Analysis Premier League

ဆာလား၊ ဖိုဒန်နဲ့ လီဗာပူးလ် 2-2 မန်စီးတီးပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ကမ္ဘာ့အကောင်းဆုံးလို့ ပြောရတော့မယ့် မိုဆာလား
လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားရဲ့ ဒီနေ့ပွဲမှာ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးသွားခဲ့တဲ့ စွမ်းဆောင်ရည်က လက်ရှိဘောလုံးလောကမှာ ယှဉ်နိုင်သူနည်းတဲ့ ခြေစွမ်းမျိုးလည်းဖြစ်နေပြီး ဒီထက်ပိုပြောရရင် မန်စီးတီးလို ပြိုင်ဘက်မျိုးကို ဒီလို လုပ်ဆောင်နိုင်တာကတော့ မလွယ်ကူလှတာလည်း ဖြစ်ပါတယ်။ ပထမဂိုးအတွက် ကိုယ့်ကွင်းခြမ်းဘက်ကနေ ဖာဘင်ညိုနဲ့ ချိတ်ဆက်ဆွဲပြေးပြီး မာနေးအတွက် ဖန်တီးပေးခဲ့သလို နောက်တစ်ဂိုးမှာလည်း နောက်ခံလူ ၄-၅ ယောက်ကြားကနေ ဖောက်ထွက်ပြီး အားနည်းတဲ့ ညာခြေနဲ့ ဂိုးသွင်းယူပြခဲ့တာဖြစ်လို့ လီယွန်နယ် မက်ဆီတစ်ယောက် ရေနစ်နေချိန်မှာ ညာခြမ်းက ဘယ်သန်တိုက်စစ်မှူးထဲမှာ အီဂျစ်သားက အကောင်းဆုံးပဲလို့ ဝင့်ကြွားစရာဖြစ်လာခဲ့ပါတယ်။

ကိုယ့်အကွက်နဲ့ကိုယ် ပြန်အကျွေးခံရတဲ့ လီဗာပူးလ်
လီဗာပူးလ်အသင်းရဲ့ ပြိုင်ဘက်ကို အနားမပေးဘဲ ဖိအားပေးတဲ့ Gegenpress ပုံစံကို ယှဉ်ပြိုင်နိုင်ဖို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ သူတို့ရဲ့ သိပ်ကစားလေ့မရှိတဲ့ ပုံစံဖြစ်တဲ့ High Tempo Pressing & Passing Style နဲ့ စွန့်စွန့်စားစား ကစားလာခဲ့ပြီး ဒါက အိမ်ရှင်တွေကို ပထမပိုင်းမှာ ကစားကွက် တည်မရအောင် ဖြစ်စေခဲ့သလို နှစ်ဖက်စလုံး တစ်ဖက်ကို တစ်ဖက် စိုးရိမ်ပြီး အမြန်ပေး အမြန်ထိုးဖောက်ကစားခဲ့ကြရတာပါ။

ဘောလုံးကိုင်ပြီး အဖြစ်မရှိခဲ့တဲ့ ပြီးခဲ့တဲ့ ပွဲတွေက မန်စီးတီးတို့ရဲ့ မဲပြာပုဆိုးပုံစံနဲ့ဆိုရင် လီဗာပူးလ်တို့ပဲ အိမ်ကွင်းမှာ စားသွားဦးမှာဖြစ်ပေမယ့် ဒီနေ့မှာတော့ ဂွါဒီယိုလာရဲ့ ကစားကွက်သစ်က အလုပ်ဖြစ်ခဲ့ပြီး နိုင်ပွဲကိုပါ မျှော်လင့်နိုင်တဲ့ အနေအထားအထိ ရောက်ရှိခဲ့တာပါ။

ဘာနာဒို ဆေးလ်ဗားရဲ့ စိုးမိုးမှု
ဒီနေ့ပွဲမှာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်မှာ ကစားကွက်တည်မရအောင် ဖိအားပေးခဲ့သလို တစ်ကိုယ်တော်အစွမ်းနဲ့ အကြိမ်ကြိမ် ထိုးဖောက်ခဲ့သူတွေထဲမှာ ဘာနာဒို ဆေးလ်ဗားကတော့ ထင်ရှားလွန်းခဲ့ပါတယ်။ ဂွန်ဒိုးဝမ် မကစားနိုင်ချိန်မှာ ကွင်းလယ်ကို ဦးဆောင်ခဲ့ပြီး ကစားသမား ငါးယောက်လောက်ကို လိမ်ခေါက်ကျော်ဖြတ်သွားခဲ့တဲ့အထဲမှာ ခံစစ်ဆရာကြီး ဗန်ဒိုက်ပါ ပါဝင်သွားခဲ့ပြီး သူ့ရဲ့ ပေးပို့မှုကို ဖိုဒန်ရဲ့ အဆုံးသတ်မှု လိုအပ်ချက်နဲ့ ဂိုးသမား အယ်လစ်ဆန်ရဲ့ အမြော်အမြင်ရှိရှိ ကာကွယ်မှုကြောင့်သာ ဂိုးမဖြစ်ခဲ့တာပါ။ သူနဲ့ ဖိုဒန်ရဲ့ အတွဲအဖက်မှာ မီလ်နာတစ်ယောက် ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရသလဲဆိုတာကိုလည်း ထင်ထင်ရှားရှား တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ပွဲကြီးကြောင် အီဒါဆန်နဲ့ သာလွန်ကြောင်းပြခဲ့တဲ့ အယ်လစ်ဆန်
ဘရာဇီးလ်မှာ အီဒါဆန်က ပိုကောင်းရဲ့သားနဲ့ ပွဲမထွက်ရဘူးလို့ ကန့်ကွက်ချင်သူတွေရှိရင် ပါးစပ်ပိတ်ထားလိုက်ပါ။ ဒီနေ့ပွဲမှာလည်း ပွဲကြီး မတိုးဘဲ အမှားလုပ်တတ်တဲ့ အီဒါဆန်ရဲ့ ဆုံးဖြတ်ချက်အမှားတွေက နှစ်ဂိုးစလုံးမှာ တာဝန်ရှိခဲ့ပါတယ်။ အယ်လစ်ဆန်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ဖိုဒန်ရဲ့ ဂိုးနှစ်ကြိမ်လောက်နဲ့ ဂရီးလစ်ရှ် ကန်မရအောင် ပိတ်ဆို့ပြသွားချိန်မှာ ဒီနှစ်ယောက်ကိုသာ ဆန့်ကျင်ဘက်အသင်းတွေမှာ ဂိုးဖမ်းနေတယ်လို့ စဉ်းစားကြည့်ခဲ့ရင် ပွဲရလဒ်က မန်စီးတီးက လီဗာပူးလ်ကို လေးဂိုး-ဂိုးမရှိနဲ့ နိုင်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ပွဲကြီးတွေတိုင်းမှာ ယုံလို့မရတဲ့ အီဒါဆန်နဲ့ ချန်ပီယံလိဂ်ကို မျှော်လင့်နေတဲ့ ဂွါဒီယိုလာအတွက်တော့ အမြင်စူးရှသူတိုင်း သနားစာနာမိကြရတော့မှာပါ။

False 9 မှာ ခြေစွမ်းပြခဲ့တဲ့ ဖိုဒန်
ဒီနေ့ပွဲရဲ့ မန်စီးတီးတိုက်စစ်ကို ဦးဆောင်ခဲ့သူက အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူ ဖိုဒန်ဖြစ်ခဲ့တာပါ။ ကွင်းလယ်လူဆိုပေမယ့် တောင်ပံ ကစားသမားတစ်ယောက်ရဲ့ အမြန်နှုန်းနဲ့ တိုက်စစ်မှူးတစ်ယောက်ရဲ့ အဆုံးသတ်ပိုင်းကို ပိုင်ဆိုင်ထားပြီး ကိုယ်လုံးကိုယ်ထည်ကြောင့်သာ မန်စီးတီးတို့ရဲ့ လိုအပ်နေတဲ့ အထောင်နေရာကို အစားမဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ ဂရီးလစ်ရှ်နဲ့ ဂျေဆူးစ်တို့ရဲ့ တောင်ပံတွေကြားက ကွက်လပ်တိုင်းကို အသုံးချဖို့ ဖိုဒန်က ကြိုးစားခဲ့ပြီး ပထမပိုင်းမှာ သူ့ရဲ့ အခွင့်အရေးနှစ်ကြိမ်ကို အယ်လစ်ဆန်ရဲ့ ပိတ်ဆို့မှုကြောင့် လက်လွှတ်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ တိကျလွန်းတဲ့ အဝေးတိုင်ခြေကို ဘယ်ခြေကန်ချက်နဲ့ အစွမ်းပြ ဂိုးသွင်းယူခဲ့တာပါ။

ကံကောင်းပေမယ့် သိက္ခာကျစရာဖြစ်ခဲ့တဲ့ မီလ်နာ
ပြီးခဲ့တဲ့ ပွဲတွေမှာ ဇာဟာကို ထိန်းပြခဲ့တဲ့ မီလ်နာအတွက် အာနိုးလ်ဒ်မရှိချိန်မှာ လူစားဝင်နိုင်မယ်လို့ ထင်ခဲ့ကြပေမယ့် မန်စီးတီးလို မြန်နှုန်းမြင့် ရှေ့တန်းတွေအတွက်တော့ မမှန်ခဲ့ဘူးလို့ ဆိုရမှာပါ။ ဖိုဒန်ကို ရုပ်ပျက်ဆင်းပျက် တွန်းခဲ့သလို ဘာနာဒို ဆေးလ်ဗားကို ခြေထိုးခံခဲ့တဲ့ ၃၅ နှစ်သားဟာ ကွင်းထဲမှာ ဆက်ရှိနေခဲ့ပေမယ့် မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ ပြင်းပြင်းထန်ထန် စောဒကတက်ခြင်းကို ခံခဲ့ရလို့ သူ့ရဲ့ တည်ရှိမှုက သိက္ခာကျစရာဖြစ်ခဲ့ရပြီး မိနစ်ပိုင်းအတွင်းမှာတော့ ကလော့ပ်က သူ့ကို ဂျိုးဂိုမက်ဇ်နဲ့ လူစားလဲခဲ့ရတာပါ။ မီလ်နာအနေနဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရာမှာ ဒီနေ့ပွဲလောက် အပြောအဆိုခံရမယ့်ပွဲမျိုး အရင်က မရှိခဲ့သေးတာဖြစ်ပြီး ဒိုင်လူကြီး ပေါလ် တီယာနီရဲ့ အိမ်ရှင်ဘက်လိုက်ပြီး သက်ညှာမှုက သူ့အတွက်တော့ လိပ်ပြာမလုံနိုင်အောင် လူပြောစရာဖြစ်သွားခဲ့ရပါတယ်။

နှစ်သင်းစလုံးအတွက် ကျေနပ်စရာ ရလဒ်
ဂွါဒီယိုလာအတွက် ပွဲအတွင်းမှာ မကျေမနပ်နဲ့ ပေါက်ကွဲနေခဲ့တယ်ဆိုတာတွေက ဒိုင်လူကြီးတွေရဲ့ စိတ်ပျက်စရာ ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ပြီး နှစ်သင်းကြား နှစ်ဂိုးစီသရေနဲ့ တစ်မှတ်စီ ခွဲယူခဲ့ရတဲ့ ရလဒ်အတွက်တော့ ပျော်ပျော်ကြီး လက်ခံနိုင်စရာဖြစ်ခဲ့တာပါ။ ချဲလ်ဆီးတို့ ၁၆ မှတ်နဲ့ ဦးဆောင်နေချိန်မှာ လီဗာပူးလ်တို့က ၁၅ မှတ်နဲ့ ဒုတိယလိုက်နေပြီး မန်စီးတီးတို့ကတော့ ၁၄ မှတ်အုပ်စုထဲမှာ ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။

တကယ်လို့ ဒီပွဲက အရှုံးအနိုင်ပေါ်သွားခဲ့ရင် နိုင်တဲ့အသင်းက ချဲလ်ဆီးနဲ့ လုံးထွေးနေရမှာဖြစ်ပေမယ့် ရှုံးတဲ့အသင်းကတော့ ဦးဆောင်သူတွေနဲ့ အမှတ် ပြတ်သွားမှာဖြစ်တာကြောင့် အိမ်ရှင်အတွက်ရော ဧည့်သည်အတွက်ပါ ဒီရလဒ်က ကျေနပ်စရာဖြစ်ခဲ့ပြီး ပွဲအပြီးမှာ ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ ပျော်ပျော်ကြီး ပွေ့ဖက်နှုတ်ဆက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကမာၻ႔အေကာင္းဆုံးလို႔ ေျပာရေတာ့မယ့္ မိုဆာလား
လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားရဲ႕ ဒီေန႔ပြဲမွာ တစ္ဂိုးသြင္း တစ္ဂိုးဖန္တီးသြားခဲ့တဲ့ စြမ္းေဆာင္ရည္က လက္ရွိေဘာလုံးေလာကမွာ ယွဥ္ႏိုင္သူနည္းတဲ့ ေျခစြမ္းမ်ိဳးလည္းျဖစ္ေနၿပီး ဒီထက္ပိုေျပာရရင္ မန္စီးတီးလို ၿပိဳင္ဘက္မ်ိဳးကို ဒီလို လုပ္ေဆာင္ႏိုင္တာကေတာ့ မလြယ္ကူလွတာလည္း ျဖစ္ပါတယ္။ ပထမဂိုးအတြက္ ကိုယ့္ကြင္းျခမ္းဘက္ကေန ဖာဘင္ညိဳနဲ႔ ခ်ိတ္ဆက္ဆြဲေျပးၿပီး မာေနးအတြက္ ဖန္တီးေပးခဲ့သလို ေနာက္တစ္ဂိုးမွာလည္း ေနာက္ခံလူ ၄-၅ ေယာက္ၾကားကေန ေဖာက္ထြက္ၿပီး အားနည္းတဲ့ ညာေျခနဲ႔ ဂိုးသြင္းယူျပခဲ့တာျဖစ္လို႔ လီယြန္နယ္ မက္ဆီတစ္ေယာက္ ေရနစ္ေနခ်ိန္မွာ ညာျခမ္းက ဘယ္သန္တိုက္စစ္မႉးထဲမွာ အီဂ်စ္သားက အေကာင္းဆုံးပဲလို႔ ဝင့္ႂကြားစရာျဖစ္လာခဲ့ပါတယ္။

ကိုယ့္အကြက္နဲ႔ကိုယ္ ျပန္အေကြၽးခံရတဲ့ လီဗာပူးလ္
လီဗာပူးလ္အသင္းရဲ႕ ၿပိဳင္ဘက္ကို အနားမေပးဘဲ ဖိအားေပးတဲ့ Gegenpress ပုံစံကို ယွဥ္ၿပိဳင္ႏိုင္ဖို႔ မန္စီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ သူတို႔ရဲ႕ သိပ္ကစားေလ့မရွိတဲ့ ပုံစံျဖစ္တဲ့ High Tempo Pressing & Passing Style နဲ႔ စြန႔္စြန႔္စားစား ကစားလာခဲ့ၿပီး ဒါက အိမ္ရွင္ေတြကို ပထမပိုင္းမွာ ကစားကြက္ တည္မရေအာင္ ျဖစ္ေစခဲ့သလို ႏွစ္ဖက္စလုံး တစ္ဖက္ကို တစ္ဖက္ စိုးရိမ္ၿပီး အျမန္ေပး အျမန္ထိုးေဖာက္ကစားခဲ့ၾကရတာပါ။ ေဘာလုံးကိုင္ၿပီး အျဖစ္မရွိခဲ့တဲ့ ၿပီးခဲ့တဲ့ ပြဲေတြက မန္စီးတီးတို႔ရဲ႕ မဲျပာပုဆိုးပုံစံနဲ႔ဆိုရင္ လီဗာပူးလ္တို႔ပဲ အိမ္ကြင္းမွာ စားသြားဦးမွာျဖစ္ေပမယ့္ ဒီေန႔မွာေတာ့ ဂြါဒီယိုလာရဲ႕ ကစားကြက္သစ္က အလုပ္ျဖစ္ခဲ့ၿပီး ႏိုင္ပြဲကိုပါ ေမွ်ာ္လင့္ႏိုင္တဲ့ အေနအထားအထိ ေရာက္ရွိခဲ့တာပါ။

ဘာနာဒို ေဆးလ္ဗားရဲ႕ စိုးမိုးမႈ
ဒီေန႔ပြဲမွာ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္မွာ ကစားကြက္တည္မရေအာင္ ဖိအားေပးခဲ့သလို တစ္ကိုယ္ေတာ္အစြမ္းနဲ႔ အႀကိမ္ႀကိမ္ ထိုးေဖာက္ခဲ့သူေတြထဲမွာ ဘာနာဒို ေဆးလ္ဗားကေတာ့ ထင္ရွားလြန္းခဲ့ပါတယ္။ ဂြန္ဒိုးဝမ္ မကစားႏိုင္ခ်ိန္မွာ ကြင္းလယ္ကို ဦးေဆာင္ခဲ့ၿပီး ကစားသမား ငါးေယာက္ေလာက္ကို လိမ္ေခါက္ေက်ာ္ျဖတ္သြားခဲ့တဲ့အထဲမွာ ခံစစ္ဆရာႀကီး ဗန္ဒိုက္ပါ ပါဝင္သြားခဲ့ၿပီး သူ႔ရဲ႕ ေပးပို႔မႈကို ဖိုဒန္ရဲ႕ အဆုံးသတ္မႈ လိုအပ္ခ်က္နဲ႔ ဂိုးသမား အယ္လစ္ဆန္ရဲ႕ အေျမာ္အျမင္ရွိရွိ ကာကြယ္မႈေၾကာင့္သာ ဂိုးမျဖစ္ခဲ့တာပါ။ သူနဲ႔ ဖိုဒန္ရဲ႕ အတြဲအဖက္မွာ မီလ္နာတစ္ေယာက္ ဘယ္ေလာက္ေတာင္ ဒုကၡေရာက္ခဲ့ရသလဲဆိုတာကိုလည္း ထင္ထင္ရွားရွား ေတြ႕ျမင္ႏိုင္မွာျဖစ္ပါတယ္။

ပြဲႀကီးေၾကာင္ အီဒါဆန္နဲ႔ သာလြန္ေၾကာင္းျပခဲ့တဲ့ အယ္လစ္ဆန္
ဘရာဇီးလ္မွာ အီဒါဆန္က ပိုေကာင္းရဲ႕သားနဲ႔ ပြဲမထြက္ရဘူးလို႔ ကန႔္ကြက္ခ်င္သူေတြရွိရင္ ပါးစပ္ပိတ္ထားလိုက္ပါ။ ဒီေန႔ပြဲမွာလည္း ပြဲႀကီး မတိုးဘဲ အမွားလုပ္တတ္တဲ့ အီဒါဆန္ရဲ႕ ဆုံးျဖတ္ခ်က္အမွားေတြက ႏွစ္ဂိုးစလုံးမွာ တာဝန္ရွိခဲ့ပါတယ္။ အယ္လစ္ဆန္ကေတာ့ ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး ဖိုဒန္ရဲ႕ ဂိုးႏွစ္ႀကိမ္ေလာက္နဲ႔ ဂရီးလစ္ရွ္ ကန္မရေအာင္ ပိတ္ဆို႔ျပသြားခ်ိန္မွာ ဒီႏွစ္ေယာက္ကိုသာ ဆန႔္က်င္ဘက္အသင္းေတြမွာ ဂိုးဖမ္းေနတယ္လို႔ စဥ္းစားၾကည့္ခဲ့ရင္ ပြဲရလဒ္က မန္စီးတီးက လီဗာပူးလ္ကို ေလးဂိုး-ဂိုးမရွိနဲ႔ ႏိုင္သြားတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ပြဲႀကီးေတြတိုင္းမွာ ယုံလို႔မရတဲ့ အီဒါဆန္နဲ႔ ခ်န္ပီယံလိဂ္ကို ေမွ်ာ္လင့္ေနတဲ့ ဂြါဒီယိုလာအတြက္ေတာ့ အျမင္စူးရွသူတိုင္း သနားစာနာမိၾကရေတာ့မွာပါ။

False 9 မွာ ေျခစြမ္းျပခဲ့တဲ့ ဖိုဒန္
ဒီေန႔ပြဲရဲ႕ မန္စီးတီးတိုက္စစ္ကို ဦးေဆာင္ခဲ့သူက အသက္ ၂၁ ႏွစ္အ႐ြယ္ ကြင္းလယ္လူ ဖိုဒန္ျဖစ္ခဲ့တာပါ။ ကြင္းလယ္လူဆိုေပမယ့္ ေတာင္ပံ ကစားသမားတစ္ေယာက္ရဲ႕ အျမန္ႏႈန္းနဲ႔ တိုက္စစ္မႉးတစ္ေယာက္ရဲ႕ အဆုံးသတ္ပိုင္းကို ပိုင္ဆိုင္ထားၿပီး ကိုယ္လုံးကိုယ္ထည္ေၾကာင့္သာ မန္စီးတီးတို႔ရဲ႕ လိုအပ္ေနတဲ့ အေထာင္ေနရာကို အစားမဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီေန႔ပြဲမွာေတာ့ ဂရီးလစ္ရွ္နဲ႔ ေဂ်ဆူးစ္တို႔ရဲ႕ ေတာင္ပံေတြၾကားက ကြက္လပ္တိုင္းကို အသုံးခ်ဖို႔ ဖိုဒန္က ႀကိဳးစားခဲ့ၿပီး ပထမပိုင္းမွာ သူ႔ရဲ႕ အခြင့္အေရးႏွစ္ႀကိမ္ကို အယ္လစ္ဆန္ရဲ႕ ပိတ္ဆို႔မႈေၾကာင့္ လက္လႊတ္ခဲ့ရေပမယ့္ ဒုတိယပိုင္းမွာေတာ့ တိက်လြန္းတဲ့ အေဝးတိုင္ေျခကို ဘယ္ေျခကန္ခ်က္နဲ႔ အစြမ္းျပ ဂိုးသြင္းယူခဲ့တာပါ။

ကံေကာင္းေပမယ့္ သိကၡာက်စရာျဖစ္ခဲ့တဲ့ မီလ္နာ
ၿပီးခဲ့တဲ့ ပြဲေတြမွာ ဇာဟာကို ထိန္းျပခဲ့တဲ့ မီလ္နာအတြက္ အာႏိုးလ္ဒ္မရွိခ်ိန္မွာ လူစားဝင္ႏိုင္မယ္လို႔ ထင္ခဲ့ၾကေပမယ့္ မန္စီးတီးလို ျမန္ႏႈန္းျမင့္ ေရွ႕တန္းေတြအတြက္ေတာ့ မမွန္ခဲ့ဘူးလို႔ ဆိုရမွာပါ။ ဖိုဒန္ကို ႐ုပ္ပ်က္ဆင္းပ်က္ တြန္းခဲ့သလို ဘာနာဒို ေဆးလ္ဗားကို ေျခထိုးခံခဲ့တဲ့ ၃၅ ႏွစ္သားဟာ ကြင္းထဲမွာ ဆက္ရွိေနခဲ့ေပမယ့္ မန္စီးတီးနည္းျပ ဂြါဒီယိုလာရဲ႕ ျပင္းျပင္းထန္ထန္ ေစာဒကတက္ျခင္းကို ခံခဲ့ရလို႔ သူ႔ရဲ႕ တည္ရွိမႈက သိကၡာက်စရာျဖစ္ခဲ့ရၿပီး မိနစ္ပိုင္းအတြင္းမွာေတာ့ ကေလာ့ပ္က သူ႔ကို ဂ်ိဳးဂိုမက္ဇ္နဲ႔ လူစားလဲခဲ့ရတာပါ။ မီလ္နာအေနနဲ႔ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ရာမွာ ဒီေန႔ပြဲေလာက္ အေျပာအဆိုခံရမယ့္ပြဲမ်ိဳး အရင္က မရွိခဲ့ေသးတာျဖစ္ၿပီး ဒိုင္လူႀကီး ေပါလ္ တီယာနီရဲ႕ အိမ္ရွင္ဘက္လိုက္ၿပီး သက္ညႇာမႈက သူ႔အတြက္ေတာ့ လိပ္ျပာမလုံႏိုင္ေအာင္ လူေျပာစရာျဖစ္သြားခဲ့ရပါတယ္။

ႏွစ္သင္းစလုံးအတြက္ ေက်နပ္စရာ ရလဒ္
ဂြါဒီယိုလာအတြက္ ပြဲအတြင္းမွာ မေက်မနပ္နဲ႔ ေပါက္ကြဲေနခဲ့တယ္ဆိုတာေတြက ဒိုင္လူႀကီးေတြရဲ႕ စိတ္ပ်က္စရာ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ ျဖစ္ၿပီး ႏွစ္သင္းၾကား ႏွစ္ဂိုးစီသေရနဲ႔ တစ္မွတ္စီ ခြဲယူခဲ့ရတဲ့ ရလဒ္အတြက္ေတာ့ ေပ်ာ္ေပ်ာ္ႀကီး လက္ခံႏိုင္စရာျဖစ္ခဲ့တာပါ။ ခ်ဲလ္ဆီးတို႔ ၁၆ မွတ္နဲ႔ ဦးေဆာင္ေနခ်ိန္မွာ လီဗာပူးလ္တို႔က ၁၅ မွတ္နဲ႔ ဒုတိယလိုက္ေနၿပီး မန္စီးတီးတို႔ကေတာ့ ၁၄ မွတ္အုပ္စုထဲမွာ ထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ တကယ္လို႔ ဒီပြဲက အရႈံးအႏိုင္ေပၚသြားခဲ့ရင္ ႏိုင္တဲ့အသင္းက ခ်ဲလ္ဆီးနဲ႔ လုံးေထြးေနရမွာျဖစ္ေပမယ့္ ရႈံးတဲ့အသင္းကေတာ့ ဦးေဆာင္သူေတြနဲ႔ အမွတ္ ျပတ္သြားမွာျဖစ္တာေၾကာင့္ အိမ္ရွင္အတြက္ေရာ ဧည့္သည္အတြက္ပါ ဒီရလဒ္က ေက်နပ္စရာျဖစ္ခဲ့ၿပီး ပြဲအၿပီးမွာ ကေလာ့ပ္နဲ႔ ဂြါဒီယိုလာတို႔ ေပ်ာ္ေပ်ာ္ႀကီး ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.