Analysis Bundesliga La Liga Ligue1 Other Leagues Premier League Serie A

တိုင်တိုင်ပင်ပင်နဲ့ အသင်းကြီးတွေ ရှုံးခဲ့တဲ့ ဥရောပရဲ့ ကမောက်ကမ ရက်သတ္တပတ်

ဒီတစ်ပတ်မှာတော့ ဥရောပရဲ့ ထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိဘဲ ကစားနိုင်တဲ့ အသင်းကြီးဆိုလို့ ပရီးမီးယားလိဂ်ရဲ့ လီဗာပူးလ်နဲ့ စီးရီးအေရဲ့ နာပိုလီနဲ့ မီလန်နှစ်သင်းတို့သာ ကျန်ရှိတော့သလို ကျန်တဲ့ ဥရောပအသင်းကြီးတွေအနေနဲ့ ရှုံးပွဲကြုံတွေ့ခဲ့ကြရာမှာ ဘွန်ဒက်စ်လီဂါနဲ့ ဒတ်ချ်လိဂ်မှာ အသင်းတိုင်းကို အနိုင်ကျင့်နေကျ ဘိုင်ယန်မြူးနစ်နဲ့ အိုင်းယက်စ်တို့တောင် ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။

ဒီတစ်ပတ်ရဲ့ စနေနေ့မှာ ရှုံးပွဲစတွေ့တဲ့ အသင်းကြီးကတော့ ဒီရာသီမှာ ရလဒ်တွေ ဆိုးနေပေမယ့် လာလီဂါမှာ မရှုံးသေးတဲ့ ဘာစီလိုနာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်ကို အဝေးကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ စရှုံးခဲ့တာပါ။ ဒီပွဲမှာတော့ သူတို့ရဲ့ ဂိုးသွင်းဖို့ကလွဲရင် အားလုံးတတ်နိုင်တဲ့ ပုံစံနဲ့ အသင်းရဲ့ စီနီယာတွေဖြစ်ကြတဲ့ နောက်ခံလူ ပီကေးနဲ့ ကွင်းလယ်လူ ဘူးစကွက်စ်တို့ကြား စကားများခဲ့တာကလည်း သတိပြုစရာဖြစ်ခဲ့ရပါတယ်။

တနင်္ဂနွေနေ့မှာ စောစောစီးစီး ညနေ ၅ နာရီခွဲမှာကတည်းက စရှုံးတာကတော့ နာမည်ကြီး ပီအက်စ်ဂျီဖြစ်ပြီး အဝေးကွင်းမှာ ရင်းနေးကို တစ်ကြိမ်မှ ဂိုးပေါက်မတည့်ဘဲ ရှုံးခဲ့ရတာပါ။ မက်ဆီရဲ့ ဖရီးကစ် ဘားထိတာနဲ့ နေမာနဲ့ အမ်ဘာပေတို့ လုကန်ပြီး မိုးပေါ်ထောင်သွားတာတွေက ဒီပွဲရဲ့ ပြောစရာတွေဖြစ်ခဲ့ပြီး ရင်းနေးတို့ကတော့ ပထမပိုင်းပြီးခါနီးနဲ့ ဒုတိယပိုင်းအစ ၁၇ စက္ကန့်တွေမှာ ပြင်သစ်ပြည်တွင်း လိဂန်မှာ ယှဉ်နိုင်သူမရှိလို့ ထင်ထားတဲ့ အသင်းကို ပညာပေးသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီစာရင်းထဲ ထပ်ပါလာတာကတော့ ညဦးပိုင်းမှာ ကစားတဲ့ နယ်သာလန်ဘုရင် အိုင်းယက်စ်ပါ။ အိမ်ကွင်းမှာ လူစုံထုတ်ကစားပြီး ဘောလုံး ပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိ ရယူခဲ့သလို ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၂၀ မှာ ၆ ကြိမ်တည့်ပြီး တစ်ဂိုးမှ မရခဲ့တဲ့ အိုင်းယက်စ်ဟာ လူစား ၅ ယောက်လဲပြီး မရှုံးအောင် ကြိုးစားခဲ့ပေမယ့် အူးထရက်ချ်ရဲ့ တစ်လုံးတည်းသောဂိုးကို မချေပနိုင်ဘဲ ရှုံးပွဲစတွေ့ခဲ့တာလည်းဖြစ်ပါတယ်။

ရှုံးပွဲမရှိစာရင်းကို ထပ်ပြီး မျက်နှာပြောင်တိုက်တာကတော့ ည ၈ နာရီ ၄၅ မိနစ်မှာ ကန်သွားတဲ့ ရီးရဲလ်မက်ဒရစ်ပဲဖြစ်ပါတယ်။ အက်စပန်ညို ဆိုတာ အရင်လို မတောင်တင်းဘဲ တန်းပါ ဆင်းပြီးမှ ပြန်တက်လာတဲ့ ဘာစီလိုနာသားတွေမို့ ဘယ်သူကမှ အထင်မကြီးတော့ချိန်မှာ ဦးဆောင်ဂိုးနှစ်ဂိုးကိုပါ သွင်းပြခဲ့ပြီး ဘန်ဇီးမားက တစ်ဂိုးပဲ ချေပနိုင်ခဲ့ချိန်မှာ ရီးရဲလ်တို့ရဲ့ ၁၈ ပွဲဆက်တိုက် အဝေးကွင်းရှုံးပွဲမရှိ မှတ်တမ်းလည်း ရပ်တန့်ခဲ့ရပါတယ်။

ဆက်ပြီးတော့ ည ၁၀ နာရီမှာ ရှုံးသူကတော့ ဘာဗေးရီးယားသား ချန်ပီယံ ကန်ထရိုက်ယူထားသူတွေပါ။ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အိမ်ကွင်းမှာ လူစုံထုတ်ကစားရက်နဲ့ ခြေချော်ခဲ့တာဖြစ်ပြီး ဖရန့်ဖတ်ကို ဂိုရက်ဇ်ကာရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဧည့်သည်တွေက နှစ်ဂိုးပြန်သွင်းယူသွားပြီး လီဗန်ဒေါ့ဗ်စကီးပါ နှစ်ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့သလို ဒါက ပိုလန်သားကြီးအတွက် ၂၀၁၉ ဒီဇင်ဘာနောက်ပိုင်း ပထမဆုံး အကြိမ်လည်းဖြစ်ခဲ့ပါတယ်။

တနင်္ဂနွေညမှာ နောက်အကျဆုံး ကစားပြီး ရှုံးပွဲတွေ့တဲ့အသင်းကတော့ ဆီဗီလာပဲ ဖြစ်ပါတယ်။ ဒီပွဲမကန်ခင် ည တစ်နာရီခွဲအထိ လာလီဂါမှာ သူတစ်သင်းပဲ ရှုံးပွဲမရှိဘဲ ကျန်တော့ချိန်မှာ ဂရန်နာဒါတိုက်စစ်မှူး ရူဘင် ရိုချီနာရဲ့ တစ်လုံးတည်းသော ဂိုးကို ပြန်ချေပနိုင်ခြင်းမရှိဘဲ လူစုံပေမယ့်လည်း အဝေးကွင်းမှာ စံချိန်ကျိုးပျက်သွားခဲ့ရတာပါ။

ဒီတစ်ပတ်ပွဲစဉ်တွေ ကစားအပြီးမှာတော့ ပရီးမီးယားလိဂ်မှာ ၄ ပွဲနိုင် ၃ ပွဲသရေနဲ့ လီဗာပူးလ်၊ စီးရီးအေမှာ ၇ ပွဲနိုင်ထားတဲ့ နာပိုလီ၊ ၆ ပွဲနိုင် ၁ ပွဲသရေနဲ့ Form ပြန်တက်နေတဲ့ အေစီမီလန်၊ ၅ ပွဲနိုင် ၂ ပွဲသရေနဲ့ အင်တာမီလန်တို့သာ ရှုံးပွဲမရှိတဲ့ အသင်းကြီးတွေအဖြစ် ကျန်ရှိတော့ပြီး ကျန်သူတွေထက် ခေါင်းတစ်လုံးသာကြောင်း ပြသထားနိုင်သေးတာဖြစ်ပါတယ်။

ဒီအချိန်မှာ ဂျာမန် ဘွန်ဒက်စ်လီဂါမှာတော့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်လိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်မထားဘဲ အသင်းငယ်တစ်သင်းလို့ ဆိုနိုင်တဲ့ ဖရိုင်းဘတ်အသင်းက ဘိုင်ယန်မြူးနစ်တောင် ရှုံးပွဲတွေ့ထားခဲ့ချိန်မှာ ၄ ပွဲနိုင် ၃ ပွဲသရေ ရလဒ်နဲ့ ကြံ့ကြံ့ခံ ရပ်တည်ထားနိုင်ဆဲဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီတစ္ပတ္မွာေတာ့ ဥေရာပရဲ႕ ထိပ္တန္းလိဂ္ၿပိဳင္ပြဲေတြမွာ ရႈံးပြဲမရွိဘဲ ကစားႏိုင္တဲ့ အသင္းႀကီးဆိုလို႔ ပရီးမီးယားလိဂ္ရဲ႕ လီဗာပူးလ္နဲ႔ စီးရီးေအရဲ႕ နာပိုလီနဲ႔ မီလန္ႏွစ္သင္းတို႔သာ က်န္ရွိေတာ့သလို က်န္တဲ့ ဥေရာပအသင္းႀကီးေတြအေနနဲ႔ ရႈံးပြဲႀကဳံေတြ႕ခဲ့ၾကရာမွာ ဘြန္ဒက္စ္လီဂါနဲ႔ ဒတ္ခ်္လိဂ္မွာ အသင္းတိုင္းကို အႏိုင္က်င့္ေနက် ဘိုင္ယန္ျမဴးနစ္နဲ႔ အိုင္းယက္စ္တို႔ေတာင္ ပါဝင္လာခဲ့တာကို ေတြ႕ရပါတယ္။

ဒီတစ္ပတ္ရဲ႕ စေနေန႔မွာ ရႈံးပြဲစေတြ႕တဲ့ အသင္းႀကီးကေတာ့ ဒီရာသီမွာ ရလဒ္ေတြ ဆိုးေနေပမယ့္ လာလီဂါမွာ မရႈံးေသးတဲ့ ဘာစီလိုနာျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္ကို အေဝးကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ စရႈံးခဲ့တာပါ။ ဒီပြဲမွာေတာ့ သူတို႔ရဲ႕ ဂိုးသြင္းဖို႔ကလြဲရင္ အားလုံးတတ္ႏိုင္တဲ့ ပုံစံနဲ႔ အသင္းရဲ႕ စီနီယာေတြျဖစ္ၾကတဲ့ ေနာက္ခံလူ ပီေကးနဲ႔ ကြင္းလယ္လူ ဘူးစကြက္စ္တို႔ၾကား စကားမ်ားခဲ့တာကလည္း သတိျပဳစရာျဖစ္ခဲ့ရပါတယ္။

တနဂၤေႏြေန႔မွာ ေစာေစာစီးစီး ညေန ၅ နာရီခြဲမွာကတည္းက စရႈံးတာကေတာ့ နာမည္ႀကီး ပီအက္စ္ဂ်ီျဖစ္ၿပီး အေဝးကြင္းမွာ ရင္းေနးကို တစ္ႀကိမ္မွ ဂိုးေပါက္မတည့္ဘဲ ရႈံးခဲ့ရတာပါ။ မက္ဆီရဲ႕ ဖရီးကစ္ ဘားထိတာနဲ႔ ေနမာနဲ႔ အမ္ဘာေပတို႔ လုကန္ၿပီး မိုးေပၚေထာင္သြားတာေတြက ဒီပြဲရဲ႕ ေျပာစရာေတြျဖစ္ခဲ့ၿပီး ရင္းေနးတို႔ကေတာ့ ပထမပိုင္းၿပီးခါနီးနဲ႔ ဒုတိယပိုင္းအစ ၁၇ စကၠန႔္ေတြမွာ ျပင္သစ္ျပည္တြင္း လိဂန္မွာ ယွဥ္ႏိုင္သူမရွိလို႔ ထင္ထားတဲ့ အသင္းကို ပညာေပးသြားခဲ့တာလည္းျဖစ္ပါတယ္။

ဒီစာရင္းထဲ ထပ္ပါလာတာကေတာ့ ညဦးပိုင္းမွာ ကစားတဲ့ နယ္သာလန္ဘုရင္ အိုင္းယက္စ္ပါ။ အိမ္ကြင္းမွာ လူစုံထုတ္ကစားၿပီး ေဘာလုံး ပိုင္ဆိုင္မႈ ၆၉ ရာခိုင္ႏႈန္းအထိ ရယူခဲ့သလို ဂိုးေပါက္ကန္သြင္းမႈ အႀကိမ္ ၂၀ မွာ ၆ ႀကိမ္တည့္ၿပီး တစ္ဂိုးမွ မရခဲ့တဲ့ အိုင္းယက္စ္ဟာ လူစား ၅ ေယာက္လဲၿပီး မရႈံးေအာင္ ႀကိဳးစားခဲ့ေပမယ့္ အူးထရက္ခ်္ရဲ႕ တစ္လုံးတည္းေသာဂိုးကို မေခ်ပႏိုင္ဘဲ ရႈံးပြဲစေတြ႕ခဲ့တာလည္းျဖစ္ပါတယ္။

ရႈံးပြဲမရွိစာရင္းကို ထပ္ၿပီး မ်က္ႏွာေျပာင္တိုက္တာကေတာ့ ည ၈ နာရီ ၄၅ မိနစ္မွာ ကန္သြားတဲ့ ရီးရဲလ္မက္ဒရစ္ပဲျဖစ္ပါတယ္။ အက္စပန္ညိဳ ဆိုတာ အရင္လို မေတာင္တင္းဘဲ တန္းပါ ဆင္းၿပီးမွ ျပန္တက္လာတဲ့ ဘာစီလိုနာသားေတြမို႔ ဘယ္သူကမွ အထင္မႀကီးေတာ့ခ်ိန္မွာ ဦးေဆာင္ဂိုးႏွစ္ဂိုးကိုပါ သြင္းျပခဲ့ၿပီး ဘန္ဇီးမားက တစ္ဂိုးပဲ ေခ်ပႏိုင္ခဲ့ခ်ိန္မွာ ရီးရဲလ္တို႔ရဲ႕ ၁၈ ပြဲဆက္တိုက္ အေဝးကြင္းရႈံးပြဲမရွိ မွတ္တမ္းလည္း ရပ္တန႔္ခဲ့ရပါတယ္။

ဆက္ၿပီးေတာ့ ည ၁၀ နာရီမွာ ရႈံးသူကေတာ့ ဘာေဗးရီးယားသား ခ်န္ပီယံ ကန္ထ႐ိုက္ယူထားသူေတြပါ။ ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ လူစုံထုတ္ကစားရက္နဲ႔ ေျခေခ်ာ္ခဲ့တာျဖစ္ၿပီး ဖရန႔္ဖတ္ကို ဂိုရက္ဇ္ကာရဲ႕ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဧည့္သည္ေတြက ႏွစ္ဂိုးျပန္သြင္းယူသြားၿပီး လီဗန္ေဒါ့ဗ္စကီးပါ ႏွစ္ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ခဲ့သလို ဒါက ပိုလန္သားႀကီးအတြက္ ၂၀၁၉ ဒီဇင္ဘာေနာက္ပိုင္း ပထမဆုံး အႀကိမ္လည္းျဖစ္ခဲ့ပါတယ္။

တနဂၤေႏြညမွာ ေနာက္အက်ဆုံး ကစားၿပီး ရႈံးပြဲေတြ႕တဲ့အသင္းကေတာ့ ဆီဗီလာပဲ ျဖစ္ပါတယ္။ ဒီပြဲမကန္ခင္ ည တစ္နာရီခြဲအထိ လာလီဂါမွာ သူတစ္သင္းပဲ ရႈံးပြဲမရွိဘဲ က်န္ေတာ့ခ်ိန္မွာ ဂရန္နာဒါတိုက္စစ္မႉး ႐ူဘင္ ႐ိုခ်ီနာရဲ႕ တစ္လုံးတည္းေသာ ဂိုးကို ျပန္ေခ်ပႏိုင္ျခင္းမရွိဘဲ လူစုံေပမယ့္လည္း အေဝးကြင္းမွာ စံခ်ိန္က်ိဳးပ်က္သြားခဲ့ရတာပါ။

ဒီတစ္ပတ္ပြဲစဥ္ေတြ ကစားအၿပီးမွာေတာ့ ပရီးမီးယားလိဂ္မွာ ၄ ပြဲႏိုင္ ၃ ပြဲသေရနဲ႔ လီဗာပူးလ္၊ စီးရီးေအမွာ ၇ ပြဲႏိုင္ထားတဲ့ နာပိုလီ၊ ၆ ပြဲႏိုင္ ၁ ပြဲသေရနဲ႔ Form ျပန္တက္ေနတဲ့ ေအစီမီလန္၊ ၅ ပြဲႏိုင္ ၂ ပြဲသေရနဲ႔ အင္တာမီလန္တို႔သာ ရႈံးပြဲမရွိတဲ့ အသင္းႀကီးေတြအျဖစ္ က်န္ရွိေတာ့ၿပီး က်န္သူေတြထက္ ေခါင္းတစ္လုံးသာေၾကာင္း ျပသထားႏိုင္ေသးတာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ ဂ်ာမန္ ဘြန္ဒက္စ္လီဂါမွာေတာ့ ရလဒ္ေကာင္းေတြ ပိုင္ဆိုင္လိမ့္မယ္လို႔ ဘယ္သူမွ ထင္မွတ္မထားဘဲ အသင္းငယ္တစ္သင္းလို႔ ဆိုႏိုင္တဲ့ ဖ႐ိုင္းဘတ္အသင္းက ဘိုင္ယန္ျမဴးနစ္ေတာင္ ရႈံးပြဲေတြ႕ထားခဲ့ခ်ိန္မွာ ၄ ပြဲႏိုင္ ၃ ပြဲသေရ ရလဒ္နဲ႔ ႀကံ့ႀကံ့ခံ ရပ္တည္ထားႏိုင္ဆဲျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.