Article Premier League

စိန့်တွေနဲ့ပွဲမှာ လောင်းကြေးထပ်ရဲခဲ့လို့ ရွေးချယ်စရာတွေ ပုံနေတဲ့ တူဟယ်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ လူစားလဲပြီး ပွဲဗျူဟာကို ပြောင်းလဲပစ်ဖို့ ကြောက်ရွံ့တတ်တဲ့သူမဟုတ်ဘဲ အက်စ်တွန်ဗီလာ၊ တော့တင်ဟမ်ဟော့စပါးအသင်းတို့ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွေမှာ ပထမပိုင်းအပြီး လူစားလဲလှယ်မှုက အလုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ မန်ချက်စတာစီးတီးနဲ့ ဂျူဗင်တပ်တို့ကို ရှုံးနိမ့်ခဲ့ပြီး စနေနေ့မှာ ဆောက်သမ်တန်အသင်းနဲ့ မကစားမီ ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်တဲ့အနေနဲ့ အင်္ဂလိပ်လူငယ်ကစားသမားတွေ အများအပြားကို လူစာရင်းထဲပြန်ထည့်ခဲ့ပြီး နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဟာကင်း ဇီယက်ရှ်၊ ခိုင် ဟားဗတ်ဇ်နဲ့ ဆာအူးလ် ညီးရက်ဇ်တို့ကို အရန်ခုံကနေ ထိုင်ကြည့်ခိုင်းခဲ့တာဖြစ်ပါတယ်။

ထရီဗို ချာလိုဘက်

ရာသီအဖွင့်ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ပါဝင်ကစားခွင့်ရခဲ့တဲ့ ချာလိုဘက်ဟာ လွန်ခဲ့တဲ့ ၃ ပတ်က အက်စ်တွန်ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ပြီးကတည်းက လိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ပါဝင်ကစားခွင့် မရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ၉ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်အဖွင့်ဂိုး သွင်းယူပေးပြီး လျင်လျင်မြန်မြန်ပဲ အကျိုးသက်ရောက်မှုရှိကြောင်း ပြသခဲ့တာဖြစ်ပါတယ်။ ခံစစ် ၃ ဦးရဲ့ ညာနောက်ခံနေရာမှာ ကစားနေတဲ့ အသက် ၂၂ နှစ်အရွယ် အကယ်ဒမီထွက် နောက်ခံကစားသမားဟာ ခံစစ်မှာ ယုံကြည်မှုရှိပြီး တိုက်စစ်ကို လိုက်ပါရတာ အားသန်ပုံ ပေါ်ခဲ့ပါတယ်။

ရူဘင် လော့ဖ်တပ်စ်-ချိခ်

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးအသင်းအတွက် လိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ပါဝင်ကစားခွင့် မရခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကို ဖူလ်ဟမ်အသင်းမှာ အငှားနဲ့ ကုန်ဆုံးခဲ့ရသူဖြစ်ပါတယ်။ ထရီဗို ချာလိုဘက်ရဲ့ အဖွင့်ဂိုးကို ခေါင်းခုန်တိုက်ပြီး ဖန်တီးပေးခဲ့တဲ့ လော့ဖ်တပ်စ်-ချိခ်ဟာ နောက်ဆုံးပေးပို့မှုတွေမှာတော့ မကြာခဏ လွဲချော်သွားလေ့ရှိတာတစ်ခုတော့ ပြင်ဆင်ရဦးမှာဖြစ်ပါတယ်။

ဟဒ်ဆန်-အိုဒွိုင်း

၃ ပတ်အကြာမှာ ပထမဆုံး လိဂ်ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ အသက် ၂၀ အရွယ် တောင်ပံကစားသမားဟာ ကစားနေကျနေရာတွေဖြစ်တဲ့ တိုက်စစ် ၃ ဦးထဲက ဘယ်တောင်ပံမှာ ပြန်လည်ကစားခွင့်ရရှိခဲ့ပြီး လူကာကူးအတွက် ဖြတ်တင်ပေးပို့မှုတွေ အနည်းအကျဉ်းလုပ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ဖို့ အလွန်နီးစပ်ခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့ဘဲ ၆၆ မိနစ်မှာ မေဆန် မောင့်နဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။

တီမို ဗာနာ

ယခုရာသီရဲ့ ပထမဆုံးလိဂ်သွင်းဂိုးကို နောက်ဆုံးမှာတော့ သွင်းယူလိုက်နိုင်ပြီဖြစ်တဲ့ တီမို ဗာနာရဲ့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ VAR ရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီး ချဲလ်ဆီးအသင်းကို ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ပြောင်းရွှေ့ခဲ့ပြီးကတည်းက ၁၆ ကြိမ်မြောက် ခွင့်ပြုဖို့ ငြင်းပယ်ခြင်းခံခဲ့ရတဲ့ ဂိုးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တီမို ဗာနာဟာ ၈၄ မိနစ်မှာ ဆီဆာ အက်ဇ်ပီလီကွေတာရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဇွဲကောင်းမှုအတွက် ဆုလာဘ်ကို ရရှိခဲ့တာဖြစ်ပါတယ်။

ဘန် ချေးဝဲလ်

နည်းပြ တူဟယ်က ချေးဝဲလ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ အသုံးပြုခြင်းမခံရတဲ့ လူစာရင်းဝင် ကစားသမားဖြစ်ခဲ့တဲ့အတွက် အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပြီး ယခုရာသီမှာ မားကို့စ် အလွန်ဆိုရဲ့ ဘယ်တောင်ပံ နောက်ခံနေရာမှာ လူစားဝင်ကစားရင်း စတင်ခဲ့ပါတယ်။ စနေနေ့က ပွဲစဉ်ဟာ ချေးဝဲလ်အတွက် ပထမဆုံး လိဂ်ပွဲ ပွဲထွက်ကစားခွင့် ရရှိခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ပင်နယ်တီ ခွင့်ပြုခဲ့ရသလို နောက်ကျသွင်းဂိုးလည်း သွင်းနိုင်ခဲ့တာကြောင့် အကောင်းအဆိုးရောထွေးနေခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ “ကျွန်တော့်မှာ ဂိုးသွင်းဖို့ အခွင့်အရေးနည်းနည်း ရခဲ့ပေမယ့် သူတို့ကို ပင်နယ်တီ ပြန်ပေးခဲ့ရပါတယ်။ တော်သေးတာပေါ့။ ကျွန်တော်တို့ အနိုင်ရဖို့ ပြန်လာနိုင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းမြောက်ပျော်ရွှင်မိပါတယ်”လို့ ချေးဝဲလ်က ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္ဟာ လူစားလဲၿပီး ပြဲဗ်ဴဟာကို ေျပာင္းလဲပစ္ဖို႔ ေၾကာက္ရြံ့တတ္တဲ့သူမဟုတ္ဘဲ အက္စ္တြန္ဗီလာ၊ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္ေတြမွာ ပထမပိုင္းအၿပီး လူစားလဲလွယ္မႈက အလုပ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္မွာ မန္ခ်က္စတာစီးတီးနဲ႔ ဂ်ဴဗင္တပ္တို႔ကို ရႈံးနိမ့္ခဲ့ၿပီး စေနေန႔မွာ ေဆာက္သမ္တန္အသင္းနဲ႔ မကစားမီ ႀကီးမားတဲ့အေျပာင္းအလဲေတြ ျပဳလုပ္တဲ့အေနနဲ႔ အဂၤလိပ္လူငယ္ကစားသမားေတြ အမ်ားအျပားကို လူစာရင္းထဲျပန္ထည့္ခဲ့ၿပီး နာမည္ႀကီးကစားသမားေတြျဖစ္တဲ့ ဟာကင္း ဇီယက္ရွ္၊ ခိုင္ ဟားဗတ္ဇ္နဲ႔ ဆာအူးလ္ ညီးရက္ဇ္တို႔ကို အရန္ခုံကေန ထိုင္ၾကည့္ခိုင္းခဲ့တာျဖစ္ပါတယ္။

ထရီဗို ခ်ာလိုဘက္

ရာသီအဖြင့္ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ ပါဝင္ကစားခြင့္ရခဲ့တဲ့ ခ်ာလိုဘက္ဟာ လြန္ခဲ့တဲ့ ၃ ပတ္က အက္စ္တြန္ဗီလာအသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္ၿပီးကတည္းက လိဂ္ပြဲစဥ္ေတြမွာ ပြဲထြက္ပါဝင္ကစားခြင့္ မရရွိခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ ၉ မိနစ္မွာ ေထာင့္ကန္ေဘာကေနတဆင့္ ေခါင္းတိုက္အဖြင့္ဂိုး သြင္းယူေပးၿပီး လ်င္လ်င္ျမန္ျမန္ပဲ အက်ိဳးသက္ေရာက္မႈရွိေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။ ခံစစ္ ၃ ဦးရဲ့ ညာေနာက္ခံေနရာမွာ ကစားေနတဲ့ အသက္ ၂၂ ႏွစ္အရြယ္ အကယ္ဒမီထြက္ ေနာက္ခံကစားသမားဟာ ခံစစ္မွာ ယုံၾကည္မႈရွိၿပီး တိုက္စစ္ကို လိုက္ပါရတာ အားသန္ပုံ ေပၚခဲ့ပါတယ္။

႐ူဘင္ ေလာ့ဖ္တပ္စ္-ခ်ိခ္

အသက္ ၂၅ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ ခ်ဲလ္ဆီးအသင္းအတြက္ လိဂ္ပြဲစဥ္ေတြမွာ ပြဲထြက္ပါဝင္ကစားခြင့္ မရခဲ့တာ တစ္ႏွစ္ေက်ာ္ခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီကို ဖူလ္ဟမ္အသင္းမွာ အငွားနဲ႔ ကုန္ဆုံးခဲ့ရသူျဖစ္ပါတယ္။ ထရီဗို ခ်ာလိုဘက္ရဲ့ အဖြင့္ဂိုးကို ေခါင္းခုန္တိုက္ၿပီး ဖန္တီးေပးခဲ့တဲ့ ေလာ့ဖ္တပ္စ္-ခ်ိခ္ဟာ ေနာက္ဆုံးေပးပို႔မႈေတြမွာေတာ့ မၾကာခဏ လြဲေခ်ာ္သြားေလ့ရွိတာတစ္ခုေတာ့ ျပင္ဆင္ရဦးမွာျဖစ္ပါတယ္။

ဟဒ္ဆန္-အိုဒြိဳင္း

၃ ပတ္အၾကာမွာ ပထမဆုံး လိဂ္ပြဲထြက္ပါဝင္ကစားခြင့္ရရွိခဲ့တဲ့ အသက္ ၂၀ အရြယ္ ေတာင္ပံကစားသမားဟာ ကစားေနက်ေနရာေတြျဖစ္တဲ့ တိုက္စစ္ ၃ ဦးထဲက ဘယ္ေတာင္ပံမွာ ျပန္လည္ကစားခြင့္ရရွိခဲ့ၿပီး လူကာကူးအတြက္ ျဖတ္တင္ေပးပို႔မႈေတြ အနည္းအက်ဥ္းလုပ္နိုင္ခဲ့ပါတယ္။ ပထမပိုင္းမွာ ဂိုးသြင္းယူနိုင္ဖို႔ အလြန္နီးစပ္ခဲ့ေပမယ့္လည္း အသုံးမခ်နိုင္ခဲ့ဘဲ ၆၆ မိနစ္မွာ ေမဆန္ ေမာင့္နဲ႔ လူစားလဲလွယ္ျခင္းခံခဲ့ရပါတယ္။

တီမို ဗာနာ

ယခုရာသီရဲ့ ပထမဆုံးလိဂ္သြင္းဂိုးကို ေနာက္ဆုံးမွာေတာ့ သြင္းယူလိုက္နိုင္ၿပီျဖစ္တဲ့ တီမို ဗာနာရဲ့ ပထမပိုင္းမွာ သြင္းယူခဲ့တဲ့ သြင္းဂိုးဟာ VAR ရဲ့ ျငင္းပယ္ျခင္းကို ခံခဲ့ရၿပီး ခ်ဲလ္ဆီးအသင္းကို ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီမွာ ေျပာင္းေရႊ႕ခဲ့ၿပီးကတည္းက ၁၆ ႀကိမ္ေျမာက္ ခြင့္ျပဳဖို႔ ျငင္းပယ္ျခင္းခံခဲ့ရတဲ့ ဂိုးျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ တီမို ဗာနာဟာ ၈၄ မိနစ္မွာ ဆီဆာ အက္ဇ္ပီလီေကြတာရဲ့ ျဖတ္တင္ေပးပို႔မႈကေန ဂိုးသြင္းယူနိုင္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဇြဲေကာင္းမႈအတြက္ ဆုလာဘ္ကို ရရွိခဲ့တာျဖစ္ပါတယ္။

ဘန္ ေခ်းဝဲလ္

နည္းၿပ တူဟယ္က ေခ်းဝဲလ္ဟာ ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္အသင္းရဲ့ အသုံးျပဳျခင္းမခံရတဲ့ လူစာရင္းဝင္ ကစားသမားျဖစ္ခဲ့တဲ့အတြက္ အက်ိဳးသက္ေရာက္မႈေတြ ရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး ယခုရာသီမွာ မားကို႔စ္ အလြန္ဆိုရဲ့ ဘယ္ေတာင္ပံ ေနာက္ခံေနရာမွာ လူစားဝင္ကစားရင္း စတင္ခဲ့ပါတယ္။ စေနေန႔က ပြဲစဥ္ဟာ ေခ်းဝဲလ္အတြက္ ပထမဆုံး လိဂ္ပြဲ ပြဲထြက္ကစားခြင့္ ရရွိခဲ့တဲ့ပြဲစဥ္ျဖစ္ၿပီး ပင္နယ္တီ ခြင့္ျပဳခဲ့ရသလို ေနာက္က်သြင္းဂိုးလည္း သြင္းနိုင္ခဲ့တာေၾကာင့္ အေကာင္းအဆိုးေရာေထြးေနခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ “ကၽြန္ေတာ့္မွာ ဂိုးသြင္းဖို႔ အခြင့္အေရးနည္းနည္း ရခဲ့ေပမယ့္ သူတို႔ကို ပင္နယ္တီ ျပန္ေပးခဲ့ရပါတယ္။ ေတာ္ေသးတာေပါ့။ ကၽြန္ေတာ္တို႔ အနိုင္ရဖို႔ ျပန္လာနိုင္ခဲ့ၿပီး ဂိုးသြင္းယူနိုင္ခဲ့တဲ့အတြက္လည္း ဝမ္းေျမာက္ေပ်ာ္ရႊင္မိပါတယ္”လို႔ ေခ်းဝဲလ္က ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.