Premier League

မက်ဆီတောင် ဆာလားလောက် မက်ဆီနဲ့မတူဘူးလို့ ချီးမွမ်းခန်းဖွင့်ခဲ့တဲ့ အိုဟားရား

တော့တင်ဟမ်ဟော့စပါး ကွင်းလယ်ကစားသမား ဂျေမီ ဟိုဟားရားက လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားဟာ လီယွန်နယ် မက်ဆီနဲ့ အနီးစပ်ဆုံးတူတဲ့ ကစားသမားဖြစ်ပြီး လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့ ညနေက အန်းဖီးမှာ မန်ချက်စတာစီးတီးအသင်းကို လက်ခံ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ၂ သင်းထဲက ဘယ်အသင်းပဲ နိုင်နိုင် နိုင်ငံတကာပွဲစဉ် အားလပ်ရက်မတိုင်မီ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်သွားနိုင်မှာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းက ပထမပိုင်းမှာ လွှမ်းမိုး ကစားနိုင်ခဲ့ပြီး သွင်းဂိုးတွေနဲ့ ဦးဆောင်ထားနိုင်ခဲ့သင့်တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ အခွင့်အရေးတွေ အများစုကို အသုံးမချနိုင်ခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းက ဒုတိယပိုင်းပြန်လည်စတင်ပြီးနောက်မှာ စတင်ပြီး ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

မိုဟာမက် ဆာလားက အသင်းဖော် ဆာဒီယို မာနေးရဲ့ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီး ဖီးလ် ဖိုဒန်က သိပ်မကြာမီမှာပဲ ပင်နယ်တီ ဧရိယာအတွင်း လှပသေသပ်တဲ့ အဆုံးသတ်နဲ့ ပြန်လည် ချေပခဲ့ပါတယ်။ အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုးကို ၎င်းရဲ့ မယုံကြည်နိုင်ဖွယ် တကိုယ်တော်သွင်းဂိုးနဲ့အတူ ပြန်လည်ရယူပေးခဲ့ပြီး မန်ချက်စတာစီးတီးအသင်းဟာ ဒီဘရိုင်းရဲ့ လမ်းကြောင်းပြောင်းဝင်သွားတဲ့ ချေပဂိုး မရခင်အထိ ဂိုးပြန်သွင်းယူနိုင်ဖို့အတွက် တော်တော်လေး ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြ ယာဂန် ကလော့ပ်က ဆာလားကို ကမ္ဘာ့အဆင့် ပါရမီရှိတဲ့ ကစားသမားအဖြစ် ချီးကျူးခဲ့ပြီး တကိုယ်တော်သွင်းဂိုး သွင်းယူနိုင်ခဲ့တာဟာ အခုမှမဟုတ်ဘဲ နာပိုလီနဲ့ စပါးတို့နဲ့ ပွဲစဉ်တွေတုန်းကလည်း သွင်းယူခဲ့ဖူးတဲ့ ထိပ်တန်း တိုက်စစ်မှူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အိုဟားရားက မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်က ဆာလားရဲ့ ခြေစွမ်းကို အကြီးအကျယ် ချီးမွမ်းခန်းဖွင့်ခဲ့ပြီး မြင်တွေ့ဖူးသမျှထဲမှာ လီယွန်နယ် မက်ဆီနဲ့ အနီးစပ်ဆုံးတူတဲ့ကစားသမားဖြစ်တယ်လို့ talkSPORT ကို ပြောကြားခဲ့ပါတယ်။

“သူက ကျွန်တော့်အတွက်တော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားပါ။ တကယ်လို့ ခင်ဗျားသာ သူ့ရဲ့စွမ်းအားတွေကို အမြင့်မားဆုံးမှာထားပြီး ကစားနေတဲ့ ကစားသမားကို ရှာဖွေနေတာဆိုရင် သူပါပဲ”

“ကျွန်တော် တခြားဘယ်ကစားသမားမှ မကြည့်နိုင်သလို မို ဆာလားထက် ပိုကောင်းအောင် လုပ်နေတယ်လို့လည်း မပြောနိုင်ပါဘူး။ သူက ပရီးမီးယားလိဂ်တစ်ခုတည်းမှာတင် အကောင်းဆုံး လုပ်ပြနေတာမဟုတ်ဘဲ ပွဲကြီးပွဲကောင်းတွေမှာလည်း အကောင်းဆုံး လုပ်ပြနေတဲ့သူပါ”

“မန်စီးတီးနဲ့ပွဲစဉ်က စွမ်းဆောင်ရည်က ကောင်းလွန်းပါတယ်။ အထူးသဖြင့် သူ့ရဲ့သွင်းဂိုးက တစ်ဦးချင်း ကောင်းမွန်မှုပဲ။ သူ့ရဲ့ ပြေးအားနဲ့ စွမ်းရည်ကို အသုံးပြုပြီး မာနေးအတွက် ဂိုးကို ဖန်တီးပေးခဲ့ပေမယ့် သူ့ရဲ့ ဂိုးက အကောင်းဆုံးပါ။ သူ့မှာရှိသမျှ အရည်အသွေးအားလုံးကို တစ်ခဏမှာ အသုံးပြုသွားတယ်။ ကြံ့ခိုင်မှု၊ လျင်မြန်တဲ့ ခြေထောက်၊ မြန်နှုန်း၊ စွမ်းရည်နဲ့ အဆုံးသတ်မှုတို့ကို သူ့ရဲ့ အားမသန်တဲ့ခြေထောက်နဲ့ အသုံးချပြပြီး သူက ဘယ်လောက်ကောင်းလဲဆိုတာ ပြသခဲ့ပါတယ်”

“ဒါက ကြီးမားတဲ့ ဖော်ပြချက်တစ်ခုဖြစ်ပြီး သူက ကျွန်တော်တို့ မြင်ခဲ့ဖူးသမျှ ကစားသမားတွေထဲက မက်ဆီကို ထည့်မတွက်ဘူးဆိုရင် မက်ဆီနဲ့ အနီးစပ်ဆုံး တူတဲ့သူပါ။ မက်ဆီ စပေါ်လာတဲ့အချိန်ကတည်းက ခင်ဗျား သူနဲ့ အနီးစပ်ဆုံး တူတဲ့ ကစားသမားမျိုးကို ရှာနေတယ်ဆိုရင် အဲဒါက မို ဆာလားလို့ပဲ ကျွန်တော် ပြောရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေတာ့တင္ဟမ္ေဟာ့စပါး ကြင္းလယ္ကစားသမား ေဂ်မီ ဟိုဟားရားက လီဗာပူးလ္ၾကယ္ပြင့္ မိုဟာမက္ ဆာလားဟာ လီယြန္နယ္ မက္ဆီနဲ႔ အနီးစပ္ဆုံးတူတဲ့ ကစားသမားျဖစ္ၿပီး လက္ရွိ ကမၻာေပၚမွာ အေကာင္းဆုံးကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ တနဂၤေႏြေန႔ ညေနက အန္းဖီးမွာ မန္ခ်က္စတာစီးတီးအသင္းကို လက္ခံ ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ၿပီး ၂ သင္းထဲက ဘယ္အသင္းပဲ နိုင္နိုင္ နိုင္ငံတကာပြဲစဥ္ အားလပ္ရက္မတိုင္မီ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္သြားနိုင္မွာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းက ပထမပိုင္းမွာ လႊမ္းမိုး ကစားနိုင္ခဲ့ၿပီး သြင္းဂိုးေတြနဲ႔ ဦးေဆာင္ထားနိုင္ခဲ့သင့္တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းဟာ အခြင့္အေရးေတြ အမ်ားစုကို အသုံးမခ်နိုင္ခဲ့ေပမယ့္လည္း လီဗာပူးလ္အသင္းက ဒုတိယပိုင္းျပန္လည္စတင္ၿပီးေနာက္မွာ စတင္ၿပီး ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားက အသင္းေဖာ္ ဆာဒီယို မာေနးရဲ့ လီဗာပူးလ္အသင္းအတြက္ အဖြင့္ဂိုးကို ဖန္တီးေပးခဲ့ၿပီး ဖီးလ္ ဖိုဒန္က သိပ္မၾကာမီမွာပဲ ပင္နယ္တီ ဧရိယာအတြင္း လွပေသသပ္တဲ့ အဆုံးသတ္နဲ႔ ျပန္လည္ ေခ်ပခဲ့ပါတယ္။ အီဂ်စ္တိုက္စစ္မႉးဟာ လီဗာပူးလ္အသင္းအတြက္ ဦးေဆာင္ဂိုးကို ၎ရဲ့ မယုံၾကည္နိုင္ဖြယ္ တကိုယ္ေတာ္သြင္းဂိုးနဲ႔အတူ ျပန္လည္ရယူေပးခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းဟာ ဒီဘရိုင္းရဲ့ လမ္းေၾကာင္းေျပာင္းဝင္သြားတဲ့ ေခ်ပဂိုး မရခင္အထိ ဂိုးျပန္သြင္းယူနိုင္ဖို႔အတြက္ ေတာ္ေတာ္ေလး ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးမွာ နည္းၿပ ယာဂန္ ကေလာ့ပ္က ဆာလားကို ကမၻာ့အဆင့္ ပါရမီရွိတဲ့ ကစားသမားအျဖစ္ ခ်ီးက်ဴးခဲ့ၿပီး တကိုယ္ေတာ္သြင္းဂိုး သြင္းယူနိုင္ခဲ့တာဟာ အခုမွမဟုတ္ဘဲ နာပိုလီနဲ႔ စပါးတို႔နဲ႔ ပြဲစဥ္ေတြတုန္းကလည္း သြင္းယူခဲ့ဖူးတဲ့ ထိပ္တန္း တိုက္စစ္မႉးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အိုဟားရားက မန္ခ်က္စတာစီးတီးအသင္းနဲ႔ပြဲစဥ္က ဆာလားရဲ့ ေျခစြမ္းကို အႀကီးအက်ယ္ ခ်ီးမြမ္းခန္းဖြင့္ခဲ့ၿပီး ျမင္ေတြ႕ဖူးသမၽွထဲမွာ လီယြန္နယ္ မက္ဆီနဲ႔ အနီးစပ္ဆုံးတူတဲ့ကစားသမားျဖစ္တယ္လို႔ talkSPORT ကို ေျပာၾကားခဲ့ပါတယ္။

“သူက ကၽြန္ေတာ့္အတြက္ေတာ့ ကမၻာေပၚမွာ အေကာင္းဆုံးကစားသမားပါ။ တကယ္လို႔ ခင္ဗ်ားသာ သူ႔ရဲ့စြမ္းအားေတြကို အျမင့္မားဆုံးမွာထားၿပီး ကစားေနတဲ့ ကစားသမားကို ရွာေဖြေနတာဆိုရင္ သူပါပဲ”

“ကၽြန္ေတာ္ တျခားဘယ္ကစားသမားမွ မၾကည့္နိုင္သလို မို ဆာလားထက္ ပိုေကာင္းေအာင္ လုပ္ေနတယ္လို႔လည္း မေျပာနိုင္ပါဘူး။ သူက ပရီးမီးယားလိဂ္တစ္ခုတည္းမွာတင္ အေကာင္းဆုံး လုပ္ျပေနတာမဟုတ္ဘဲ ပြဲႀကီးပြဲေကာင္းေတြမွာလည္း အေကာင္းဆုံး လုပ္ျပေနတဲ့သူပါ”

“မန္စီးတီးနဲ႔ပြဲစဥ္က စြမ္းေဆာင္ရည္က ေကာင္းလြန္းပါတယ္။ အထူးသျဖင့္ သူ႔ရဲ့သြင္းဂိုးက တစ္ဦးခ်င္း ေကာင္းမြန္မႈပဲ။ သူ႔ရဲ့ ေျပးအားနဲ႔ စြမ္းရည္ကို အသုံးျပဳၿပီး မာေနးအတြက္ ဂိုးကို ဖန္တီးေပးခဲ့ေပမယ့္ သူ႔ရဲ့ ဂိုးက အေကာင္းဆုံးပါ။ သူ႔မွာရွိသမၽွ အရည္အေသြးအားလုံးကို တစ္ခဏမွာ အသုံးျပဳသြားတယ္။ ႀကံ့ခိုင္မႈ၊ လ်င္ျမန္တဲ့ ေျခေထာက္၊ ျမန္ႏႈန္း၊ စြမ္းရည္နဲ႔ အဆုံးသတ္မႈတို႔ကို သူ႔ရဲ့ အားမသန္တဲ့ေျခေထာက္နဲ႔ အသုံးခ်ျပၿပီး သူက ဘယ္ေလာက္ေကာင္းလဲဆိုတာ ျပသခဲ့ပါတယ္”

“ဒါက ႀကီးမားတဲ့ ေဖာ္ျပခ်က္တစ္ခုျဖစ္ၿပီး သူက ကၽြန္ေတာ္တို႔ ျမင္ခဲ့ဖူးသမၽွ ကစားသမားေတြထဲက မက္ဆီကို ထည့္မတြက္ဘူးဆိုရင္ မက္ဆီနဲ႔ အနီးစပ္ဆုံး တူတဲ့သူပါ။ မက္ဆီ စေပၚလာတဲ့အခ်ိန္ကတည္းက ခင္ဗ်ား သူနဲ႔ အနီးစပ္ဆုံး တူတဲ့ ကစားသမားမ်ိဳးကို ရွာေနတယ္ဆိုရင္ အဲဒါက မို ဆာလားလို႔ပဲ ကၽြန္ေတာ္ ေျပာရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.