာင္ေကာင္း လိုအပ္ေနတာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဘာစီလိုနာက အရင္တုန္းကအေနအထားအတိုင္းကို ျပန္ေရာက္မွာပါ။ ဒါေပမယ့္ အခ်ိန္ယူရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ပီယာနစ္ဟာ ဘက္ဆစ္တက္အသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ သိပ္မၾကာမီမွာပဲ ကိုးမန္းဟာ မေလးမစားျပဳမူခဲ့တယ္လို႔ စြပ္စြဲခဲ့ဖူးသူျဖစ္ၿပီး ပြဲကစားခ်ိန္မေပးသလို အဆက္အဆံလည္း မလုပ္တာေၾကာင့္ ယုံၾကည္ခ်က္ ေသဆုံးခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“နည္းျပက ကၽြန္ေတာ့္ကို မေလးမစားလုပ္ခဲ့ပါတယ္။ ဟုတ္ပါတယ္။ ကၽြန္ေတာ္ မႏွစ္က ရင္ဆိုင္ခဲ့ရတဲ့ အေျခအေနကို အသားမက်နိုင္ခဲ့ပါဘူး။ ကၽြန္ေတာ္ အဲဒါကို မလိုခ်င္ခဲ့တာကို သိခဲ့ပါတယ္။ ကၽြန္ေတာ္က ကစားသမားတစ္ေယာက္ပါ။ ေဘာလုံးကစားရတာကို ႏွစ္သက္ၿပီး အဲဒါက ကၽြန္ေတာ့္ကို ေပ်ာ္ရႊင္ေစပါတယ္”

“ကၽြန္ေတာ္ အျမဲတမ္း ဘာကာအတြက္ ကစားေပးခ်င္ခဲ့ေပမယ့္ ဒီလို အေျခအေနေတြက အရမ္းရႈပ္ေထြးလာမယ္လို႔ မေမၽွာ္လင့္ထားခဲ့ပါဘူး။ ကၽြန္ေတာ္ ပြဲကစားခ်ိန္ နည္းနည္းပဲ ကစားရတဲ့အေၾကာင္းက အရာအားလုံးက ရႈပ္ေထြးေနခဲ့လို႔ပါ။ ကၽြန္ေတာ္ ကစားရတဲ့အခါမွာ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ေကာင္းဖို႔ကလည္း ခက္ခဲခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါေတြက ကၽြန္ေတာ့္ရဲ့ ယုံၾကည္ခ်က္ကို သတ္ေနခဲ့လို႔ပါ။ ကိုးမန္းနဲ႔ ကၽြန္ေတာ္ အဆက္အဆံ မရွိခဲ့လို႔ပါ”

“အဲဒါက အရမ္း ထူးဆန္းတယ္။ ဘာလို႔လဲဆိုေတာ့ နည္းျပဆိုတာက ဘယ္သူ ကစားရမယ္၊ ဘယ္သူ မကစားရဘူးဆိုတာကို ေျပာရမယ့္သူတစ္ေယာက္ျဖစ္ေပမယ့္ မတူညီတဲ့နည္းလမ္းေတြနဲ႔ လုပ္လို႔ရတာေတြ ရွိပါတယ္။ ကၽြန္ေတာ္က အရာအားလုံးကို လက္ခံနိုင္တဲ့ ကစားသမားပါ။ ဒါေပမယ့္ မ်က္ႏွာခ်င္းဆိုင္ ေျပာဆိုရတာကိုပဲ အျမဲတမ္း သေဘာက်ခဲ့တာပါ။ ဘာမွ မျဖစ္ပ်က္ခဲ့သလိုပဲ မေျပာဘဲေနခဲ့တာက ကၽြန္ေတာ္ အသက္ ၁၅ ႏွစ္အရြယ္တုန္းကပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.