Premier League

အပျော်လွန်အောင်ပွဲခံပြီးမှ အိုင်ဒေါလ်ငြိုငြင်မှာစိုးလို့ ဖြေရှင်းခဲ့ရတဲ့ တောင်ဆန်း

အဲဗာတန်တောင်ပံကစားသမားဟာ ဒုတိယပိုင်းမှာ တန်ပြန်တိုက်စစ်ကနေ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူးရဲ့ အမှတ်အသားဖြစ်တဲ့ Siu အောင်ပွဲခံဟန်အတိုင်း တုပပြီး အောင်ပွဲခံခဲ့ပါတယ်။

တောင်ဆန်းဟာ အိုးထရက်ဖို့ဒ်မှာ တစ်ဖက် ၁ ဂိုးစီ သရေကျစေမယ့် ချေပဂိုးကို အဲဗာတန်အသင်းအတွက် သွင်းယူပေးခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူးရဲ့ အမှတ်အသားဖြစ်တဲ့ အောင်ပွဲခံဟန်အတိုင်း လိုက်လံပြုလုပ်ခဲ့တာဟာ ရော်နယ်ဒိုကို လေးစားတဲ့အမှတ်သင်္ကေတအဖြစ် ပြသခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဗာတန်တောင်ပံကြယ်ပွင့်ဟာ ပထမပိုင်းပြီးဆုံးခါးနီးမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အန်သိုနီ မာစီယယ်လ် သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကို ဒုတိယပိုင်းမှာ တန်ပြန်တိုက်စစ်ကနေတဆင့် ချေပနိုင်ခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းအတွက် အဝေးကွင်းမှာ အဖိုးတန် သရေ ၁ မှတ် ရရှိစေခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ်တောင်ပံကစားသမားက ဂိုးသွင်းယူပြီးနောက် ထောင့်ကန်ဘောအလံအတိုင်ရှိရာဆီ ပြေးလွှားသွားခဲ့ပြီး ရော်နယ်ဒိုရဲ့ ထင်ရှားကျော်ကြားတဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အောင်ပွဲခံဟန်အတိုင်း တုပခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးကို ဂုဏ်ပြုချင်တာထက်ပိုပြီး တခြား ဘာရည်ရွယ်ချက်မှ မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

“အတုခိုးပြီး လိုက်လုပ်တာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကစားသမားဘဝကို လွှမ်းမိုးနိုင်ခဲ့တဲ့သူတစ်ယောက်အပေါ် လေးစားမှုပြသတဲ့ အမှတ်သင်္ကေတအဖြစ် လုပ်ခဲ့တာပါ”

“ကျွန်တော် လေ့ကျင့်ရေးကွင်းမှာ နာရီပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ပြီး ဗီဒီယိုအခန်းထဲမှာလည်း သူ့ရဲ့ အလွတ်တည်ကန်ဘောတွေကို အဆင့်ဆင့် အသေးစိတ်လေ့လာဆန်းစစ်ဖို့ ကြိုးစားခဲ့တယ်။ သူ့ရဲ့ ဘောလုံးအပေါ် ကိုယ့်ကိုကိုယ် အပြည့်အဝနစ်မြှုပ်ထားတဲ့ပုံစံကိုရောပေါ့”

“အဲဒီတော့ သူ့အတိုင်း အောင်ပွဲခံခဲ့တာက အတုခိုးပြီး လိုက်လုပ်တာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တွေထဲက တစ်ဦးကို လေးစားသမှုနဲ့ ပြုလုပ်ခဲ့တဲ့ အမှတ်အသားပါ။ ကျွန်တော် အောင်ပွဲခံပုံကို မှန်မှန်ကန်ကန်နဲ့ သေသေချာချာ မစွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်ကောင်းဖြစ်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ပွဲအပြီးမှာ တောင်ဆန်းက လူမှုကွန်ရက်မှာ ရော်နယ်ဒိုနဲ့ ဂျာစီ လဲလှယ်ခဲ့ကြောင်းကိုလည်း ပျော်ရွှင်စွာနဲ့ မျှဝေခဲ့သေးပြီး ပဲလေ့စ်ကြယ်ပွင့်ဟောင်းဟာ အဲဗာတန်ကို ရောက်ရှိခဲ့ချိန်ကတည်းက အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့သလို ဂွတ်ဒီဆင်ပါ့ခ်မှာ ၎င်းရဲ့ကစားသမားဘဝ အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေတွေ့ရှိနေခဲ့တာဖြစ်ပါတယ်။ ၉ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းယူထားခဲ့တဲ့ တောင်ဆန်းက လက်ရှိအချိန်မှာ ဘောလုံးကစားရတာကို အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဘောလုံးကစားရတာကို ချစ်မြတ်နိုးပြီး အဲဗာတန်အတွက် ကစားပေးဖို့ အခွင့်အရေးရခဲ့လို့လည်း အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော် ဒီထက်ပိုပြီး တည်ငြိမ်တဲ့ခြေစွမ်းနဲ့ ဂိုးတွေ သွင်းယူသင့်တယ်လို့ ပြောခဲ့ပါတယ်။ အကြောင်းအရင်းတစ်ခု ဒါမှမဟုတ် တခြားတစ်ခုကြောင့် ကျွန်တော် ဘယ်တုန်းကမှ တစ်ရာသီလုံး ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။ အခုတော့ အစကောင်းနေခဲ့ပြီဖြစ်ပေမယ့် ကျွန်တော် ဒီထက်အများကြီး ပိုလုပ်နိုင်စွမ်းရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အဲဗာတန္ေတာင္ပံကစားသမားဟာ ဒုတိယပိုင္းမွာ တန္ျပန္တိုက္စစ္ကေန အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ အမွတ္အသားျဖစ္တဲ့ Siu ေအာင္ပြဲခံဟန္အတိုင္း တုပၿပီး ေအာင္ပြဲခံခဲ့ပါတယ္။

ေတာင္ဆန္းဟာ အိုးထရက္ဖို႔ဒ္မွာ တစ္ဖက္ ၁ ဂိုးစီ သေရက်ေစမယ့္ ေခ်ပဂိုးကို အဲဗာတန္အသင္းအတြက္ သြင္းယူေပးခဲ့ၿပီးေနာက္ မန္ခ်က္စတာ ယူႏိုက္တက္တိုက္စစ္မႉးရဲ႕ အမွတ္အသားျဖစ္တဲ့ ေအာင္ပြဲခံဟန္အတိုင္း လိုက္လံျပဳလုပ္ခဲ့တာဟာ ေရာ္နယ္ဒိုကို ေလးစားတဲ့အမွတ္သေကၤတအျဖစ္ ျပသခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဲဗာတန္ေတာင္ပံၾကယ္ပြင့္ဟာ ပထမပိုင္းၿပီးဆုံးခါးနီးမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ အန္သိုနီ မာစီယယ္လ္ သြင္းယူခဲ့တဲ့ အဖြင့္ဂိုးကို ဒုတိယပိုင္းမွာ တန္ျပန္တိုက္စစ္ကေနတဆင့္ ေခ်ပႏိုင္ခဲ့တာျဖစ္ၿပီး အဲဗာတန္အသင္းအတြက္ အေဝးကြင္းမွာ အဖိုးတန္ သေရ ၁ မွတ္ ရရွိေစခဲ့တာျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ေတာင္ပံကစားသမားက ဂိုးသြင္းယူၿပီးေနာက္ ေထာင့္ကန္ေဘာအလံအတိုင္ရွိရာဆီ ေျပးလႊားသြားခဲ့ၿပီး ေရာ္နယ္ဒိုရဲ႕ ထင္ရွားေက်ာ္ၾကားတဲ့ အထိမ္းအမွတ္ျဖစ္တဲ့ ေအာင္ပြဲခံဟန္အတိုင္း တုပခဲ့တာျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးကို ဂုဏ္ျပဳခ်င္တာထက္ပိုၿပီး တျခား ဘာရည္႐ြယ္ခ်က္မွ မရွိခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“အတုခိုးၿပီး လိုက္လုပ္တာမဟုတ္ပါဘူး။ ကြၽန္ေတာ့္ရဲ႕ ကစားသမားဘဝကို လႊမ္းမိုးႏိုင္ခဲ့တဲ့သူတစ္ေယာက္အေပၚ ေလးစားမႈျပသတဲ့ အမွတ္သေကၤတအျဖစ္ လုပ္ခဲ့တာပါ”

“ကြၽန္ေတာ္ ေလ့က်င့္ေရးကြင္းမွာ နာရီေပါင္းမ်ားစြာ အခ်ိန္ကုန္ဆုံးခဲ့ၿပီး ဗီဒီယိုအခန္းထဲမွာလည္း သူ႔ရဲ႕ အလြတ္တည္ကန္ေဘာေတြကို အဆင့္ဆင့္ အေသးစိတ္ေလ့လာဆန္းစစ္ဖို႔ ႀကိဳးစားခဲ့တယ္။ သူ႔ရဲ႕ ေဘာလုံးအေပၚ ကိုယ့္ကိုကိုယ္ အျပည့္အဝနစ္ျမႇဳပ္ထားတဲ့ပုံစံကိုေရာေပါ့”

“အဲဒီေတာ့ သူ႔အတိုင္း ေအာင္ပြဲခံခဲ့တာက အတုခိုးၿပီး လိုက္လုပ္တာမဟုတ္ပါဘူး။ ကြၽန္ေတာ့္ရဲ႕ စံျပပုဂၢိဳလ္ေတြထဲက တစ္ဦးကို ေလးစားသမႈနဲ႔ ျပဳလုပ္ခဲ့တဲ့ အမွတ္အသားပါ။ ကြၽန္ေတာ္ ေအာင္ပြဲခံပုံကို မွန္မွန္ကန္ကန္နဲ႔ ေသေသခ်ာခ်ာ မစြမ္းေဆာင္ျပႏိုင္ခဲ့တာ ျဖစ္ေကာင္းျဖစ္မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ပြဲအၿပီးမွာ ေတာင္ဆန္းက လူမႈကြန္ရက္မွာ ေရာ္နယ္ဒိုနဲ႔ ဂ်ာစီ လဲလွယ္ခဲ့ေၾကာင္းကိုလည္း ေပ်ာ္႐ႊင္စြာနဲ႔ မွ်ေဝခဲ့ေသးၿပီး ပဲေလ့စ္ၾကယ္ပြင့္ေဟာင္းဟာ အဲဗာတန္ကို ေရာက္ရွိခဲ့ခ်ိန္ကတည္းက အထင္ႀကီးဖြယ္ေျခစြမ္းျပသႏိုင္ခဲ့သလို ဂြတ္ဒီဆင္ပါ့ခ္မွာ ၎ရဲ႕ကစားသမားဘဝ အေကာင္းဆုံးပုံစံကို ျပန္လည္ရွာေဖြေတြ႕ရွိေနခဲ့တာျဖစ္ပါတယ္။ ၉ ပြဲကစားထားရာမွာ ၅ ဂိုးသြင္းယူထားခဲ့တဲ့ ေတာင္ဆန္းက လက္ရွိအခ်ိန္မွာ ေဘာလုံးကစားရတာကို အလြန္စိတ္လႈပ္ရွားေပ်ာ္႐ႊင္ေနတယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ ေဘာလုံးကစားရတာကို ခ်စ္ျမတ္ႏိုးၿပီး အဲဗာတန္အတြက္ ကစားေပးဖို႔ အခြင့္အေရးရခဲ့လို႔လည္း အရမ္းေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္ ဒီထက္ပိုၿပီး တည္ၿငိမ္တဲ့ေျခစြမ္းနဲ႔ ဂိုးေတြ သြင္းယူသင့္တယ္လို႔ ေျပာခဲ့ပါတယ္။ အေၾကာင္းအရင္းတစ္ခု ဒါမွမဟုတ္ တျခားတစ္ခုေၾကာင့္ ကြၽန္ေတာ္ ဘယ္တုန္းကမွ တစ္ရာသီလုံး ဂိုးမသြင္းယူႏိုင္ခဲ့ပါဘူး။ အခုေတာ့ အစေကာင္းေနခဲ့ၿပီျဖစ္ေပမယ့္ ကြၽန္ေတာ္ ဒီထက္အမ်ားႀကီး ပိုလုပ္ႏိုင္စြမ္းရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.