La Liga Match Report

အက်သလက်တီကိုကွင်းမှာ ရှုံးပွဲစတွေ့ပြီး ဘာမှ မတုံ့ပြန်နိုင်ခဲ့တဲ့ ဘာစီလိုနာ

အက်သလက်တီကို မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်ကတော့ ဒီတစ်ပတ်ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလို အားလုံးစိတ်ဝင်စားခဲ့တဲ့ ပွဲစဉ်မှာ ဘာဆာတို့ အရင်ကလိုပဲ ပွဲကို စိုးမိုးနိုင်ပြီး အက်သလက်တီကိုတို့က ထိထိရောက်ရောက်ကစားနိုင်ခဲ့တဲ့ သာမန်ပုံစံအားဖြင့် တူညီခဲ့ပေမယ့် စိတ်ဓာတ်ပိုင်းနဲ့ ကစားသမားပိုင်းမှာတော့ ကွာဟချက်တွေ အများကြီး တွေ့မြင်ခဲ့ရပါတယ်။

အသင်းကို တည်ငြိမ်အောင် အကောင်းဆုံးထိန်းသိမ်းထားနိုင်တဲ့ ဆီမီယွန်နီအနေနဲ့ ဒီနေ့ပွဲမှာ ၅-၃-၂ ပုံစံကို အသုံးပြုခဲ့ပြီး ကာရက်စ်ကိုနဲ့ ယော်ရန်တေးတို့က Wing Back တွေအဖြစ် ကစားခဲ့ချိန်မှာ ကွင်းလယ်မှာတော့ ကိုကီ၊ ဒီပေါလ်နဲ့ လီမာတို့ ကစားခဲ့ကြပြီး တိုက်စစ်ကိုတော့ လူးဝစ် ဆွာရက်ဇ်နဲ့ ဂျာအို ဖဲလစ္စတို့က ဦးဆောင်လာခဲ့ကြပါတယ်။

ဘာစီလိုနာကိုတော့ ဒီနေ့မှာ နည်းပြအဖြစ် ကိုးမန်းရဲ့ လက်ထောက် ဟင်းနရစ် လာဆန်က တာဝန်ယူခဲ့ပြီး ဘယ်နောက်ခံလူ အယ်လ်ဘာ မပါနိုင်သေးချိန်မှာ ဘယ်သူမှ အစားမဝင်နိုင်သေးဘဲ ညာသန် ဒက်စ်ကိုပဲ ဒီနေရာမှာ ဆက်သုံးခဲ့ရသလို လူငယ်ကစားသမားတွေဖြစ်တဲ့ နီကို ဂွန်ဇာလက်ဇ်၊ ဂါဗီ၊ မင်ဂူဇာတို့ကို ကော်တင်ညို၊ ဒီပိုင်း၊ ဒီယုံး၊ ပီကေးတို့နဲ့ တွဲပေးခဲ့ပြီး သူတို့ရဲ့ ဘောလုံးပိုင်ဆိုင်မှုကိုတော့ ဦးစားပေးကစားခဲ့ကြတာပါ။

စောစောစီးစီးမှာပဲ ဆွာရက်ဇ်နဲ့ အပေးအယူလုပ်ပြီး ထိုးဖောက်လာတဲ့ သောမတ်စ် လီမာရဲ့ ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့သလို ဂျာအို ဖဲလစ္စကလည်း ဘယ်ခြမ်းကနေ ချိုးကန်သွင်းမှုက တိုင်ဘေးကပဲ လွဲချော်ခဲ့လို့ အက်သလက်တီကိုတို့ ဂိုးရခွင့်နဲ့ လွဲနေခဲ့ပြီး ဘာစီလိုနာဘက်ကတော့ တစ်ချက်တစ်လေမှာ ကော်တင်ညိုရဲ့ လှုပ်ရှားမှုကို တွေ့မြင်ခဲ့ရပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ ဘာစီလိုနာရဲ့ ခံစစ်ငါးယောက်ကို အက်သလက်တီကိုတို့ သုံးယောက်တည်းနဲ့ ထိုးဖောက်သွားခဲ့ပြီး ဘယ်ခြမ်းကနေ ဘောလုံးပေးပြီး ပြေးဝင်လာခဲ့တဲ့ ဂျာအို ဖဲလစ္စက စုဖွဲ့မှုကို ဖရိုဖရဲဖြစ်စေချိန်မှာ ဘောလုံးလက်ခံရရှိတဲ့ ဆွာရက်ဇ်က ဘယ်ခြမ်းမှာ ရှိနေတဲ့ လီမာရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးလိုက်တာကို ပြင်သစ်သားက ဂိုးသမား တာစတီဂန်နဲ့ အတွေ့မှာ အပေါ်ဘက်ကို ကန်သွင်းပြီး အဖွင့်ဂိုးရယူနိုင်ခဲ့ပါတယ်။

ဒီဂိုးမှာ လီမာရဲ့ လမ်းကြောင်းကို လိုက်ပိတ်ရမယ့်အစား အတွင်းကို ချိုးပေးလာနိုင်တဲ့ ဘောလုံးအတွက် ဖျက်ဖို့ လူမကပ်ဘဲ ဂိုးရှေ့ကို ပြေးတဲ့ ဝါရင့်နောက်ခံလူ ပီကေးကို အသင်းခေါင်းဆောင် ဘူးစကွက်စ်က အပြစ်တင်သွားခဲ့ပြီး သူတို့နှစ်ယောက်ကြားမှာ အငြင်းအခုံဖြစ်ခဲ့ကြပေမယ့် တကယ်တမ်း မှာတော့ မြန်နှုန်းကျဆင်းနေတဲ့ သူတို့တွေအားလုံးအနေနဲ့ ခံစစ်မှာ ဟာကွက်တွေကို ဖြစ်ပေါ်စေခဲ့တာပါ။

ပြီးခဲ့တဲ့ ကာဒစ်ဇ်နဲ့ပွဲက အထုတ်ခံခဲ့ရလို့ နှစ်ပွဲပယ်ခံရပြီး ပွဲကြည့်စင်ပေါ်ကနေ အားပေးနေရတဲ့ ကိုးမန်းအနေနဲ့ တိုက်စစ်မှာ ဒီပိုင်းအပြင် လုခ် ဒီယုံးလို ကစားသမားဟာ သူ့အတွက် အရှက်ကွဲဖို့ပဲဖြစ်စေနိုင်မှန်း သိသွားပုံပေါ်ပြီး ကော်တင်ညိုနဲ့ တွဲပေးခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို ပွဲချိန် ၂၇ မိနစ်မှာ အခွင့်အရေးကောင်းကို လူးဝစ် ဆွာရက်ဇ်ရဲ့ ကန်ချက်က တိုင်ဘေးက ကပ်ထွက်သွားခဲ့ပြန်ပါတယ်။

ဒီပိုင်းကတော့ ဂိုးရှေ့မှာနေရင် ဖန်တီးပေးမယ့်သူက မရှိ၊ သူတောင်ပံထွက်ပြီး ဖန်တီးရင် ဂိုးသွင်းမယ့်သူက မရှိနဲ့ ဂျာအေး သူ့အမေရိုက်ဖြစ်နေပြီး ဘာစီလိုနာရဲ့ ဖန်တီးမှုပိုင်းက ဒီအသင်းမှ ဟုတ်ရဲ့လားလို့ မေးရင် ဘုရားစူးကျိန်ပြရမယ့် ပုံစံမျိုးဖြစ်နေသလို တိုက်စစ်မှူးနောက်က လိုက်ကစားနေရတဲ့ ဖရင်ကီ ဒီယုံးကလည်း ကွင်းလယ်မှာလောက် ခြေမပေါ်ခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ ဒီပိုင်း လူပေးမှားတဲ့ ဘောလုံးကနေ အက်သလက်တီကိုတို့ ဘယ်ခြမ်းက ဖောက်ထွက်သွားခဲ့ပြီး ဂျာအို ဖဲလစ္စ မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို လီမာက တောက်လျှောက်ဆွဲပြေးပြီးမှ တင်ပေးခဲ့ရာမှာ လူးဝစ် ဆွာရက်ဇ်က ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့မှာ အဆုံးသတ်သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာတို့ တိုက်စစ်မြှင့်ကစားခဲ့ပေမယ့် စိတ်ဓာတ်ပိုင်းက စကားပြောခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာ အက်သလက်တီကိုတို့ လူပေးမှားရာကနေ ညာခြမ်းက တိုက်စစ်ဆင်လာခဲ့တဲ့ လူငယ်ကစားသမား ဂါဗီရဲ့ ဖြတ်တင်ဘောကို ကော်တင်ညိုက ကန်သွင်းဖို့ ကြိုးစားရာမှာ ဂိုးသမား အော့ဘလက်ခ်က ပုတ်တောင်မထုတ်ဘဲ အမိအရ ဖမ်းပြသွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ အန်ဆူ ဖာတီနဲ့ လုခ် ဒီယုံးတို့လို တိုက်စစ်ကစားသမားတွေကို ထပ်ထည့်ခဲ့ပေမယ့် တကယ်တမ်း ဂိုးရဖို့ နီးစပ်တာက အိမ်ရှင် တီကိုတို့ဖြစ်နေပြီး ဂျာအို ဖဲလစ္စ ကန်ပုံကန်နည်း မသေသပ်ခဲ့လို့သာ ဂိုးသမား တာစတီဂန် ကာကွယ်နိုင်ခဲ့သလို ပွဲချိန် ၆၉ မိနစ်မှာ မက်ဆီကန်နေကျ နေရာက ဖရီးကစ်ကို ကန်ခဲ့တဲ့ နံပါတ် ၁၀ အသစ်ရဲ့ ကန်ချက်က ပွဲကြည့်စင်ပေါ်ပဲ ရောက်ခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာတော့ ဆွာရက်ဇ်အစား ဂရစ်ဇ်မန်း ဝင်ကစားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အိမ်ရှင်တို့ ခံစစ်ကို ပိုမိုအားပြုခဲ့သလို ကာတာလန်သားတွေရဲ့ တိုက်စစ်ပိုင်းက ထိုးဖောက်မှုတွေကလည်း ဘာမှ သိပ်ပြီး ပြောစရာဖြစ်လောက်အောင် မရှိခဲ့လို့ ပထမပိုင်းက ရလဒ်အတိုင်းပဲ ပွဲပြီးဆုံးခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ အက်သလက်တီကိုတို့ အောင်ပွဲခံနိုင်ခဲ့ကြသလို ဘာစီလိုနာကတော့ လာလီဂါမှာ ရှုံးပွဲစတွေ့ပြီး ကိုးမန်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္သလက္တီကို မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ရဲ႕ ပြဲစဥ္ကေတာ့ ဒီတစ္ပတ္ရဲ႕ ပြဲႀကီးပြဲေကာင္းတစ္ပြဲျဖစ္ခဲ့သလို အားလုံးစိတ္ဝင္စားခဲ့တဲ့ ပြဲစဥ္မွာ ဘာဆာတို႔ အရင္ကလိုပဲ ပြဲကို စိုးမိုးႏိုင္ၿပီး အက္သလက္တီကိုတို႔က ထိထိေရာက္ေရာက္ကစားႏိုင္ခဲ့တဲ့ သာမန္ပုံစံအားျဖင့္ တူညီခဲ့ေပမယ့္ စိတ္ဓာတ္ပိုင္းနဲ႔ ကစားသမားပိုင္းမွာေတာ့ ကြာဟခ်က္ေတြ အမ်ားႀကီး ေတြ႕ျမင္ခဲ့ရပါတယ္။

အသင္းကို တည္ၿငိမ္ေအာင္ အေကာင္းဆုံးထိန္းသိမ္းထားႏိုင္တဲ့ ဆီမီယြန္နီအေနနဲ႔ ဒီေန႔ပြဲမွာ ၅-၃-၂ ပုံစံကို အသုံးျပဳခဲ့ၿပီး ကာရက္စ္ကိုနဲ႔ ေယာ္ရန္ေတးတို႔က Wing Back ေတြအျဖစ္ ကစားခဲ့ခ်ိန္မွာ ကြင္းလယ္မွာေတာ့ ကိုကီ၊ ဒီေပါလ္နဲ႔ လီမာတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္ကိုေတာ့ လူးဝစ္ ဆြာရက္ဇ္နဲ႔ ဂ်ာအို ဖဲလစၥတို႔က ဦးေဆာင္လာခဲ့ၾကပါတယ္။

ဘာစီလိုနာကိုေတာ့ ဒီေန႔မွာ နည္းျပအျဖစ္ ကိုးမန္းရဲ႕ လက္ေထာက္ ဟင္းနရစ္ လာဆန္က တာဝန္ယူခဲ့ၿပီး ဘယ္ေနာက္ခံလူ အယ္လ္ဘာ မပါႏိုင္ေသးခ်ိန္မွာ ဘယ္သူမွ အစားမဝင္ႏိုင္ေသးဘဲ ညာသန္ ဒက္စ္ကိုပဲ ဒီေနရာမွာ ဆက္သုံးခဲ့ရသလို လူငယ္ကစားသမားေတြျဖစ္တဲ့ နီကို ဂြန္ဇာလက္ဇ္၊ ဂါဗီ၊ မင္ဂူဇာတို႔ကို ေကာ္တင္ညိဳ၊ ဒီပိုင္း၊ ဒီယုံး၊ ပီေကးတို႔နဲ႔ တြဲေပးခဲ့ၿပီး သူတို႔ရဲ႕ ေဘာလုံးပိုင္ဆိုင္မႈကိုေတာ့ ဦးစားေပးကစားခဲ့ၾကတာပါ။

ေစာေစာစီးစီးမွာပဲ ဆြာရက္ဇ္နဲ႔ အေပးအယူလုပ္ၿပီး ထိုးေဖာက္လာတဲ့ ေသာမတ္စ္ လီမာရဲ႕ ကန္ခ်က္က တိုင္ေဘးက ထြက္သြားခဲ့သလို ဂ်ာအို ဖဲလစၥကလည္း ဘယ္ျခမ္းကေန ခ်ိဳးကန္သြင္းမႈက တိုင္ေဘးကပဲ လြဲေခ်ာ္ခဲ့လို႔ အက္သလက္တီကိုတို႔ ဂိုးရခြင့္နဲ႔ လြဲေနခဲ့ၿပီး ဘာစီလိုနာဘက္ကေတာ့ တစ္ခ်က္တစ္ေလမွာ ေကာ္တင္ညိဳရဲ႕ လႈပ္ရွားမႈကို ေတြ႕ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ဘာစီလိုနာရဲ႕ ခံစစ္ငါးေယာက္ကို အက္သလက္တီကိုတို႔ သုံးေယာက္တည္းနဲ႔ ထိုးေဖာက္သြားခဲ့ၿပီး ဘယ္ျခမ္းကေန ေဘာလုံးေပးၿပီး ေျပးဝင္လာခဲ့တဲ့ ဂ်ာအို ဖဲလစၥက စုဖြဲ႕မႈကို ဖ႐ိုဖရဲျဖစ္ေစခ်ိန္မွာ ေဘာလုံးလက္ခံရရွိတဲ့ ဆြာရက္ဇ္က ဘယ္ျခမ္းမွာ ရွိေနတဲ့ လီမာရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးလိုက္တာကို ျပင္သစ္သားက ဂိုးသမား တာစတီဂန္နဲ႔ အေတြ႕မွာ အေပၚဘက္ကို ကန္သြင္းၿပီး အဖြင့္ဂိုးရယူႏိုင္ခဲ့ပါတယ္။

ဒီဂိုးမွာ လီမာရဲ႕ လမ္းေၾကာင္းကို လိုက္ပိတ္ရမယ့္အစား အတြင္းကို ခ်ိဳးေပးလာႏိုင္တဲ့ ေဘာလုံးအတြက္ ဖ်က္ဖို႔ လူမကပ္ဘဲ ဂိုးေရွ႕ကို ေျပးတဲ့ ဝါရင့္ေနာက္ခံလူ ပီေကးကို အသင္းေခါင္းေဆာင္ ဘူးစကြက္စ္က အျပစ္တင္သြားခဲ့ၿပီး သူတို႔ႏွစ္ေယာက္ၾကားမွာ အျငင္းအခုံျဖစ္ခဲ့ၾကေပမယ့္ တကယ္တမ္း မွာေတာ့ ျမန္ႏႈန္းက်ဆင္းေနတဲ့ သူတို႔ေတြအားလုံးအေနနဲ႔ ခံစစ္မွာ ဟာကြက္ေတြကို ျဖစ္ေပၚေစခဲ့တာပါ။

ၿပီးခဲ့တဲ့ ကာဒစ္ဇ္နဲ႔ပြဲက အထုတ္ခံခဲ့ရလို႔ ႏွစ္ပြဲပယ္ခံရၿပီး ပြဲၾကည့္စင္ေပၚကေန အားေပးေနရတဲ့ ကိုးမန္းအေနနဲ႔ တိုက္စစ္မွာ ဒီပိုင္းအျပင္ လုခ္ ဒီယုံးလို ကစားသမားဟာ သူ႔အတြက္ အရွက္ကြဲဖို႔ပဲျဖစ္ေစႏိုင္မွန္း သိသြားပုံေပၚၿပီး ေကာ္တင္ညိဳနဲ႔ တြဲေပးခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့သလို ပြဲခ်ိန္ ၂၇ မိနစ္မွာ အခြင့္အေရးေကာင္းကို လူးဝစ္ ဆြာရက္ဇ္ရဲ႕ ကန္ခ်က္က တိုင္ေဘးက ကပ္ထြက္သြားခဲ့ျပန္ပါတယ္။

ဒီပိုင္းကေတာ့ ဂိုးေရွ႕မွာေနရင္ ဖန္တီးေပးမယ့္သူက မရွိ၊ သူေတာင္ပံထြက္ၿပီး ဖန္တီးရင္ ဂိုးသြင္းမယ့္သူက မရွိနဲ႔ ဂ်ာေအး သူ႔အေမ႐ိုက္ျဖစ္ေနၿပီး ဘာစီလိုနာရဲ႕ ဖန္တီးမႈပိုင္းက ဒီအသင္းမွ ဟုတ္ရဲ႕လားလို႔ ေမးရင္ ဘုရားစူးက်ိန္ျပရမယ့္ ပုံစံမ်ိဳးျဖစ္ေနသလို တိုက္စစ္မႉးေနာက္က လိုက္ကစားေနရတဲ့ ဖရင္ကီ ဒီယုံးကလည္း ကြင္းလယ္မွာေလာက္ ေျခမေပၚခဲ့တာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ဒီပိုင္း လူေပးမွားတဲ့ ေဘာလုံးကေန အက္သလက္တီကိုတို႔ ဘယ္ျခမ္းက ေဖာက္ထြက္သြားခဲ့ၿပီး ဂ်ာအို ဖဲလစၥ ေမွ်ာထိုးေပးလိုက္တဲ့ ေဘာလုံးကို လီမာက ေတာက္ေလွ်ာက္ဆြဲေျပးၿပီးမွ တင္ေပးခဲ့ရာမွာ လူးဝစ္ ဆြာရက္ဇ္က ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းေတြ႕မွာ အဆုံးသတ္သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပထမပိုင္းကို ဦးေဆာင္ႏိုင္ခဲ့ၾကပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဘာစီလိုနာတို႔ တိုက္စစ္ျမႇင့္ကစားခဲ့ေပမယ့္ စိတ္ဓာတ္ပိုင္းက စကားေျပာခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၆၀ မွာ အက္သလက္တီကိုတို႔ လူေပးမွားရာကေန ညာျခမ္းက တိုက္စစ္ဆင္လာခဲ့တဲ့ လူငယ္ကစားသမား ဂါဗီရဲ႕ ျဖတ္တင္ေဘာကို ေကာ္တင္ညိဳက ကန္သြင္းဖို႔ ႀကိဳးစားရာမွာ ဂိုးသမား ေအာ့ဘလက္ခ္က ပုတ္ေတာင္မထုတ္ဘဲ အမိအရ ဖမ္းျပသြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ အန္ဆူ ဖာတီနဲ႔ လုခ္ ဒီယုံးတို႔လို တိုက္စစ္ကစားသမားေတြကို ထပ္ထည့္ခဲ့ေပမယ့္ တကယ္တမ္း ဂိုးရဖို႔ နီးစပ္တာက အိမ္ရွင္ တီကိုတို႔ျဖစ္ေနၿပီး ဂ်ာအို ဖဲလစၥ ကန္ပုံကန္နည္း မေသသပ္ခဲ့လို႔သာ ဂိုးသမား တာစတီဂန္ ကာကြယ္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၆၉ မိနစ္မွာ မက္ဆီကန္ေနက် ေနရာက ဖရီးကစ္ကို ကန္ခဲ့တဲ့ နံပါတ္ ၁၀ အသစ္ရဲ႕ ကန္ခ်က္က ပြဲၾကည့္စင္ေပၚပဲ ေရာက္ခဲ့ၿပီး ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ဆြာရက္ဇ္အစား ဂရစ္ဇ္မန္း ဝင္ကစားခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အိမ္ရွင္တို႔ ခံစစ္ကို ပိုမိုအားျပဳခဲ့သလို ကာတာလန္သားေတြရဲ႕ တိုက္စစ္ပိုင္းက ထိုးေဖာက္မႈေတြကလည္း ဘာမွ သိပ္ၿပီး ေျပာစရာျဖစ္ေလာက္ေအာင္ မရွိခဲ့လို႔ ပထမပိုင္းက ရလဒ္အတိုင္းပဲ ပြဲၿပီးဆုံးခဲ့ၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အက္သလက္တီကိုတို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ဘာစီလိုနာကေတာ့ လာလီဂါမွာ ရႈံးပြဲစေတြ႕ၿပီး ကိုးမန္းအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.