La Liga

ဖုန်းထဲမှာ မောက်မာရင့်သီးခဲ့တဲ့ ကိုးမန်းကို မျက်နှာမပြရဲအောင် လက်စားချေခဲ့တဲ့ ဆွာရက်ဇ်

လူးဝစ္စ ဆွာရက်ဇ်ဟာ အသင်းဟောင်း ဘာစီလိုနာအသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပွဲကြည့်စင်ကနေ ကြည့်ရှုနေတဲ့ ဘာစီလိုနာနည်းပြ ရော်နယ် ကိုးမန်းကို ဖုန်းခေါ်တဲ့ အမူအရာလုပ်ပြပြီး အောင်ပွဲခံခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဥရုဂွေးတိုက်စစ်မှူးဟာ နည်းပြ ရော်နယ် ကိုးမန်းရဲ့ နူးကမ့်မှာ အနာဂတ်မရှိတော့ဘူးလို့ ပြောကြားခြင်းခံခဲ့ရပြီးနောက် ဒေါသပေါက်ကွဲခဲ့တာဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြဟာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်ကို အသက် ၃၀ ကျော်သွားပြီဖြစ်တာကြောင့် ခြေစွမ်းပြသနိုင်တော့မှမဟုတ်ဘူးလို့ ယူဆခဲ့တဲ့အတွက် အသင်းကနေ ထွက်ခွာချင်စိတ်ပေါက်အောင် နည်းမျိုးစုံနဲ့ ညစ်ပတ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ် ကိုးမန်းက ဆွာရက်ဇ်နဲ့ နောက်ဆုံး ဖုန်းဆက်စကားပြောခဲ့တဲ့ ၁ မိနစ်ကြာကာလအတွင်း နောက်ထပ် ဖြေရှင်းချက်တွေ လာတောင်းနေစရာ အကြောင်းမရှိသလို အဲဒီလို ဖြေရှင်းချက်တွေကို နည်းပြက ပေးစရာလည်း မလိုအပ်ဘူးလို့ ပက်ပက်စက်စက် ပြောဆိုခဲ့ကြောင်း စပိန်သတင်းဌာန SPORT ရဲ့ သတင်းအရ သိရပါတယ်။

အဲဒီ ဖုန်းပြောဆိုမှုအပြင် ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းက နောက်ကွယ်ရှိ တာဝန်ရှိသူအချို့ရဲ့ ၎င်းရဲ့ ထွက်ခွာမှုနဲ့ပတ်သက်ပြီး စီမံခန့်ခွဲခဲ့တဲ့ပုံစံနဲ့ ပတ်သက်ပြီးလည်း မပျော်မရွှင်ဖြစ်ခဲ့ပြီး သူတစ်ယောက်တည်း ပုံမှန်ခြေစွမ်းရှိနေချိန်မှာ ချောင်ထိုးခြင်းခံခဲ့ရတယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။ နောက်ထပ်ရက်သတ္တပတ်တွေအကြာမှာ ဆွာရက်ဇ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး အားလုံးသိထားပြီးဖြစ်တဲ့အတိုင်းပဲ အသင်းသစ်နဲ့အတူ အောင်မြင်မှုတွေ ရရှိနေခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းမှာ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးက နူးကမ့်မှာ ၎င်းဟာ လူပိုကြီးတစ်ယောက်ဖြစ်နေပြီလို့ ပြောကြားခြင်းခံခဲ့ရတဲ့အတွက် အံ့အားသင့်တုန်လှုပ်မိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ဘာစီလိုနာက ကျွန်တော့်ကို သူတို့ မလိုတော့ဘူးလို့ ပြောခဲ့တဲ့အချိန်မှာ အဲဒါက အရမ်းခက်ခဲပါတယ်။ ကျွန်တော် အဲဒီလို ပြောခံရမယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး။ သူတို့တွေက အရမ်းခက်ခဲတဲ့အခိုက်အတံ့မှာ ရှိနေခဲ့တာဟာ သူတို့ရဲ့ အမူအကျင့်တွေကြောင့်ပါပဲ”

“ကိုးမန်းက ကျွန်တော့်ကို ဖုန်းဆက်ပြီး သူ့ရဲ့ အစီအစဉ်ထဲမှာ ကျွန်တော် မပါတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာက သူတို့ ကျွန်တော့်ကို မလိုတော့ဘူးဆိုတာ တရားဝင်ပြောခဲ့တဲ့အချိန်မှာ အက်သလက်တီကိုနဲ့ ပြောဆိုဆွေးနွေးမှုတွေ စတင်ခဲ့ပြီး ဆီမြွန်နီ၊ မီဂေး လန်းဂယ်တို့နဲ့ စကားပြောခဲ့ပါတယ်”

“အသင်းအများအပြားဆီကနေ စိတ်ဝင်စားမှုတွေ ရှိခဲ့ပါတယ်။ ဂျူဗင်တပ်တစ်သင်းတည်းတင် မဟုတ်ပါဘူး။ ကျွန်တော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချချင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်နဲ့ မိသားစုအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကိုပေါ့”လို့ ပြောကြားခဲ့ပါတယ်။ မက်ဒရစ်ကို ရောက်ရှိခဲ့ပြီးကတည်းက ဝါရင့်တိုက်စစ်မှူးဟာ ဝမ်ဒါ မက်ထရိုပိုလီတာနိုကွင်းထဲမှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ပြီး စနေနေ့ညမှာတော့ ရုန်းကန်နေရတဲ့ ဘာစီလိုနာအသင်းနဲ့ လာလီဂါပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ အသင်းဟောင်း အထူးသဖြင့် နည်းပြ ကိုးမန်းကို လက်စားချေချင်နေတဲ့ ဆွာရက်ဇ်ကို ဂိုးမသွင်းနိုင်အောင် တားဆီးနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

လူးဝစ္စ ဆွာရက်ဇ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲကြည့်စင်ကနေ ပွဲကို လာရောက်ကြီးကြပ်နေရတဲ့ ရော်နယ် ကိုးမန်းရှိရာဘက်ကို တယ်လီဖုန်းဆက်တဲ့ အမူအရာ ပြုလုပ်ပြခဲ့ပြီး ဖုန်းထဲမှာ ပြောခဲ့တဲ့စကားလုံးတွေအတွက် လှလှပပ လက်စားချေနိုင်ခဲ့ပြီဖြစ်ပြီး အက်သလက်တီကိုနဲ့ ဘာစီလိုနာအသင်းတို့ပွဲစဉ်အတွင်း ဆွာရက်ဇ် ဂိုးသွင်းယူသွားချိန်မှာ ကိုးမန်းဟာ စိတ်ပျက်ရှက်ရွံ့စွာနဲ့ မျက်နှာကို လက်နဲ့ အုပ်လိုက်တာကို ရုပ်သံကင်မရာက အမိအရ ရိုက်ကူးနိုင်ခဲ့သလို လူမှုကွန်ရက်မှာလည်း ပြောစရာတွေ အများကြီး ဖြစ်ခဲ့တာဖြစ်ပါတယ်။

“လူးဝစ္စ ဆွာရက်ဇ်ဟာ ကိုးမန်းဆီရဲ့ ဖုန်းလေးတစ်ချက်ဆက်ပြီး အသင်းကနေ ထုတ်ပယ်ခြင်းကို ခံခဲ့ရတယ်။ ဒီနေ့ ဆွာရက်ဇ်က ဂိုးသွင်းပြီးတဲ့နောက်မှာ ဖုန်းဆက်တဲ့အမူအရာ ပြန်လုပ်ပြခဲ့တယ်”လို့ Barcacentre အမည်ရတဲ့ တွစ်တာစာမျက်နှာတစ်ခုက ရေးသားခဲ့ပြီး “ကိုးမန်းကို ဆွာရက်ဇ်က လှောင်ပြောင်သရော်နေတယ်။ နည်းတောင် နည်းသေးတယ် ခံလိုက်ပေါ့”လို့ တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ဆွာရက်ဇ်အနေနဲ့ သူ့အပေါ်ပြုမှုထားတဲ့ ကိုးမန်းရဲ့ အပြုအမှုကို ချဉ်လွန်းလို့သာ ယခုလို တယ်လီဖုန်းဆက်တဲ့ အမူအရာနဲ့ အောင်ပွဲခံခဲ့ပေမယ့် သူမထွက်ခွာချင်ပဲ ထွက်ခွာလာရတဲ့ ဘာစီလိုနာနဲ့ ဘာစီလိုနာ ပရိသတ်တွေကို ဂိုးသွင်းယူမှုအပြီးမှာ လက်ရှိကစားနေတဲ့အသင်းအတွက် အနိုင်ရရှိအောင် ပရော်ဖယ်ရှင်နယ်ပီသစွာ ဂိုးသွင်းယူခဲ့ရတာဖြစ်လို့ ခွင့်လွှတ်ပေးဖို့ လက်အုပ်ချီတဲ့ အမူအရာပြုလုပ်ပြီး လေးစားချစ်ခင် ရိုသေသမှုကို ပြသခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လူးဝစၥ ဆြာရက္ဇ္ဟာ အသင္းေဟာင္း ဘာစီလိုနာအသင္းနဲ႔ပြဲစဥ္မွာ ဂိုးသြင္းယူနိုင္ခဲ့ၿပီးေနာက္ ပြဲၾကည့္စင္ကေန ၾကည့္ရႈေနတဲ့ ဘာစီလိုနာနည္းၿပ ေရာ္နယ္ ကိုးမန္းကို ဖုန္းေခၚတဲ့ အမူအရာလုပ္ျပၿပီး ေအာင္ပြဲခံခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ဥ႐ုေဂြးတိုက္စစ္မႉးဟာ နည္းၿပ ေရာ္နယ္ ကိုးမန္းရဲ့ ႏူးကမ့္မွာ အနာဂတ္မရွိေတာ့ဘူးလို႔ ေျပာၾကားျခင္းခံခဲ့ရၿပီးေနာက္ ေဒါသေပါက္ကြဲခဲ့တာျဖစ္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပဟာ အသင္းရဲ့ထိပ္တန္းဂိုးသြင္းရွင္တစ္ဦးျဖစ္တဲ့ ဆြာရက္ဇ္ကို အသက္ ၃၀ ေက်ာ္သြားၿပီျဖစ္တာေၾကာင့္ ေျခစြမ္းျပသနိုင္ေတာ့မွမဟုတ္ဘူးလို႔ ယူဆခဲ့တဲ့အတြက္ အသင္းကေန ထြက္ခြာခ်င္စိတ္ေပါက္ေအာင္ နည္းမ်ိဳးစုံနဲ႔ ညစ္ပတ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ ကိုးမန္းက ဆြာရက္ဇ္နဲ႔ ေနာက္ဆုံး ဖုန္းဆက္စကားေျပာခဲ့တဲ့ ၁ မိနစ္ၾကာကာလအတြင္း ေနာက္ထပ္ ေျဖရွင္းခ်က္ေတြ လာေတာင္းေနစရာ အေၾကာင္းမရွိသလို အဲဒီလို ေျဖရွင္းခ်က္ေတြကို နည္းျပက ေပးစရာလည္း မလိုအပ္ဘူးလို႔ ပက္ပက္စက္စက္ ေျပာဆိုခဲ့ေၾကာင္း စပိန္သတင္းဌာန SPORT ရဲ့ သတင္းအရ သိရပါတယ္။

အဲဒီ ဖုန္းေျပာဆိုမႈအျပင္ ဆြာရက္ဇ္ဟာ ဘာစီလိုနာအသင္းက ေနာက္ကြယ္ရွိ တာဝန္ရွိသူအခ်ိဳ႕ရဲ့ ၎ရဲ့ ထြက္ခြာမႈနဲ႔ပတ္သက္ၿပီး စီမံခန႔္ခြဲခဲ့တဲ့ပုံစံနဲ႔ ပတ္သက္ၿပီးလည္း မေပ်ာ္မရႊင္ျဖစ္ခဲ့ၿပီး သူတစ္ေယာက္တည္း ပုံမွန္ေျခစြမ္းရွိေနခ်ိန္မွာ ေခ်ာင္ထိုးျခင္းခံခဲ့ရတယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။ ေနာက္ထပ္ရက္သတၱပတ္ေတြအၾကာမွာ ဆြာရက္ဇ္ဟာ အက္သလက္တီကို မက္ဒရစ္အသင္းကို ၂ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီး အားလုံးသိထားၿပီးျဖစ္တဲ့အတိုင္းပဲ အသင္းသစ္နဲ႔အတူ ေအာင္ျမင္မႈေတြ ရရွိေနခဲ့တာျဖစ္ပါတယ္။

ယခုႏွစ္အေစာပိုင္းမွာ အသက္ ၃၄ ႏွစ္အရြယ္တိုက္စစ္မႉးက ႏူးကမ့္မွာ ၎ဟာ လူပိုႀကီးတစ္ေယာက္ျဖစ္ေနၿပီလို႔ ေျပာၾကားျခင္းခံခဲ့ရတဲ့အတြက္ အံ့အားသင့္တုန္လႈပ္မိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ “ဘာစီလိုနာက ကၽြန္ေတာ့္ကို သူတို႔ မလိုေတာ့ဘူးလို႔ ေျပာခဲ့တဲ့အခ်ိန္မွာ အဲဒါက အရမ္းခက္ခဲပါတယ္။ ကၽြန္ေတာ္ အဲဒီလို ေျပာခံရမယ္လို႔ မေမၽွာ္လင့္ထားခဲ့မိပါဘူး။ သူတို႔ေတြက အရမ္းခက္ခဲတဲ့အခိုက္အတံ့မွာ ရွိေနခဲ့တာဟာ သူတို႔ရဲ့ အမူအက်င့္ေတြေၾကာင့္ပါပဲ”

“ကိုးမန္းက ကၽြန္ေတာ့္ကို ဖုန္းဆက္ၿပီး သူ႔ရဲ့ အစီအစဥ္ထဲမွာ ကၽြန္ေတာ္ မပါေတာ့ဘူးလို႔ ေျပာခဲ့ပါတယ္။ ဘာစီလိုနာက သူတို႔ ကၽြန္ေတာ့္ကို မလိုေတာ့ဘူးဆိုတာ တရားဝင္ေျပာခဲ့တဲ့အခ်ိန္မွာ အက္သလက္တီကိုနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ စတင္ခဲ့ၿပီး ဆီႁမြန္နီ၊ မီေဂး လန္းဂယ္တို႔နဲ႔ စကားေျပာခဲ့ပါတယ္”

“အသင္းအမ်ားအျပားဆီကေန စိတ္ဝင္စားမႈေတြ ရွိခဲ့ပါတယ္။ ဂ်ဴဗင္တပ္တစ္သင္းတည္းတင္ မဟုတ္ပါဘူး။ ကၽြန္ေတာ္ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်ခ်င္ခဲ့ပါတယ္။ ကၽြန္ေတာ့္အတြက္နဲ႔ မိသားစုအတြက္ အေကာင္းဆုံးျဖစ္မယ့္ ဆုံးျဖတ္ခ်က္ကိုေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။ မက္ဒရစ္ကို ေရာက္ရွိခဲ့ၿပီးကတည္းက ဝါရင့္တိုက္စစ္မႉးဟာ ဝမ္ဒါ မက္ထရိုပိုလီတာနိုကြင္းထဲမွာ ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီး စေနေန႔ညမွာေတာ့ ႐ုန္းကန္ေနရတဲ့ ဘာစီလိုနာအသင္းနဲ႔ လာလီဂါပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာေတာ့ အသင္းေဟာင္း အထူးသျဖင့္ နည္းၿပ ကိုးမန္းကို လက္စားေခ်ခ်င္ေနတဲ့ ဆြာရက္ဇ္ကို ဂိုးမသြင္းနိုင္ေအာင္ တားဆီးနိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

လူးဝစၥ ဆြာရက္ဇ္က ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပြဲၾကည့္စင္ကေန ပြဲကို လာေရာက္ႀကီးၾကပ္ေနရတဲ့ ေရာ္နယ္ ကိုးမန္းရွိရာဘက္ကို တယ္လီဖုန္းဆက္တဲ့ အမူအရာ ျပဳလုပ္ျပခဲ့ၿပီး ဖုန္းထဲမွာ ေျပာခဲ့တဲ့စကားလုံးေတြအတြက္ လွလွပပ လက္စားေခ်နိုင္ခဲ့ၿပီျဖစ္ၿပီး အက္သလက္တီကိုနဲ႔ ဘာစီလိုနာအသင္းတို႔ပြဲစဥ္အတြင္း ဆြာရက္ဇ္ ဂိုးသြင္းယူသြားခ်ိန္မွာ ကိုးမန္းဟာ စိတ္ပ်က္ရွက္ရြံ့စြာနဲ႔ မ်က္ႏွာကို လက္နဲ႔ အုပ္လိုက္တာကို ႐ုပ္သံကင္မရာက အမိအရ ရိုက္ကူးနိုင္ခဲ့သလို လူမႈကြန္ရက္မွာလည္း ေျပာစရာေတြ အမ်ားႀကီး ျဖစ္ခဲ့တာျဖစ္ပါတယ္။

“လူးဝစၥ ဆြာရက္ဇ္ဟာ ကိုးမန္းဆီရဲ့ ဖုန္းေလးတစ္ခ်က္ဆက္ၿပီး အသင္းကေန ထုတ္ပယ္ျခင္းကို ခံခဲ့ရတယ္။ ဒီေန႔ ဆြာရက္ဇ္က ဂိုးသြင္းၿပီးတဲ့ေနာက္မွာ ဖုန္းဆက္တဲ့အမူအရာ ျပန္လုပ္ျပခဲ့တယ္”လို႔ Barcacentre အမည္ရတဲ့ တြစ္တာစာမ်က္ႏွာတစ္ခုက ေရးသားခဲ့ၿပီး “ကိုးမန္းကို ဆြာရက္ဇ္က ေလွာင္ေျပာင္သေရာ္ေနတယ္။ နည္းေတာင္ နည္းေသးတယ္ ခံလိုက္ေပါ့”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ဆြာရက္ဇ္အေနနဲ႔ သူ႔အေပၚျပဳမႈထားတဲ့ ကိုးမန္းရဲ႕ အျပဳအမႈကို ခ်ဥ္လြန္းလို႔သာ ယခုလို တယ္လီဖုန္းဆက္တဲ့ အမူအရာနဲ႔ ေအာင္ပြဲခံခဲ့ေပမယ့္ သူမထြက္ခြာခ်င္ပဲ ထြက္ခြာလာရတဲ့ ဘာစီလိုနာနဲ႔ ဘာစီလိုနာ ပရိသတ္ေတြကို ဂိုးသြင္းယူမႈအၿပီးမွာ လက္ရွိကစားေနတဲ့အသင္းအတြက္ အႏိုင္ရရိွေအာင္ ပေရာ္ဖယ္ရွင္နယ္ပီသစြာ ဂိုးသြင္းယူခဲ့ရတာျဖစ္လို႔ ခြင့္လႊတ္ေပးဖို႔ လက္အုပ္ခ်ီတဲ့ အမူအရာျပဳလုပ္ၿပီး ေလးစားခ်စ္ခင္ ႐ိုေသသမႈကို ျပသခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.