La Liga Premier League

မက္ဆီအေနနဲ႔ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ရမယ္လို႔ ပီတစ္ သုံးသပ္

အာဆင္နယ္ကစားသမားေဟာင္း အီမန္ညဴယယ္ ပီတစ္က လီယြန္နယ္ မက္ဆီဟာ ရာသီအကုန္မွာ မန္ခ်က္စတာစီးတီးအသင္းကို ေရာက္မယ္လို႔ ဆိုေနတဲ့ သတင္းေတြကို လက္ေတြ႕မွာ ျဖစ္ႏုိင္ေျခမရွိဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။

ကာတာလန္ကလပ္ရဲ႕ အသင္းေခါင္းေဆာင္ တုိက္စစ္မွဴး မက္ဆီဟာ အသင္းအားကစားဒါ႐ိုက္တာ အဲရစ္ အဘီဒယ္လ္နဲ႔ လူသိရွင္ၾကား အျငင္းပြားခဲ့ၿပီးေနာက္မွာ ရာသီကုန္မွာ အသင္းကေန ထြက္ခြာေတာ့မယ္ဆိုတဲ့ သတင္းေတြက က်ယ္ေလာင္လာခဲ့တာလည္း ျဖစ္ပါတယ္။

“မက္ဆီက အဂၤလန္ေျမမွာ အဆင္ေျပမွာလို႔ မထင္ဘူး။ သူက ပိတ္ကစားတာနဲ႔ ျပစ္ဒဏ္ေဘာက်ဴးလြန္တာေတြ မႀကိဳက္ဘူး။ စပိန္မွာက သူ႔ကို ကာကြယ္ေပးထားတယ္ေလ။ အဂၤလန္ပရိသတ္ေတြကေတာ့ သူ႔ကို ျမင္ေတြ႕ခ်င္ၾကမွာျဖစ္ေပမယ့္ မန္ခ်က္စတာစီးတီးလို အသင္းကေတာ့ သူ႔လို ၃၂၊ ၃၃ အ႐ြယ္ကစားသမားကို ေခၚမွာမဟုတ္ဘူး။ တကယ္ေခၚခ်င္ရင္ အရင္ႏွစ္ေတြကတည္းက ေခၚၿပီးေနၿပီ”ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ရဲ႕ ကြဲျပားျခားနားပုံကိုလည္း ပီတစ္က “မက္ဆီက ေရာ္နယ္လ္ဒိုနဲ႔ ခႏၶာကိုယ္တည္ေဆာက္ပုံခ်င္း မတူဘူး။ ေရာ္နယ္လ္ဒိုက ဧရာမသတၱဝါႀကီးတစ္ေကာင္လိုပဲျဖစ္ေနၿပီး မက္ဆီကေတာ့ တစ္ႏွစ္ႏွစ္ႏွစ္ေလာက္ပဲ အေကာင္းဆုံးကစားႏိုင္ေတာ့မွာ”ဆိုၿပီးလည္း သုံးသပ္ေျပာၾကားသြားခဲ့ပါတယ္။

မက္ဆီအေနနဲ႔ကေတာ့ ဘာစီလိုနာဘက္က ေပးအပ္ထားတဲ့ အခြင့္အေရးရွိေနၿပီး ရာသီကုန္ဆုံးခ်ိန္တိုင္းမွာ အသင္းကေန ထြက္ခြာခ်င္ရင္ စာခ်ဳပ္ဘယ္ေလာက္ပဲက်န္က်န္ ထြက္ခြာခြင့္ရွိတယ္လို႔ အထူးအခြင့္အေရးနဲ႔ ဂုဏ္ျပဳခံထားတာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: အာဆင်နယ်ကစားသမားဟောင်း အီမန်ညူယယ် ပီတစ်က လီယွန်နယ် မက်ဆီဟာ ရာသီအကုန်မှာ မန်ချက်စတာစီးတီးအသင်းကို ရောက်မယ်လို့ ဆိုနေတဲ့ သတင်းတွေကို လက်တွေ့မှာ ဖြစ်နိုင်ခြေမရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

ကာတာလန်ကလပ်ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ အသင်းအားကစားဒါရိုက်တာ အဲရစ် အဘီဒယ်လ်နဲ့ လူသိရှင်ကြား အငြင်းပွားခဲ့ပြီးနောက်မှာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေက ကျယ်လောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

“မက်ဆီက အင်္ဂလန်မြေမှာ အဆင်ပြေမှာလို့ မထင်ဘူး။ သူက ပိတ်ကစားတာနဲ့ ပြစ်ဒဏ်ဘောကျူးလွန်တာတွေ မကြိုက်ဘူး။ စပိန်မှာက သူ့ကို ကာကွယ်ပေးထားတယ်လေ။ အင်္ဂလန်ပရိသတ်တွေကတော့ သူ့ကို မြင်တွေ့ချင်ကြမှာဖြစ်ပေမယ့် မန်ချက်စတာစီးတီးလို အသင်းကတော့ သူ့လို ၃၂၊ ၃၃ အရွယ်ကစားသမားကို ခေါ်မှာမဟုတ်ဘူး။ တကယ်ခေါ်ချင်ရင် အရင်နှစ်တွေကတည်းက ခေါ်ပြီးနေပြီ”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ကွဲပြားခြားနားပုံကိုလည်း ပီတစ်က “မက်ဆီက ရော်နယ်လ်ဒိုနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံချင်း မတူဘူး။ ရော်နယ်လ်ဒိုက ဧရာမသတ္တဝါကြီးတစ်ကောင်လိုပဲဖြစ်နေပြီး မက်ဆီကတော့ တစ်နှစ်နှစ်နှစ်လောက်ပဲ အကောင်းဆုံးကစားနိုင်တော့မှာ”ဆိုပြီးလည်း သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

မက်ဆီအနေနဲ့ကတော့ ဘာစီလိုနာဘက်က ပေးအပ်ထားတဲ့ အခွင့်အရေးရှိနေပြီး ရာသီကုန်ဆုံးချိန်တိုင်းမှာ အသင်းကနေ ထွက်ခွာချင်ရင် စာချုပ်ဘယ်လောက်ပဲကျန်ကျန် ထွက်ခွာခွင့်ရှိတယ်လို့ အထူးအခွင့်အရေးနဲ့ ဂုဏ်ပြုခံထားတာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.