Premier League

မန်ချက်စတာတွေရဲ့ နွံနစ်နေတဲ့ ပတ္တမြားတွေဆယ်ပြီး ဥရောပဝင်ခွင့်ရယူချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲကစားချိန်မရှိဖြစ်နေတဲ့ ဗန်ဒီဘိခ်နဲ့ ပတ္တမြားနွံနစ်ဖြစ်နေတဲ့ မာစီယယ်လ်တို့ကို ခေါ်ယူသင့်တယ်လို့ ပြောကြားခြင်းခံခဲ့ရပြီး နည်းပြ အာတီတာဟာ မန်စီးတီးမှာ ပုံမှန် ပွဲထွက်ခွင့်မရဖြစ်နေတဲ့ စတာလင်းကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် မန်စီးတီး တောင်ပံကစားသမားဟာ အီတီဟတ်မှာ ပုံမှန်ပွဲကစားသမားမဟုတ်တော့တာကြောင့် မဝေးလှတဲ့အနာဂတ်မှာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ အသင်းက ထွက်ခွာလိမ့်မယ်လို့ တစ်ကြိုပေးခြင်းခံခဲ့ရသူဖြစ်ပါတယ်။ စတာလင်းဟာ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၄၉ ပွဲ ပါဝင်ကစားပေးခဲ့ပေမယ့် ယခုရာသီမှာတော့ တောင်ပံနေရာအတွက် ဂျက် ဂရီးလစ်ရှ်၊ မာရက်ဇ်နဲ့ ဖာရန် တောရက်စ်တို့ ရှိနေတာကြောင့် အရန်ခုံ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက မန်စီးတီးနည်းပြအဖွဲ့မှာ ရှိနေခဲ့တဲ့အချိန်တုန်းက အင်္ဂလန်ကြယ်ပွင့်နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့သူဖြစ်ပြီး စတာလင်းကို မြောက်လန်ဒန်ကို ခေါ်ယူချင်တဲ့ဆန္ဒရှိနေတယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။ စတာလင်းဟာ ၂၀၂၃ ခုနှစ်မှာ မန်ချက်စတာစီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ပြောဆိုဆွေးနွေးမှုဟာလည်း တိုးတက်မှု နှေးကွေးနေတယ်လို့ သိရပါတယ်။

ဒါကြောင့် အာဆင်နယ်အနေနဲ့ နောက်ဆုံးမှာတော့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တဲ့ မန်ချက်စတာစီးတီးတောင်ပံကြယ်ပွင့်ကို ခေါ်ယူသွားမလားဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပြီး စတာလင်းဟာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ရရှိခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၁၉ ခုနှစ်အတွင်း အာတီတာရဲ့ လမ်းညွှန်မှုအောက်မှာ ကစားခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း လိုကွန်ဂါကို ခေါ်ယူနိုင်ခဲ့သလို မာတင် အိုဒီဂေါ့ကိုလည်း အပြီးသတ် ခေါ်ယူနိုင်ခဲ့တာကြောင့် ဒတ်ချ်ကစားသမားကို ခေါ်ယူဖို့ ကိစ္စဟာ အထမမြောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ပွဲကစားချိန်အတွက် ရုန်းကန်နေရဆဲဖြစ်ပြီး အာဆင်နယ်ပရိသတ်အချို့က ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် ဖွင့်တဲ့အချိန်ကျရင် ဗန်ဒီဘိခ်ကို အမ်းမရိတ်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းသင့်တယ်လို့ ထင်မြင်နေကြတာဖြစ်ပါတယ်။ “အာဆင်နယ်အနေနဲ့ အယ်လ်နန်နီနဲ့ မိတ်လန်းနိုင်းစ်တို့ကို လက်လျှော့ပြီး ဘစ်ဆူးမားနဲ့ ဗန်ဒီဘိခ်တို့ကို ခေါ်ဖို့ လိုအပ်နေပြီ”လို့ ပရိသတ်တစ်ဦးက တွစ်တာမှာ မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မကြာသေးမီက မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အန်သိုနီ မာစီယယ်လ်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး လိဒ်စ်ယူနိုက်တက်နဲ့ ဆောက်သမ်တန်ကစားသမားဟောင်းဖြစ်တဲ့ ဘောလုံးဝေဖန်သူ ကာလ်တန် ပါလ်မာက ကောလာဟလအပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ မိုနာကိုကနေ အိုးထရက်ဖို့ဒ်ကို ကြီးမားတဲ့အလားအလာနဲ့အတူ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပွဲဦးထွက်ရာသီ ပရီးမီးယားလိဂ်မှာ အထင်ကြီးဖွယ်ခြေစွမ်းတောက်လျှောက်ပြသခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ ခြေစွမ်းတိုးတက်မှုက ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန် တိုက်စစ်ပိုင်းမှာ အင်အားတောင့်တင်းနေတာကြောင့် မာစီယယ်လ်ဟာ ပွဲထွက်ခွင့် ပိုမိုဝေးကွာလာပြီး အာဆင်နယ်အသင်းအနေနဲ့ ၎င်းကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုကို ထိန်းသိမ်းထားသင့်တယ်လို့ ဖော်ပြမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ မာစီယယ်လ်အနေနဲ့ မြောက်လန်ဒန်ကလပ်အသင်းကို ပြောင်းရွှေ့မယ်ဆိုရင် တစ်ဆင့်နိမ့်သွားမှာလားလို့ ပါလ်မာကို မေးမြန်းခဲ့ရာမှာတော့ အဲဒီလို ယူဆလို့ မရနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ခင်ဗျား တစ်ဆင့်နိမ့်သွားတယ်ဆိုတာကို ဘယ်လိုမြင်တာလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ အားလုံးက အာတီတာကို ဒီရာသီ ပထမ ၃ ပတ်ပြီးရင် ထုတ်ခံရမယ်လို့ ထင်ခဲ့တယ်။ အခု သူ ၃ ပွဲဆက်နိုင်ထားခဲ့ပြီးပြီ။ အာဆင်နယ်က အသင်းကြီးတစ်သင်းဖြစ်တဲ့အတွက် အဲဒီကို ပြောင်းရင် တစ်ဆင့်နိမ့်သွားတယ််လို့ ပြောလို့မရပါဘူး”

“လူတွေက ဟုတ်ပြီ။ အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မှာလားလို့ တွေးပြီး ပြောကြတယ်။ ဟင့်အင်း။ ဒါပေမယ့် သူတို့ လူစာရင်းကို သွေးသစ်လောင်းဖို့နဲ့ပတ်သက်ပြီး အသင်းလူစာရင်းရဲ့ အသက်ကို လျှော့ချတာက အနာဂတ်အတွက် တည်ဆောက်နေတာပဲ။ မာစီယယ်လ်က လူငယ်ကစားသမားဖြစ်နေတုန်းပဲဆိုတော့ သူ မန်ချက်စတာယူနိုက်တက်မှာ ပွဲချိန်မရဘူးဆိုရင် အာဆင်နယ်က ရွေးချယ်စရာဖြစ်လာမှာပေါ့”

“ဒါပေမယ့် ခင်ဗျား အန်သိုနီ မာစီယယ်လ်လိုမျိုး အရမ်း ပါရမီရှိတဲ့ ကစားသမားမျိုးကို ခင်ဗျားရဲ့ ပြိုင်ဘက်အသင်းဆီကို ရောင်းမှာလား။ မရောင်းဖို့ပဲ များပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ပုံမွန္ပြဲကစားခ်ိန္မရွိျဖစ္ေနတဲ့ ဗန္ဒီဘိခ္နဲ႔ ပတၱျမားႏြံနစ္ျဖစ္ေနတဲ့ မာစီယယ္လ္တို႔ကို ေခၚယူသင့္တယ္လို႔ ေျပာၾကားျခင္းခံခဲ့ရၿပီး နည္းၿပ အာတီတာဟာ မန္စီးတီးမွာ ပုံမွန္ ပြဲထြက္ခြင့္မရျဖစ္ေနတဲ့ စတာလင္းကို ေခၚယူသြားဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ မန္စီးတီး ေတာင္ပံကစားသမားဟာ အီတီဟတ္မွာ ပုံမွန္ပြဲကစားသမားမဟုတ္ေတာ့တာေၾကာင့္ မေဝးလွတဲ့အနာဂတ္မွာ စိန္ေခၚမႈအသစ္ေတြကို ရွာေဖြဖို႔ အသင္းက ထြက္ခြာလိမ့္မယ္လို႔ တစ္ႀကိဳေပးျခင္းခံခဲ့ရသူျဖစ္ပါတယ္။ စတာလင္းဟာ ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံ ၄၉ ပြဲ ပါဝင္ကစားေပးခဲ့ေပမယ့္ ယခုရာသီမွာေတာ့ ေတာင္ပံေနရာအတြက္ ဂ်က္ ဂရီးလစ္ရွ္၊ မာရက္ဇ္နဲ႔ ဖာရန္ ေတာရက္စ္တို႔ ရွိေနတာေၾကာင့္ အရန္ခုံ ထိုင္ေနခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္နည္းၿပ အာတီတာက မန္စီးတီးနည္းျပအဖြဲ႕မွာ ရွိေနခဲ့တဲ့အခ်ိန္တုန္းက အဂၤလန္ၾကယ္ပြင့္နဲ႔ အလြန္ရင္းႏွီးတဲ့ ဆက္ဆံေရးမ်ိဳး ရွိခဲ့သူျဖစ္ၿပီး စတာလင္းကို ေျမာက္လန္ဒန္ကို ေခၚယူခ်င္တဲ့ဆႏၵရွိေနတယ္လို႔ Daily Star က ေဖာ္ျပခဲ့ပါတယ္။ စတာလင္းဟာ ၂၀၂၃ ခုႏွစ္မွာ မန္ခ်က္စတာစီးတီးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ေျပာဆိုေဆြးေႏြးမႈဟာလည္း တိုးတက္မႈ ေႏွးေကြးေနတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ အာဆင္နယ္အေနနဲ႔ ေနာက္ဆုံးမွာေတာ့ ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္အတြက္ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့တဲ့ မန္ခ်က္စတာစီးတီးေတာင္ပံၾကယ္ပြင့္ကို ေခၚယူသြားမလားဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာျဖစ္ၿပီး စတာလင္းဟာ ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္ ရရွိခဲ့တဲ့ ၂၀၁၆ ကေန ၂၀၁၉ ခုႏွစ္အတြင္း အာတီတာရဲ့ လမ္းညႊန္မႈေအာက္မွာ ကစားခဲ့ဖူးတဲ့ ကစားသမားျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္လည္း လိုကြန္ဂါကို ေခၚယူနိုင္ခဲ့သလို မာတင္ အိုဒီေဂါ့ကိုလည္း အၿပီးသတ္ ေခၚယူနိုင္ခဲ့တာေၾကာင့္ ဒတ္ခ်္ကစားသမားကို ေခၚယူဖို႔ ကိစၥဟာ အထမေျမာက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ အိုးထရက္ဖို႔ဒ္မွာ ပြဲကစားခ်ိန္အတြက္ ႐ုန္းကန္ေနရဆဲျဖစ္ၿပီး အာဆင္နယ္ပရိသတ္အခ်ိဳ႕က ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ ဖြင့္တဲ့အခ်ိန္က်ရင္ ဗန္ဒီဘိခ္ကို အမ္းမရိတ္စ္ကို ေခၚယူဖို႔ ႀကိဳးပမ္းသင့္တယ္လို႔ ထင္ျမင္ေနၾကတာျဖစ္ပါတယ္။ “အာဆင္နယ္အေနနဲ႔ အယ္လ္နန္နီနဲ႔ မိတ္လန္းနိုင္းစ္တို႔ကို လက္ေလၽွာ့ၿပီး ဘစ္ဆူးမားနဲ႔ ဗန္ဒီဘိခ္တို႔ကို ေခၚဖို႔ လိုအပ္ေနၿပီ”လို႔ ပရိသတ္တစ္ဦးက တြစ္တာမွာ မွတ္ခ်က္ေပးခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ မၾကာေသးမီက မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မႉး အန္သိုနီ မာစီယယ္လ္ကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့ၿပီး လိဒ္စ္ယူနိုက္တက္နဲ႔ ေဆာက္သမ္တန္ကစားသမားေဟာင္းျဖစ္တဲ့ ေဘာလုံးေဝဖန္သူ ကာလ္တန္ ပါလ္မာက ေကာလာဟလအေပၚ ၎ရဲ့ ထင္ျမင္ခ်က္ကို ေျပာၾကားခဲ့ပါတယ္။ ျပင္သစ္တိုက္စစ္မႉးဟာ မိုနာကိုကေန အိုးထရက္ဖို႔ဒ္ကို ႀကီးမားတဲ့အလားအလာနဲ႔အတူ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ပြဲဦးထြက္ရာသီ ပရီးမီးယားလိဂ္မွာ အထင္ႀကီးဖြယ္ေျခစြမ္းေတာက္ေလၽွာက္ျပသခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ေျခစြမ္းတိုးတက္မႈက ရပ္တန႔္သြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္ရွိအခ်ိန္ တိုက္စစ္ပိုင္းမွာ အင္အားေတာင့္တင္းေနတာေၾကာင့္ မာစီယယ္လ္ဟာ ပြဲထြက္ခြင့္ ပိုမိုေဝးကြာလာၿပီး အာဆင္နယ္အသင္းအေနနဲ႔ ၎ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားမႈကို ထိန္းသိမ္းထားသင့္တယ္လို႔ ေဖာ္ျပမႈေတြ ရွိေနခဲ့တာျဖစ္ပါတယ္။ မာစီယယ္လ္အေနနဲ႔ ေျမာက္လန္ဒန္ကလပ္အသင္းကို ေျပာင္းေရႊ႕မယ္ဆိုရင္ တစ္ဆင့္နိမ့္သြားမွာလားလို႔ ပါလ္မာကို ေမးျမန္းခဲ့ရာမွာေတာ့ အဲဒီလို ယူဆလို႔ မရနိုင္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ား တစ္ဆင့္နိမ့္သြားတယ္ဆိုတာကို ဘယ္လိုျမင္တာလဲဆိုတဲ့အေပၚမွာပဲ မူတည္တယ္။ အားလုံးက အာတီတာကို ဒီရာသီ ပထမ ၃ ပတ္ၿပီးရင္ ထုတ္ခံရမယ္လို႔ ထင္ခဲ့တယ္။ အခု သူ ၃ ပြဲဆက္နိုင္ထားခဲ့ၿပီးၿပီ။ အာဆင္နယ္က အသင္းႀကီးတစ္သင္းျဖစ္တဲ့အတြက္ အဲဒီကို ေျပာင္းရင္ တစ္ဆင့္နိမ့္သြားတယ္္လို႔ ေျပာလို႔မရပါဘူး”

“လူေတြက ဟုတ္ၿပီ။ အာဆင္နယ္က ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚနိုင္မွာလားလို႔ ေတြးၿပီး ေျပာၾကတယ္။ ဟင့္အင္း။ ဒါေပမယ့္ သူတို႔ လူစာရင္းကို ေသြးသစ္ေလာင္းဖို႔နဲ႔ပတ္သက္ၿပီး အသင္းလူစာရင္းရဲ့ အသက္ကို ေလၽွာ့ခ်တာက အနာဂတ္အတြက္ တည္ေဆာက္ေနတာပဲ။ မာစီယယ္လ္က လူငယ္ကစားသမားျဖစ္ေနတုန္းပဲဆိုေတာ့ သူ မန္ခ်က္စတာယူနိုက္တက္မွာ ပြဲခ်ိန္မရဘူးဆိုရင္ အာဆင္နယ္က ေရြးခ်ယ္စရာျဖစ္လာမွာေပါ့”

“ဒါေပမယ့္ ခင္ဗ်ား အန္သိုနီ မာစီယယ္လ္လိုမ်ိဳး အရမ္း ပါရမီရွိတဲ့ ကစားသမားမ်ိဳးကို ခင္ဗ်ားရဲ့ ၿပိဳင္ဘက္အသင္းဆီကို ေရာင္းမွာလား။ မေရာင္းဖို႔ပဲ မ်ားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.