Match Report Premier League

အိမ်ကွင်းမှာ ဝက်စ်ဟမ်းတို့ ပျားတုပ်ခံရပြန်ပြီး ခြေစွာနေတဲ့ ဘရန့်ဖို့ဒ်တို့ နိုင်ပွဲဆင်

ဒီတစ်ပတ်ရဲ့ လန်ဒန်ဒါဘီမှာတော့ ဝက်စ်ဟမ်းအသင်းအနေနဲ့ ရလဒ်ကောင်းရဖို့ လူစုံထုတ်လာခဲ့သလို ဒက်ကလန် ရိုက်စ်၊ ဆိုးချက်ခ်၊ ဘိုဝင်၊ ဖော်နယ်လ်စ်၊ အန်တိုနီယိုနဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်မယ့် ဘန်ရာမာတို့ကို သုံးစွဲလာခဲ့သလို ခံစစ်နဲ့ ဂိုးသမားပိုင်းမှာလည်း မပြောင်းမလဲဘဲ ဒေးဗစ်မွိုက်စ်အနေနဲ့ သူ့ရဲ့ အတောင့်တင်းဆုံး အစုအဖွဲ့ကို ပြင်ဆင်လာခဲ့ပါတယ်။

အဝေးကွင်းမှာ လာရောက်ကစားရတဲ့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ခ်ကတော့ ဟတ်ဒါစ်ဖီးလ်ကစားသမားဟောင်း ဇန်ကာ၊ ယွန်ဆန်နဲ့ ပင်းနော့ခ်တို့ကို သုံးယောက်တန်းခံစစ်နဲ့ အမာခံထားခဲ့ပြီး ကာနို့စ်၊ နော်ဂတ်၊ အမ်ဘူးမို၊ တိုနီတို့ကို ၃-၅-၂ ကစားကွက်နဲ့ နေရာချလာခဲ့ပြီး လီဗာပူးလ်ကို ဂိုးသွင်းခဲ့တဲ့ ဝစ်ဆာကိုတော့ အရန်ခုံမှာပဲ ထားခဲ့ပါတယ်။

ပွဲချိန် ၂ မိနစ်မှာကတည်း ကွင်းမရွေးဘဲ ခြေစွာနေတဲ့ ဘရန့်ဖို့ဒ်တို့ စတင်ခြိမ်းခြောက်ခဲ့သလို ထောင့်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို အမ်ဘူးမိုရဲ့ ကန်ချက်က ဘားထောင့်စွန်း ထိထွက်သွားခဲ့ပြီး ဖာဘီယန်စကီးကို ထိတ်လန့်စေခဲ့ချိန်မှာ ဝက်စ်ဟမ်းတို့ အထနှေးမှုတွေက ရင်ထိတ်စရာလည်း ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာ ပင်းနော့ခ် ခေါင်းတိုက်ချပေးတာကို တိုနီရဲ့ Volley ကန်ချက်ကောင်းပေမယ့် အနည်းငယ်ပျော့ခဲ့လို့ ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး ဝက်စ်ဟမ်းတို့ ရှေ့တက်ဖိတာနဲ့ ကောင်တာကနေ ဆက်တိုက်ထိုးဖောက်နေတဲ့ ဘရန့်ဖို့ဒ်ရဲ့ ထိုးနှက်ချက်တွေကို အိမ်ရှင်အသင်းခေါင်းဆောင် ရိုက်စ်ကပါ စိတ်ပျက်တဲ့ပုံ ပြယူခဲ့ရပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဇူးမား ခေါင်းတိုက်ခွင့်ရပေမယ့် တိုင်ဘေးက ကပ်ထွက်သွားခဲ့သလို အန်တိုနီယိုနဲ့ ဘန်ရာမာတို့ရဲ့ ကန်ချက်တွေကလည်း ဘရန့်ဖို့ဒ်ရဲ့ ခံစစ်တန်းကို မကျော်ဘဲဖြစ်နေခဲ့ပြီး ထောင့်ကန်ဘောကနေ အော့ဘွန်နာ နောက်တစ်ကြိမ် ခေါင်းတိုက်ခွင့်ကလည်း ဘာမှဖြစ်မလာခဲ့လို့ ဝက်စ်ဟမ်းတို့ တိုင်ပတ်နေခဲ့ရတာပါ။

ပွဲချိန် မိနစ် ၂၀ မှာတော့ ဝက်စ်ဟမ်းတို့ အငိုက်မိသွားတဲ့ ခေါင်းတိုက်ဖျက်မှုကနေ တိုက်စစ်မှူး တိုနီက နောက်တန်းတွေကြားထဲ လျှပ်တစ်ပြက် ထိုးပေးတာကို ကွင်းလယ်လူ ကာနို့စ် ကန်သွင်းရာမှာ ဖာဘီယန်စကီး ကာကွယ်နိုင်ခဲ့ပေမယ့် နောက်က လိုက်လာခဲ့တဲ့ အမ်ဘူးမိုက ပိတ်သွင်းပြီး ဘရန့်ဖို့ဒ်တို့အတွက် အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ဝက်စ်ဟမ်းရဲ့ တိုက်စစ်တွေကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ဘရန့်ဖို့ဒ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ချေပဂိုး ပြန်ရဖို့ ဆက်တိုက်ထိုးဖောက်နေတဲ့ အိမ်ရှင်တွေရဲ့ တိုက်စစ်ကို ဂိုးသမား ရာယာအပါအဝင် ဧည့်သည်တွေ တောက်လျှောက်ခုခံကာကွယ်နေခဲ့ရပြီး ဆိုးချက်၊ ဘန်ရာမာနဲ့ ဘိုဝင်တို့က ပွဲကြမ်းနေခဲ့ကြတာပါ။

ပွဲချိန် ၅၉ မိနစ်မှာ ဘရန့်ဖို့ဒ်ဂိုးသမား ရာယာ ခုန်ဖမ်းပြီး ပြန်အကျမှာ လက်ထဲက ဘောလုံးက အန်တိုနီယိုနဲ့ ထိပြီး ပြန်ထွက်လာတာကို ဘိုဝင် ကန်သွင်းခဲ့ပေမယ့် ရာယာပဲ ပြန်လည်ကာကွယ်နိုင်ခဲ့လို့ ဝက်စ်ဟမ်းတို့ စိတ်ပျက်ခဲ့ရပြီး ဆက်တိုက်ဆိုသလိုပဲ ဘိုဝင်နဲ့ ဆိုဖာလ်တို့ရဲ့ ကန်ချက်တွေကို စပိန်သားအနေနဲ့ ပိတ်ဆို့သွားနိုင်ခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ခရက်စ်ဝဲလ်ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းခုန်တိုက်တဲ့ ဆိုးချက်ခ်နဲ့ ထိပြီး ပြန်ကျလာတာကို ဘိုဝင်က ညာခြေနဲ့ မြေမကျ အပြင်းကန်သွင်းခဲ့ရာမှာ လက်စွမ်းပြနေတဲ့ ဘရန့်ဖို့ဒ်ဂိုးသမား ရာယာ လှုပ်တောင် မလှုပ်လိုက်ရဘဲ ဂိုးပေးလိုက်ရတာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းတို့ ချေပဂိုးရပေမယ့် တိုက်စစ်ကတော့ သိပ်ပြီး ကြိုးစားနိုင်ခြင်း မရှိတော့ဘဲ ပွဲဆက်များနေတဲ့ အနေအထားကြောင့် အလွယ်တကူ အားကုန်သလိုဖြစ်နေခဲ့ကြချိန်မှာ ဘရန့်ဖို့ဒ်တို့ကတော့ ခြေစွမ်းရော ကံပါ သူတို့ဘက် ရှိနေခဲ့ပြီး နာကျင်အချိန်ပို ၄ မိနစ်မှာတော့ ဂျင်ဆန်ရဲ့ ဖရီးကစ်ကနေ ယွန်ဆန် ခေါင်းတိုက်ချက်ကို ဖာဘီယန်စကီး ပုတ်ထုတ်ရာမှာ လူစားဝင်တိုက်စစ်မှူး ဝစ်ဆာက Volley ကန်သွင်းပြီး အနိုင်ဂိုးရှာဖွေသွားနိုင်ခဲ့တာပါ။

ကွန်ဂိုသားအတွက်တော့ ဒါဟာ လီဗာပူးလ်နဲ့ပွဲရော ဒီနေ့ပွဲမှာပါ နှစ်ပွဲဆက်တိုက် ပရီးမီးယားလိဂ်သွင်းဂိုးတွေ ရယူနိုင်ခဲ့တာဖြစ်ပြီး ပွဲချိန်အပြည့်မှာတော့ ဘရန့်ဖို့ဒ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာအထိ တက်လှမ်းနိုင်ခဲ့ကြပြီး ဝက်စ်ဟမ်းတို့ကတော့ သုံးမှတ်ဆုံးရှုံးခဲ့ပြီး တတိယနေရာလု အသင်းတွေကြား ဝင်နိုင်ရမယ့်အစား အဆင့် ၉ ဆီ ဆင်းပေးခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီတစ္ပတ္ရဲ႕ လန္ဒန္ဒါဘီမွာေတာ့ ဝက္စ္ဟမ္းအသင္းအေနနဲ႔ ရလဒ္ေကာင္းရဖို႔ လူစုံထုတ္လာခဲ့သလို ဒက္ကလန္ ႐ိုက္စ္၊ ဆိုးခ်က္ခ္၊ ဘိုဝင္၊ ေဖာ္နယ္လ္စ္၊ အန္တိုနီယိုနဲ႔ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္မယ့္ ဘန္ရာမာတို႔ကို သုံးစြဲလာခဲ့သလို ခံစစ္နဲ႔ ဂိုးသမားပိုင္းမွာလည္း မေျပာင္းမလဲဘဲ ေဒးဗစ္မြိဳက္စ္အေနနဲ႔ သူ႔ရဲ႕ အေတာင့္တင္းဆုံး အစုအဖြဲ႕ကို ျပင္ဆင္လာခဲ့ပါတယ္။

အေဝးကြင္းမွာ လာေရာက္ကစားရတဲ့ ဘရန႔္ဖို႔ဒ္နည္းျပ ေသာမတ္စ္ ဖရန႔္ခ္ကေတာ့ ဟတ္ဒါစ္ဖီးလ္ကစားသမားေဟာင္း ဇန္ကာ၊ ယြန္ဆန္နဲ႔ ပင္းေနာ့ခ္တို႔ကို သုံးေယာက္တန္းခံစစ္နဲ႔ အမာခံထားခဲ့ၿပီး ကာႏို႔စ္၊ ေနာ္ဂတ္၊ အမ္ဘူးမို၊ တိုနီတို႔ကို ၃-၅-၂ ကစားကြက္နဲ႔ ေနရာခ်လာခဲ့ၿပီး လီဗာပူးလ္ကို ဂိုးသြင္းခဲ့တဲ့ ဝစ္ဆာကိုေတာ့ အရန္ခုံမွာပဲ ထားခဲ့ပါတယ္။

ပြဲခ်ိန္ ၂ မိနစ္မွာကတည္း ကြင္းမေ႐ြးဘဲ ေျခစြာေနတဲ့ ဘရန႔္ဖို႔ဒ္တို႔ စတင္ၿခိမ္းေျခာက္ခဲ့သလို ေထာင့္ကန္ေဘာကေန ျပန္က်လာတဲ့ ေဘာလုံးကို အမ္ဘူးမိုရဲ႕ ကန္ခ်က္က ဘားေထာင့္စြန္း ထိထြက္သြားခဲ့ၿပီး ဖာဘီယန္စကီးကို ထိတ္လန႔္ေစခဲ့ခ်ိန္မွာ ဝက္စ္ဟမ္းတို႔ အထေႏွးမႈေတြက ရင္ထိတ္စရာလည္း ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာ ပင္းေနာ့ခ္ ေခါင္းတိုက္ခ်ေပးတာကို တိုနီရဲ႕ Volley ကန္ခ်က္ေကာင္းေပမယ့္ အနည္းငယ္ေပ်ာ့ခဲ့လို႔ ဂိုးသမား ကာကြယ္ႏိုင္ခဲ့ၿပီး ဝက္စ္ဟမ္းတို႔ ေရွ႕တက္ဖိတာနဲ႔ ေကာင္တာကေန ဆက္တိုက္ထိုးေဖာက္ေနတဲ့ ဘရန႔္ဖို႔ဒ္ရဲ႕ ထိုးႏွက္ခ်က္ေတြကို အိမ္ရွင္အသင္းေခါင္းေဆာင္ ႐ိုက္စ္ကပါ စိတ္ပ်က္တဲ့ပုံ ျပယူခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဇူးမား ေခါင္းတိုက္ခြင့္ရေပမယ့္ တိုင္ေဘးက ကပ္ထြက္သြားခဲ့သလို အန္တိုနီယိုနဲ႔ ဘန္ရာမာတို႔ရဲ႕ ကန္ခ်က္ေတြကလည္း ဘရန႔္ဖို႔ဒ္ရဲ႕ ခံစစ္တန္းကို မေက်ာ္ဘဲျဖစ္ေနခဲ့ၿပီး ေထာင့္ကန္ေဘာကေန ေအာ့ဘြန္နာ ေနာက္တစ္ႀကိမ္ ေခါင္းတိုက္ခြင့္ကလည္း ဘာမွျဖစ္မလာခဲ့လို႔ ဝက္စ္ဟမ္းတို႔ တိုင္ပတ္ေနခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ ဝက္စ္ဟမ္းတို႔ အငိုက္မိသြားတဲ့ ေခါင္းတိုက္ဖ်က္မႈကေန တိုက္စစ္မႉး တိုနီက ေနာက္တန္းေတြၾကားထဲ လွ်ပ္တစ္ျပက္ ထိုးေပးတာကို ကြင္းလယ္လူ ကာႏို႔စ္ ကန္သြင္းရာမွာ ဖာဘီယန္စကီး ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေနာက္က လိုက္လာခဲ့တဲ့ အမ္ဘူးမိုက ပိတ္သြင္းၿပီး ဘရန႔္ဖို႔ဒ္တို႔အတြက္ အဖြင့္ဂိုး စတင္ရရွိခဲ့ပါတယ္။

ပထမပိုင္းမွာေတာ့ ဝက္စ္ဟမ္းရဲ႕ တိုက္စစ္ေတြကို ႀကံ့ႀကံ့ခံႏိုင္ခဲ့တဲ့ ဘရန႔္ဖို႔ဒ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ေခ်ပဂိုး ျပန္ရဖို႔ ဆက္တိုက္ထိုးေဖာက္ေနတဲ့ အိမ္ရွင္ေတြရဲ႕ တိုက္စစ္ကို ဂိုးသမား ရာယာအပါအဝင္ ဧည့္သည္ေတြ ေတာက္ေလွ်ာက္ခုခံကာကြယ္ေနခဲ့ရၿပီး ဆိုးခ်က္၊ ဘန္ရာမာနဲ႔ ဘိုဝင္တို႔က ပြဲၾကမ္းေနခဲ့ၾကတာပါ။

ပြဲခ်ိန္ ၅၉ မိနစ္မွာ ဘရန႔္ဖို႔ဒ္ဂိုးသမား ရာယာ ခုန္ဖမ္းၿပီး ျပန္အက်မွာ လက္ထဲက ေဘာလုံးက အန္တိုနီယိုနဲ႔ ထိၿပီး ျပန္ထြက္လာတာကို ဘိုဝင္ ကန္သြင္းခဲ့ေပမယ့္ ရာယာပဲ ျပန္လည္ကာကြယ္ႏိုင္ခဲ့လို႔ ဝက္စ္ဟမ္းတို႔ စိတ္ပ်က္ခဲ့ရၿပီး ဆက္တိုက္ဆိုသလိုပဲ ဘိုဝင္နဲ႔ ဆိုဖာလ္တို႔ရဲ႕ ကန္ခ်က္ေတြကို စပိန္သားအေနနဲ႔ ပိတ္ဆို႔သြားႏိုင္ခဲ့ေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ဝက္စ္ဟမ္းတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ခရက္စ္ဝဲလ္ရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းခုန္တိုက္တဲ့ ဆိုးခ်က္ခ္နဲ႔ ထိၿပီး ျပန္က်လာတာကို ဘိုဝင္က ညာေျခနဲ႔ ေျမမက် အျပင္းကန္သြင္းခဲ့ရာမွာ လက္စြမ္းျပေနတဲ့ ဘရန႔္ဖို႔ဒ္ဂိုးသမား ရာယာ လႈပ္ေတာင္ မလႈပ္လိုက္ရဘဲ ဂိုးေပးလိုက္ရတာလည္းျဖစ္ပါတယ္။

ဝက္စ္ဟမ္းတို႔ ေခ်ပဂိုးရေပမယ့္ တိုက္စစ္ကေတာ့ သိပ္ၿပီး ႀကိဳးစားႏိုင္ျခင္း မရွိေတာ့ဘဲ ပြဲဆက္မ်ားေနတဲ့ အေနအထားေၾကာင့္ အလြယ္တကူ အားကုန္သလိုျဖစ္ေနခဲ့ၾကခ်ိန္မွာ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ေျခစြမ္းေရာ ကံပါ သူတို႔ဘက္ ရွိေနခဲ့ၿပီး နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ ဂ်င္ဆန္ရဲ႕ ဖရီးကစ္ကေန ယြန္ဆန္ ေခါင္းတိုက္ခ်က္ကို ဖာဘီယန္စကီး ပုတ္ထုတ္ရာမွာ လူစားဝင္တိုက္စစ္မႉး ဝစ္ဆာက Volley ကန္သြင္းၿပီး အႏိုင္ဂိုးရွာေဖြသြားႏိုင္ခဲ့တာပါ။

ကြန္ဂိုသားအတြက္ေတာ့ ဒါဟာ လီဗာပူးလ္နဲ႔ပြဲေရာ ဒီေန႔ပြဲမွာပါ ႏွစ္ပြဲဆက္တိုက္ ပရီးမီးယားလိဂ္သြင္းဂိုးေတြ ရယူႏိုင္ခဲ့တာျဖစ္ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို အမွတ္ေပးဇယားမွာ အဆင့္ ၇ ေနရာအထိ တက္လွမ္းႏိုင္ခဲ့ၾကၿပီး ဝက္စ္ဟမ္းတို႔ကေတာ့ သုံးမွတ္ဆုံးရႈံးခဲ့ၿပီး တတိယေနရာလု အသင္းေတြၾကား ဝင္ႏိုင္ရမယ့္အစား အဆင့္ ၉ ဆီ ဆင္းေပးခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.