Analysis Premier League

ဝတ်ဖို့ဒ်နဲ့အတူ လေးစားခံရဖို့ ရာနီရေးရီ လုပ်ဆောင်နိုင်မှာလား

ချဲလ်ဆီးနဲ့ လက်စတာစီးတီးနည်းပြဟောင်း ကလော်ဒီယို ရာနီရေးရီအနေနဲ့ အောက်တိုဘာ ၄ ရက်နေ့မှာ ဝတ်ဖို့ဒ်အသင်းရဲ့ နည်းပြသစ်အဖြစ် အသင်းက ထုတ်ပယ်ထားတဲ့ ဇစ္စကို မူညော့ဇ်နေရာမှာ အစားထိုးခန့်အပ်ခံလိုက်ရပြီဖြစ်ပြီး သူ့ရဲ့ ပရီးမီးယားလိဂ်မှာ အနိမ့်အမြင့် အတက်အကျတွေကို မှတ်တမ်းဆက်လက်ရေးထိုးသွားဖို့ ဖြစ်လာခဲ့ပါတယ်။

အီတလီလုပ်ငန်းရှင် ဂျီနို ပေါ့ဇို ပိုင်ဆိုင်ထားတဲ့ ဝတ်ဖို့ဒ်အသင်းဟာ အီတလီက နည်းပြတွေကို သုံးစွဲဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့ အသင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်က အသင်းကို လွှဲပြောင်းဝယ်ယူစဉ်မှာ ဂျန်ဖရန်ကို ဇိုလာနဲ့ စဖွင့်ခဲ့သလို ဂျူဆက်ပီ ဆန်နီနို၊ ဝေါ်လ်တာ မက်ဇာရီတို့ကိုလည်း ခန့်အပ်ဖူးခဲ့ပြီး ရာနီရေးရီကတော့ စတုတ္ထမြောက် အီတလီသားဖြစ်လာခဲ့ပါတယ်။

စီးရီးအေကလပ် အူဒီနီးစီးကို ပိုင်ဆိုင်ထားပြီး လာလီဂါကလပ် ဂရန်နာဒါကိုလည်း ၂၀၁၆ အထိ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ပေါ့ဇိုဟာ စပိန်နည်းပြတွေကို အသင်းမှာ ခေါ်ယူခဲ့ပေမယ့် အီတလီနည်းပြတွေလောက်ကို တစ်ယောက်မှ မအောင်မြင်ခဲ့သလို အော်စကာ ဂါစီယာ၊ ကီကေး ဆန်ချက်ဇ်၊ ဟာဗီ ဂါစီယာ၊ ဇစ္စကို မူညော့ဇ်တို့ လေးဦးဟာ အသင်းကို ချန်ပီယံရှစ်ကနေ တန်းတက်အောင် စွမ်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အိုးနင်းခွက်နင်းပဲဖြစ်ခဲ့ကြတာပါ။

နည်းပြတွေကို တစ်နှစ်ထက်ပိုပြီး အချိန်ပေးလေ့မရှိတဲ့ ပေါ့ဇိုဟာ ရာနီရေးရီကိုတော့ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့သလို အီတလီနိုင်ငံတော်ရဲ့ တတိယအဆင့် သူရဲကောင်း(ဆာ)ဘွဲ့ရ အသက် ၆၉ နှစ်အရွယ် ဘိုးတော်ကြီးကိုတော့ ရှေ့က လူတွေလို ပစ်ပစ်ခါခါ မလုပ်တန်ကောင်းဘူးလို့ ယူဆရပြီး လက်ရှိမှာ ပရီးမီးယားလိဂ်နိုင်ပွဲ ၂ ပွဲသာ ရရှိသေးတဲ့ ဝတ်ဖို့ဒ်ကို ရပ်တည်မှုကောင်းဖို့ ထောက်ပံ့ပေးသွားဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းမှာ အေဘရာမိုဗစ်ချ်ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်မပေးနိုင်ခဲ့ပေမယ့် လက်စတာစီးတီးမှာတော့ ဖိအားမရှိဘဲ ကိုင်တွယ်ပြီး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ ရာနီရေးရီကို အီတလီသမ္မတ ဆာဂျီယို မက်တာရဲလားက တတိယအဆင့်ရှိတဲ့ သူရဲကောင်းဘွဲ့ကို ချီးမြှင့်ထားခဲ့တာလည်းဖြစ်ပြီး ဒါဟာ လက်ရွေးစင်အသင်းနဲ့ နိုင်ငံတကာအဆင့်မှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ အသင်းသားနဲ့ နည်းပြတွေထက်ကို မြင့်မားခဲ့တာပါ။

အီတလီနိုင်ငံသမ္မတအနေနဲ့ ဘောလုံးသမားတွေကို OMRI – Order of Merit of the Italian Republic (Ordine al Merito della Repubblicca Italiana) ဆိုတဲ့ အသိအမှတ်ပြု သူရဲကောင်းဆု အဆင့် ၅ ကို နိုင်ငံတကာအောင်မြင်မှုအတွက် စတင်ချီးမြှင့်လေ့ရှိပြီး နည်းပြနဲ့ ဒုတိယအကြိမ် အောင်မြင်မှု ရတဲ့သူတွေကိုတော့ တစ်ဆင့်မြင့် အရာရှိဆုနဲ့ ဂုဏ်ပြုတတ်ချိန်မှာ ရာနီရေးရီကတော့ လက်ရွေးစင်အသင်းနဲ့ မပတ်သက်ဖူးဘဲနဲ့ကို လက်စတာစီးတီးနဲ့ ထင်မှတ်မထားဘဲ ရယူခဲ့တဲ့ ဂုဏ်ကို ထောက်ပြီး တတိယအဆင့် အရာရှိကြီးဘွဲ့ကို ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

ဒီဂုဏ်သိက္ခာအရတော့ ပေါ့ဇိုအနေနဲ့ သူ့ကို တခြားနည်းပြတွေထက် လေးလေးစားစား ကိုင်တွယ်ထောက်ခံရနိုင်ပြီး သူ့ရဲ့ စီးရီးအေကလပ် အူဒီနီးစီးက ကစားသမားတွေကိုလည်း နည်းပြကြီး ကြိုက်ရင် အားဖြည့်ခေါ်ယူပေးသွားဖွယ်ရှိသလို ဒီနှစ်သင်းကြား အဆင်ပြေသလို အငှားနဲ့ ပို့ဆောင်နိုင်တဲ့ အားသာချက်ကို အသုံးပြုသွားဖွယ်လည်းရှိနေပါတယ်။

လက်ရှိမှာတော့ အူဒီးနီးစ်အသင်းကနေ ရောက်ရှိလာနိုင်သူတွေထဲမှာ ဝတ်ဖို့ဒ် တန်းဆင်းတုန်းက အီတလီကို ရွှေ့သွားခဲ့တဲ့ ဂျရတ် ဒူလိုဖူး၊ ရောဘတ်တို ပါရဲရားတို့လို ကစားသမားကောင်းတွေကို ပြန်လည်ရွေးချယ်နိုင်မှာဖြစ်ပြီး ရာနီရေးရီအတွက် ဆောင်းရာသီမှာ သူလိုရှိတဲ့သူတချို့ကိုလည်း ငွေကြေးသုံးစွဲပြီး ရရှိနိုင်မှာဖြစ်ပါတယ်။

၄-၄-၂ နဲ့ ၄-၂-၄ ကစားကွက်တွေကို အလျဉ်းသင့်သလို ပြောင်းလဲကစားလေ့ရှိပြီး ကံကောင်းရင် ဘာမဆို ရတတ်တဲ့သူလို့ မီဒီယာတွေရဲ့ ဖော်ပြခံထားခဲ့ရတဲ့ ရာနီရေးရီနေနဲ့ လက်စတာစီးတီးအသင်းမှာလို ဝတ်ဖို့ဒ်ကို လူရိုသေ ရှင်ရိုသေအောင် လုပ်ပေးနိုင်မလား ဒါမှမဟုတ် ချဲလ်ဆီးမှာလို စိတ်ပျက်စေမလား၊ ဖူလ်ဟမ်မှာလိုမျိုး ကျဆုံးမလားဆိုတာကတော့ သူ့ရဲ့ ပရီးမီးယားလိဂ် စတုတ္ထမြောက်အသင်းအတွက် စတုတ္ထမြောက် အီတလီသား နည်းပြဖြစ်လာချိန်မှာ စောင့်ကြည့်ရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနဲ႔ လက္စတာစီးတီးနည္းျပေဟာင္း ကေလာ္ဒီယို ရာနီေရးရီအေနနဲ႔ ေအာက္တိုဘာ ၄ ရက္ေန႔မွာ ဝတ္ဖို႔ဒ္အသင္းရဲ႕ နည္းျပသစ္အျဖစ္ အသင္းက ထုတ္ပယ္ထားတဲ့ ဇစၥကို မူေညာ့ဇ္ေနရာမွာ အစားထိုးခန႔္အပ္ခံလိုက္ရၿပီျဖစ္ၿပီး သူ႔ရဲ႕ ပရီးမီးယားလိဂ္မွာ အနိမ့္အျမင့္ အတက္အက်ေတြကို မွတ္တမ္းဆက္လက္ေရးထိုးသြားဖို႔ ျဖစ္လာခဲ့ပါတယ္။

အီတလီလုပ္ငန္းရွင္ ဂ်ီႏို ေပါ့ဇို ပိုင္ဆိုင္ထားတဲ့ ဝတ္ဖို႔ဒ္အသင္းဟာ အီတလီက နည္းျပေတြကို သုံးစြဲဖို႔ အၿမဲတမ္းအဆင္သင့္ျဖစ္ေနတဲ့ အသင္းျဖစ္ၿပီး ၂၀၁၂ ခုႏွစ္က အသင္းကို လႊဲေျပာင္းဝယ္ယူစဥ္မွာ ဂ်န္ဖရန္ကို ဇိုလာနဲ႔ စဖြင့္ခဲ့သလို ဂ်ဴဆက္ပီ ဆန္နီႏို၊ ေဝၚလ္တာ မက္ဇာရီတို႔ကိုလည္း ခန႔္အပ္ဖူးခဲ့ၿပီး ရာနီေရးရီကေတာ့ စတုတၳေျမာက္ အီတလီသားျဖစ္လာခဲ့ပါတယ္။

စီးရီးေအကလပ္ အူဒီနီးစီးကို ပိုင္ဆိုင္ထားၿပီး လာလီဂါကလပ္ ဂရန္နာဒါကိုလည္း ၂၀၁၆ အထိ ပိုင္ဆိုင္ခဲ့ဖူးတဲ့ ေပါ့ဇိုဟာ စပိန္နည္းျပေတြကို အသင္းမွာ ေခၚယူခဲ့ေပမယ့္ အီတလီနည္းျပေတြေလာက္ကို တစ္ေယာက္မွ မေအာင္ျမင္ခဲ့သလို ေအာ္စကာ ဂါစီယာ၊ ကီေကး ဆန္ခ်က္ဇ္၊ ဟာဗီ ဂါစီယာ၊ ဇစၥကို မူေညာ့ဇ္တို႔ ေလးဦးဟာ အသင္းကို ခ်န္ပီယံရွစ္ကေန တန္းတက္ေအာင္ စြမ္းႏိုင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ အိုးနင္းခြက္နင္းပဲျဖစ္ခဲ့ၾကတာပါ။

နည္းျပေတြကို တစ္ႏွစ္ထက္ပိုၿပီး အခ်ိန္ေပးေလ့မရွိတဲ့ ေပါ့ဇိုဟာ ရာနီေရးရီကိုေတာ့ ႏွစ္ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သလို အီတလီႏိုင္ငံေတာ္ရဲ႕ တတိယအဆင့္ သူရဲေကာင္း(ဆာ)ဘြဲ႕ရ အသက္ ၆၉ ႏွစ္အ႐ြယ္ ဘိုးေတာ္ႀကီးကိုေတာ့ ေရွ႕က လူေတြလို ပစ္ပစ္ခါခါ မလုပ္တန္ေကာင္းဘူးလို႔ ယူဆရၿပီး လက္ရွိမွာ ပရီးမီးယားလိဂ္ႏိုင္ပြဲ ၂ ပြဲသာ ရရွိေသးတဲ့ ဝတ္ဖို႔ဒ္ကို ရပ္တည္မႈေကာင္းဖို႔ ေထာက္ပံ့ေပးသြားဖြယ္ရွိေနပါတယ္။

ခ်ဲလ္ဆီးအသင္းမွာ ေအဘရာမိုဗစ္ခ်္ရဲ႕ ရည္မွန္းခ်က္ေတြကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္မေပးႏိုင္ခဲ့ေပမယ့္ လက္စတာစီးတီးမွာေတာ့ ဖိအားမရွိဘဲ ကိုင္တြယ္ၿပီး ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္ခဲ့တဲ့ ရာနီေရးရီကို အီတလီသမၼတ ဆာဂ်ီယို မက္တာရဲလားက တတိယအဆင့္ရွိတဲ့ သူရဲေကာင္းဘြဲ႕ကို ခ်ီးျမႇင့္ထားခဲ့တာလည္းျဖစ္ၿပီး ဒါဟာ လက္ေ႐ြးစင္အသင္းနဲ႔ ႏိုင္ငံတကာအဆင့္မွာ ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ အသင္းသားနဲ႔ နည္းျပေတြထက္ကို ျမင့္မားခဲ့တာပါ။

အီတလီႏိုင္ငံသမၼတအေနနဲ႔ ေဘာလုံးသမားေတြကို OMRI – Order of Merit of the Italian Republic (Ordine al Merito della Repubblicca Italiana) ဆိုတဲ့ အသိအမွတ္ျပဳ သူရဲေကာင္းဆု အဆင့္ ၅ ကို ႏိုင္ငံတကာေအာင္ျမင္မႈအတြက္ စတင္ခ်ီးျမႇင့္ေလ့ရွိၿပီး နည္းျပနဲ႔ ဒုတိယအႀကိမ္ ေအာင္ျမင္မႈ ရတဲ့သူေတြကိုေတာ့ တစ္ဆင့္ျမင့္ အရာရွိဆုနဲ႔ ဂုဏ္ျပဳတတ္ခ်ိန္မွာ ရာနီေရးရီကေတာ့ လက္ေ႐ြးစင္အသင္းနဲ႔ မပတ္သက္ဖူးဘဲနဲ႔ကို လက္စတာစီးတီးနဲ႔ ထင္မွတ္မထားဘဲ ရယူခဲ့တဲ့ ဂုဏ္ကို ေထာက္ၿပီး တတိယအဆင့္ အရာရွိႀကီးဘြဲ႕ကို ရရွိထားခဲ့တာလည္းျဖစ္ပါတယ္။

ဒီဂုဏ္သိကၡာအရေတာ့ ေပါ့ဇိုအေနနဲ႔ သူ႔ကို တျခားနည္းျပေတြထက္ ေလးေလးစားစား ကိုင္တြယ္ေထာက္ခံရႏိုင္ၿပီး သူ႔ရဲ႕ စီးရီးေအကလပ္ အူဒီနီးစီးက ကစားသမားေတြကိုလည္း နည္းျပႀကီး ႀကိဳက္ရင္ အားျဖည့္ေခၚယူေပးသြားဖြယ္ရွိသလို ဒီႏွစ္သင္းၾကား အဆင္ေျပသလို အငွားနဲ႔ ပို႔ေဆာင္ႏိုင္တဲ့ အားသာခ်က္ကို အသုံးျပဳသြားဖြယ္လည္းရွိေနပါတယ္။

လက္ရွိမွာေတာ့ အူဒီးနီးစ္အသင္းကေန ေရာက္ရွိလာႏိုင္သူေတြထဲမွာ ဝတ္ဖို႔ဒ္ တန္းဆင္းတုန္းက အီတလီကို ေ႐ႊ႕သြားခဲ့တဲ့ ဂ်ရတ္ ဒူလိုဖူး၊ ေရာဘတ္တို ပါရဲရားတို႔လို ကစားသမားေကာင္းေတြကို ျပန္လည္ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ၿပီး ရာနီေရးရီအတြက္ ေဆာင္းရာသီမွာ သူလိုရွိတဲ့သူတခ်ိဳ႕ကိုလည္း ေငြေၾကးသုံးစြဲၿပီး ရရွိႏိုင္မွာျဖစ္ပါတယ္။

၄-၄-၂ နဲ႔ ၄-၂-၄ ကစားကြက္ေတြကို အလ်ဥ္းသင့္သလို ေျပာင္းလဲကစားေလ့ရွိၿပီး ကံေကာင္းရင္ ဘာမဆို ရတတ္တဲ့သူလို႔ မီဒီယာေတြရဲ႕ ေဖာ္ျပခံထားခဲ့ရတဲ့ ရာနီေရးရီေနနဲ႔ လက္စတာစီးတီးအသင္းမွာလို ဝတ္ဖို႔ဒ္ကို လူ႐ိုေသ ရွင္႐ိုေသေအာင္ လုပ္ေပးႏိုင္မလား ဒါမွမဟုတ္ ခ်ဲလ္ဆီးမွာလို စိတ္ပ်က္ေစမလား၊ ဖူလ္ဟမ္မွာလိုမ်ိဳး က်ဆုံးမလားဆိုတာကေတာ့ သူ႔ရဲ႕ ပရီးမီးယားလိဂ္ စတုတၳေျမာက္အသင္းအတြက္ စတုတၳေျမာက္ အီတလီသား နည္းျပျဖစ္လာခ်ိန္မွာ ေစာင့္ၾကည့္ရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.