Ligue1 Match Report

ရင်းနေးကို အဝေးကွင်းမှာ ရှုံးပြီး နာမည်ပျက်ရပြန်တဲ့ မက်ဆီနဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ အကောင်းဆုံးလူစာရင်းလို့ ဆိုနိုင်တဲ့ ဒွန်နာရမ်မာ၊ ဟာကီမီ၊ မားကင်ညို့စ်၊ ကင်ပမ်ဘီ၊ နူနို မန်ဒက်စ်၊ ဂေးယီ၊ ဗာရက်တီ၊ ဒီမာရီယာတို့နဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ MNM တိုက်စစ်ကို ထုတ်သုံးခဲ့ပြီး ပြင်သစ်လီဂူးဝမ်း(လိဂန်)အသင်းလတ် ရင်းနေးကို ရလဒ်ကောင်းနိုင်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

နာမည်ကြီးကစားသမားတစ်ယောက်မှ မပါတဲ့ ရင်းနေးကတော့ လီယွန်နည်းပြဟောင်း ဘရူနို ဂျေနေဆီယိုရဲ့ လမ်းညွှန်မှုနဲ့ အိမ်ကွင်း ရိုအာဇွန်ပါ့ခ်မှာ ကျစ်ကျစ်လစ်လစ် ကစားလာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု မရနိုင်မှန်း သိထားတဲ့ ပွဲအတွက် ခံစစ်ကစားပြီး ကောင်တာတွေနဲ့ ပီအက်စ်ဂျီတို့ကို ထိုးနှက်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြတာပါ။

ပွဲချိန် ၇ မိနစ်မှာ ညာခြမ်းက ဟာကီမီ ချိုးပေးတာကို ကန်နေကျ ဘယ်ခြေနဲ့ အနီးကပ်ကန်သွင်းရမယ့်အစား ညာခြေနဲ့ အလောတကြီးကန်တဲ့ မက်ဆီကြောင့် ခံစစ်နဲ့ထိပြီး အဖွင့်ဂိုးနဲ့ ဝေးခဲ့ရသလို ချက်ချင်းဆိုသလိုပဲ အိမ်ရှင်တွေက ပြန်လည်ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပြီး ဒွန်နာရမ်မာက အမိဖမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ဂိုးနားက အခွင့်အရေးကို နေမာနဲ့ အမ်ဘာပေတို့ လုကန်ရင်း မိုးပေါ်ထောင်သွားခဲ့သလို ၂၅ မိနစ်မှာလည်း အမ်ဘာပေကပဲ ဂိုးဝင်နိုင်တဲ့ အနေအထားကို ဘယ်ခြေနဲ့ ကန်တာက ဂိုးဘားပေါ် ကျော်သွားခဲ့ပြီး မက်ဆီကတော့ ပွဲချိန် မိနစ် ၃၀ မှာ သူ့အနေနဲ့ ပီအက်စ်ဂျီတို့အတွက် အထူးတလည် လေ့ကျင့်ထားပုံပေါ်တဲ့ ဂိုးဘားကန်ချက်နဲ့ ဖရီးကစ်ကနေ လှမ်းကန်ပြခဲ့တာပါ။

အခွင့်အရေးတွေကို မက်ဆီတို့အုပ်စု မျှဝေဖြုန်းတီးခဲ့အပြီး ပွဲချိန် ၄၅ မိနစ်မှာတော့ ရင်းနေးတို့ အိမ်ကွင်းမှာ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ပြီး ဘယ်ခြမ်းက ဆူလေမာနာရဲ့ ဖြတ်တင်ဘောကို ပီအက်စ်ဂျီနောက်ခံလူ ကင်ပမ်ဘီ မတားဆီးလိုက်နိုင်တာကို တိုက်စစ်မှူး လာဘော့ဒ်က ပြေးဝင်ပိတ်ပြီး ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စချိန်မှာလည်း ဂိုးတွေ ပြန်သွင်းဖို့ မောင်းတင်လာခဲ့တဲ့ ပီအက်စ်ဂျီအစား ရင်းနေးတို့ပဲ အထသွက်သွက်နဲ့ နောက်ထပ်တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲစလို့ ၁၇ စက္ကန့်မှာတင် ကွင်းလယ်က စပေးဘောကနေ ညာတောင်ပံက ဘောလုံးရသွားတဲ့ အဖွင့်ဂိုးရှင် လာဘော့ဒ်ရဲ့ ဖြတ်တင်ဘောကို ဖလေဗီယင် တက်ထ်က ဘယ်ခြေနဲ့ ပိတ်သွင်းယူနိုင်ခဲ့တာပါ။

နှစ်ဂိုး-ဂိုးမရှိနဲ့ အငိုက်မိသွားတဲ့ ပီအက်စ်ဂျီတို့အနေနဲ့ တိုက်စစ်မြှင့်လာခဲ့သလို ရတာနဲ့ ကန်သွင်းဖို့ ကြိုးစားနေခဲ့ကြပြီး ပွဲချိန် ၆၈ မိနစ်မှာ သွင်းယူခဲ့တဲ့ အမ်ဘာပေရဲ့ ဂိုးကတော့ လူအနည်းငယ်ကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရသလို ပွဲချိန် ၇၃ မိနစ်မှာတော့ မက်ဆီရဲ့ ဖရီးကစ်က ဒီတစ်ကြိမ်မှာ ဘားမထိဘဲ ကျော်သွားခဲ့ပြီး ၇၆ မိနစ်မှာ ခြေစွမ်းမပြနိုင်တဲ့ နေမာနဲ့ ဗာရက်တီ၊ ဂေးယီတို့အစား အီကာဒီ၊ ဗိုင်နယ်လ်ဒွမ်နဲ့ ဟာရဲရားတို့ လူစားလဲခဲ့ကြပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ ပီအက်စ်ဂျီတို့ ပင်နယ်တီ ပေးခဲ့ရပေမယ့် VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့လို့ သက်သာခဲ့ရသလို လက်ကျန်ပွဲချိန်တွေမှာတော့ ကောင်တာကစားတဲ့ ရင်းနေးတို့ကတောင် ပိုမိုခြိမ်းခြောက်နိုင်ခဲ့သလို လူစားဝင်တိုက်စစ်မှူး အီကာဒီလည်း မကယ်တင်နိုင်တော့ဘဲ မက်ဆီတို့ နာမည်ကြီး အုပ်စုအနေနဲ့ ဒီနေ့အဝေးကွင်းပွဲမှာ ၁၃ ကြိမ် ကန်သွင်းပြီး ဂိုးပေါက်တစ်ကြိမ်မှာ မတည့်ခဲ့ဘဲ အရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ပီအက်စ်ဂျီတို့ ဒီရာသီ လီဂူးဝမ်း(လိဂန်)မှာ ပထမဆုံး ရှုံးပွဲတွေ့သွားခဲ့သလို သူတို့ရဲ့ ဒီပွဲမတိုင်ခင် ၈ ပွဲဆက်တိုက် ရာနှုန်းပြည့်နိုင်ပွဲစံချိန် ကျိုးပျက်သွားခဲ့ရပြီး အဝေးကွင်းမှာ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ရဲ့ ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့တဲ့ မှတ်တမ်းကတော့ သူတို့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေအတွက် စိတ်ပျက်စရာလည်းဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းလို႔ ဆိုႏိုင္တဲ့ ဒြန္နာရမ္မာ၊ ဟာကီမီ၊ မားကင္ညိဳ႕စ္၊ ကင္ပမ္ဘီ၊ ႏူႏို မန္ဒက္စ္၊ ေဂးယီ၊ ဗာရက္တီ၊ ဒီမာရီယာတို႔နဲ႔ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ MNM တိုက္စစ္ကို ထုတ္သုံးခဲ့ၿပီး ျပင္သစ္လီဂူးဝမ္း(လိဂန္)အသင္းလတ္ ရင္းေနးကို ရလဒ္ေကာင္းႏိုင္ဖို႔ ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။

နာမည္ႀကီးကစားသမားတစ္ေယာက္မွ မပါတဲ့ ရင္းေနးကေတာ့ လီယြန္နည္းျပေဟာင္း ဘ႐ူႏို ေဂ်ေနဆီယိုရဲ႕ လမ္းၫႊန္မႈနဲ႔ အိမ္ကြင္း ႐ိုအာဇြန္ပါ့ခ္မွာ က်စ္က်စ္လစ္လစ္ ကစားလာခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ မရႏိုင္မွန္း သိထားတဲ့ ပြဲအတြက္ ခံစစ္ကစားၿပီး ေကာင္တာေတြနဲ႔ ပီအက္စ္ဂ်ီတို႔ကို ထိုးႏွက္ႏိုင္ဖို႔ လုပ္ေဆာင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာ ညာျခမ္းက ဟာကီမီ ခ်ိဳးေပးတာကို ကန္ေနက် ဘယ္ေျခနဲ႔ အနီးကပ္ကန္သြင္းရမယ့္အစား ညာေျခနဲ႔ အေလာတႀကီးကန္တဲ့ မက္ဆီေၾကာင့္ ခံစစ္နဲ႔ထိၿပီး အဖြင့္ဂိုးနဲ႔ ေဝးခဲ့ရသလို ခ်က္ခ်င္းဆိုသလိုပဲ အိမ္ရွင္ေတြက ျပန္လည္ၿခိမ္းေျခာက္ဖို႔ ႀကိဳးစားခဲ့ၿပီး ဒြန္နာရမ္မာက အမိဖမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာ ဂိုးနားက အခြင့္အေရးကို ေနမာနဲ႔ အမ္ဘာေပတို႔ လုကန္ရင္း မိုးေပၚေထာင္သြားခဲ့သလို ၂၅ မိနစ္မွာလည္း အမ္ဘာေပကပဲ ဂိုးဝင္ႏိုင္တဲ့ အေနအထားကို ဘယ္ေျခနဲ႔ ကန္တာက ဂိုးဘားေပၚ ေက်ာ္သြားခဲ့ၿပီး မက္ဆီကေတာ့ ပြဲခ်ိန္ မိနစ္ ၃၀ မွာ သူ႔အေနနဲ႔ ပီအက္စ္ဂ်ီတို႔အတြက္ အထူးတလည္ ေလ့က်င့္ထားပုံေပၚတဲ့ ဂိုးဘားကန္ခ်က္နဲ႔ ဖရီးကစ္ကေန လွမ္းကန္ျပခဲ့တာပါ။

အခြင့္အေရးေတြကို မက္ဆီတို႔အုပ္စု မွ်ေဝျဖဳန္းတီးခဲ့အၿပီး ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ရင္းေနးတို႔ အိမ္ကြင္းမွာ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၿပီး ဘယ္ျခမ္းက ဆူေလမာနာရဲ႕ ျဖတ္တင္ေဘာကို ပီအက္စ္ဂ်ီေနာက္ခံလူ ကင္ပမ္ဘီ မတားဆီးလိုက္ႏိုင္တာကို တိုက္စစ္မႉး လာေဘာ့ဒ္က ေျပးဝင္ပိတ္ၿပီး ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စခ်ိန္မွာလည္း ဂိုးေတြ ျပန္သြင္းဖို႔ ေမာင္းတင္လာခဲ့တဲ့ ပီအက္စ္ဂ်ီအစား ရင္းေနးတို႔ပဲ အထသြက္သြက္နဲ႔ ေနာက္ထပ္တစ္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ပြဲစလို႔ ၁၇ စကၠန႔္မွာတင္ ကြင္းလယ္က စေပးေဘာကေန ညာေတာင္ပံက ေဘာလုံးရသြားတဲ့ အဖြင့္ဂိုးရွင္ လာေဘာ့ဒ္ရဲ႕ ျဖတ္တင္ေဘာကို ဖေလဗီယင္ တက္ထ္က ဘယ္ေျခနဲ႔ ပိတ္သြင္းယူႏိုင္ခဲ့တာပါ။

ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အငိုက္မိသြားတဲ့ ပီအက္စ္ဂ်ီတို႔အေနနဲ႔ တိုက္စစ္ျမႇင့္လာခဲ့သလို ရတာနဲ႔ ကန္သြင္းဖို႔ ႀကိဳးစားေနခဲ့ၾကၿပီး ပြဲခ်ိန္ ၆၈ မိနစ္မွာ သြင္းယူခဲ့တဲ့ အမ္ဘာေပရဲ႕ ဂိုးကေတာ့ လူအနည္းငယ္ကြၽံေနတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရသလို ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ မက္ဆီရဲ႕ ဖရီးကစ္က ဒီတစ္ႀကိမ္မွာ ဘားမထိဘဲ ေက်ာ္သြားခဲ့ၿပီး ၇၆ မိနစ္မွာ ေျခစြမ္းမျပႏိုင္တဲ့ ေနမာနဲ႔ ဗာရက္တီ၊ ေဂးယီတို႔အစား အီကာဒီ၊ ဗိုင္နယ္လ္ဒြမ္နဲ႔ ဟာရဲရားတို႔ လူစားလဲခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာ ပီအက္စ္ဂ်ီတို႔ ပင္နယ္တီ ေပးခဲ့ရေပမယ့္ VAR ျပန္ၾကည့္ၿပီး ပယ္ဖ်က္ခဲ့လို႔ သက္သာခဲ့ရသလို လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ေကာင္တာကစားတဲ့ ရင္းေနးတို႔ကေတာင္ ပိုမိုၿခိမ္းေျခာက္ႏိုင္ခဲ့သလို လူစားဝင္တိုက္စစ္မႉး အီကာဒီလည္း မကယ္တင္ႏိုင္ေတာ့ဘဲ မက္ဆီတို႔ နာမည္ႀကီး အုပ္စုအေနနဲ႔ ဒီေန႔အေဝးကြင္းပြဲမွာ ၁၃ ႀကိမ္ ကန္သြင္းၿပီး ဂိုးေပါက္တစ္ႀကိမ္မွာ မတည့္ခဲ့ဘဲ အရႈံးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ပီအက္စ္ဂ်ီတို႔ ဒီရာသီ လီဂူးဝမ္း(လိဂန္)မွာ ပထမဆုံး ရႈံးပြဲေတြ႕သြားခဲ့သလို သူတို႔ရဲ႕ ဒီပြဲမတိုင္ခင္ ၈ ပြဲဆက္တိုက္ ရာႏႈန္းျပည့္ႏိုင္ပြဲစံခ်ိန္ က်ိဳးပ်က္သြားခဲ့ရၿပီး အေဝးကြင္းမွာ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ရဲ႕ ဂိုးေပါက္တစ္ႀကိမ္မွ မတည့္ခဲ့တဲ့ မွတ္တမ္းကေတာ့ သူတို႔ရဲ႕ ႀကီးမားတဲ့ ရည္မွန္းခ်က္ေတြအတြက္ စိတ္ပ်က္စရာလည္းျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.