Premier League

ရော်နယ်ဒိုကို အရန်ခုံထိုင်ခိုင်းခဲ့တဲ့ ဆိုးလ်ရှားကို မကျေနပ်ဘူးလို့ ခါဘစ်ကို ရင်ဖွင့်ခဲ့တဲ့ ဖာဂူဆန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ အဲဗာတန်အသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုကို အရန်ခုံထိုင်ခိုင်းထားခဲ့တဲ့ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်ကို ယူအက်ဖ်စီဂန္တဝင် ခါဘစ်နဲ့ စကားစမြည်ပြောဆိုရာမှာ ပြစ်တင်ကြိမ်းမောင်းနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့စနေနေ့က အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွက် အရန်လူစာရင်းထဲမှာ အံ့အားသင့်ဖွယ် ထည့်သွင်းခြင်းခံခဲ့ရတာဖြစ်ပြီး နည်းပြ ဆိုးလ်ရှားက ပေါ်တူဂီကြယ်ပွင့်ကို ၅၇ မိနစ်မှ လူစားဝင်ကစားစေခဲ့တာကြောင့် ရလဒ်ကို ပြောင်းလဲဖို့ လုံလောက်တဲ့ အချိန် မရရှိခဲ့တာဖြစ်ပါတယ်။

နော်ဝေလူမျိုး နည်းပြ ဆိုးလ်ရှားဟာ ယခုနှစ်အစောပိုင်းမှာ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့လာပြီးကတည်းက ၆ ပွဲမှာ ၅ ဂိုးသွင်းယူထားတဲ့ ရော်နယ်ဒိုကို ပွဲထွက်ကစားစေခဲ့ခြင်းမရှိတဲ့အတွက် ဝေဖန်ပြစ်တင်ခြင်းခံခဲ့ရပြီး ဆိုးလ်ရှားရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့ နည်းပြဟောင်းကြီး ဖာဂူဆန်က တပည့်ကျော်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အမ်အမ်အေလောကကနေ အနားယူခဲ့ပြီးဖြစ်တဲ့ ဂန္တဝင်ဖိုက်တာ ခါဘစ်ရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ ဆာအဲလက်စ် ဖာဂူဆန်ဟာ အိုးထရက်ဖို့ဒ်က ပွဲအပြီးမှာ ဒါဂယ်စတန်နီဖိုက်တာနဲ့ စကားပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပွဲစဉ်နဲ့ပတ်သက်တဲ့ အကြောင်းအရာကို ရောက်လာတဲ့အခါမှာတော့ “ဒါပေမယ့် အဲဗာတန်ကကောင်တွေက ရော်နယ်ဒို ပွဲထွက်မကစားတာကို မြင်ခဲ့တဲ့အချိန်မှာ အဲဒါက ငါထင်တာက နည်းနည်းတော့ကွာ”လို့ စကော့ကြီးက ပြောကြားခဲ့ပါတယ်။

ခါဘစ်က “သူ ဒုတိယပိုင်းမှာ ဝင်ကစားခဲ့တယ်လေ”လို့ ပြန်လည်ပြောဆိုခဲ့ပေမယ့် ဖာဂူဆန်က အဲဒီပြောဆိုမှုကို ငြင်းပယ်ခဲ့ပြီး “ငါ သိပါတယ်။ ဒါပေမယ့် မင်းရဲ့ အကောင်းဆုံးကစားသမားတွေနဲ့ပဲ အမြဲတမ်း ပွဲကို စတင်ရမှာပေါ့ကွ”လို့ တုံ့ပြန်ခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ပွဲပြီးဝီစီမှုတ်ပြီးနောက်မှာတော့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ စိတ်ပျက်ဒေါသထွက်စွာနဲ့ ဥမင်လျှောက်လမ်းထဲကို ဝုန်းဒိုင်းကြဲ ဆင်းချသွားခဲ့ပြီး ဆိုးလ်ရှားကတော့ ပေါ်တူဂီကြယ်ပွင့်ကို အရန်ခုံထိုင်ခိုင်းခဲ့တဲ့ ၎င်းရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ “ခင်ဗျား ရှည်လျားတဲ့ ရာသီတလျှောက်လုံး ဆုံးဖြတ်ချက်တွေ ချရတယ်။ ခင်ဗျား ကစားသမားတွေရဲ့ အလုပ်လုပ်နိုင်အားကို စီမံခန့်ခွဲရတယ်။ ဆုံးဖြတ်ချက်က ကျွန်တော့်အတွက်တော့ ဒီနေ့ တစ်ခုတော့ မှန်သွားပါတယ်။ အန်သိုနီ မာစီယယ်လ် ကောင်းကောင်းကစားနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အီဒင်ဆင်က မိနစ်တွေ လိုအပ်ခဲ့ပြီး တစ်နာရီလောက် ကစားခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေကို တခါတရံမှာတော့ ချရမှာပါ”

“ဒီနေ့ ရလဒ်နဲ့ပတ်သက်ပြီး သူတို့တွေ စိတ်ပျက်ခဲ့ကြမယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းကောင်း စတင်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့ လိုချင်ခဲ့တဲ့ အရာတော့ မဟုတ်သေးပါဘူး”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။ ယူအက်ဖ်စီဂန္တဝင် ခါဘစ်ဟာ ပြီးခဲ့တဲ့နှစ်မှာ လက်ဝှေ့ကြိုးဝိုင်းကနေ အနားယူခဲ့ပြီးနောက် အဲဗာတန်နဲ့ ယူနိုက်တက်တို့ ကစားခဲ့တဲ့ အိုးထရက်ဖို့ဒ်က ပွဲစဉ်ကို ဧည့်သည်တော်အဖြစ် လာရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ဂန္တဝင်နည်းပြကြီး ဖာဂူဆန်နဲ့ ဝိုင်အတူတူသောက်ဖို့ အခွင့်အရေးရခဲ့ပေမယ့် မူဆလင်ဖြစ်နေတာကြောင့် ငြင်းပယ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဖာဂူဆန်ကို ရှင်းပြလိုက်ရတယ်။ ၂ ခုရှိတယ်။ ခင်ဗျား သူ့ကို တည့်တည့်ပဲ ပြောပြီး ဟင့်အင်း ကျွန်တော်က မူဆလင်ပါ။ ကျွန်တော် ဘယ်တော့မှ သောက်မှာမဟုတ်ဘူးလို့။ ဒါပေမယ့် ကျွန်တော် သူ့ကို သောက်တာက မကောင်းဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် သောက်လိုက်ရင် ခင်ဗျားတို့အားလုံး(အူစိန်ဘော့နဲ့ ပက်ထရစ် အီဗရာတို့အပါအဝင်)ကို လက်သီးစာကျွေးမိသွားနိုင်တယ်။ အဲဒီတော့ သောက်တာက မကောင်းတဲ့အကြံအစည်ပဲ”

“ပက်ထရစ် အီဗရာနဲ့ အူစိန် ဘော့တို့က နားလည်ကြတယ်။ အဲလက်စ် ဖာဂူဆန်က ကျွန်တော့်ကို ဝိုင်နဲ့ပတ်သက်ပြီး ပြောတယ်။ သူ့အတွက်ကတော့ ဝိုင်သောက်တာက ကောင်းတယ်တဲ့။ ကျွန်တော် သူ့ကို ဘာမှ မဝေဖန်ပါဘူး။ ဖာဂူဆန်က နားလည်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အကုန်လုံးကို လိုက်ထိုးမယ်လို့ မထင်လို့ပါ။ အဲဒီတော့ သူက ကောင်းပြီလေ မသောက်နဲ့ပေါ့လို့ ပြောခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ဟာ အဲဗာတန္အသင္းနဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ခရစၥတီယာနို ေရာ္နယ္ဒိုကို အရန္ခုံထိုင္ခိုင္းထားခဲ့တဲ့ ဆိုးလ္ရွားရဲ့ ဆုံးျဖတ္ခ်က္ကို ယူအက္ဖ္စီဂႏၲဝင္ ခါဘစ္နဲ႔ စကားစျမည္ေျပာဆိုရာမွာ ျပစ္တင္ႀကိမ္းေမာင္းေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့စေနေန႔က အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ပြဲစဥ္အတြက္ အရန္လူစာရင္းထဲမွာ အံ့အားသင့္ဖြယ္ ထည့္သြင္းျခင္းခံခဲ့ရတာျဖစ္ၿပီး နည္းၿပ ဆိုးလ္ရွားက ေပၚတူဂီၾကယ္ပြင့္ကို ၅၇ မိနစ္မွ လူစားဝင္ကစားေစခဲ့တာေၾကာင့္ ရလဒ္ကို ေျပာင္းလဲဖို႔ လုံေလာက္တဲ့ အခ်ိန္ မရရွိခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝလူမ်ိဳး နည္းၿပ ဆိုးလ္ရွားဟာ ယခုႏွစ္အေစာပိုင္းမွာ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေျပာင္းေရႊ႕လာၿပီးကတည္းက ၆ ပြဲမွာ ၅ ဂိုးသြင္းယူထားတဲ့ ေရာ္နယ္ဒိုကို ပြဲထြက္ကစားေစခဲ့ျခင္းမရွိတဲ့အတြက္ ေဝဖန္ျပစ္တင္ျခင္းခံခဲ့ရၿပီး ဆိုးလ္ရွားရဲ့ ေခါင္းကိုင္ဖခင္ႀကီးျဖစ္တဲ့ နည္းျပေဟာင္းႀကီး ဖာဂူဆန္က တပည့္ေက်ာ္ရဲ့ နည္းစနစ္ပိုင္းဆိုင္ရာ ဆုံးျဖတ္ခ်က္ကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

အမ္အမ္ေအေလာကကေန အနားယူခဲ့ၿပီးျဖစ္တဲ့ ဂႏၲဝင္ဖိုက္တာ ခါဘစ္ရဲ့ အင္စတာဂရမ္မွာ တင္ထားတဲ့ ဗီဒီယိုထဲမွာ ဆာအဲလက္စ္ ဖာဂူဆန္ဟာ အိုးထရက္ဖို႔ဒ္က ပြဲအၿပီးမွာ ဒါဂယ္စတန္နီဖိုက္တာနဲ႔ စကားေျပာဆိုေနခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ပြဲစဥ္နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာကို ေရာက္လာတဲ့အခါမွာေတာ့ “ဒါေပမယ့္ အဲဗာတန္ကေကာင္ေတြက ေရာ္နယ္ဒို ပြဲထြက္မကစားတာကို ျမင္ခဲ့တဲ့အခ်ိန္မွာ အဲဒါက ငါထင္တာက နည္းနည္းေတာ့ကြာ”လို႔ စေကာ့ႀကီးက ေျပာၾကားခဲ့ပါတယ္။

ခါဘစ္က “သူ ဒုတိယပိုင္းမွာ ဝင္ကစားခဲ့တယ္ေလ”လို႔ ျပန္လည္ေျပာဆိုခဲ့ေပမယ့္ ဖာဂူဆန္က အဲဒီေျပာဆိုမႈကို ျငင္းပယ္ခဲ့ၿပီး “ငါ သိပါတယ္။ ဒါေပမယ့္ မင္းရဲ့ အေကာင္းဆုံးကစားသမားေတြနဲ႔ပဲ အျမဲတမ္း ပြဲကို စတင္ရမွာေပါ့ကြ”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

အိုးထရက္ဖို႔ဒ္မွာ ပြဲၿပီးဝီစီမႈတ္ၿပီးေနာက္မွာေတာ့ ခရစၥတီယာနို ေရာ္နယ္ဒိုဟာ စိတ္ပ်က္ေဒါသထြက္စြာနဲ႔ ဥမင္ေလၽွာက္လမ္းထဲကို ဝုန္းဒိုင္းၾကဲ ဆင္းခ်သြားခဲ့ၿပီး ဆိုးလ္ရွားကေတာ့ ေပၚတူဂီၾကယ္ပြင့္ကို အရန္ခုံထိုင္ခိုင္းခဲ့တဲ့ ၎ရဲ့ ဆုံးျဖတ္ခ်က္ကို ကာကြယ္ေျပာဆိုခဲ့ပါတယ္။ “ခင္ဗ်ား ရွည္လ်ားတဲ့ ရာသီတေလၽွာက္လုံး ဆုံးျဖတ္ခ်က္ေတြ ခ်ရတယ္။ ခင္ဗ်ား ကစားသမားေတြရဲ့ အလုပ္လုပ္နိုင္အားကို စီမံခန႔္ခြဲရတယ္။ ဆုံးျဖတ္ခ်က္က ကၽြန္ေတာ့္အတြက္ေတာ့ ဒီေန႔ တစ္ခုေတာ့ မွန္သြားပါတယ္။ အန္သိုနီ မာစီယယ္လ္ ေကာင္းေကာင္းကစားနိုင္ခဲ့ၿပီး ေကာင္းမြန္တဲ့ဂိုးကို သြင္းယူနိုင္ခဲ့ပါတယ္။ အီဒင္ဆင္က မိနစ္ေတြ လိုအပ္ခဲ့ၿပီး တစ္နာရီေလာက္ ကစားခဲ့ရပါတယ္။ ကၽြန္ေတာ္တို႔ ဒီလိုမ်ိဳး ဆုံးျဖတ္ခ်က္ေတြကို တခါတရံမွာေတာ့ ခ်ရမွာပါ”

“ဒီေန႔ ရလဒ္နဲ႔ပတ္သက္ၿပီး သူတို႔ေတြ စိတ္ပ်က္ခဲ့ၾကမယ္ဆိုတာကို ကၽြန္ေတာ္ နားလည္ပါတယ္။ ကၽြန္ေတာ္တို႔ ၿပီးခဲ့တဲ့ရာသီကထက္ ပိုေကာင္းေကာင္း စတင္နိုင္ခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ လိုခ်င္ခဲ့တဲ့ အရာေတာ့ မဟုတ္ေသးပါဘူး”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။ ယူအက္ဖ္စီဂႏၲဝင္ ခါဘစ္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ လက္ေဝွ႕ႀကိဳးဝိုင္းကေန အနားယူခဲ့ၿပီးေနာက္ အဲဗာတန္နဲ႔ ယူနိုက္တက္တို႔ ကစားခဲ့တဲ့ အိုးထရက္ဖို႔ဒ္က ပြဲစဥ္ကို ဧည့္သည္ေတာ္အျဖစ္ လာေရာက္ၾကည့္ရႈခဲ့တာျဖစ္ၿပီး ဂႏၲဝင္နည္းျပႀကီး ဖာဂူဆန္နဲ႔ ဝိုင္အတူတူေသာက္ဖို႔ အခြင့္အေရးရခဲ့ေပမယ့္ မူဆလင္ျဖစ္ေနတာေၾကာင့္ ျငင္းပယ္ခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ ဖာဂူဆန္ကို ရွင္းျပလိုက္ရတယ္။ ၂ ခုရွိတယ္။ ခင္ဗ်ား သူ႔ကို တည့္တည့္ပဲ ေျပာၿပီး ဟင့္အင္း ကၽြန္ေတာ္က မူဆလင္ပါ။ ကၽြန္ေတာ္ ဘယ္ေတာ့မွ ေသာက္မွာမဟုတ္ဘူးလို႔။ ဒါေပမယ့္ ကၽြန္ေတာ္ သူ႔ကို ေသာက္တာက မေကာင္းဘူး။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ေသာက္လိုက္ရင္ ခင္ဗ်ားတို႔အားလုံး(အူစိန္ေဘာ့နဲ႔ ပက္ထရစ္ အီဗရာတို႔အပါအဝင္)ကို လက္သီးစာေကၽြးမိသြားနိုင္တယ္။ အဲဒီေတာ့ ေသာက္တာက မေကာင္းတဲ့အႀကံအစည္ပဲ”

“ပက္ထရစ္ အီဗရာနဲ႔ အူစိန္ ေဘာ့တို႔က နားလည္ၾကတယ္။ အဲလက္စ္ ဖာဂူဆန္က ကၽြန္ေတာ့္ကို ဝိုင္နဲ႔ပတ္သက္ၿပီး ေျပာတယ္။ သူ႔အတြက္ကေတာ့ ဝိုင္ေသာက္တာက ေကာင္းတယ္တဲ့။ ကၽြန္ေတာ္ သူ႔ကို ဘာမွ မေဝဖန္ပါဘူး။ ဖာဂူဆန္က နားလည္တယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ အကုန္လုံးကို လိုက္ထိုးမယ္လို႔ မထင္လို႔ပါ။ အဲဒီေတာ့ သူက ေကာင္းၿပီေလ မေသာက္နဲ႔ေပါ့လို႔ ေျပာခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.