Match Report Premier League

ရေနစ်ဆဲ လက်စတာအတွက် ကောက်ရိုးတစ်မျှင်မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့တဲ့ ပဲလေ့စ်

ပွဲစဉ် ၇ ကို ရောက်ရှိလာခဲ့ချိန်မှာ ၆ ပွဲကစားပြီး ၆ မှတ်သာ ရသေးတဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ၇ မှတ်သာ ရသေးတဲ့ လက်စတာတို့ ခြေစွမ်းနဲ့ ရလဒ်တွေက ပုံမှန်အောက် ရောက်နေချိန်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး နှစ်သင်းစလုံးအနေနဲ့ သုံးမှတ်ရဖို့ ပစ်မှတ်ထားခဲ့သလို အထူးသဖြင့် မြေခွေးတွေအနေနဲ့ လင်းယုန်တွေကို ရေနစ်တုန်းမှာ ဆွဲရမယ့် ကောက်ရိုးတစ်မျှင်အဖြစ် အချဉ်လို့ တွက်လာခဲ့တဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။

ပက်ထရစ် ဗီယာရာရဲ့ ပဲလေ့စ်တို့အနေနဲ့ မက်ကာသာ၊ မီလီဗိုယေဗစ်ချ်နဲ့ ဂါလာဂါတို့ကို အထိုင်ချထားတဲ့ ကွင်းလယ်သုံးယောက်တန်းက ပွဲကို စိုးမိုးနိုင်ပြီး ဘောလုံးပိုင်ဆိုင်မှုတွေကို ရယူပေးချိန်မှာ အာယူး၊ ဇာဟာနဲ့ အေဒူယာတို့က ထင်သလောက်တော့ မစွံခဲ့ဘဲ လက်စတာရဲ့ ဗာဒီ၊ အီဟန်နာချိုနဲ့ ဘန်းစ်တို့ရဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘရန်ဒန် ရော့ဂျားစ်ကို ဆဲလ်ဟာ့စ်ပါ့ခ်မှာ မျက်နှာသာပေးမိတော့မလိုဖြစ်ခဲ့ရတာပါ။

တီးလီးမန်းစ်ရဲ့ ဖရီးကစ်ကန်တင်မှုကနေ ဗာဒီက စောစောစီးစီး ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးပေါက်လွဲခဲ့သလို အာယူးရဲ့ ဖြတ်တင်ဘောကနေ အေဒူယာ ပိတ်ခွင့်ရခဲ့ပေမယ့် မအောင်မြင်ခဲ့တာကို ဘာထရန်ရဲ့ ရှင်းထုတ်ပုံအမှားကနေ ကက်စပါ ရှမိုက်ကယ် အသည်းအသန်ဖြစ်ခဲ့ရတာကလည်း ပွဲရဲ့ စကတည်းက ယဉ်သကို ဆိုသလို တွေ့မြင်ခဲ့ရပါတယ်။

မက်ကာသာ၊ ဇာဟာနဲ့ ဂါလာဂါတို့ရဲ့ တိုးချက်တွေက လက်စတာကို တော်တော်လေး ဖိအားပေးနိုင်ခဲ့ပေမယ့် ဂိုးမဖြစ်ခဲ့တာက ကံကောင်းခဲ့ပြီး အချိတ်အဆက်တချို့ လွဲနေခဲ့ပြီး တွဲလုံးတွေမှာ ဗီယာရာ လိုချင်တဲ့အတိုင်း မရသေးတဲ့ ပုံစံက ပဲလေ့စ်တို့အတွက် နစ်နာခဲ့ရသလို ဂိုးသာ စောစောစီးစီး ရခဲ့ရင် ပွဲက အိမ်ရှင်တွေအတွက် ဖြစ်သွားနိုင်တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လက်စတာတို့ အဖွင့်ဂိုးသွင်းယူသွားနိုင်ခဲ့ပြီး ပဲလေ့စ်တို့ ဖိနေရင်း နောက်ပြန်ပေးရာကနေ အန်ဒါဆန်ရဲ့ ဆရာကြီးအထာနဲ့ ထိန်းပြီး ချော်သွားခဲ့တဲ့ ဘောလုံးကို ဖိအားပေး လုယူနိုင်ခဲ့တဲ့ အီဟန်နာချိုက ဂိုးသမား ဂွိုင်တာနဲ့ တစ်ယောက်ချင်း အတွေ့မှာ အသာအယာ ကန်သွင်းပြီး ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ ဆိုယွန်ကျူရဲ့ ခေါင်းတိုက်လုယူမှုကနေ တီးလီးမန်းစ် ဘောလုံးပြန်ရခဲ့ပြီး ဘန်းစ်ကတစ်ဆင့် ဗာဒီကို အပေးမှာ ဝါရင့် မြေခွေးကြီးအနေနဲ့ ပဲလေ့စ်ဂိုးဧရိယာအစပ် ဘယ်ခြမ်းမှာ တစ်ချက်ထိန်းပြီး ဝင်ဖျက်မယ့်သူတွေ မတုံ့ပြန်နိုင်ခင်မှာ အဝေးတိုင်ဘက်ကို ကန်မယ့်ပုံစံပြပြီး ထောင့်ကျဉ်းထဲကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ လက်စတာတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပဲလေ့စ်တို့ မှားတိုင်း လက်စတာတို့ ထိုးဖောက်ခဲ့ပေမယ့် အဆုံးသတ်ကန်ချက်တွေက ခပ်လွယ်လွယ်တွေဖြစ်နေတာမို့လို့ ဂိုးထပ်မရတော့ချိန်မှာ ဗီယာရာအနေနဲ့ သူ့ရဲ့ ကစားကွက်ကို အပြောင်းအလဲစလုပ်ခဲ့ပြီး ညာခြမ်းမှာ အလုပ်မဖြစ်တဲ့ အာယူးအစား အိုလီဆေးကို ပွဲချိန် ၅၃ မိနစ်မှာ ထည့်သွင်းခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ ပဲလေ့စ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ နောက်ခံလူ တိုင်ရစ်ခ် မစ်ချဲလ်ရဲ့ ဖြတ်တင်ဘောကို လူစားဝင် အိုလီဆေးက ကန်သွင်းခဲ့ရာမှာ ဘာထရန်နဲ့ ထိပြီး ပြန်ထွက်လာတာကို သူကပဲ ဒုတိယအကြိမ် ထပ်မံပိတ်သွင်းခဲ့ပြီး နည်းပြရဲ့ ယုံကြည်မှုကို ပေးဆပ်ခဲ့သလို နှစ်ဂိုး-တစ်ဂိုး ရလဒ် ထွက်ပေါ်နေခဲ့တာပါ။

ပွဲချိန် ၇၁ မိနစ်မှာတော့ ဉာဏ်မရှိဘဲ ကစားအားတစ်ခုတည်းနဲ့ ကန်ရပြီးရောလုပ်နေတဲ့ ဂယ်လာဂါအစား ရှလု(ပ်)ကို ဗီယာရာက ထပ်ထည့်ခဲ့ပြီး ဒီတစ်ခါမှာလည်း လက်စတာဂိုးရှေ့မှာ ဝိုင်းခြင်းခတ်သလို ကစားနေကြတဲ့ ပဲလေ့စ်ရဲ့ တိုက်စစ်ဆင်မှုကြားကနေ နောက်တန်းနဲ့ ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို လူစားဝင် ဂါနာသားက ကွင်းထဲရောက်ပြီး တစ်မိနစ်အကြာ ပွဲချိန် ၇၂ မိနစ်မှာ ခေါင်းတိုက်သွင်းပြီး သရေဂိုး ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ ပဲလေ့စ်တို့ ဖိကစားခဲ့ပေမယ့် အနိုင်ဂိုးတော့ ရယူနိုင်ခြင်း မရှိခဲ့တာကြောင့် နှစ်ဂိုးစီသရေ၊ ရမှတ် တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ဆဲလ်ဟာ့စ်ပါ့ခ်မှာ အချိုအချောင်လာရှာတဲ့ ရော့ဂျားစ်ရဲ့ လက်စတာကို ဒါမျိုး မရဘူးလို့ ဗီယာရာတို့အဖွဲ့က တုံ့ပြန်သွားနိုင်ခဲ့သလို နှစ်သင်းစလုံးအတွက်တော့ မကျေနပ်စရာ ရလဒ်တစ်ခုဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပြဲစဥ္ ၇ ကို ေရာက္ရွိလာခဲ့ခ်ိန္မွာ ၆ ပြဲကစားၿပီး ၆ မွတ္သာ ရေသးတဲ့ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ၇ မွတ္သာ ရေသးတဲ့ လက္စတာတို႔ ေျခစြမ္းနဲ႔ ရလဒ္ေတြက ပုံမွန္ေအာက္ ေရာက္ေနခ်ိန္မွာ ေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး ႏွစ္သင္းစလုံးအေနနဲ႔ သုံးမွတ္ရဖို႔ ပစ္မွတ္ထားခဲ့သလို အထူးသျဖင့္ ေျမေခြးေတြအေနနဲ႔ လင္းယုန္ေတြကို ေရနစ္တုန္းမွာ ဆြဲရမယ့္ ေကာက္႐ိုးတစ္မွ်င္အျဖစ္ အခ်ဥ္လို႔ တြက္လာခဲ့တဲ့ ပြဲလည္းျဖစ္ခဲ့ပါတယ္။

ပက္ထရစ္ ဗီယာရာရဲ႕ ပဲေလ့စ္တို႔အေနနဲ႔ မက္ကာသာ၊ မီလီဗိုေယဗစ္ခ်္နဲ႔ ဂါလာဂါတို႔ကို အထိုင္ခ်ထားတဲ့ ကြင္းလယ္သုံးေယာက္တန္းက ပြဲကို စိုးမိုးႏိုင္ၿပီး ေဘာလုံးပိုင္ဆိုင္မႈေတြကို ရယူေပးခ်ိန္မွာ အာယူး၊ ဇာဟာနဲ႔ ေအဒူယာတို႔က ထင္သေလာက္ေတာ့ မစြံခဲ့ဘဲ လက္စတာရဲ႕ ဗာဒီ၊ အီဟန္နာခ်ိဳနဲ႔ ဘန္းစ္တို႔ရဲ႕ ဖိအားေပးမႈနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ဘရန္ဒန္ ေရာ့ဂ်ားစ္ကို ဆဲလ္ဟာ့စ္ပါ့ခ္မွာ မ်က္ႏွာသာေပးမိေတာ့မလိုျဖစ္ခဲ့ရတာပါ။

တီးလီးမန္းစ္ရဲ႕ ဖရီးကစ္ကန္တင္မႈကေန ဗာဒီက ေစာေစာစီးစီး ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးေပါက္လြဲခဲ့သလို အာယူးရဲ႕ ျဖတ္တင္ေဘာကေန ေအဒူယာ ပိတ္ခြင့္ရခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တာကို ဘာထရန္ရဲ႕ ရွင္းထုတ္ပုံအမွားကေန ကက္စပါ ရွမိုက္ကယ္ အသည္းအသန္ျဖစ္ခဲ့ရတာကလည္း ပြဲရဲ႕ စကတည္းက ယဥ္သကို ဆိုသလို ေတြ႕ျမင္ခဲ့ရပါတယ္။

မက္ကာသာ၊ ဇာဟာနဲ႔ ဂါလာဂါတို႔ရဲ႕ တိုးခ်က္ေတြက လက္စတာကို ေတာ္ေတာ္ေလး ဖိအားေပးႏိုင္ခဲ့ေပမယ့္ ဂိုးမျဖစ္ခဲ့တာက ကံေကာင္းခဲ့ၿပီး အခ်ိတ္အဆက္တခ်ိဳ႕ လြဲေနခဲ့ၿပီး တြဲလုံးေတြမွာ ဗီယာရာ လိုခ်င္တဲ့အတိုင္း မရေသးတဲ့ ပုံစံက ပဲေလ့စ္တို႔အတြက္ နစ္နာခဲ့ရသလို ဂိုးသာ ေစာေစာစီးစီး ရခဲ့ရင္ ပြဲက အိမ္ရွင္ေတြအတြက္ ျဖစ္သြားႏိုင္တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန လက္စတာတို႔ အဖြင့္ဂိုးသြင္းယူသြားႏိုင္ခဲ့ၿပီး ပဲေလ့စ္တို႔ ဖိေနရင္း ေနာက္ျပန္ေပးရာကေန အန္ဒါဆန္ရဲ႕ ဆရာႀကီးအထာနဲ႔ ထိန္းၿပီး ေခ်ာ္သြားခဲ့တဲ့ ေဘာလုံးကို ဖိအားေပး လုယူႏိုင္ခဲ့တဲ့ အီဟန္နာခ်ိဳက ဂိုးသမား ဂြိဳင္တာနဲ႔ တစ္ေယာက္ခ်င္း အေတြ႕မွာ အသာအယာ ကန္သြင္းၿပီး ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ဆိုယြန္က်ဴရဲ႕ ေခါင္းတိုက္လုယူမႈကေန တီးလီးမန္းစ္ ေဘာလုံးျပန္ရခဲ့ၿပီး ဘန္းစ္ကတစ္ဆင့္ ဗာဒီကို အေပးမွာ ဝါရင့္ ေျမေခြးႀကီးအေနနဲ႔ ပဲေလ့စ္ဂိုးဧရိယာအစပ္ ဘယ္ျခမ္းမွာ တစ္ခ်က္ထိန္းၿပီး ဝင္ဖ်က္မယ့္သူေတြ မတုံ႔ျပန္ႏိုင္ခင္မွာ အေဝးတိုင္ဘက္ကို ကန္မယ့္ပုံစံျပၿပီး ေထာင့္က်ဥ္းထဲကို အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ လက္စတာတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ပဲေလ့စ္တို႔ မွားတိုင္း လက္စတာတို႔ ထိုးေဖာက္ခဲ့ေပမယ့္ အဆုံးသတ္ကန္ခ်က္ေတြက ခပ္လြယ္လြယ္ေတြျဖစ္ေနတာမို႔လို႔ ဂိုးထပ္မရေတာ့ခ်ိန္မွာ ဗီယာရာအေနနဲ႔ သူ႔ရဲ႕ ကစားကြက္ကို အေျပာင္းအလဲစလုပ္ခဲ့ၿပီး ညာျခမ္းမွာ အလုပ္မျဖစ္တဲ့ အာယူးအစား အိုလီေဆးကို ပြဲခ်ိန္ ၅၃ မိနစ္မွာ ထည့္သြင္းခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ပဲေလ့စ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ေနာက္ခံလူ တိုင္ရစ္ခ္ မစ္ခ်ဲလ္ရဲ႕ ျဖတ္တင္ေဘာကို လူစားဝင္ အိုလီေဆးက ကန္သြင္းခဲ့ရာမွာ ဘာထရန္နဲ႔ ထိၿပီး ျပန္ထြက္လာတာကို သူကပဲ ဒုတိယအႀကိမ္ ထပ္မံပိတ္သြင္းခဲ့ၿပီး နည္းျပရဲ႕ ယုံၾကည္မႈကို ေပးဆပ္ခဲ့သလို ႏွစ္ဂိုး-တစ္ဂိုး ရလဒ္ ထြက္ေပၚေနခဲ့တာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ဉာဏ္မရွိဘဲ ကစားအားတစ္ခုတည္းနဲ႔ ကန္ရၿပီးေရာလုပ္ေနတဲ့ ဂယ္လာဂါအစား ရွလု(ပ္)ကို ဗီယာရာက ထပ္ထည့္ခဲ့ၿပီး ဒီတစ္ခါမွာလည္း လက္စတာဂိုးေရွ႕မွာ ဝိုင္းျခင္းခတ္သလို ကစားေနၾကတဲ့ ပဲေလ့စ္ရဲ႕ တိုက္စစ္ဆင္မႈၾကားကေန ေနာက္တန္းနဲ႔ ထိၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို လူစားဝင္ ဂါနာသားက ကြင္းထဲေရာက္ၿပီး တစ္မိနစ္အၾကာ ပြဲခ်ိန္ ၇၂ မိနစ္မွာ ေခါင္းတိုက္သြင္းၿပီး သေရဂိုး ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ ပဲေလ့စ္တို႔ ဖိကစားခဲ့ေပမယ့္ အႏိုင္ဂိုးေတာ့ ရယူႏိုင္ျခင္း မရွိခဲ့တာေၾကာင့္ ႏွစ္ဂိုးစီသေရ၊ ရမွတ္ တစ္မွတ္နဲ႔ပဲ ေက်နပ္ခဲ့ရၿပီး ဆဲလ္ဟာ့စ္ပါ့ခ္မွာ အခ်ိဳအေခ်ာင္လာရွာတဲ့ ေရာ့ဂ်ားစ္ရဲ႕ လက္စတာကို ဒါမ်ိဳး မရဘူးလို႔ ဗီယာရာတို႔အဖြဲ႕က တုံ႔ျပန္သြားႏိုင္ခဲ့သလို ႏွစ္သင္းစလုံးအတြက္ေတာ့ မေက်နပ္စရာ ရလဒ္တစ္ခုျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.