Match Report Premier League

လီဗာပူးနဲ့ မန်စီးတီးတို့ ဂုဏ်သိက္ခာမျှဝေခဲ့ကြပြီး အရှက်ရခဲ့ကြတဲ့ တီယာနီနဲ့ မိုက်ဒင်းန်

လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ အန်းဖီးလ်က ပွဲစဉ်မှာ နှစ်သင်းကြား ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ အကောင်းဆုံးပွဲတစ်ပွဲကို တွေ့မြင်ခဲ့ရပေမယ့် ဆိုးရွားပြီး ခြစားပျက်စီးနေတဲ့ ပရီးမီးယားလိဂ်ရဲ့ ဒိုင်တွေကြား အရှက်ရစရာ အသုံးမကျမှုတွေက စိတ်ပျက်စရာဖြစ်ခဲ့သလို ပွဲကြီးကြပ်သူ ပေါလ် တီယာနီနဲ့ စတုတ္ထဒိုင် မိုက်ဒင်းန်တို့ရဲ့ မျက်နှာပြောင်တိုက်တဲ့ လုပ်ရပ်တွေကတော့ ပွဲရဲ့ ရသကို တတ်နိုင်သလောက် တာဝန်ရှိတဲ့အတိုင်း ဖျက်ဆီးသွားခဲ့ကြတာဖြစ်ပါတယ်။

ဆာလား၊ မာနေးနဲ့ ဂျိုတာတို့ကို တိုက်စစ်မှာ သုံးစွဲခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကလွဲလို့ လူစုံခဲ့ပြီး ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ကားတစ်ဂျုံးစ်ကို ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ကြား ဆက်လက်သုံးစွဲခဲ့သလို ခံစစ်မှာတော့ ဗန်ဒိုက်နဲ့အတူ နည်းပြ ယာဂန် ကလော့ပ်အတွက် မရိုးနိုင်သေးတဲ့ မာတစ်ပ်ပဲ ပွဲထွက်ခဲ့တာပါ။

မန်ချက်စတာစီးတီးကတော့ ဂျွန်စတုန်းစ် နေရာပြန်မရသေးဘဲ စပိန်သားဖြစ်လာတဲ့ လာပေါ့တ်ကို ဒီယက်စ်နဲ့ ခံစစ်မှာ တွဲသုံးခဲ့သလို သုံးလို့ မရတော့တဲ့ ဘယ်နောက်ခံလူတွေအစား ညာနောက်ခံလူ ကန်ဆယ်လိုက ဘယ်ခြမ်းမှာ ဆက်တိုက်ပွဲထွက်နေရပြီး ကွင်းလယ်မှာ ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီနဲ့ ဒီဘရိုင်းနားတို့ကို သုံးစွဲခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဂျေဆူးစ်၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

လီဗာပူးလ်တို့အနေနဲ့ ဒီပွဲမှာ ရတာနဲ့ တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့သလို မန်စီးတီးတို့ကလည်း ဘောလုံးကိုင်ပြီး ထိုးဖောက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် လုပ်အားနှုန်းကောင်းတဲ့ အိမ်ရှင်ကွင်းလယ်ကြောင့် ထင်သလောက် ကိုင်လို့ မရခဲ့ဘဲ သူတို့တွေအနေနဲ့ ပွဲထဲမှာ အခြေအနေပေါ် မူတည်ပြီး မထင်မှတ်ဘဲ High Tempo Passing ပုံစံ ပြောင်းကစားခဲ့ရတာပါ။

ပွဲချိန် ၂၁ မိနစ်မှာ ဘာနာဒို ဆေးလ်ဗားရဲ့ တစ်ကိုယ်တော် လှည့်ပတ်မှုတွေမှာ လီဗာပူးလ်ခံစစ်သမားတွေ မထိန်းနိုင်ခဲ့ဘဲ ပြိုဆင်းခဲ့ရပြီး သူခင်းပေးတဲ့ ဘောလုံးကို ဖိုဒန် ထောင့်ကျဉ်းအနေအထားက အသုံးမချနိုင်ခဲ့လို့သာ အိမ်ရှင်တွေ သက်သာခဲ့ရသလို မန်စီးတီးပရိသတ်တွေအနေနဲ့ အထောင်တိုက်စစ်မှူးတစ်ဦးရှိရင် ဘယ်လောက်များ ကောင်းလိမ့်မလဲလို့ တွေးမိကြမှာလည်းဖြစ်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးက လီဗာပူးလ်ဆန်နေခဲ့ပြီး တိုက်စစ်ကို လျင်လျင်မြန်မြန်သွားတဲ့ပုံစံနဲ့ မရပ်မနား ဖိအားပေးနေခဲ့သလို လီဗာပူးလ်တို့ ကစားကွက်တည်ဖို့ ခက်နေခဲ့ပြီး ခံစစ်တွေ အလုပ်များခဲ့သလို ပွဲချိန် ၃၂ မိနစ်မှာတော့ ဒီပွဲရဲ့ တော်တော်လေး အရုပ်ဆိုးတဲ့ ဆုံးဖြတ်ချက်အဖြစ် ပင်နယ်တီ ဧရိယာထိပ်မှာ ဖိုဒန်ကို နောက်ကနေ မီလ်နာ ညစ်ပြီး တွန်းချခဲ့တာကို ဘာပြစ်ဒဏ်မှ မပေးဘဲ ဒိုင်လူကြီး တီယာနီက မျက်ကွယ်ပြုသွားခဲ့တာပါ။

မန်စီးတီးကစားသမားတွေအတွက်တော့ ဒီကိစ္စကို မယုံနိုင်အောင်ဖြစ်ခဲ့ရပြီး VAR+အဝါ+ဧရိယာထိပ်က ဖရီးကစ်ဖြစ်ရမယ့်ကိစ္စကို ခပ်လွယ်လွယ် ရူးချင်ယောင်ဆောင်ခဲ့တာကတော့ ပရီးမီးယားလိဂ်ဒိုင်ဆိုတာ ဒီလိုမျိုးပါလားလို့ အထင်သေးစရာဖြစ်ခဲ့ရသလို တစ်ချိန်က ဒီပြိုင်ပွဲရဲ့ လူကြမ်းကြီးဖြစ်ခဲ့တဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူး ပေါ်လို ဒီကာနီယိုရဲ့ ဒိုင်ကို မကျေနပ်လို့ ဆောင့်တွန်းတာမျိုးနဲ့မှ ကိုက်လိမ့်မယ်လို့လည်း အတွေးပွားစရာဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းအပြီးအထိတော့ မန်စီးတီးတို့ပဲ အန်းဖီးလ်မှာ ဖိကစားနိုင်ခဲ့သလို လီဗာပူးလ်ခံစစ်အနေနဲ့ ဖိုဒန်ကို မထိန်းနိုင်ခဲ့ဘဲ ရုပ်ပျက်နေခဲ့ပြီး ဂိုးသမား အယ်လစ်ဆန်ရဲ့ မှန်ကန်တဲ့ ပိတ်ဆို့ကာကွယ်မှုတွေကြောင့်သာ သက်သာခဲ့ရချိန်မှာ ဂိုးမရှိသရေနဲ့ ၄၅ မိနစ်ပြည့်ခဲ့တာကတော့ သူတို့တွေ တော်တော်လေး ကံကောင်းခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးခံစစ်နဲ့ ကွင်းလယ်ကြား အချိတ်အဆက်တွေ အနည်းငယ် ယိုယွင်းလာခဲ့သလို လီဗာပူးလ်တို့ရဲ့ လျင်မြန်တဲ့ တိုက်စစ်တွေဖြစ်ကြတဲ့ ဆာလား၊ မာနေးနဲ့ ဂျိုတာတို့ တစ်ကိုယ်တော် အလုပ်လုပ်လာနိုင်ကြတာကို တွေ့ရပြီး ဒီယက်စ်နဲ့ လာပေါ့တ်တို့ကြား အမှားများမှုက သူတို့ကို နစ်နာမှုတွေဆီ ဦးတည်စေခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာတော့ မန်စီးတီးတို့ရဲ့ Pressing ကို ဆာလားက နောက်ဆင်းယူပြီးမှ ဖာဘင်ညိုပေးတာကို ဆွဲပြေးဖောက်ထွက်ခဲ့ပြီး ညာခြမ်းကနေ ဂိုးဧရိယာထဲကို ခင်းပေးခဲ့ရာမှာ အဆင်သင့် ပြေးဝင်သွားခဲ့တဲ့ မာနေးက နောက်တန်းနှစ်ယောက်ရှိလျက်နဲ့ ဘာထွက်လုပ်မှန်းမသိတဲ့ Big Match Failure အီဒါဆန်ရဲ့ ဘေးကနေ ချိုးကန်သွင်းပြီး လီဗာပူးလ်တို့အတွက် အဖွင့်ဂိုးရယူသွားခဲ့ပါတယ်။

ဒီဂိုးမှာ အီဒါဆန်အနေနဲ့ ဂိုးစည်းမှာ စောင့်ဆိုင်းသင့်သလို မာနေးကို ပြေးထွက်ပိတ်ဆို့မယ်ဆိုရင်လည်း ဒီထက် မြန်မြန် အကွက်မြင်မြင်နဲ့ ခပ်စောစော ရှေ့တက်ရမှာဖြစ်ပြီး တစ်ဖက်က ဖိုဒန်ကို အယ်လစ်ဆန် ဘယ်လို ပိတ်ဆို့သွားသလဲဆိုတာကို ယှဉ်ကြည့်ရင် ဘရာဇီးလ်သားချင်း ဆုံးဖြတ်ချက်တွေက ဆီနဲ့ ရေလိုဖြစ်ခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ မန်စီးတီးညာခြမ်းက ဂျေဆူးစ်က တစ်ကိုယ်တော်ခြေစွမ်းနဲ့ အတွင်းကို ဆွဲဝင်လာခဲ့ပြီး သူ့ကို အာရုံစိုက်နေကြတုန်း ဘယ်ခြမ်းမှာ လွတ်နေတဲ့ ဖိုဒန်ဆီ ထိုးပေးခဲ့ရာမှာ ကုန်ချိန်ရောက်နေပြီဖြစ်လို့ နှေးကွေးလေးလံနေတဲ့ မီလ်နာ မပိတ်နိုင်ခင်မှာပဲ ဖိုဒန်က တိကျလွန်းတဲ့ ကန်ချက်နဲ့ အယ်လစ်ဆန်ရဲ့ ဘယ်ဘက်ကို ထောင့်ကျဉ်းအနေအထားကနေ ချေပဂိုးပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗား ဆွဲပြေးတာကို ခြေထောက်ထုတ်ပြီး သိသိသာသာ တားဆီးခဲ့တဲ့ မီလ်နာ ဒုတိယ အဝါထိရမှာကို အိမ်ရှင်ဘက်လိုက်ပြီး လျစ်လျူရှုပြန်တဲ့ ကွင်းလယ်ဒိုင် တီယာနီကြောင့် မန်စီးတီးတို့တွေ ပေါက်ကွဲခဲ့ကြရပြီး ပွဲရဲ့ အလှည့်အပြောင်းဖြစ်သွားနိုင်ချိန်မှာ ညံ့ဖျင်းတဲ့ စိတ်ဓာတ်ကိုပဲ ပြသခဲ့သလို စတုတ္ထဒိုင် မိုက်ဒင်းန်ကလည်း သူ့လူမှားတာကို စောဒကလာတက်တဲ့ ဂွါဒီယိုလာကို မင်းငယ်ပါသေးတယ်ဆိုတဲ့ ပုံစံနဲ့ ခပ်ချေချေလုပ်ပြခဲ့တာကတော့ အင်္ဂလန်ဒိုင်တွေကို လူအထင်မကြီးတာ ဆန်းသေးလားလို့ပဲ ပြန်မေးရတော့မလိုဖြစ်ခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ ခပ်ညံ့ညံ့ဒိုင်ကြောင့် လူတစ်ယောက် လျော့မသွားခဲ့ရတဲ့ လီဗာပူးလ်တို့ ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံရှာဖွေနိုင်ခဲ့ပြီး ညာခြမ်းကနေ ဆာလားက ကားတစ်ဂျုံးစ် ပေးလိုက်တဲ့ ဘောလုံးကို တစ်ကိုယ်တော်အစွမ်းနဲ့ မန်စီးတီးနောက်ခံလူတွေကို လိမ်ခေါက်ပြီး ညာခြေနဲ့ ချိုးကန်သွင်းခဲ့ရာမှာ ဆုံးဖြတ်ချက် မပြတ်သားဘဲ ကာကွယ်ဖို့ လက်နှေးနေတဲ့ အီဒါဆန်ကြောင့် နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် မတရားမှုတွေအတွက် တရားကို နတ်စောင့်ခဲ့တယ်လို့ပဲ ပြောရမလိုဖြစ်ခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာတော့ ဖိုဒန် ချိုးပေးလိုက်တာကို အတွင်းကို ပြေးဝင်နေရာယူခဲ့တဲ့ ဝေါ်လ်ကာနဲ့ ရောဘတ်ဆန်တို့ လုကြပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဒီဘရိုင်းနားက ဘယ်ခြေနဲ့ မနားတမ်း ကန်သွင်းခဲ့ရာမှာ စတာလင် လူကျွံနေပြီး ပယ်ဖျက်ခံခဲ့ရနိုင်ပေမယ့် သူ့ရှေ့ကနေ ဝင်ဖျက်တဲ့ မာတစ်ပ်နဲ့ထိပြီး လမ်းကြောင်းအနည်းငယ် ပြောင်းသွားခဲ့လို့ ဂိုးရရှိခဲ့ပြီး နှစ်ဂိုးစီသရေဖြစ်သွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ မီလ်နာနေရာမှာ ဂျိုးဂိုမက်ဇ်ကို ထည့်သွင်းထားတဲ့ လီဗာပူးလ်တို့ တိုက်စစ်သိပ်မကစားနိုင်တော့သလို မန်စီးတီးတို့ပဲ ဘောလုံးပိုင်ဆိုင်မှု ပိုရယူပြီး ကစားသွားပေမယ့် ပုံမှန်ခြေမရှိတော့ဘဲ အမြန်နှုန်းကျဆင်းနေတဲ့ တောင်ပံသမား စတာလင်ကြောင့် တိုက်စစ်လမ်းကြောင်းတွေ နှောင့်နှေးခဲ့ရပြီး ပွဲအပြီးမှာတော့ နှစ်ဂိုးစီနဲ့ အသင်းနှစ်သင်းကြား ဂုဏ်သိက္ခာနဲ့ တစ်မှတ်စီကို မျှဝေယူခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် စနေနေ့က အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးတို့ကို နိုင်ငံတကာပွဲစဉ်တွေကြောင့် ပရီးမီးယားလိဂ်ရပ်နားချိန်မှာ ထိပ်ဆုံးက ဦးဆောင်ခွင့် ပြန်ပေးလိုက်ရပြီး အိမ်ရှင် လီဗာပူးလ်တို့ကတော့ ရမှတ် ၁၅ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့သလို မန်စီးတီးတို့ကတော့ မြို့ခံပြိုင်ဘက် ယူနိုက်တက်အပါအဝင် အဆင့် ၄ ကနေ ၆ အထိ ၁၄ မှတ်ပိုင်ရှင် ၃ သင်းကို အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ တတိယနေရာကနေ ဦးဆောင်ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ရဲ႕ အန္းဖီးလ္က ပြဲစဥ္မွာ ႏွစ္သင္းၾကား ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈေတြနဲ႔ အေကာင္းဆုံးပြဲတစ္ပြဲကို ေတြ႕ျမင္ခဲ့ရေပမယ့္ ဆိုး႐ြားၿပီး ျခစားပ်က္စီးေနတဲ့ ပရီးမီးယားလိဂ္ရဲ႕ ဒိုင္ေတြၾကား အရွက္ရစရာ အသုံးမက်မႈေတြက စိတ္ပ်က္စရာျဖစ္ခဲ့သလို ပြဲႀကီးၾကပ္သူ ေပါလ္ တီယာနီနဲ႔ စတုတၳဒိုင္ မိုက္ဒင္းန္တို႔ရဲ႕ မ်က္ႏွာေျပာင္တိုက္တဲ့ လုပ္ရပ္ေတြကေတာ့ ပြဲရဲ႕ ရသကို တတ္ႏိုင္သေလာက္ တာဝန္ရွိတဲ့အတိုင္း ဖ်က္ဆီးသြားခဲ့ၾကတာျဖစ္ပါတယ္။

ဆာလား၊ မာေနးနဲ႔ ဂ်ိဳတာတို႔ကို တိုက္စစ္မွာ သုံးစြဲခဲ့တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကလြဲလို႔ လူစုံခဲ့ၿပီး ကြင္းလယ္မွာ ေျခစြမ္းျပေနတဲ့ ကားတစ္ဂ်ဳံးစ္ကို ဟန္ဒါဆန္နဲ႔ ဖာဘင္ညိဳတို႔ၾကား ဆက္လက္သုံးစြဲခဲ့သလို ခံစစ္မွာေတာ့ ဗန္ဒိုက္နဲ႔အတူ နည္းျပ ယာဂန္ ကေလာ့ပ္အတြက္ မ႐ိုးႏိုင္ေသးတဲ့ မာတစ္ပ္ပဲ ပြဲထြက္ခဲ့တာပါ။

မန္ခ်က္စတာစီးတီးကေတာ့ ဂြၽန္စတုန္းစ္ ေနရာျပန္မရေသးဘဲ စပိန္သားျဖစ္လာတဲ့ လာေပါ့တ္ကို ဒီယက္စ္နဲ႔ ခံစစ္မွာ တြဲသုံးခဲ့သလို သုံးလို႔ မရေတာ့တဲ့ ဘယ္ေနာက္ခံလူေတြအစား ညာေနာက္ခံလူ ကန္ဆယ္လိုက ဘယ္ျခမ္းမွာ ဆက္တိုက္ပြဲထြက္ေနရၿပီး ကြင္းလယ္မွာ ဘာနာဒို ေဆးလ္ဗား၊ ႐ိုဒရီနဲ႔ ဒီဘ႐ိုင္းနားတို႔ကို သုံးစြဲခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ေဂ်ဆူးစ္၊ ဖိုဒန္နဲ႔ ဂရီးလစ္ရွ္တို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

လီဗာပူးလ္တို႔အေနနဲ႔ ဒီပြဲမွာ ရတာနဲ႔ တိုက္စစ္ဆင္ဖို႔ ႀကိဳးစားခဲ့သလို မန္စီးတီးတို႔ကလည္း ေဘာလုံးကိုင္ၿပီး ထိုးေဖာက္ဖို႔ ျပင္ဆင္ခဲ့ေပမယ့္ လုပ္အားႏႈန္းေကာင္းတဲ့ အိမ္ရွင္ကြင္းလယ္ေၾကာင့္ ထင္သေလာက္ ကိုင္လို႔ မရခဲ့ဘဲ သူတို႔ေတြအေနနဲ႔ ပြဲထဲမွာ အေျခအေနေပၚ မူတည္ၿပီး မထင္မွတ္ဘဲ High Tempo Passing ပုံစံ ေျပာင္းကစားခဲ့ရတာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာ ဘာနာဒို ေဆးလ္ဗားရဲ႕ တစ္ကိုယ္ေတာ္ လွည့္ပတ္မႈေတြမွာ လီဗာပူးလ္ခံစစ္သမားေတြ မထိန္းႏိုင္ခဲ့ဘဲ ၿပိဳဆင္းခဲ့ရၿပီး သူခင္းေပးတဲ့ ေဘာလုံးကို ဖိုဒန္ ေထာင့္က်ဥ္းအေနအထားက အသုံးမခ်ႏိုင္ခဲ့လို႔သာ အိမ္ရွင္ေတြ သက္သာခဲ့ရသလို မန္စီးတီးပရိသတ္ေတြအေနနဲ႔ အေထာင္တိုက္စစ္မႉးတစ္ဦးရွိရင္ ဘယ္ေလာက္မ်ား ေကာင္းလိမ့္မလဲလို႔ ေတြးမိၾကမွာလည္းျဖစ္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ မန္စီးတီးက လီဗာပူးလ္ဆန္ေနခဲ့ၿပီး တိုက္စစ္ကို လ်င္လ်င္ျမန္ျမန္သြားတဲ့ပုံစံနဲ႔ မရပ္မနား ဖိအားေပးေနခဲ့သလို လီဗာပူးလ္တို႔ ကစားကြက္တည္ဖို႔ ခက္ေနခဲ့ၿပီး ခံစစ္ေတြ အလုပ္မ်ားခဲ့သလို ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ဒီပြဲရဲ႕ ေတာ္ေတာ္ေလး အ႐ုပ္ဆိုးတဲ့ ဆုံးျဖတ္ခ်က္အျဖစ္ ပင္နယ္တီ ဧရိယာထိပ္မွာ ဖိုဒန္ကို ေနာက္ကေန မီလ္နာ ညစ္ၿပီး တြန္းခ်ခဲ့တာကို ဘာျပစ္ဒဏ္မွ မေပးဘဲ ဒိုင္လူႀကီး တီယာနီက မ်က္ကြယ္ျပဳသြားခဲ့တာပါ။

မန္စီးတီးကစားသမားေတြအတြက္ေတာ့ ဒီကိစၥကို မယုံႏိုင္ေအာင္ျဖစ္ခဲ့ရၿပီး VAR+အဝါ+ဧရိယာထိပ္က ဖရီးကစ္ျဖစ္ရမယ့္ကိစၥကို ခပ္လြယ္လြယ္ ႐ူးခ်င္ေယာင္ေဆာင္ခဲ့တာကေတာ့ ပရီးမီးယားလိဂ္ဒိုင္ဆိုတာ ဒီလိုမ်ိဳးပါလားလို႔ အထင္ေသးစရာျဖစ္ခဲ့ရသလို တစ္ခ်ိန္က ဒီၿပိဳင္ပြဲရဲ႕ လူၾကမ္းႀကီးျဖစ္ခဲ့တဲ့ ဝက္စ္ဟမ္းတိုက္စစ္မႉး ေပၚလို ဒီကာနီယိုရဲ႕ ဒိုင္ကို မေက်နပ္လို႔ ေဆာင့္တြန္းတာမ်ိဳးနဲ႔မွ ကိုက္လိမ့္မယ္လို႔လည္း အေတြးပြားစရာျဖစ္ခဲ့ရပါတယ္။

ပထမပိုင္းအၿပီးအထိေတာ့ မန္စီးတီးတို႔ပဲ အန္းဖီးလ္မွာ ဖိကစားႏိုင္ခဲ့သလို လီဗာပူးလ္ခံစစ္အေနနဲ႔ ဖိုဒန္ကို မထိန္းႏိုင္ခဲ့ဘဲ ႐ုပ္ပ်က္ေနခဲ့ၿပီး ဂိုးသမား အယ္လစ္ဆန္ရဲ႕ မွန္ကန္တဲ့ ပိတ္ဆို႔ကာကြယ္မႈေတြေၾကာင့္သာ သက္သာခဲ့ရခ်ိန္မွာ ဂိုးမရွိသေရနဲ႔ ၄၅ မိနစ္ျပည့္ခဲ့တာကေတာ့ သူတို႔ေတြ ေတာ္ေတာ္ေလး ကံေကာင္းခဲ့တာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ မန္စီးတီးခံစစ္နဲ႔ ကြင္းလယ္ၾကား အခ်ိတ္အဆက္ေတြ အနည္းငယ္ ယိုယြင္းလာခဲ့သလို လီဗာပူးလ္တို႔ရဲ႕ လ်င္ျမန္တဲ့ တိုက္စစ္ေတြျဖစ္ၾကတဲ့ ဆာလား၊ မာေနးနဲ႔ ဂ်ိဳတာတို႔ တစ္ကိုယ္ေတာ္ အလုပ္လုပ္လာႏိုင္ၾကတာကို ေတြ႕ရၿပီး ဒီယက္စ္နဲ႔ လာေပါ့တ္တို႔ၾကား အမွားမ်ားမႈက သူတို႔ကို နစ္နာမႈေတြဆီ ဦးတည္ေစခဲ့တာပါ။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ရဲ႕ Pressing ကို ဆာလားက ေနာက္ဆင္းယူၿပီးမွ ဖာဘင္ညိဳေပးတာကို ဆြဲေျပးေဖာက္ထြက္ခဲ့ၿပီး ညာျခမ္းကေန ဂိုးဧရိယာထဲကို ခင္းေပးခဲ့ရာမွာ အဆင္သင့္ ေျပးဝင္သြားခဲ့တဲ့ မာေနးက ေနာက္တန္းႏွစ္ေယာက္ရွိလ်က္နဲ႔ ဘာထြက္လုပ္မွန္းမသိတဲ့ Big Match Failure အီဒါဆန္ရဲ႕ ေဘးကေန ခ်ိဳးကန္သြင္းၿပီး လီဗာပူးလ္တို႔အတြက္ အဖြင့္ဂိုးရယူသြားခဲ့ပါတယ္။

ဒီဂိုးမွာ အီဒါဆန္အေနနဲ႔ ဂိုးစည္းမွာ ေစာင့္ဆိုင္းသင့္သလို မာေနးကို ေျပးထြက္ပိတ္ဆို႔မယ္ဆိုရင္လည္း ဒီထက္ ျမန္ျမန္ အကြက္ျမင္ျမင္နဲ႔ ခပ္ေစာေစာ ေရွ႕တက္ရမွာျဖစ္ၿပီး တစ္ဖက္က ဖိုဒန္ကို အယ္လစ္ဆန္ ဘယ္လို ပိတ္ဆို႔သြားသလဲဆိုတာကို ယွဥ္ၾကည့္ရင္ ဘရာဇီးလ္သားခ်င္း ဆုံးျဖတ္ခ်က္ေတြက ဆီနဲ႔ ေရလိုျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ မန္စီးတီးညာျခမ္းက ေဂ်ဆူးစ္က တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ အတြင္းကို ဆြဲဝင္လာခဲ့ၿပီး သူ႔ကို အာ႐ုံစိုက္ေနၾကတုန္း ဘယ္ျခမ္းမွာ လြတ္ေနတဲ့ ဖိုဒန္ဆီ ထိုးေပးခဲ့ရာမွာ ကုန္ခ်ိန္ေရာက္ေနၿပီျဖစ္လို႔ ေႏွးေကြးေလးလံေနတဲ့ မီလ္နာ မပိတ္ႏိုင္ခင္မွာပဲ ဖိုဒန္က တိက်လြန္းတဲ့ ကန္ခ်က္နဲ႔ အယ္လစ္ဆန္ရဲ႕ ဘယ္ဘက္ကို ေထာင့္က်ဥ္းအေနအထားကေန ေခ်ပဂိုးျပန္လည္ရွာေဖြႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ဘာနာဒို ေဆးလ္ဗား ဆြဲေျပးတာကို ေျခေထာက္ထုတ္ၿပီး သိသိသာသာ တားဆီးခဲ့တဲ့ မီလ္နာ ဒုတိယ အဝါထိရမွာကို အိမ္ရွင္ဘက္လိုက္ၿပီး လ်စ္လ်ဴရႈျပန္တဲ့ ကြင္းလယ္ဒိုင္ တီယာနီေၾကာင့္ မန္စီးတီးတို႔ေတြ ေပါက္ကြဲခဲ့ၾကရၿပီး ပြဲရဲ႕ အလွည့္အေျပာင္းျဖစ္သြားႏိုင္ခ်ိန္မွာ ညံ့ဖ်င္းတဲ့ စိတ္ဓာတ္ကိုပဲ ျပသခဲ့သလို စတုတၳဒိုင္ မိုက္ဒင္းန္ကလည္း သူ႔လူမွားတာကို ေစာဒကလာတက္တဲ့ ဂြါဒီယိုလာကို မင္းငယ္ပါေသးတယ္ဆိုတဲ့ ပုံစံနဲ႔ ခပ္ေခ်ေခ်လုပ္ျပခဲ့တာကေတာ့ အဂၤလန္ဒိုင္ေတြကို လူအထင္မႀကီးတာ ဆန္းေသးလားလို႔ပဲ ျပန္ေမးရေတာ့မလိုျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ခပ္ညံ့ညံ့ဒိုင္ေၾကာင့္ လူတစ္ေယာက္ ေလ်ာ့မသြားခဲ့ရတဲ့ လီဗာပူးလ္တို႔ ဦးေဆာင္ဂိုးတစ္ဂိုး ထပ္မံရွာေဖြႏိုင္ခဲ့ၿပီး ညာျခမ္းကေန ဆာလားက ကားတစ္ဂ်ဳံးစ္ ေပးလိုက္တဲ့ ေဘာလုံးကို တစ္ကိုယ္ေတာ္အစြမ္းနဲ႔ မန္စီးတီးေနာက္ခံလူေတြကို လိမ္ေခါက္ၿပီး ညာေျခနဲ႔ ခ်ိဳးကန္သြင္းခဲ့ရာမွာ ဆုံးျဖတ္ခ်က္ မျပတ္သားဘဲ ကာကြယ္ဖို႔ လက္ေႏွးေနတဲ့ အီဒါဆန္ေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ မတရားမႈေတြအတြက္ တရားကို နတ္ေစာင့္ခဲ့တယ္လို႔ပဲ ေျပာရမလိုျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ဖိုဒန္ ခ်ိဳးေပးလိုက္တာကို အတြင္းကို ေျပးဝင္ေနရာယူခဲ့တဲ့ ေဝၚလ္ကာနဲ႔ ေရာဘတ္ဆန္တို႔ လုၾကၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနားက ဘယ္ေျခနဲ႔ မနားတမ္း ကန္သြင္းခဲ့ရာမွာ စတာလင္ လူကြၽံေနၿပီး ပယ္ဖ်က္ခံခဲ့ရႏိုင္ေပမယ့္ သူ႔ေရွ႕ကေန ဝင္ဖ်က္တဲ့ မာတစ္ပ္နဲ႔ထိၿပီး လမ္းေၾကာင္းအနည္းငယ္ ေျပာင္းသြားခဲ့လို႔ ဂိုးရရွိခဲ့ၿပီး ႏွစ္ဂိုးစီသေရျဖစ္သြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ မီလ္နာေနရာမွာ ဂ်ိဳးဂိုမက္ဇ္ကို ထည့္သြင္းထားတဲ့ လီဗာပူးလ္တို႔ တိုက္စစ္သိပ္မကစားႏိုင္ေတာ့သလို မန္စီးတီးတို႔ပဲ ေဘာလုံးပိုင္ဆိုင္မႈ ပိုရယူၿပီး ကစားသြားေပမယ့္ ပုံမွန္ေျခမရွိေတာ့ဘဲ အျမန္ႏႈန္းက်ဆင္းေနတဲ့ ေတာင္ပံသမား စတာလင္ေၾကာင့္ တိုက္စစ္လမ္းေၾကာင္းေတြ ေႏွာင့္ေႏွးခဲ့ရၿပီး ပြဲအၿပီးမွာေတာ့ ႏွစ္ဂိုးစီနဲ႔ အသင္းႏွစ္သင္းၾကား ဂုဏ္သိကၡာနဲ႔ တစ္မွတ္စီကို မွ်ေဝယူခဲ့ၾကတာပါ။

ဒီပြဲရလဒ္ေၾကာင့္ စေနေန႔က အႏိုင္ရရွိခဲ့တဲ့ ခ်ဲလ္ဆီးတို႔ကို ႏိုင္ငံတကာပြဲစဥ္ေတြေၾကာင့္ ပရီးမီးယားလိဂ္ရပ္နားခ်ိန္မွာ ထိပ္ဆုံးက ဦးေဆာင္ခြင့္ ျပန္ေပးလိုက္ရၿပီး အိမ္ရွင္ လီဗာပူးလ္တို႔ကေတာ့ ရမွတ္ ၁၅ မွတ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့သလို မန္စီးတီးတို႔ကေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္အပါအဝင္ အဆင့္ ၄ ကေန ၆ အထိ ၁၄ မွတ္ပိုင္ရွင္ ၃ သင္းကို အမွတ္တူ ဂိုးကြာျခားခ်က္အသာနဲ႔ တတိယေနရာကေန ဦးေဆာင္ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.