Premier League

4 Oct နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးတိုက်စစ်မှူး တီမို ဗာနာက ရာသီသစ်ကို ခက်ခက်ခဲခဲ စတင်ခဲ့ရပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်မှာ အသင်းအတွက် နောက်ဆုံးမှာ ဂိုးပေါက်ရှာတွေ့ခဲ့တဲ့အတွက် ဝမ်းမြောက်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး အရင်ပွဲစဉ်တွေတုန်းက ပုံမှန်ပွဲထွက်ကစားခွင့် မရရှိခဲ့တဲ့အတွက် မလွယ်ကူခဲ့ဘူးလို့ ပြောကြားခဲ့။

-ဂျူဗင်တပ်ကြယ်ပွင့်နောက်ခံကစားသမား မက်သိုက် ဒီ လစ်ဟာ လာမယ့်နွေရာသီမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့မှာ မဟုတ်တာကြောင့် လန်ဒန်ကလပ်အသင်းအနေနဲ့ အခြားကစားသမားတစ်ဦးဦးအပေါ် စိတ်ဝင်စားမှု ပြောင်းလဲဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ ဂျာနယ်လစ် ပေါလ် ဘရောင်းက ပြောကြားခဲ့ပြီး လာမယ့်နွေရာသီမှာ ဒီ လစ်ရဲ့စာချုပ်လျော်ကြေး ပေါင် ၁၀၃ သန်းဟာ အသက်ဝင်လာမှာဖြစ်တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်မရှိဘူးလို့ ယုံကြည်နေ။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က သီယေဂို ဆေးလ်ဗားအနေနဲ့ ဘရာဇီးလ်အသင်းရဲ့ လာမယ့်ပွဲစဉ်မှာ ပါဝင်ကစားပေးသွားမှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပြီး ဘရာဇီးလ်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ဟာ အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်တာကြောင့် ၁၆ ရက်နေ့မှာ ဘရန့်တ်ဖို့ဒ်နဲ့ ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်ကို ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေတယ်လို့ သိရ။

-ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်က ပြီးခဲ့တဲ့နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဆာအူးလ် နီဂေ ကို စိတ်ပျက်ဖွယ် အငှားကစားသမားဘဝကာလအစကို ရင်ဆိုင်ခဲ့ရပြီးနောက် ပွဲထွက်ကစားသမားစာရင်းထဲမှာ ပြန်လည်ပါဝင်ကစားနိုင်အောင် အလုပ်ကြိုးစားဖို့ တောင်းဆိုခဲ့ပြီး ရူဘင် လော့ဖ်တက်-ချိခ်ရဲ့ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာမှုက အက်သလက်တီကို ကြယ်ပွင့်ကို ကွင်းလယ်နေရာမှာ ပွဲထွက်ခွင့်အတွက် နောက်ရောက်သွားစေခဲ့တာဖြစ်။

-အက်သလက်တီကို မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီး တိုက်စစ်မှူး တီမို ဗာနာကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်အသင်းတို့နဲ့အပြိုင် ကြိုးပမ်းသွားတော့မှာဖြစ်တယ်လို့ TransferMarketWeb က ဖော်ပြခဲ့ပြီး ချဲလ်ဆီးဟာ လူကာကူးနဲ့ ပွဲထွက်ခွင့်နေရာအတွက် ယှဉ်ပြိုင်နိုင်မယ့် တိုက်စစ်မှူးနောက်တစ်ယောက် လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဗာနာဟာ စတန်းဖို့ဒ် ဘရစ်ဂျ်မှာ လူပိုဖြစ်လာနိုင်တဲ့အတွက် အက်သလက်တီကို မက်ဒရစ်အသင်းက စိတ်ဝင်စားနေတယ်လိုု့ သိရ။

-ချဲလ်ဆီးအသင်းပရိသတ်တွေဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ နောက်ထပ်ရလဒ်ကောင်း ရယူပြီး ပုံစံကောင်းရရှိနေတဲ့ ဘရန့်တ်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်ပူပင်နေကြပြီး သောမတ်စ် ဖရန့်ခ်ရဲ့အသင်းဟာ လာမယ့်လိဂ်ပွဲစဉ်အဖြစ် အနောက်လန်ဒန်အိမ်နီးချင်းကလပ်နဲ့ပွဲစဉ်ကို အပေါင်းလက္ခဏာဆောင်တဲ့ စိတ်အခြေအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ချဲလ်ဆီးအသင်းသာ ပုံစံကောင်းမပြသနိုင်ခဲ့ဘူးဆိုရင် ရလဒ်ကောင်းတစ်ခုတောင် ထပ်မံပိုင်ဆိုင်သွားဖွယ် ရှိနေ။

-အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန် ရိုက်က နည်းပြ သောမတ်စ် တူဟယ်လက်အောက်မှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာနေတဲ့ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် လော့ဖ်တက်-ချိခ်ကို အထူးချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားရဲ့ ဝမ်းဗိုက်ထဲမှာ မီးတောက်တစ်ခု လောင်ကျွမ်းနေသလိုမျိုး အန္တရာယ်အရမ်းရှိတဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့။

-ကိုဗင်ထရီစီးတီးနည်းပြ မာ့ခ် ရော်ဘင်က ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ချဲလ်ဆီးအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အီယန် မတ်ဆန်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ချန်ပီယံရှစ် အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းနိုင်စေခဲ့တဲ့ ပွဲစဉ်အတွင်း မတ်ဆန်ရဲ့ နေရာယူပုံ၊ တိုက်စစ်ကစားပုံနဲ့ ဘောလုံး အပြိုင်လုယူပုံမှာ အလွန်ထူးချွန်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းပရိသတ်တွေဟာ ဆောက်သမ်တန်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ စနေနေ့ပွဲစဉ်အပြီးမှာ တောင်ပံကစားသမား အိုဒွိုင်းရဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး ၆၅ မိနစ်မှာ လူစားလဲလှယ်ခြင်းမခံရမီ ဂိုးသမား မန်ဒီထက်တောင် ဘောလုံးထိတွေ့မှုနည်းပါးခဲ့တာကြောင့် ရောင်းထုတ်ပစ်ဖို့ ပရိသတ်တွေရဲ့ ဒေါသတကြီး တောင်းဆိုခြင်းကို ခံခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:-ခ်ဲလ္ဆီးတိုက္စစ္မႉး တီမို ဗာနာက ရာသီသစ္ကို ခက္ခက္ခဲခဲ စတင္ခဲ့ရၿပီးေနာက္ ယခုရာသီ ပရီးမီးယားလိဂ္မွာ အသင္းအတြက္ ေနာက္ဆုံးမွာ ဂိုးေပါက္ရွာေတြ႕ခဲ့တဲ့အတြက္ ဝမ္းေျမာက္မႈကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အရင္ပြဲစဥ္ေတြတုန္းက ပုံမွန္ပြဲထြက္ကစားခြင့္ မရရွိခဲ့တဲ့အတြက္ မလြယ္ကူခဲ့ဘူးလို႔ ေျပာၾကားခဲ့။

-ဂ်ဴဗင္တပ္ၾကယ္ပြင့္ေနာက္ခံကစားသမား မက္သိုက္ ဒီ လစ္ဟာ လာမယ့္ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕မွာ မဟုတ္တာေၾကာင့္ လန္ဒန္ကလပ္အသင္းအေနနဲ႔ အျခားကစားသမားတစ္ဦးဦးအေပၚ စိတ္ဝင္စားမႈ ေျပာင္းလဲဖို႔ ျပင္ဆင္ေနၿပီျဖစ္တယ္လို႔ ဂ်ာနယ္လစ္ ေပါလ္ ဘေရာင္းက ေျပာၾကားခဲ့ၿပီး လာမယ့္ေႏြရာသီမွာ ဒီ လစ္ရဲ့စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၁၀၃ သန္းဟာ အသက္ဝင္လာမွာျဖစ္တာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖြယ္မရွိဘူးလို႔ ယုံၾကည္ေန။

-ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က သီေယဂို ေဆးလ္ဗားအေနနဲ႔ ဘရာဇီးလ္အသင္းရဲ့ လာမယ့္ပြဲစဥ္မွာ ပါဝင္ကစားေပးသြားမွာျဖစ္တယ္လို႔ အတည္ျပဳေျပာၾကားခဲ့ၿပီး ဘရာဇီးလ္ရဲ့ကမၻာ့ဖလားေျခစစ္ပြဲစဥ္ဟာ ေအာက္တိုဘာ ၁၅ ရက္ေန႔မွာ ၿပီးဆုံးမွာျဖစ္တာေၾကာင့္ ၁၆ ရက္ေန႔မွာ ဘရန႔္တ္ဖို႔ဒ္နဲ႔ ကစားရမယ့္ လန္ဒန္ဒါဘီပြဲစဥ္ကို ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ေနတယ္လို႔ သိရ။

-ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္က ၿပီးခဲ့တဲ့ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ဆာအူးလ္ နီေဂ ကို စိတ္ပ်က္ဖြယ္ အငွားကစားသမားဘဝကာလအစကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ ပြဲထြက္ကစားသမားစာရင္းထဲမွာ ျပန္လည္ပါဝင္ကစားနိုင္ေအာင္ အလုပ္ႀကိဳးစားဖို႔ ေတာင္းဆိုခဲ့ၿပီး ႐ူဘင္ ေလာ့ဖ္တက္-ခ်ိခ္ရဲ့ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိလာမႈက အက္သလက္တီကို ၾကယ္ပြင့္ကို ကြင္းလယ္ေနရာမွာ ပြဲထြက္ခြင့္အတြက္ ေနာက္ေရာက္သြားေစခဲ့တာျဖစ္။

-အက္သလက္တီကို မက္ဒရစ္အသင္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ခ်ဲလ္ဆီး တိုက္စစ္မႉး တီမို ဗာနာကို ေခၚယူဖို႔အတြက္ ဘိုင္ယန္ျမဴးနစ္၊ ေဒါ့မြန္အသင္းတို႔နဲ႔အၿပိဳင္ ႀကိဳးပမ္းသြားေတာ့မွာျဖစ္တယ္လို႔ TransferMarketWeb က ေဖာ္ျပခဲ့ၿပီး ခ်ဲလ္ဆီးဟာ လူကာကူးနဲ႔ ပြဲထြက္ခြင့္ေနရာအတြက္ ယွဥ္ၿပိဳင္နိုင္မယ့္ တိုက္စစ္မႉးေနာက္တစ္ေယာက္ လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔ သတင္းေတြထြက္ေပၚေနတာေၾကာင့္ ဗာနာဟာ စတန္းဖို႔ဒ္ ဘရစ္ဂ်္မွာ လူပိုျဖစ္လာနိုင္တဲ့အတြက္ အက္သလက္တီကို မက္ဒရစ္အသင္းက စိတ္ဝင္စားေနတယ္လိုု႔ သိရ။

-ခ်ဲလ္ဆီးအသင္းပရိသတ္ေတြဟာ ဝက္စ္ဟမ္းနဲ႔ပြဲစဥ္မွာ ေနာက္ထပ္ရလဒ္ေကာင္း ရယူၿပီး ပုံစံေကာင္းရရွိေနတဲ့ ဘရန႔္တ္ဖို႔ဒ္အသင္းနဲ႔ ရင္ဆိုင္ရမွာကို စိုးရိမ္ပူပင္ေနၾကၿပီး ေသာမတ္စ္ ဖရန႔္ခ္ရဲ့အသင္းဟာ လာမယ့္လိဂ္ပြဲစဥ္အျဖစ္ အေနာက္လန္ဒန္အိမ္နီးခ်င္းကလပ္နဲ႔ပြဲစဥ္ကို အေပါင္းလကၡဏာေဆာင္တဲ့ စိတ္အေျခအေနနဲ႔ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းသာ ပုံစံေကာင္းမျပသနိုင္ခဲ့ဘူးဆိုရင္ ရလဒ္ေကာင္းတစ္ခုေတာင္ ထပ္မံပိုင္ဆိုင္သြားဖြယ္ ရွိေန။

-အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉး အီယန္ ရိုက္က နည္းၿပ ေသာမတ္စ္ တူဟယ္လက္ေအာက္မွာ အေကာင္းဆုံးပုံစံ ျပန္လည္ရရွိလာေနတဲ့ ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ေလာ့ဖ္တက္-ခ်ိခ္ကို အထူးခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး အဂၤလန္ကြင္းလယ္ကစားသမားရဲ့ ဝမ္းဗိုက္ထဲမွာ မီးေတာက္တစ္ခု ေလာင္ကၽြမ္းေနသလိုမ်ိဳး အႏၲရာယ္အရမ္းရွိတဲ့ ကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-ကိုဗင္ထရီစီးတီးနည္းၿပ မာ့ခ္ ေရာ္ဘင္က ဖူလ္ဟမ္အသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ခ်ဲလ္ဆီးအသင္းကေန အငွားနဲ႔ လာေရာက္ကစားေနတဲ့ အီယန္ မတ္ဆန္ရဲ့စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ၿပီး ခ်န္ပီယံရွစ္ အမွတ္ေပးဇယား အဆင့္ ၃ ေနရာကို တက္လွမ္းနိုင္ေစခဲ့တဲ့ ပြဲစဥ္အတြင္း မတ္ဆန္ရဲ့ ေနရာယူပုံ၊ တိုက္စစ္ကစားပုံနဲ႔ ေဘာလုံး အၿပိဳင္လုယူပုံမွာ အလြန္ထူးခၽြန္တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းပရိသတ္ေတြဟာ ေဆာက္သမ္တန္အသင္းကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ စေနေန႔ပြဲစဥ္အၿပီးမွာ ေတာင္ပံကစားသမား အိုဒြိဳင္းရဲ့ စြမ္းေဆာင္ရည္ကို ျပစ္တင္ေဝဖန္ခဲ့ၾကၿပီး ၆၅ မိနစ္မွာ လူစားလဲလွယ္ျခင္းမခံရမီ ဂိုးသမား မန္ဒီထက္ေတာင္ ေဘာလုံးထိေတြ႕မႈနည္းပါးခဲ့တာေၾကာင့္ ေရာင္းထုတ္ပစ္ဖို႔ ပရိသတ္ေတြရဲ့ ေဒါသတႀကီး ေတာင္းဆိုျခင္းကို ခံခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.