Premier League

ပြုတ်စော်နံနေချိန်မှာ ဥုံဖွဟပ်ချလောင်းဆိုပြီး ရလဒ်ကောင်းတွေ ပြန်ယူပြနိုင်မယ်လို့ ယုံနေတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အိုးထရက်ဖို့ဒ်မှာ နောက်ထပ်ကြီးမားတဲ့ စိတ်ပျက်ဖွယ်ရလဒ် ရရှိခဲ့ပေမယ့်လည်း အသင်းရဲ့ ကံကြမ္မာကို ဟပ်ချလောင်းဆိုပြီး ပြောင်းလဲပစ်နိုင်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့စနေနေ့က အဲဗာတန်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာကြောင့် ဆိုးလ်ရှားဟာ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၄ ပွဲစလုံးမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ခဲ့ပြီး ဆိုးရွားတဲ့ ရလဒ်တွေရင်ဆိုင်ခဲ့ရတဲ့ ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ရဲ့နည်းပြအဖြစ် ဆက်ရှိနေမလားဆိုတာကို နိုင်ငံတကာအားလပ်ရက်အပြီးမှာ ဆုံးဖြတ်ဖို့အချိန်များစွာ ရှိလာမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်စတာ၊ လီဗာပူးလ်၊ စပါး၊ မန်ချက်စတာစီးတီးတို့အပြင် ချန်ပီယံလိဂ်မှာလည်း အတ္တလန္တာနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေက ဂန္တဝင်ကစားသမားအနေနဲ့ အသင်းကို တတ်နိုင်သလောက် လုပ်ပေးပြီးပြီလို့ ခံစားနေရပြီဖြစ်တာကြောင့် ဆိုးလ်ရှားဟာ ဖိအားတွေမြင့်တက်လာနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိုလေ ဂန်နာ ဆိုးလ်ရှားက ၎င်းနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ကြောက်ခမန်းလိလိ လူစာရင်းကနေ အကောင်းဆုံးပုံစံကို ရရှိအောင် ပြုလုပ်ပြီး ယူနိုက်တက်ကို ဖလားလမ်းကြောင်းပေါ် ပြန်လည်တွန်းတင်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ မန်ချက်စတာယူနိုက်တက် လူစာရင်းဆီကနေ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည် ရရှိအောင် လုပ်နိုင်မှာလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ဆိုးလ်ရှားက အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ဗုဒ္ဓဟူးနေ့ညပွဲအပြီးတုန်းက မေးခံခဲ့ရတဲ့ မေးခွန်းနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ ဒီလူစာရင်းထဲကနေ အကောင်းဆုံးတွေ ရအောင် လုပ်နိုင်မယ်လို့ အရမ်းကို ယုံကြည်ချက်ရှိနေပါတယ်။ ဒီလမှာ အများကြီး ဖြစ်ပျက်ခဲ့ပြီး ကျွန်တော်တို့ ရာဖေးလ်၊ ဂျေဒန်တို့နဲ့အတူ သြဂုတ်လကတည်းက အတူရှိခဲ့ပါတယ်။ ခရစ္စတီယာနိုနဲ့က စက်တင်ဘာကတည်းက အတူရှိခဲ့ပါတယ်”

“ကျွန်တော်တို့ လုပ်စရာတွေ တပုံကြီး ရှိနေပြီး တိုးတက်အောင်လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အဲဒါကို သိပါတယ်။ ကျွန်တော်လည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာရှိနေတဲ့ ဒီကစားသမားအစုအဖွဲ့နဲ့ နည်းပြအဖွဲ့ကို ယုံကြညမှုရှိပါတယ်။ အဲဒီတော့ တိုတိုတုတ်တုတ်ဖြေရရင် လုပ်နိုင်ပါတယ်”

“ဒီ ကစားသမားတွေ၊ ဒီနည်းပြအဖွဲ့ဝင်တွေနဲ့ ကျွန်တော်တို့ တစ်စုံတရာဖြစ်ပျက်တော့မယ်ဆိုတာကို ယုံကြည်ပါတယ်။ သက်သေကတော့ ပူတင်းထဲက အချိုမျိုးပဲ။ ကျွန်တော်တို့ ရလဒ်တွေ လိုအပ်ပြီး ခင်ဗျား အဲဒါကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ မနှစ်က မန်စီးတီး၊ တော့တင်ဟမ်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ခင်ဗျား မပြောနိုင်ပါဘူး။ ကျွန်တော်တို့ ဘယ်အသင်းနဲ့ပဲ ကစားကစား မိနစ် ၉၀ အတွင်းမှာ ကောင်းကောင်းကစားနိုင်အောင် လုပ်ရမှာပဲ”

“ဒါက စိန်ခေါ်မှုပဲ။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်က ပွဲစဉ်တိုင်းက အသင်းကောင်းတွေနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ပွဲကြီးပွဲကောင်းမို့လို့ပဲ။ မန်ချက်စတာယူနိုက်တက်က ငှက်ပျောသီးအခွံလိုပဲ။ ကြည့်လိုက်ရင် ဘာမှမဖြစ်သလိုနဲ့ တက်နင်းမိရင်တော့ နဖူးကွဲ ဒူးပြဲဖြစ်နိုင်တဲ့အသင်းဖြစ်တဲ့အတွက် ပွဲစဉ်တိုင်းကို ကျွန်တော်တို့ အနိုင်ရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက အိုးထရက္ဖို႔ဒ္မွာ ေနာက္ထပ္ႀကီးမားတဲ့ စိတ္ပ်က္ဖြယ္ရလဒ္ ရရွိခဲ့ေပမယ့္လည္း အသင္းရဲ့ ကံၾကမၼာကို ဟပ္ခ်ေလာင္းဆိုၿပီး ေျပာင္းလဲပစ္နိုင္တယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ၿပီးခဲ့တဲ့စေနေန႔က အဲဗာတန္အသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တာေၾကာင့္ ဆိုးလ္ရွားဟာ ေနာက္ဆုံးကစားခဲ့တဲ့ အိမ္ကြင္း ၄ ပြဲစလုံးမွာ ၁ ပြဲသာ အနိုင္ရရွိခဲ့တယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ခဲ့ၿပီး ဆိုးရြားတဲ့ ရလဒ္ေတြရင္ဆိုင္ခဲ့ရတဲ့ ဆိုးလ္ရွားအေနနဲ႔ ယူနိုက္တက္ရဲ့နည္းျပအျဖစ္ ဆက္ရွိေနမလားဆိုတာကို နိုင္ငံတကာအားလပ္ရက္အၿပီးမွာ ဆုံးျဖတ္ဖို႔အခ်ိန္မ်ားစြာ ရွိလာမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ လက္စတာ၊ လီဗာပူးလ္၊ စပါး၊ မန္ခ်က္စတာစီးတီးတို႔အျပင္ ခ်န္ပီယံလိဂ္မွာလည္း အတၱလႏၲာနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ယူနိုက္တက္ပရိသတ္ေတြက ဂႏၲဝင္ကစားသမားအေနနဲ႔ အသင္းကို တတ္နိုင္သေလာက္ လုပ္ေပးၿပီးၿပီလို႔ ခံစားေနရၿပီျဖစ္တာေၾကာင့္ ဆိုးလ္ရွားဟာ ဖိအားေတြျမင့္တက္လာေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိုေလ ဂန္နာ ဆိုးလ္ရွားက ၎နဲ႔ နည္းျပအဖြဲ႕ဝင္ေတြဟာ ေၾကာက္ခမန္းလိလိ လူစာရင္းကေန အေကာင္းဆုံးပုံစံကို ရရွိေအာင္ ျပဳလုပ္ၿပီး ယူနိုက္တက္ကို ဖလားလမ္းေၾကာင္းေပၚ ျပန္လည္တြန္းတင္ေပးမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ လက္ရွိ မန္ခ်က္စတာယူနိုက္တက္ လူစာရင္းဆီကေန ဒီထက္ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ ရရွိေအာင္ လုပ္နိုင္မွာလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ဆိုးလ္ရွားက အခုလိုပဲ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ဗုဒၶဟူးေန႔ညပြဲအၿပီးတုန္းက ေမးခံခဲ့ရတဲ့ ေမးခြန္းနဲ႔ အတူတူပါပဲ။ ကၽြန္ေတာ္တို႔ ဒီလူစာရင္းထဲကေန အေကာင္းဆုံးေတြ ရေအာင္ လုပ္နိုင္မယ္လို႔ အရမ္းကို ယုံၾကည္ခ်က္ရွိေနပါတယ္။ ဒီလမွာ အမ်ားႀကီး ျဖစ္ပ်က္ခဲ့ၿပီး ကၽြန္ေတာ္တို႔ ရာေဖးလ္၊ ေဂ်ဒန္တို႔နဲ႔အတူ ၾသဂုတ္လကတည္းက အတူရွိခဲ့ပါတယ္။ ခရစၥတီယာနိုနဲ႔က စက္တင္ဘာကတည္းက အတူရွိခဲ့ပါတယ္”

“ကၽြန္ေတာ္တို႔ လုပ္စရာေတြ တပုံႀကီး ရွိေနၿပီး တိုးတက္ေအာင္လုပ္ဖို႔ လိုပါတယ္။ ကၽြန္ေတာ္တို႔ အဲဒါကို သိပါတယ္။ ကၽြန္ေတာ္လည္း သိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္မွာရွိေနတဲ့ ဒီကစားသမားအစုအဖြဲ႕နဲ႔ နည္းျပအဖြဲ႕ကို ယုံၾကညမႈရွိပါတယ္။ အဲဒီေတာ့ တိုတိုတုတ္တုတ္ေျဖရရင္ လုပ္နိုင္ပါတယ္”

“ဒီ ကစားသမားေတြ၊ ဒီနည္းျပအဖြဲ႕ဝင္ေတြနဲ႔ ကၽြန္ေတာ္တို႔ တစ္စုံတရာျဖစ္ပ်က္ေတာ့မယ္ဆိုတာကို ယုံၾကည္ပါတယ္။ သက္ေသကေတာ့ ပူတင္းထဲက အခ်ိဳမ်ိဳးပဲ။ ကၽြန္ေတာ္တို႔ ရလဒ္ေတြ လိုအပ္ၿပီး ခင္ဗ်ား အဲဒါကို ေတြ႕ရပါလိမ့္မယ္။ ကၽြန္ေတာ္တို႔ မႏွစ္က မန္စီးတီး၊ ေတာ့တင္ဟမ္တို႔နဲ႔ ကစားခဲ့တဲ့ပြဲေတြမွာ ေကာင္းေကာင္း လုပ္နိုင္ခဲ့တယ္လို႔ ခင္ဗ်ား မေျပာနိုင္ပါဘူး။ ကၽြန္ေတာ္တို႔ ဘယ္အသင္းနဲ႔ပဲ ကစားကစား မိနစ္ ၉၀ အတြင္းမွာ ေကာင္းေကာင္းကစားနိုင္ေအာင္ လုပ္ရမွာပဲ”

“ဒါက စိန္ေခၚမႈပဲ။ ဘာလို႔လဲဆိုေတာ့ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္က ပြဲစဥ္တိုင္းက အသင္းေကာင္းေတြနဲ႔ ယွဥ္ၿပိဳင္ကစားရတဲ့ ပြဲႀကီးပြဲေကာင္းမို႔လို႔ပဲ။ မန္ခ်က္စတာယူနိုက္တက္က ငွက္ေပ်ာသီးအခြံလိုပဲ။ ၾကည့္လိုက္ရင္ ဘာမွမျဖစ္သလိုနဲ႔ တက္နင္းမိရင္ေတာ့ နဖူးကြဲ ဒူးျပဲျဖစ္နိုင္တဲ့အသင္းျဖစ္တဲ့အတြက္ ပြဲစဥ္တိုင္းကို ကၽြန္ေတာ္တို႔ အနိုင္ရလိမ့္မယ္လို႔ ေမၽွာ္မွန္းထားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.