Premier League

ေတာ္ရဲရားကို အာဆင္နယ္ပရိသတ္ေတြက အသင္းမွာ ဆက္လက္ရွိေနေစခ်င္

အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားရဲ႕ ေအးဂ်င့္အေနနဲ႔ သူ႕ကစားသမားကို အီတလီျပန္ပုိ႔ေတာ့မယ္လို႔ ဆုိေနေပမယ့္ ပရိသတ္ေတြကေတာ့ ေနာက္ဆုံးေတြ႕ျမင္ခဲ့ရတဲ့ ဥ႐ုေဂြးသားရဲ႕ ပုံကို ျမင္ရအၿပီးမွာ အသင္းနဲ႔အတူ ေျမာက္လန္ဒန္မွာ ဆက္လက္ရွိေနေစဖို႔ ေတာင္းဆုိခဲ့ၾကတယ္လုိ႔ သိရပါတယ္။

ကြင္းလယ္အဖ်က္ပုိင္းမွာ အားကိုးရတဲ့ ၾကယ္ပြင့္တစ္ပြင့္ျဖစ္ၿပီး အာဆင္နယ္အသင္းရဲ႕ ပရိသတ္အခ်စ္ေတာ္ျဖစ္လာခဲ့တဲ့ ကစားသမားအေနနဲ႔ သူ႕ရဲ႕ ေသးငယ္တဲ့ ကိုယ္လုံးကိုယ္ထည္ေၾကာင့္ မၾကာခဏ ေဝဖန္ခံခဲ့ရၿပီး ဒီအတြက္လည္း ဒဏ္ရာေတြ အနည္းနဲ႔အမ်ား ရရွိလာတာမို႔ ပရိသတ္ေတြက အီတလီျပန္ခ်င္ျပန္ဖို႔ကို နားလည္ေပးထားခဲ့ၾကတာလည္းျဖစ္ပါတယ္။

ေနာက္ဆုံးေတြ႕ျမင္ခဲ့ရတဲ့ ပုံမွာေတာ့ ေျခက်င္းဝတ္အ႐ိုးအက္သြားတဲ့ ဒဏ္ရာကေန သက္သာလာတဲ့ ေတာ္ရဲရားရဲ႕ ဒီၾကားထဲမွာ မယုံႏိုင္စရာ ဖြံ႕ၿဖဳိးတုိးတက္လာတဲ့ ကိုယ္လုံးကိုယ္ထည္ကို သတိျပဳမိခဲ့ရၿပီး ေက်နပ္သေဘာက်ေနတဲ့ ပရိသတ္ေတြက အသင္းမွာ ဆက္ကစားေပးဖို႔ ေတာင္းဆုိခဲ့ၾကတာပါ။

အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူရဲ႕ တြစ္တာမွာ တင္ခဲ့တဲ့ ပုံမွာေတာ့ သူရရွိထားတဲ့ တစ္ဦးခ်င္း ဆုတံဆိပ္ေတြနဲ႔ အထက္ပုိင္းဗလာပုံကို ၾကြက္သားေတြနဲ႔ ျပသခဲ့တာျဖစ္ၿပီး သူက “I’m Back”လို႔ ေရးသားသြားခဲ့သလို ပရိသတ္ေတြရဲ႕ အားေပးတုံ႔ျပန္မွဳေတြကိုလည္း ခ်က္ခ်င္းဆုိသလိုပဲ ရရွိခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြအေနနဲ႔ ေတာ္ရဲရားကို အသင္းမွာ ရွိေနေစဖို႔နဲ႔ အျမဲတမ္း ပြဲထြက္ကစားေပးေစဖို႔ အလိုရွိတယ္လို႔ ဆုိခဲ့ၾကၿပီး ေအးဂ်င့္ရဲ႕ အ႐ူးခ်ီးပန္းစကားေတြ ဘာေျပာေျပာ မင္းကို ငါတုိ႔ ခ်စ္တာမို႔ ဆက္ရွိေနေပးပါလို႔ ေျပာခဲ့ၾကသလို စကိုင္းစပုိ႔စ္ရဲ႕ အီတလီသတင္းေထာက္ ဂ်န္လူကာ ဒီမာဇီယိုကေတာ့ ဥ႐ုေဂြးသားအေနနဲ႔ ဘယ္တုန္းကမွ ေအစီမီလန္ေျပာင္းမယ္လုိ႔ ဖိအားေပးခဲ့တာမ်ဳိး မရွိဖူးလို႔ အသင္းမွာ ဆက္ရွိေနႏုိင္တယ္လို႔ ခန္႔မွန္းထားေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားရဲ့ အေးဂျင့်အနေနဲ့ သူ့ကစားသမားကို အီတလီပြန်ပို့တော့မယ်လို့ ဆိုနေပေမယ့် ပရိသတ်တွေကတော့ နောက်ဆုံးတွေ့မြင်ခဲ့ရတဲ့ ဥရုဂွေးသားရဲ့ ပုံကို မြင်ရအပြီးမှာ အသင်းနဲ့အတူ မြောက်လန်ဒန်မှာ ဆက်လက်ရှိနေစေဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ကွင်းလယ်အဖျက်ပိုင်းမှာ အားကိုးရတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ပရိသတ်အချစ်တော်ဖြစ်လာခဲ့တဲ့ ကစားသမားအနေနဲ့ သူ့ရဲ့ သေးငယ်တဲ့ ကိုယ်လုံးကိုယ်ထည်ကြောင့် မကြာခဏ ဝေဖန်ခံခဲ့ရပြီး ဒီအတွက်လည်း ဒဏ်ရာတွေ အနည်းနဲ့အများ ရရှိလာတာမို့ ပရိသတ်တွေက အီတလီပြန်ချင်ပြန်ဖို့ကို နားလည်ပေးထားခဲ့ကြတာလည်းဖြစ်ပါတယ်။

နောက်ဆုံးတွေ့မြင်ခဲ့ရတဲ့ ပုံမှာတော့ ခြေကျင်းဝတ်အရိုးအက်သွားတဲ့ ဒဏ်ရာကနေ သက်သာလာတဲ့ တော်ရဲရားရဲ့ ဒီကြားထဲမှာ မယုံနိုင်စရာ ဖွံ့ဖြိုးတိုးတက်လာတဲ့ ကိုယ်လုံးကိုယ်ထည်ကို သတိပြုမိခဲ့ရပြီး ကျေနပ်သဘောကျနေတဲ့ ပရိသတ်တွေက အသင်းမှာ ဆက်ကစားပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူရဲ့ တွစ်တာမှာ တင်ခဲ့တဲ့ ပုံမှာတော့ သူရရှိထားတဲ့ တစ်ဦးချင်း ဆုတံဆိပ်တွေနဲ့ အထက်ပိုင်းဗလာပုံကို ကြွက်သားတွေနဲ့ ပြသခဲ့တာဖြစ်ပြီး သူက “I’m Back”လို့ ရေးသားသွားခဲ့သလို ပရိသတ်တွေရဲ့ အားပေးတုံ့ပြန်မှုတွေကိုလည်း ချက်ချင်းဆိုသလိုပဲ ရရှိခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ တော်ရဲရားကို အသင်းမှာ ရှိနေစေဖို့နဲ့ အမြဲတမ်း ပွဲထွက်ကစားပေးစေဖို့ အလိုရှိတယ်လို့ ဆိုခဲ့ကြပြီး အေးဂျင့်ရဲ့ အရူးချီးပန်းစကားတွေ ဘာပြောပြော မင်းကို ငါတို့ ချစ်တာမို့ ဆက်ရှိနေပေးပါလို့ ပြောခဲ့ကြသလို စကိုင်းစပို့စ်ရဲ့ အီတလီသတင်းထောက် ဂျန်လူကာ ဒီမာဇီယိုကတော့ ဥရုဂွေးသားအနေနဲ့ ဘယ်တုန်းကမှ အေစီမီလန်ပြောင်းမယ်လို့ ဖိအားပေးခဲ့တာမျိုး မရှိဖူးလို့ အသင်းမှာ ဆက်ရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြောင်းလည်း သိရှိရပါတယ်။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.