Analysis Premier League

လာမယ့်နှစ်လအတွင်းမှာ ရာထူးမြဲမမြဲ စောင့်ကြည့်ရမယ့် ဆိုးလ်ရှားကို CR7 ကယ်နိုင်ပါ့မလား

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ CR7 ရဲ့ သွင်းဂိုးတွေနဲ့ ကံကောင်းမှုတွေကြောင့်သာ လက်ရှိရပ်တည်မှုကို ရရှိနေတာဖြစ်သလို တစ်ချက်လောက် ကံဆိုးပြီး ယန်းဘွိုင်းစ်နဲ့ပွဲကလို ဖြစ်သွားတာနဲ့ လာမယ့်ပွဲတွေမှာ တောက်လျှောက်အမှတ်လျော့ပြီး အသင်းရဲ့ ရည်မှန်းချက်တွေကို ထိခိုက်နိုင်သလို လာမယ့်နှစ်လအပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားတစ်ယောက် ဆက်ရှိနိုင်ပါ့မလားလို့ လူပြောများနေကြပါတယ်။

ဆိုးလ်ရှားအတွက်တော့ လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့မှာ စတင်မယ့် ဗီလာရီးရဲလ်နဲ့ တွေ့ဆုံမယ့် ပွဲကစပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တွေ့ဆုံမယ့် အာဆင်နယ်နဲ့ အဆုံးအထိ လွယ်ကူတဲ့ပွဲဆိုလို့ ဝတ်ဖို့ဒ်နဲ့ တစ်ပွဲသာပါဝင်ပြီး အဲ့ဒီတစ်ပွဲကလည်း အဝေးကွင်းမှာဖြစ်နေသလို ပွဲတိုင်းမှာ တစ်ပွဲတစ်ဂိုးနှုန်း ပေးထားခဲ့တဲ့ ခံစစ်ကလည်း သိပ်ပြီးတော့ အားမရချင်စရာဖြစ်နေခဲ့ပါတယ်။

ဗီလာရီးရဲလ်ကို ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အိမ်ကွင်းပွဲစဉ်အဖြစ် ကစားရမှာဖြစ်လို့ ဒီတစ်ပွဲက သိပ်တော့ မခက်ခဲနိုင်ပေမယ့် အောက်တိုဘာ လထဲ ရောက်ရင်တော့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ အဲဗာတန်က ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ အမြန်နှုန်းမြှင့်နိုင်ပါ့မလားဆိုတာကို စမ်းသပ်ဖို့ ရောက်လာမှာဖြစ်ပါတယ်။ ဒါပြီးရင်တော့ လက်စတာစီးတီးအသင်းကို အဝေးကွင်းမှာ ကစားရမယ့်ပွဲကလည်း ဒီနောက်တန်းနဲ့တော့ အပိုင်တွက်ဖို့ မဖြစ်နိုင်တာပါ။

အောက်တိုဘာ ၂၀ ရက်နေ့မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃)အဖြစ် အတ္တလန်တာအသင်းကို အိမ်ကွင်းမှာ ကစားရဖို့ ရှိနေပြီး ဂက်စ်ပါရီနီရဲ့ မာကျောတဲ့ အသင်းနဲ့ ကစားအားက အသင်းကြီးတိုင်း မျက်ခုံးလှုပ်ရချိန်မှာ ယူနိုက်တက်တို့လည်း ဘာသားနဲ့ ထုထားတာမို့လဲလို့ မေးရမှာဖြစ်သလို Weekend မှာတော့ လီဗာပူးလ်ကို ဧည့်ခံကျင်းပပေးရမယ့် ပါတီကတော့ ပျော်စရာမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

နောက်တစ်ပတ်မှာ တော့တင်ဟမ်ရဲ့ ဝှိုက်ဟတ်လိန်းကို သွားရမှာက အပန်းဖြေခရီးတစ်ခု မဖြစ်နိုင်သလို ဒါပြီးရင်တော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၄)အဖြစ် အတ္တလန်တာကို အီတလီမြေမှာ ကစားရမှာဖြစ်ပြီး ပြန်လာရင်တော့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးက အိမ်ကွင်းကိုလာပြီး နှုတ်ဆက်တဲ့သဘောနဲ့ လည်ကြပတ်ကြဦးမှာပါ။

ဒါပြီးရင်တော့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ သူတို့တွေ သက်သာခွင့်ရနိုင်ပြီး ဝတ်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက်ကစားဖို့က ရော်နယ်လ်ဒိုရဲ့ ဗလနဲ့ ဇကြောင့် မခက်နိုင်သလို ကံဆိုးရင်တော့ နကျယ်ကောင်တွေ အသိုက်မှာ အပြန်အလှန်သွင်းဂိုးများနိုင်ပြီး ကြားရက်မှာတော့ အဝေးကွင်းနှစ်ပွဲဆက် အဖြစ် ဗီလာရီးရဲလ်နဲ့ စပိန်မြေကို သွားကစားရဦးမှာဖြစ်ပါတယ်။

စပိန်က ပြန်ရင်တော့ တနင်္ဂနွေနေ့ အဝေးကွင်းမှာ ချဲလ်ဆီးနဲ့ သွားရဖို့ လက်မှတ်စီစဉ်ထားပြီးဖြစ်သလို ပြန်လာရင်တော့ ကြားရက် အင်္ဂါနေ့မှာ နောက်ပိုင်းနှစ်တွေမှာ ဒုက္ခပေးနေကျ အာဆင်နယ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမှာဖြစ်လို့ နည်းပြ ဆိုးလ်ရှားအတွက်တော့ ဝတ်ဖို့ဒ်တစ်သင်းနဲ့သာ အသက်ရှူချောင်နိုင်ခွင့်ရှိတဲ့ ပွဲစဉ်ဇယားအပြီးမှာ အနာဂတ်ဆက်ရှိနိုင်ပါ့မလားလို့ ၁၉ သင်းဖန်တွေက လှောင်ပြောင်နေကြတာပါ။

ဒီလိုနဲ့ မဝေးလှတော့တဲ့ အောက်တိုဘာလဆန်းမှာ ဆိုးလ်ရှားရဲ့ ပွဲကျပ်တွေကို စတင်မြင်တွေ့ရမှာဖြစ်ပြီး သူ့ကို နောက်ဆုံး ၃ ပွဲမှာ ၄ ဂိုး သွင်းပေးထားတဲ့ ပေါ်တူဂီ GOAT ၃၆ နှစ်သားကြီးတစ်ယောက် ဘယ်လောက်ကာကွယ်ပေးသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်သလို ခံစစ်ကရော တစ်ပွဲကို တစ်ဂိုး ပုံမှန်ပေးမှာလားဆိုတာ ရင်ခုန်စရာဖြစ်နေပါတယ်။

ဒါကြောင့် အသင်းကို ဦးဆောင်နိုင်စွမ်း နည်းပါးပြီး အိုးလ်ထရက်ဖို့ဒ်ထိုင်ခုံနဲ့ ထိုက်တန်မှုမရှိဘူးလို့ ဝေဖန်ခံနေရတဲ့ နည်းပြတစ်ယောက်အနေနဲ့ ဆုဖလားအိပ်မက် မမက်ခင် အင်္ဂလန်မှာ ဆက်လက်ရှင်သန်နိုင်မလား ဒါမှမဟုတ် နော်ဝေပြန်ပြီး အပန်းဖြေရမှာလားဆိုတာ စိတ်ဝင်စားစရာအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ CR7 ရဲ႕ သြင္းဂိုးေတြနဲ႔ ကံေကာင္းမႈေတြေၾကာင့္သာ လက္ရွိရပ္တည္မႈကို ရရွိေနတာျဖစ္သလို တစ္ခ်က္ေလာက္ ကံဆိုးၿပီး ယန္းဘြိဳင္းစ္နဲ႔ပြဲကလို ျဖစ္သြားတာနဲ႔ လာမယ့္ပြဲေတြမွာ ေတာက္ေလွ်ာက္အမွတ္ေလ်ာ့ၿပီး အသင္းရဲ႕ ရည္မွန္းခ်က္ေတြကို ထိခိုက္ႏိုင္သလို လာမယ့္ႏွစ္လအၿပီး နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားတစ္ေယာက္ ဆက္ရွိႏိုင္ပါ့မလားလို႔ လူေျပာမ်ားေနၾကပါတယ္။

ဆိုးလ္ရွားအတြက္ေတာ့ လာမယ့္ စက္တင္ဘာ ၃၀ ရက္ေန႔မွာ စတင္မယ့္ ဗီလာရီးရဲလ္နဲ႔ ေတြ႕ဆုံမယ့္ ပြဲကစၿပီး ႏိုဝင္ဘာလ ၃၀ ရက္ေန႔မွာ ေတြ႕ဆုံမယ့္ အာဆင္နယ္နဲ႔ အဆုံးအထိ လြယ္ကူတဲ့ပြဲဆိုလို႔ ဝတ္ဖို႔ဒ္နဲ႔ တစ္ပြဲသာပါဝင္ၿပီး အဲ့ဒီတစ္ပြဲကလည္း အေဝးကြင္းမွာျဖစ္ေနသလို ပြဲတိုင္းမွာ တစ္ပြဲတစ္ဂိုးႏႈန္း ေပးထားခဲ့တဲ့ ခံစစ္ကလည္း သိပ္ၿပီးေတာ့ အားမရခ်င္စရာျဖစ္ေနခဲ့ပါတယ္။

ဗီလာရီးရဲလ္ကို ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ အိမ္ကြင္းပြဲစဥ္အျဖစ္ ကစားရမွာျဖစ္လို႔ ဒီတစ္ပြဲက သိပ္ေတာ့ မခက္ခဲႏိုင္ေပမယ့္ ေအာက္တိုဘာ လထဲ ေရာက္ရင္ေတာ့ လ်င္ျမန္တဲ့ တန္ျပန္တိုက္စစ္ေတြနဲ႔ အဲဗာတန္က ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔ အျမန္ႏႈန္းျမႇင့္ႏိုင္ပါ့မလားဆိုတာကို စမ္းသပ္ဖို႔ ေရာက္လာမွာျဖစ္ပါတယ္။ ဒါၿပီးရင္ေတာ့ လက္စတာစီးတီးအသင္းကို အေဝးကြင္းမွာ ကစားရမယ့္ပြဲကလည္း ဒီေနာက္တန္းနဲ႔ေတာ့ အပိုင္တြက္ဖို႔ မျဖစ္ႏိုင္တာပါ။

ေအာက္တိုဘာ ၂၀ ရက္ေန႔မွာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္(၃)အျဖစ္ အတၱလန္တာအသင္းကို အိမ္ကြင္းမွာ ကစားရဖို႔ ရွိေနၿပီး ဂက္စ္ပါရီနီရဲ႕ မာေက်ာတဲ့ အသင္းနဲ႔ ကစားအားက အသင္းႀကီးတိုင္း မ်က္ခုံးလႈပ္ရခ်ိန္မွာ ယူႏိုက္တက္တို႔လည္း ဘာသားနဲ႔ ထုထားတာမို႔လဲလို႔ ေမးရမွာျဖစ္သလို Weekend မွာေတာ့ လီဗာပူးလ္ကို ဧည့္ခံက်င္းပေပးရမယ့္ ပါတီကေတာ့ ေပ်ာ္စရာမျဖစ္ႏိုင္ဘူးလို႔ ထင္ပါတယ္။

ေနာက္တစ္ပတ္မွာ ေတာ့တင္ဟမ္ရဲ႕ ဝႈိက္ဟတ္လိန္းကို သြားရမွာက အပန္းေျဖခရီးတစ္ခု မျဖစ္ႏိုင္သလို ဒါၿပီးရင္ေတာ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္(၄)အျဖစ္ အတၱလန္တာကို အီတလီေျမမွာ ကစားရမွာျဖစ္ၿပီး ျပန္လာရင္ေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးက အိမ္ကြင္းကိုလာၿပီး ႏႈတ္ဆက္တဲ့သေဘာနဲ႔ လည္ၾကပတ္ၾကဦးမွာပါ။

ဒါၿပီးရင္ေတာ့ ႏိုဝင္ဘာလ ၂၀ ရက္ေန႔မွာ သူတို႔ေတြ သက္သာခြင့္ရႏိုင္ၿပီး ဝတ္ဖို႔ဒ္ကို အေဝးကြင္းမွာ သြားေရာက္ကစားဖို႔က ေရာ္နယ္လ္ဒိုရဲ႕ ဗလနဲ႔ ဇေၾကာင့္ မခက္ႏိုင္သလို ကံဆိုးရင္ေတာ့ နက်ယ္ေကာင္ေတြ အသိုက္မွာ အျပန္အလွန္သြင္းဂိုးမ်ားႏိုင္ၿပီး ၾကားရက္မွာေတာ့ အေဝးကြင္းႏွစ္ပြဲဆက္ အျဖစ္ ဗီလာရီးရဲလ္နဲ႔ စပိန္ေျမကို သြားကစားရဦးမွာျဖစ္ပါတယ္။

စပိန္က ျပန္ရင္ေတာ့ တနဂၤေႏြေန႔ အေဝးကြင္းမွာ ခ်ဲလ္ဆီးနဲ႔ သြားရဖို႔ လက္မွတ္စီစဥ္ထားၿပီးျဖစ္သလို ျပန္လာရင္ေတာ့ ၾကားရက္ အဂၤါေန႔မွာ ေနာက္ပိုင္းႏွစ္ေတြမွာ ဒုကၡေပးေနက် အာဆင္နယ္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ကစားရမွာျဖစ္လို႔ နည္းျပ ဆိုးလ္ရွားအတြက္ေတာ့ ဝတ္ဖို႔ဒ္တစ္သင္းနဲ႔သာ အသက္ရႉေခ်ာင္ႏိုင္ခြင့္ရွိတဲ့ ပြဲစဥ္ဇယားအၿပီးမွာ အနာဂတ္ဆက္ရွိႏိုင္ပါ့မလားလို႔ ၁၉ သင္းဖန္ေတြက ေလွာင္ေျပာင္ေနၾကတာပါ။

ဒီလိုနဲ႔ မေဝးလွေတာ့တဲ့ ေအာက္တိုဘာလဆန္းမွာ ဆိုးလ္ရွားရဲ႕ ပြဲက်ပ္ေတြကို စတင္ျမင္ေတြ႕ရမွာျဖစ္ၿပီး သူ႔ကို ေနာက္ဆုံး ၃ ပြဲမွာ ၄ ဂိုး သြင္းေပးထားတဲ့ ေပၚတူဂီ GOAT ၃၆ ႏွစ္သားႀကီးတစ္ေယာက္ ဘယ္ေလာက္ကာကြယ္ေပးသြားႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္သလို ခံစစ္ကေရာ တစ္ပြဲကို တစ္ဂိုး ပုံမွန္ေပးမွာလားဆိုတာ ရင္ခုန္စရာျဖစ္ေနပါတယ္။

ဒါေၾကာင့္ အသင္းကို ဦးေဆာင္ႏိုင္စြမ္း နည္းပါးၿပီး အိုးလ္ထရက္ဖို႔ဒ္ထိုင္ခုံနဲ႔ ထိုက္တန္မႈမရွိဘူးလို႔ ေဝဖန္ခံေနရတဲ့ နည္းျပတစ္ေယာက္အေနနဲ႔ ဆုဖလားအိပ္မက္ မမက္ခင္ အဂၤလန္မွာ ဆက္လက္ရွင္သန္ႏိုင္မလား ဒါမွမဟုတ္ ေနာ္ေဝျပန္ၿပီး အပန္းေျဖရမွာလားဆိုတာ စိတ္ဝင္စားစရာအျဖစ္ ေဖာ္ျပေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.