Premier League Serie A

ေပါင္ ၂၇ သန္းတန္ ကြင္းလယ္လူရဲ႕ ေအးဂ်င့္နဲ႔ ယူႏုိက္တက္ ေတြ႕ဆုံေဆြးေႏြးေန

မန္ခ်က္စတာယူႏုိက္တက္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ဂ်ဴဗင္တပ္စ္အသင္းဘက္က တန္ေၾကး ေပါင္ ၂၇ သန္း သတ္မွတ္ထားတဲ့ ကြင္းလယ္လူ အက္ဒရီယင္ အာရ္ဗ်ဳိ(ရာဘီေယာ့)ကို ေခၚယူဖို႔ သူ႕ဘက္က ေအးဂ်င့္အျဖစ္ ေဆာင္ရြက္ေနတဲ့ မိခင္ျဖစ္သူ ဗာ႐ိုနိခ္ အာရ္ဗ်ဳိနဲ႔ ေတြ႕ဆုံေဆြးေႏြးေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

အာဆင္နယ္၊ အဲဗာတန္တုိ႔နဲ႔လည္း ေကာလဟာလေတြ ထြက္ေနတဲ့ ဒီကစားသမားဟာ နည္းျပ ေမာ္ရီဇီယို ဆာရီရဲ႕ ကစားကြက္မွာေတာ့ ေကာင္းေကာင္း အံမဝင္ဘဲ အီတလီေျမမွာ ႐ုန္းကန္ေနရသလို ေျမာက္လန္ဒန္ကို ေရာက္လုနီးပါးျဖစ္ၿပီးမွာ ေငြေၾကးအတြက္ ဂ်ဴဗင္တပ္စ္ကို ေရြးခ်ယ္ခဲ့ၿပီးေနာက္မွာ ခုလိုမ်ဳိး ႀကဳံေတြ႕ေနရတာလည္းျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ကြင္းလယ္လူဟာ လက္ရွိအခ်ိန္မွာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ မေျပလည္ဘူးလို႔ပါ အီတလီအေျခစိုက္သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကၿပီး ကိုဗစ္-၁၉ ေၾကာင့္ သူ႕ကို ေပးဖို႔ရွိတဲ့ လစာေငြ ေပါင္ ၂၈ သန္းရဲ႕ တစ္စိတ္တစ္ပုိင္းကို ျဖတ္ေတာက္ခံရတာကို မေက်နပ္လို႔ ဆႏၵျပေနတယ္လို႔လည္း ဆုိပါတယ္။

ယူႏုိက္တက္တာဝန္ရွိသူေတြအေနနဲ႔ေတာ့ ဒီျပင္သစ္ကြင္းလယ္ကစားသမားကို အသည္းအသန္ အလိုရွိတဲ့ အေနအထားမဟုတ္ေပမယ့္လည္း ေပါ့ဘာကို ဂ်ဴဗင္တပ္စ္ဆီ ေရာင္းခ်ရင္ ျပန္လည္အလိုက္ေပးႏုိင္တဲ့သူျဖစ္လို႔ ႀကဳိတင္ေဆြးေႏြးထားတာလည္းျဖစ္ႏုိင္ၿပီး ႐ုန္းကန္ေနရတဲ့ ကစားသမားကေတာ့ အီတလီမွာ သိပ္ေပ်ာ္ရႊင္ပုံေတာ့ မရတာလည္းျဖစ္ပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳေၾကာင့္ အားလုံး ဝင္ေငြေတြ က်ဆင္းေနၾကခ်ိန္မွာ ေပါင္ ၇ သန္း ျဖတ္ေတာက္ခံခဲ့ရတဲ့ အာရ္ဗ်ဳိအေနနဲ႔ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနတယ္လုိ႔လည္း သိရၿပီး ပီအက္စ္ဂ်ီမွာ လက္တြဲခဲ့ဖူးတဲ့ အဲဗာတန္နည္းျပ ကာလို အန္ဆယ္ေလာ့တီက ပူးေပါင္းႏိုင္ဖို႔ ႀကဳိးစားေနသလို အာဆင္နယ္အသင္းကလည္း ေစာင့္ၾကည့္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ ဂျူဗင်တပ်စ်အသင်းဘက်က တန်ကြေး ပေါင် ၂၇ သန်း သတ်မှတ်ထားတဲ့ ကွင်းလယ်လူ အက်ဒရီယင် အာရ်ဗျို(ရာဘီယော့)ကို ခေါ်ယူဖို့ သူ့ဘက်က အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ မိခင်ဖြစ်သူ ဗာရိုနိခ် အာရ်ဗျိုနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

အာဆင်နယ်၊ အဲဗာတန်တို့နဲ့လည်း ကောလဟာလတွေ ထွက်နေတဲ့ ဒီကစားသမားဟာ နည်းပြ မော်ရီဇီယို ဆာရီရဲ့ ကစားကွက်မှာတော့ ကောင်းကောင်း အံမဝင်ဘဲ အီတလီမြေမှာ ရုန်းကန်နေရသလို မြောက်လန်ဒန်ကို ရောက်လုနီးပါးဖြစ်ပြီးမှာ ငွေကြေးအတွက် ဂျူဗင်တပ်စ်ကို ရွေးချယ်ခဲ့ပြီးနောက်မှာ ခုလိုမျိုး ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူဟာ လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ မပြေလည်ဘူးလို့ပါ အီတလီအခြေစိုက်သတင်းဌာနတွေက ဖော်ပြခဲ့ကြပြီး ကိုဗစ်-၁၉ ကြောင့် သူ့ကို ပေးဖို့ရှိတဲ့ လစာငွေ ပေါင် ၂၈ သန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ခံရတာကို မကျေနပ်လို့ ဆန္ဒပြနေတယ်လို့လည်း ဆိုပါတယ်။

ယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့တော့ ဒီပြင်သစ်ကွင်းလယ်ကစားသမားကို အသည်းအသန် အလိုရှိတဲ့ အနေအထားမဟုတ်ပေမယ့်လည်း ပေါ့ဘာကို ဂျူဗင်တပ်စ်ဆီ ရောင်းချရင် ပြန်လည်အလိုက်ပေးနိုင်တဲ့သူဖြစ်လို့ ကြိုတင်ဆွေးနွေးထားတာလည်းဖြစ်နိုင်ပြီး ရုန်းကန်နေရတဲ့ ကစားသမားကတော့ အီတလီမှာ သိပ်ပျော်ရွှင်ပုံတော့ မရတာလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အားလုံး ဝင်ငွေတွေ ကျဆင်းနေကြချိန်မှာ ပေါင် ၇ သန်း ဖြတ်တောက်ခံခဲ့ရတဲ့ အာရ်ဗျိုအနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပြီး ပီအက်စ်ဂျီမှာ လက်တွဲခဲ့ဖူးတဲ့ အဲဗာတန်နည်းပြ ကာလို အန်ဆယ်လော့တီက ပူးပေါင်းနိုင်ဖို့ ကြိုးစားနေသလို အာဆင်နယ်အသင်းကလည်း စောင့်ကြည့်နေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.