Match Report Premier League

ဗီလာကို အနိုင်ယူပြီး ရလဒ်ဆိုးတွေကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ၄-၃-၃ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ ပုံစံကောင်းရနေတဲ့ လူငယ်ကစားသမား စကစ်ပ်ကို အန်ဒွမ်ဘီလီနဲ့ ဟွိုင်ဘယာ့ဂ်တို့ကြားမှာထည့်သုံးခဲ့သလို တိုက်စစ်မှာ ဆွန်ဟောင်မင်၊ လူးကပ်စ် မော်ရာနဲ့ ဟာရီကိန်းတို့ကို ကစားခိုင်းခဲ့ပြီး အိမ်ကွင်းနိုင်ပွဲရဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ဗီလာတို့ကတော့ သူတို့ကစားနေကျ ၃-၅-၂ ပုံစံအတိုင်းပဲ ကွင်းလယ်က မက်ဂင်းနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့ကို အထိုင်ထားပြီး အင်္ဂလန် နောက်ခံလူ ၅ ယောက်နဲ့ ပွဲထွက်ခဲ့သလို တိုက်စစ်ကလည်း ဒန်နီ အင်းစ်နဲ့ ဝပ်ကင်းစ်တို့အတွဲဖြစ်တာကြောင့် ဒီနေ့မှာတော့ သူတို့အသင်းအနေနဲ့ အင်္ဂလိပ် မျိုးချစ်အသင်းအဖြစ် ၈ ဦးတိတိ ပါဝင်လာခဲ့တာပါ။

ပထမပိုင်းမှာ ဆွန်ဟောင်မင်ရဲ့ မွှေနှောက်မှုတွေက တောင်ပံတစ်လျှောက်မှာ လှပခဲ့ပေမယ့် အတွင်းနဲ့တော့ ချိတ်ဆက်နိုင်ခြင်းမရှိအောင် ဗီလာတို့ ဖျက်ထုတ်သွားနိုင်ခဲ့သလို ပွဲချိန် ၂၃ မိနစ်မှာ ဟာရီကိန်းရဲ့ ကွင်းလယ်လောက်က ဖရီးကစ်ကို အမြန်ကန်ပြီး အလစ်အငိုက်ထိုးဖို့ ကြိုးစားခဲ့တာကိုလည်း ဂိုးသမား မာတီနက်ဇ် ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ စပါးစ်တို့ ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ကွင်းလယ်လူ ဟွိုင်ဘယာ့ဂ်က ဆွဲတက်လာပြီး ဆွန်ဟောင်မင်ဆီ ပေးခဲ့တဲ့ ဘောလုံးကို ကိုရီးယားသားက တောင်ပံမှာ ထိန်းသိမ်းပြီး အလယ်ကို ပြန်ချိုးပေးခဲ့ရာမှာ အတွင်းမှာ နေရာပြန်ယူထားတဲ့ ဟွိုင်ဘယာ့ဂ်ကပဲ ညာဘက် ဂိုးတိုင်ခြေဆီ လျှပ်တစ်ပြက် ကန်သွင်းယူနိုင်ခဲ့လို့ ဂိုးသမား မာတီနက်ဇ် အငိုက်မိပြီး ဂိုးပေးလိုက်ရသလို ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်ခဲ့ပါတယ်။

ဆွန်နဲ့ ကိန်းကတော့ ဒုတိယပိုင်းမှာ ပိုမိုအဖြုန်းများခဲ့ပြီး အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့သလို နှစ်ဖက်အပြန်အလှန် တိုက်စစ်ဆင်ချိန်မှာ ဂိုးရခဲ့သူကတော့
ဗီလာတို့ဖြစ်ခဲ့သလို ပွဲချိန် ၆၇ မိနစ်မှာ တိုက်စစ်မှူး ဝပ်ကင်းစ်က ဘယ်နောက်ခံလူ တားဂက်ရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို ပြေးဝင်ပိတ်သွင်းပြီး ချေပသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၇၁ မိနစ်မှာတော့ စပါးစ်တို့ အနိုင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ပြီး ဘယ်တောင်ပံက ဆွန်ဟောင်မင်ရဲ့ တန်ပြန်တိုက်စစ်ကနေ အနိမ့်ဘော ချိုးပေးတာကို နောက်ခံလူ တားဂက်က လူးကပ်စ် မော်ရာဆီကနေ ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

မိနစ် ၉၀ အပြည့်မှာတော့ စပါးစ်တို့ အောင်ပွဲခံနိုင်ခဲ့ကြပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ ရမှတ် ၃ မှတ်ကို သိမ်းပိုက်နိုင်ခဲ့သလို ရမှတ် ၁၂ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့သလို နူနို ဆန်တိုအတွက်တော့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး ရာထူးမြဲဖို့အတွက် ကြိုးစားနိုင်ခဲ့တာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ၄-၃-၃ပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာ ပုံစံေကာင္းရေနတဲ့ လူငယ္ကစားသမား စကစ္ပ္ကို အန္ဒြမ္ဘီလီနဲ႔ ဟြိဳင္ဘယာ့ဂ္တို႔ၾကားမွာထည့္သုံးခဲ့သလို တိုက္စစ္မွာ ဆြန္ေဟာင္မင္၊ လူးကပ္စ္ ေမာ္ရာနဲ႔ ဟာရီကိန္းတို႔ကို ကစားခိုင္းခဲ့ၿပီး အိမ္ကြင္းႏိုင္ပြဲရဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ဗီလာတို႔ကေတာ့ သူတို႔ကစားေနက် ၃-၅-၂ ပုံစံအတိုင္းပဲ ကြင္းလယ္က မက္ဂင္းနဲ႔ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္တို႔ကို အထိုင္ထားၿပီး အဂၤလန္ ေနာက္ခံလူ ၅ ေယာက္နဲ႔ ပြဲထြက္ခဲ့သလို တိုက္စစ္ကလည္း ဒန္နီ အင္းစ္နဲ႔ ဝပ္ကင္းစ္တို႔အတြဲျဖစ္တာေၾကာင့္ ဒီေန႔မွာေတာ့ သူတို႔အသင္းအေနနဲ႔ အဂၤလိပ္ မ်ိဳးခ်စ္အသင္းအျဖစ္ ၈ ဦးတိတိ ပါဝင္လာခဲ့တာပါ။

ပထမပိုင္းမွာ ဆြန္ေဟာင္မင္ရဲ႕ ေမႊေႏွာက္မႈေတြက ေတာင္ပံတစ္ေလွ်ာက္မွာ လွပခဲ့ေပမယ့္ အတြင္းနဲ႔ေတာ့ ခ်ိတ္ဆက္ႏိုင္ျခင္းမရွိေအာင္ ဗီလာတို႔ ဖ်က္ထုတ္သြားႏိုင္ခဲ့သလို ပြဲခ်ိန္ ၂၃ မိနစ္မွာ ဟာရီကိန္းရဲ႕ ကြင္းလယ္ေလာက္က ဖရီးကစ္ကို အျမန္ကန္ၿပီး အလစ္အငိုက္ထိုးဖို႔ ႀကိဳးစားခဲ့တာကိုလည္း ဂိုးသမား မာတီနက္ဇ္ ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ စပါးစ္တို႔ ဦးေဆာင္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ကြင္းလယ္လူ ဟြိဳင္ဘယာ့ဂ္က ဆြဲတက္လာၿပီး ဆြန္ေဟာင္မင္ဆီ ေပးခဲ့တဲ့ ေဘာလုံးကို ကိုရီးယားသားက ေတာင္ပံမွာ ထိန္းသိမ္းၿပီး အလယ္ကို ျပန္ခ်ိဳးေပးခဲ့ရာမွာ အတြင္းမွာ ေနရာျပန္ယူထားတဲ့ ဟြိဳင္ဘယာ့ဂ္ကပဲ ညာဘက္ ဂိုးတိုင္ေျခဆီ လွ်ပ္တစ္ျပက္ ကန္သြင္းယူႏိုင္ခဲ့လို႔ ဂိုးသမား မာတီနက္ဇ္ အငိုက္မိၿပီး ဂိုးေပးလိုက္ရသလို ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိျဖစ္ခဲ့ပါတယ္။

ဆြန္နဲ႔ ကိန္းကေတာ့ ဒုတိယပိုင္းမွာ ပိုမိုအျဖဳန္းမ်ားခဲ့ၿပီး အခြင့္အေရးေကာင္းေတြကို အသုံးမခ်ႏိုင္ခဲ့သလို ႏွစ္ဖက္အျပန္အလွန္ တိုက္စစ္ဆင္ခ်ိန္မွာ ဂိုးရခဲ့သူကေတာ့
ဗီလာတို႔ျဖစ္ခဲ့သလို ပြဲခ်ိန္ ၆၇ မိနစ္မွာ တိုက္စစ္မႉး ဝပ္ကင္းစ္က ဘယ္ေနာက္ခံလူ တားဂက္ရဲ႕ အနိမ့္ေဘာ ျဖတ္တင္မႈကို ေျပးဝင္ပိတ္သြင္းၿပီး ေခ်ပသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ စပါးစ္တို႔ အႏိုင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၿပီး ဘယ္ေတာင္ပံက ဆြန္ေဟာင္မင္ရဲ႕ တန္ျပန္တိုက္စစ္ကေန အနိမ့္ေဘာ ခ်ိဳးေပးတာကို ေနာက္ခံလူ တားဂက္က လူးကပ္စ္ ေမာ္ရာဆီကေန ဖ်က္ထုတ္ရင္း ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

မိနစ္ ၉၀ အျပည့္မွာေတာ့ စပါးစ္တို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရမွတ္ ၃ မွတ္ကို သိမ္းပိုက္ႏိုင္ခဲ့သလို ရမွတ္ ၁၂ မွတ္နဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၈ ေနရာမွာ ရပ္တည္ႏိုင္ခဲ့သလို ႏူႏို ဆန္တိုအတြက္ေတာ့ ရလဒ္ဆိုးေတြကေန ႐ုန္းထြက္ၿပီး ရာထူးၿမဲဖို႔အတြက္ ႀကိဳးစားႏိုင္ခဲ့တာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.