Premier League

အင္တာမီလန္၊ ရီးရဲလ္မက္ဒရစ္တုိ႔နဲ႔ သတင္းေတြကို တုံ႔ျပန္သြားခဲ့တဲ့ အေဂြ႐ိုရဲ႕ ေအးဂ်င့္

မန္ခ်က္စတာစီးတီးအသင္းတုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုရဲ႕ ေအးဂ်င့္ျဖစ္သူအေနနဲ႔ သူ႕ရဲ႕ကစားသမားဟာ အင္တာမီလန္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြကို ေျပာင္းေရႊ႕ဖို႔ ခ်ိတ္ဆက္ေနတယ္ဆုိတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး တုံ႔ျပန္ပယ္ခ်သြားခဲ့ပါတယ္။

၂၀၂၁ ေႏြရာသီမွ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမယ့္ ဒီအာဂ်င္တီးနားဝါရင့္တုိက္စစ္မွဴးဟာ မန္စီးတီးအသင္းအတြက္ ပရီးမီးယားလိဂ္ ၂၆၁ ပြဲမွာ ဂိုးေပါင္း ၁၈၀ ရရွိထားသူျဖစ္ၿပီး အသင္းအတြက္ ၿပဳိင္ပြဲစုံမွာ ၂၅၄ ဂိုး သြင္းယူထားသလို ဥေရာပအသင္းႀကီးေတြရဲ႕ အလိုခ်င္ဆုံးတုိက္စစ္မွဴး အျဖစ္ကေန ေလ်ာက်ျခင္းမရွိေသးသူလည္းျဖစ္ပါတယ္။

အင္တာမီလန္နဲ႔ ရီးရဲလ္မက္ဒရစ္တုိ႔အေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္တစ္ႏွစ္သာ က်န္ေတာ့မယ့္ အသက္ ၃၁ ႏွစ္အရြယ္ တုိက္စစ္မွဴးကို မၾကာခင္မွာ ကမ္းလွမ္းသြားဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာကို အေဂြ႐ိုအေနနဲ႔ ဒီမွာပဲ ေပ်ာ္ေနတယ္လို႔ ေအးဂ်င့္ျဖစ္သူ ဟာနန္ ရီဂြဲရားက တုံ႔ျပန္သြားခဲ့တာပါ။

“ဆာဂ်ီယိုမွာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ၂၀၂၁ ခုႏွစ္အထိ စာခ်ဳပ္ရွိေနပါတယ္။ မၾကာခင္မွာ အသင္းေျပာင္းေရႊ႕ဖို႔ဆုိတာမ်ဳိးလည္း မရွိတာ အမွန္ပါပဲ။ ဘာေတြ ျဖစ္လာမလဲ ခင္ဗ်ားတုိ႔ ျမင္ရမွာျဖစ္ၿပီး ကၽြန္ေတာ္ကေတာ့ အင္တာနဲ႔ စကားမေျပာဖူးသလို အေဂြ႐ိုကိုလည္း ဒီမွာပဲ ေတြ႕ရမွာပါ။ သူက စီးတီးကစားသမားတစ္ဦးအျဖစ္ ေပ်ာ္ရႊင္ေနပါတယ္”လို႔ ေအးဂ်င့္က ဆုိပါတယ္။

လာမယ့္ဇြန္လမွာ အသက္ ၃၂ ႏွစ္ျပည့္ေျမာက္မယ့္ အေဂြ႐ိုအေနနဲ႔ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ အသက္ ၃၃ ႏွစ္အရြယ္ ရွိေနမွာျဖစ္ၿပီး သူကေတာ့ လူငယ္ဘဝအသင္းျဖစ္တဲ့ အင္ဒီပန္းဒီးယန္႔ေတးကို ဒီအသင္းကေန ထြက္ခြာျဖစ္ရင္ ဦးစားေပးအျဖစ္နဲ႔ စဥ္းစားခ်င္ေၾကာင္း ဆုိထားၿပီး စာခ်ဳပ္သစ္ မခ်ဳပ္ျဖစ္ရင္ေတာ့ ၂၀၂၁ ရာသီကုန္မွာ သူ႕ကို အာဂ်င္တီးနားျပန္တာ ျမင္ရဖို႔ ခန္႔မွန္းေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းတိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ အေးဂျင့်ဖြစ်သူအနေနဲ့ သူ့ရဲ့ကစားသမားဟာ အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ပယ်ချသွားခဲ့ပါတယ်။

၂၀၂၁ နွေရာသီမှ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဒီအာဂျင်တီးနားဝါရင့်တိုက်စစ်မှူးဟာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ၂၆၁ ပွဲမှာ ဂိုးပေါင်း ၁၈၀ ရရှိထားသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၅၄ ဂိုး သွင်းယူထားသလို ဥရောပအသင်းကြီးတွေရဲ့ အလိုချင်ဆုံးတိုက်စစ်မှူး အဖြစ်ကနေ လျောကျခြင်းမရှိသေးသူလည်းဖြစ်ပါတယ်။

အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်တို့အနေနဲ့ အသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်တော့မယ့် အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးကို မကြာခင်မှာ ကမ်းလှမ်းသွားဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာကို အဂွေရိုအနေနဲ့ ဒီမှာပဲ ပျော်နေတယ်လို့ အေးဂျင့်ဖြစ်သူ ဟာနန် ရီဂွဲရားက တုံ့ပြန်သွားခဲ့တာပါ။

“ဆာဂျီယိုမှာ မန်ချက်စတာစီးတီးအသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်ရှိနေပါတယ်။ မကြာခင်မှာ အသင်းပြောင်းရွှေ့ဖို့ဆိုတာမျိုးလည်း မရှိတာ အမှန်ပါပဲ။ ဘာတွေ ဖြစ်လာမလဲ ခင်ဗျားတို့ မြင်ရမှာဖြစ်ပြီး ကျွန်တော်ကတော့ အင်တာနဲ့ စကားမပြောဖူးသလို အဂွေရိုကိုလည်း ဒီမှာပဲ တွေ့ရမှာပါ။ သူက စီးတီးကစားသမားတစ်ဦးအဖြစ် ပျော်ရွှင်နေပါတယ်”လို့ အေးဂျင့်က ဆိုပါတယ်။

လာမယ့်ဇွန်လမှာ အသက် ၃၂ နှစ်ပြည့်မြောက်မယ့် အဂွေရိုအနေနဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ အသက် ၃၃ နှစ်အရွယ် ရှိနေမှာဖြစ်ပြီး သူကတော့ လူငယ်ဘဝအသင်းဖြစ်တဲ့ အင်ဒီပန်းဒီးယန့်တေးကို ဒီအသင်းကနေ ထွက်ခွာဖြစ်ရင် ဦးစားပေးအဖြစ်နဲ့ စဉ်းစားချင်ကြောင်း ဆိုထားပြီး စာချုပ်သစ် မချုပ်ဖြစ်ရင်တော့ ၂၀၂၁ ရာသီကုန်မှာ သူ့ကို အာဂျင်တီးနားပြန်တာ မြင်ရဖို့ ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.