Premier League

ယူနိုက်တက်ရဲ့ကစားကွက်ကို ဖျက်ဆီးနေတယ်လို့ ပြစ်တင်ခံခဲ့ရတဲ့ ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ရဲ့ဆိုးရွားတဲ့စွမ်းဆောင်ရည်အတွက် ပြစ်တင်ခြင်းခံခဲ့ရပြီး အသင်းရဲ့ ကစားနေကျ ပုံစံကို ရပ်တန့်စေခဲ့တယ်ဆိုတဲ့အချက်ကြောင့် ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့လာပြီးကတည်းက အသင်းအတွက် ၅ ပွဲမှာ ၅ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပေမယ့် အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ စနေနေ့က ပွဲစဉ်အတွက် ပွဲထွက်ကစားသမားစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးဟာ ခြေစွမ်းကောင်း ပြသနေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းကတော့ ရုန်းကန်နေရပြီး ပေါ်တူဂီကြယ်ပွင့်ကို ခေါ်ယူပြီးကတည်းက ၇ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်ကြယ်ပွင့်ဟောင်းဟာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း လူစားဝင်ကစားပေးခဲ့ရာမှာ အကျိုးသက်ရောက်မှု များများစားစား မပြုလုပ်နိုင်ခဲ့ဘဲ အေဂျက်ကြယ်ပွင့်ဟောင်း ဒန်နီ ဘလင်းက အသင်းရဲ့ပြဿနာတွေအားလုံးအတွက် အပြစ်ရှိသူက ရော်နယ်ဒိုသာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ရော်နယ်ဒိုက လှုပ်လှုပ်ရှားရှားကစားရတဲ့ အခန်းကဏ္ဍကနေ ကစားဖို့ကို တကယ်က မလိုအပ်တာပါ။ အဲဒီအစား အချိန်ယူပါဦး အဲဒီလိုမျိုးဖြစ်ရမှာ။ တခြားကစားသမားတွေက သူ့ကို ငါတို့တွေ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမှာလဲဆိုတဲ့ပုံမျိုးနဲ့ ကြည့်နေကြတာကိုလည်း ခင်ဗျား မြင်နိုင်မှာပါ”

“ပုံမှန်အားဖြင့်တော့ တိုက်စစ်မှူးက ဗဟိုခံစစ်ကစားသမားတစ်ဦးဆီကနေ နောက်တစ်ဦးဆီ ပြေးသွားမယ်။ အဲဒါက အချိတ်အဆက်လွဲချော်မှုတွေ အများကြီး ဖြစ်သွားစေနိုင်ပါတယ်။ အခု သူတို့တွေက သူတို့ကစားနေကျ ပုံစံအတိုင်း မကစားတော့ဘူး။ ဘောလုံးက လမ်းကြောင်းပြောင်းသွားတဲ့အချိန်မှာ ပေါ့ဂ်ဘာက အသင်းသားတွေကို ရှိသမျှ အားကုန်ဖိကြဖို့ ညွှန်ကြားတာကို မြင်တွေ့ခဲ့ရမှာပါ”

“ရော်နယ်ဒိုကတော့ အဲဒီလို မလုပ်ဘူး။ သူက အဲဒီလိုလူမျိုး မဟုတ်ဘူး။ သူက ဂိုးတွေ သွင်းဖို့လောက်ပဲ တွေးပြီး တခြားကစားသမားတွေ ဘောလုံးကို အောင်အောင်မြင်မြင် ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်နေတဲ့သူပါ”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နောက်ခံကစားသမားဟောင်း ဒါလေ ဘလင်းရဲ့ဖခင်တဲ့ ဒန်နီ ဘလင်းဟာ ရော်နယ်ဒိုဟာ ပြိုင်ဘက်နောက်ခံကစားသမားတွေကို ပြိုလဲအောင် မလုပ်နိုင်တာကြောင့် ဆိုးလ်ရှားရဲ့အသင်းအနေနဲ့ ပြိုင်ဘက်ကို ဖိအားတွေ ပေးဖို့ ပိုမို ခက်ခဲလာစေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒန်နီ ဘလင်းရဲ့ ပြောကြားချက်ဟာ မှန်ကန်ကြောင်းကို ယခုအပတ်အစောပိုင်းက ဘယ်လွန်ဒေါ ၅ ဆုရှင်ထက်ပိုပြီး ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေကို ဖိအားအနည်းဆုံးပေးထားတဲ့ အခြားတိုက်စစ်မှူးမရှိတော့ဘူးဆိုတာ ပြသနေတဲ့ ကိန်းဂဏန်းအချက်အလက်တွေက သက်သေထူပေးခဲ့ပါတယ်။

ချန်ပီယံလိဂ်ရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဟာ ဂိုးသွင်းရှင်စာရင်းထဲမှာ ရှိနေသရွေ့၊ ဗီလာရီးရဲလ်နဲ့ပွဲစဉ်တုန်းကလို နောက်ဆုံးမိနစ်တွေမှာ ဂိုးသွင်းယူနိုင်နေသရွေ့တော့ ပရိသတ်တွေကတော့ သိပ်ပြီး ဂရုစိုက်နေမှာမဟုတ်တာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနို ေရာ္နယ္ဒိုဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ဆိုးရြားတဲ့စြမ္းေဆာင္ရည္အတြက္ ျပစ္တင္ျခင္းခံခဲ့ရၿပီး အသင္းရဲ့ ကစားေနက် ပုံစံကို ရပ္တန႔္ေစခဲ့တယ္ဆိုတဲ့အခ်က္ေၾကာင့္ ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ေနာက္ဆုံးေန႔မွာ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေျပာင္းေရႊ႕လာၿပီးကတည္းက အသင္းအတြက္ ၅ ပြဲမွာ ၅ ဂိုးအထိ သြင္းယူေပးထားသူျဖစ္ေပမယ့္ အဲဗာတန္အသင္းနဲ႔ ကစားခဲ့တဲ့ စေနေန႔က ပြဲစဥ္အတြက္ ပြဲထြက္ကစားသမားစာရင္းမွာ ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ေျခစြမ္းေကာင္း ျပသေနေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္အသင္းကေတာ့ ႐ုန္းကန္ေနရၿပီး ေပၚတူဂီၾကယ္ပြင့္ကို ေခၚယူၿပီးကတည္းက ၇ ပြဲမွာ ၃ ပြဲသာ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ၾကယ္ပြင့္ေဟာင္းဟာ အဲဗာတန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း လူစားဝင္ကစားေပးခဲ့ရာမွာ အက်ိဳးသက္ေရာက္မႈ မ်ားမ်ားစားစား မျပဳလုပ္နိုင္ခဲ့ဘဲ ေအဂ်က္ၾကယ္ပြင့္ေဟာင္း ဒန္နီ ဘလင္းက အသင္းရဲ့ျပႆနာေတြအားလုံးအတြက္ အျပစ္ရွိသူက ေရာ္နယ္ဒိုသာျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ေရာ္နယ္ဒိုက လႈပ္လႈပ္ရွားရွားကစားရတဲ့ အခန္းက႑ကေန ကစားဖို႔ကို တကယ္က မလိုအပ္တာပါ။ အဲဒီအစား အခ်ိန္ယူပါဦး အဲဒီလိုမ်ိဳးျဖစ္ရမွာ။ တျခားကစားသမားေတြက သူ႔ကို ငါတို႔ေတြ ဒီျပႆနာကို ဘယ္လိုေျဖရွင္းၾကမွာလဲဆိုတဲ့ပုံမ်ိဳးနဲ႔ ၾကည့္ေနၾကတာကိုလည္း ခင္ဗ်ား ျမင္နိုင္မွာပါ”

“ပုံမွန္အားျဖင့္ေတာ့ တိုက္စစ္မႉးက ဗဟိုခံစစ္ကစားသမားတစ္ဦးဆီကေန ေနာက္တစ္ဦးဆီ ေျပးသြားမယ္။ အဲဒါက အခ်ိတ္အဆက္လြဲေခ်ာ္မႈေတြ အမ်ားႀကီး ျဖစ္သြားေစနိုင္ပါတယ္။ အခု သူတို႔ေတြက သူတို႔ကစားေနက် ပုံစံအတိုင္း မကစားေတာ့ဘူး။ ေဘာလုံးက လမ္းေၾကာင္းေျပာင္းသြားတဲ့အခ်ိန္မွာ ေပါ့ဂ္ဘာက အသင္းသားေတြကို ရွိသမၽွ အားကုန္ဖိၾကဖို႔ ညႊန္ၾကားတာကို ျမင္ေတြ႕ခဲ့ရမွာပါ”

“ေရာ္နယ္ဒိုကေတာ့ အဲဒီလို မလုပ္ဘူး။ သူက အဲဒီလိုလူမ်ိဳး မဟုတ္ဘူး။ သူက ဂိုးေတြ သြင္းဖို႔ေလာက္ပဲ ေတြးၿပီး တျခားကစားသမားေတြ ေဘာလုံးကို ေအာင္ေအာင္ျမင္ျမင္ ထိန္းသိမ္းနိုင္မယ္လို႔ ေမၽွာ္လင့္ေနတဲ့သူပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ေနာက္ခံကစားသမားေဟာင္း ဒါေလ ဘလင္းရဲ့ဖခင္တဲ့ ဒန္နီ ဘလင္းဟာ ေရာ္နယ္ဒိုဟာ ၿပိဳင္ဘက္ေနာက္ခံကစားသမားေတြကို ၿပိဳလဲေအာင္ မလုပ္နိုင္တာေၾကာင့္ ဆိုးလ္ရွားရဲ့အသင္းအေနနဲ႔ ၿပိဳင္ဘက္ကို ဖိအားေတြ ေပးဖို႔ ပိုမို ခက္ခဲလာေစတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒန္နီ ဘလင္းရဲ့ ေျပာၾကားခ်က္ဟာ မွန္ကန္ေၾကာင္းကို ယခုအပတ္အေစာပိုင္းက ဘယ္လြန္ေဒါ ၅ ဆုရွင္ထက္ပိုၿပီး ပရီးမီးယားလိဂ္မွာ ၿပိဳင္ဘက္ေတြကို ဖိအားအနည္းဆုံးေပးထားတဲ့ အျခားတိုက္စစ္မႉးမရွိေတာ့ဘူးဆိုတာ ျပသေနတဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြက သက္ေသထူေပးခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ရဲ့ တသက္တာထိပ္တန္းဂိုးသြင္းရွင္ဟာ ဂိုးသြင္းရွင္စာရင္းထဲမွာ ရွိေနသေရြ႕၊ ဗီလာရီးရဲလ္နဲ႔ပြဲစဥ္တုန္းကလို ေနာက္ဆုံးမိနစ္ေတြမွာ ဂိုးသြင္းယူနိုင္ေနသေရြ႕ေတာ့ ပရိသတ္ေတြကေတာ့ သိပ္ၿပီး ဂ႐ုစိုက္ေနမွာမဟုတ္တာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.