Ligue1

အသင်းနဲ့ အခြေအနေကို မနေနိုင်တော့လို့ ဖွင့်ထုတ်လိုက်တဲ့ အမ်ဘာပေ

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ စိတ်ဝင်စားမှု ရရှိခဲ့ပြီးနောက်ပိုင်း အသင်းနဲ့ မရေမရာဖြစ်နေတဲ့ စာချုပ် အခြေအနေအပေါ် တိတ်ဆိတ်မနေနိုင်တော့ဘဲ နောက်ဆုံးမှာတော့ ဖွင့်ထုတ်လိုက်ပြီဖြစ်ပါတယ်။

ခီလီယန် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ စိတ်ဝင်စားမှုခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန် ဇူလိုင်လမှာ အသင်းကို စွန့်ခွာချင်တယ်လို့ ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေကို ပြောကြားခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ အမ်ဘာပေရဲ့ အနာဂတ်ဟာ ပြီးခဲ့တဲ့ေနွေရာသီတလျှောက်လုံး ကောလာဟလတွေ တင်းကြမ်းပြည့်နေခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တာကြောင့် အကြိမ်ပေါင်းများစွာ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စပိန်လာလီဂါထိပ်သီးအသင်းကြီးဟာ နောက်ဆုံး ယူရိုသန်း ၂၂၀ ကျော်အထိ အမ်ဘာပေအတွက် ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက ပြင်သစ်တိုက်စစ်မှူးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေက ရပ်ဆိုင်းနေပေမယ့်လည်း အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုက အမ်ဘာပေဟာ နွေရာသီအပြောင်းအရွှေ့စျေးကွက် ပိတ်သွားပြီးနောက် အပြောင်းအရွှေ့ပြုလုပ်ခွင့်တောင်းဆိုခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့ဖလားချန်ပီယံကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ မသမာတဲ့ နည်းဗျူဟာတွေ အသုံးပြုခဲ့တယ်လို့လည်း စွပ်စွဲခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အမ်ဘာပေဟာ အသင်းကနေ ထွက်ခွာချင်နေတဲ့ ၎င်းရဲ့ စိတ်ဆန္ဒကို အတည်ပြု ပြောကြားခဲ့ပေမယ့် လီဂူးဝမ်းကလပ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အခွင့်အရေးအများအပြားကိုလည်း ငြင်းပယ်ခဲ့တယ်ဆိုတဲ့ ပြောကြားမှုတွေကိုတော့ ငြင်းပယ်သွားခဲ့တာဖြစ်ပါတယ်။

“လူတွေက ကျွန်တော် စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု ၆ ခါ ဒါမှမဟုတ် ၇ ခါလောက်အထိ ပယ်ချခဲ့တယ်လို့ ပြောကြတယ်။ ကျွန်တော်က လီယိုနာဒိုကို စကားကို မပြောတော့ဘူးလို့လည်း ပြောကြတယ်။ အဲဒါက လုံးဝ မမှန်ပါဘူး။ ကျွန်တော် အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် စာချုပ်သက်တမ်းမတိုးချင်တော့လို့ပါ။ ကျွန်တော့်နေရာမှာ အရည်အသွေးရှိတဲ့ အစားထိုးခေါ်ယူမှုပြုလုပ်နိုင်အောင် အသင်းကို ပြောင်းရွှေ့ကြေး ရစေချင်ခဲ့လို့ပါ”

“ဒီအသင်းက ကျွန်တော့်ကို အများကြီး ပေးခဲ့တဲ့အသင်းပါ။ ကျွန်တော် ဒီမှာ ရှိနေခဲ့တဲ့ ၄ နှစ်စလုံး အမြဲတမ်း ပျော်ရွှင်ခဲ့ရတယ်။ အခုအထိလည်း ပျော်ရွှင်နေတုန်းပါ။ ကျွန်တော် စောစော ကြေညာခဲ့တာက အသင်းက တုံ့ပြန်နိုင်အောင်ပါ။ ကျွန်တော် အားလုံးကို ဒီကိစ္စက သေချာလက်လွှဲပြီး ကောင်းမွန်တဲ့ သဘောတူညီမှုကို ပြုလုပ်ဖို့နဲ့ ကျွန်တော် အဲဒါကို လေးစားမှုရှိတယ်ဆိုတာ သိစေချင်ပါတယ်။ ခင်ဗျား ကျွန်တော့်ကို မထွက်ခွာစေချင်ဘူးဆိုရင်လည်း ကျွန်တော် နေပေးပါ့မယ်လို့ ပြောခဲ့တာပါ”

အမ်ဘာပေဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းက တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး ကောင်းမွန်ကောင်း ကောင်းမွန်နေပေမယ့် အသင်းဥက္ကဌ အယ်လ်-ခါလီဖီက ၎င်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလို့ ရနိုင်မှာမဟုတ်ကြောင်း ပြောကြားခဲ့တဲ့အချိန်မှာ မသက်မသာ ခံစားခဲ့ရတယ်လို့ အမ်ဘာပေက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ခင်ဗျားရဲ့ ဥက္ကဌက ခင်ဗျားကို အလွတ်နဲ့ ဘယ်တော့မှ ထွက်သွားလို့ ရမှာမဟုတ်ဘူးလို့ ပြောတဲ့အချိန်မှာ အဲဒါက ကြောက်စရာပါပဲ။ ကျွန်တော် အဲဒီစကားကို ကြားခဲ့တဲ့အချိန်မှာ တံတွေးတောင် သီးသွားတယ်။ ကျွန်တော် တွေးခဲ့မိတာက အဲဒီတော့ အခု ဘာတွေ ဖြစ်လာမှာလဲဆိုတာပဲ”လို့ ပြောကြားခဲ့ပါတယ်။

ခီလီယန် အမ်ဘာပေဟာ လာမယ့် ဇန်နဝါရီလမှာ ပြည်ပကလပ်အသင်းတွေနဲ့ အကြို သဘောတူစာချုပ် ချုပ်ဆိုဖို့ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တော့မှာဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ တန်းစီနေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ကာရင် ဘန်ဇီးမားနဲ့ တိုနီ ခရူးစ်တို့ကလည်း အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးကို ဘာနေဗျူးကနေ ကြိုဆိုမှာဖြစ်တဲ့အကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပြီး ကောလာဟလတွေကို ပိုမိုမြင့်တက်စေခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းကတော့ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားဟာ အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ ယုံကြည်ချက် ရှိနေဆဲဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းဆီကေန စိတ္ဝင္စားမႈ ရရွိခဲ့ၿပီးေနာက္ပိုင္း အသင္းနဲ႔ မေရမရာျဖစ္ေနတဲ့ စာခ်ဳပ္ အေျခအေနအေပၚ တိတ္ဆိတ္မေနနိုင္ေတာ့ဘဲ ေနာက္ဆုံးမွာေတာ့ ဖြင့္ထုတ္လိုက္ၿပီျဖစ္ပါတယ္။

ခီလီယန္ အမ္ဘာေပဟာ ရီးရဲလ္မက္ဒရစ္အသင္းဆီကေန စိတ္ဝင္စားမႈခံေနရတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနခ်ိန္ ဇူလိုင္လမွာ အသင္းကို စြန႔္ခြာခ်င္တယ္လို႔ ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူေတြကို ေျပာၾကားခဲ့ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ အမ္ဘာေပရဲ့ အနာဂတ္ဟာ ၿပီးခဲ့တဲ့ေေႏြရာသီတေလၽွာက္လုံး ေကာလာဟလေတြ တင္းၾကမ္းျပည့္ေနခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးကို အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ထားခဲ့တာေၾကာင့္ အႀကိမ္ေပါင္းမ်ားစြာ ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

စပိန္လာလီဂါထိပ္သီးအသင္းႀကီးဟာ ေနာက္ဆုံး ယူရိုသန္း ၂၂၀ ေက်ာ္အထိ အမ္ဘာေပအတြက္ ကမ္းလွမ္းခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းက ျပင္သစ္တိုက္စစ္မႉးနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမႈေတြက ရပ္ဆိုင္းေနေပမယ့္လည္း အသင္းကေန ထြက္ခြာခြင့္ျပဳဖို႔ကို ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီ အားကစားဒါရိုက္တာ လီယိုနာဒိုက အမ္ဘာေပဟာ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ ပိတ္သြားၿပီးေနာက္ အေျပာင္းအေရႊ႕ျပဳလုပ္ခြင့္ေတာင္းဆိုခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ဟာ ကမၻာ့ဖလားခ်န္ပီယံကို ေခၚယူဖို႔ ႀကိဳးပမ္းရာမွာ မသမာတဲ့ နည္းဗ်ဴဟာေတြ အသုံးျပဳခဲ့တယ္လို႔လည္း စြပ္စြဲခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အမ္ဘာေပဟာ အသင္းကေန ထြက္ခြာခ်င္ေနတဲ့ ၎ရဲ့ စိတ္ဆႏၵကို အတည္ျပဳ ေျပာၾကားခဲ့ေပမယ့္ လီဂူးဝမ္းကလပ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အခြင့္အေရးအမ်ားအျပားကိုလည္း ျငင္းပယ္ခဲ့တယ္ဆိုတဲ့ ေျပာၾကားမႈေတြကိုေတာ့ ျငင္းပယ္သြားခဲ့တာျဖစ္ပါတယ္။

“လူေတြက ကၽြန္ေတာ္ စာခ်ဳပ္ သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈ ၆ ခါ ဒါမွမဟုတ္ ၇ ခါေလာက္အထိ ပယ္ခ်ခဲ့တယ္လို႔ ေျပာၾကတယ္။ ကၽြန္ေတာ္က လီယိုနာဒိုကို စကားကို မေျပာေတာ့ဘူးလို႔လည္း ေျပာၾကတယ္။ အဲဒါက လုံးဝ မမွန္ပါဘူး။ ကၽြန္ေတာ္ အသင္းကေန ထြက္ခြာဖို႔ ေတာင္းဆိုခဲ့တယ္။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ္ စာခ်ဳပ္သက္တမ္းမတိုးခ်င္ေတာ့လို႔ပါ။ ကၽြန္ေတာ့္ေနရာမွာ အရည္အေသြးရွိတဲ့ အစားထိုးေခၚယူမႈျပဳလုပ္နိုင္ေအာင္ အသင္းကို ေျပာင္းေရႊ႕ေၾကး ရေစခ်င္ခဲ့လို႔ပါ”

“ဒီအသင္းက ကၽြန္ေတာ့္ကို အမ်ားႀကီး ေပးခဲ့တဲ့အသင္းပါ။ ကၽြန္ေတာ္ ဒီမွာ ရွိေနခဲ့တဲ့ ၄ ႏွစ္စလုံး အျမဲတမ္း ေပ်ာ္ရႊင္ခဲ့ရတယ္။ အခုအထိလည္း ေပ်ာ္ရႊင္ေနတုန္းပါ။ ကၽြန္ေတာ္ ေစာေစာ ေၾကညာခဲ့တာက အသင္းက တုံ႔ျပန္နိုင္ေအာင္ပါ။ ကၽြန္ေတာ္ အားလုံးကို ဒီကိစၥက ေသခ်ာလက္လႊဲၿပီး ေကာင္းမြန္တဲ့ သေဘာတူညီမႈကို ျပဳလုပ္ဖို႔နဲ႔ ကၽြန္ေတာ္ အဲဒါကို ေလးစားမႈရွိတယ္ဆိုတာ သိေစခ်င္ပါတယ္။ ခင္ဗ်ား ကၽြန္ေတာ့္ကို မထြက္ခြာေစခ်င္ဘူးဆိုရင္လည္း ကၽြန္ေတာ္ ေနေပးပါ့မယ္လို႔ ေျပာခဲ့တာပါ”

အမ္ဘာေပဟာ လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းက တာဝန္ရွိသူေတြနဲ႔ ဆက္ဆံေရး ေကာင္းမြန္ေကာင္း ေကာင္းမြန္ေနေပမယ့္ အသင္းဥကၠဌ အယ္လ္-ခါလီဖီက ၎ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာလို႔ ရနိုင္မွာမဟုတ္ေၾကာင္း ေျပာၾကားခဲ့တဲ့အခ်ိန္မွာ မသက္မသာ ခံစားခဲ့ရတယ္လို႔ အမ္ဘာေပက ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ားရဲ့ ဥကၠဌက ခင္ဗ်ားကို အလြတ္နဲ႔ ဘယ္ေတာ့မွ ထြက္သြားလို႔ ရမွာမဟုတ္ဘူးလို႔ ေျပာတဲ့အခ်ိန္မွာ အဲဒါက ေၾကာက္စရာပါပဲ။ ကၽြန္ေတာ္ အဲဒီစကားကို ၾကားခဲ့တဲ့အခ်ိန္မွာ တံေတြးေတာင္ သီးသြားတယ္။ ကၽြန္ေတာ္ ေတြးခဲ့မိတာက အဲဒီေတာ့ အခု ဘာေတြ ျဖစ္လာမွာလဲဆိုတာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

ခီလီယန္ အမ္ဘာေပဟာ လာမယ့္ ဇန္နဝါရီလမွာ ျပည္ပကလပ္အသင္းေတြနဲ႔ အႀကိဳ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ လြတ္လြတ္လပ္လပ္ ေဆြးေႏြးနိုင္ေတာ့မွာျဖစ္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ျပင္သစ္တိုက္စစ္မႉးကို ေခၚယူဖို႔ ထိပ္ဆုံးကေန တန္းစီေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ့ ကာရင္ ဘန္ဇီးမားနဲ႔ တိုနီ ခ႐ူးစ္တို႔ကလည္း အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္မႉးကို ဘာေနဗ်ဴးကေန ႀကိဳဆိုမွာျဖစ္တဲ့အေၾကာင္း လူသိရွင္ၾကားထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ေကာလာဟလေတြကို ပိုမိုျမင့္တက္ေစခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းကေတာ့ ၎တို႔ရဲ့ ၾကယ္ပြင့္ကစားသမားဟာ အသင္းမွာ ဆက္ရွိေနလိမ့္မယ္လို႔ ယုံၾကည္ခ်က္ ရွိေနဆဲျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.