Analysis Premier League

အစပဲရှိသေးတဲ့ ဆိုးလ်ရှားနဲ့ မန်ချက်စတာယူနိုက်တက် 1-1 အဲဗာတန် ပွဲအပြီး ပြောစရာ 7 ချက်

ဒါက အစပဲ ရှိသေးတယ် ဆိုးလ်ရှားရေ
နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအတွက်တော့ စက်တင်ဘာလကုန်ကစပြီး ရင်ဆိုင်ရမယ့် ပွဲကျပ်ကာလမှာ သူ့ကို ဆွမ်းကြီးဝိုင်းလောင်းကြမယ့် သူတွေထဲက ဗီလာရီးရဲလ်တစ်သင်းကိုတော့ အနိုင်ရခဲ့ပြီး ခက်ခဲမယ်လို့ ခန့်မှန်းထားတဲ့ အဲဗာတန်နဲ့ပွဲမှာစပြီး အမှတ်လျော့ခဲ့ပါပြီ။ မက်ဂွိုင်းယား မပါနိုင်သလို အရေးအကြောင်းဆို ထဖောက်နေတဲ့ ကွင်းလယ်ခံစစ်မျိုးကို သုံးနေရတာတောင် တိုက်စစ်ကို ဖိဖိစီးစီး မကစားခဲ့တဲ့ နော်ဝေသားအတွက် ထိုင်ခုံက မလှုပ်ဘူးဆိုရင် ပြိုင်ဘက်ပရိသတ်တွေကတော့ ကျေနပ်ကြမှာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်ဘက်ကတော့ သံယောဇဉ်လေး ကျန်နေလို့ သည်းခဲ့နေတာပါ။ နိုဝင်ဘာလကုန်အထိ စောင့်ကြိုနေတဲ့ ပွဲကျပ်တွေမှာ ရလဒ်က ခုလိုပဲ ဆိုးနေဦးမယ်ဆိုရင် ပရိသတ်တွေကတော့ ဇီဒန်းကို ကြိုပြီး တောင့်တနေကြတာလည်းဖြစ်ပါတယ်။

မာစီယယ်လ်ကမှ ဟုတ်နေသေးတယ်
ဒီနေ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ပွဲချိန် ၆ မိနစ်မှာ ဟာသဆန်တဲ့ တွန့်လိမ်ပြီး ခေါင်းတိုက်ချက်က ဘေးထွက်သွားခဲ့ပေမယ့် ပွဲချိန် ၄၃ မိနစ်မှာတော့ ဧရိယာထောင့်က ခပ်ကြမ်းကြမ်းကန်ချလိုက်တဲ့ ကန်ချက်က ဂိုးဖြစ်ခဲ့တာကတော့ ပလာတာ မများတဲ့ ပုံစံအတွက် အမှတ်ပေးချင်စရာဖြစ်ခဲ့ရပါတယ်။ ခြေစွမ်းက နိမ့်လိုက်မြင့်လိုက်ဖြစ်နေလို့ နည်းပြ ဆိုးလ်ရှားက အတင်းထောက်ခံပြီး ကျားကန်ပေးထားခဲ့ရတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ဒီနေ့ပွဲမှာ ဒဏ်ရာ အနည်းငယ်ရချင်သလိုဖြစ်ခဲ့တာကြောင့် စောစောစီးစီး လူစားလဲခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ဂိုးပြန်ရှာတွေ့မှုကတော့ အဆိုးထဲက အကောင်းတစ်ကွက်လို့ ဆိုရမှာပါ။

SIUUU တောင်းဆန်းရဲ့ အောင်ပွဲခံမှု
ခရစ္စတယ်လ်ပဲလေ့စ်လိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တော့ သူ့ရဲ့ ကစားသမားဘဝက နိမ့်ဆင်းသွားဖို့ပဲ ရှိတော့တယ်လို့ ထင်ခဲ့ကြချိန်မှာ အဲဗာတန်နည်းပြသစ် ရာဖာ ဘင်နီတက်ဇ်က သူ့ကို ယုံယုံကြည်ကြည်နဲ့ ညာတောင်ပံမှာ နေရာခေါ်ပေးခဲ့ပြီး ဒါကို နောက်ဆုံး ၄ ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ အင်္ဂလန်သားက တုံ့ပြန်ပြနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာလည်း တန်ပြန်တိုက်စစ်ကနေ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒဟေးယားကို လှုပ်မရအောင် ကန်ပြသွားခဲ့တဲ့ တောင်းဆန်းဟာ ဂိုးသွင်းအပြီးမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တစ်စတိုင်တည်း ထပ်တူအောင်ပွဲခံခဲ့ပြီး ပွဲအပြီးမှာတော့ သူလေးစားအားကျရတဲ့သူအတိုင်း လိုက်လုပ်ခဲ့တာလို့ ရှင်းပြသွားခဲ့တာပါ။

နာမည်ပျက်ဖို့ ဝင်ကစားကြတဲ့ ရော်နယ်လ်ဒိုနဲ့ ဆန်ချို
အသင်းရဲ့ ဖရိုဖရဲနဲ့ အချိတ်အဆက်မမိတဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲလုပ်ဖို့ နည်းပြ ဆိုးလ်ရှားအနေနဲ့ ပွဲချိန် ၅၇ မိနစ်မှာ ရော်နယ်လ်ဒိုနဲ့ ဆန်ချိုတို့ကို ကာဗာနီနဲ့ မာစီယယ်လ်တို့အစား ထည့်သွင်းခဲ့တာပါ။ ဒါပေမယ့် အတည်ငြိမ်ဆုံး ဘရူနို ဖာနန်ဒက်စ်နဲ့ လုခ်ရှောတို့ကတောင် လွဲပြနေတဲ့ အသင်းမှာ ဘောလုံးကောင်းကောင်းမရခဲ့သလို နားလည်မှုတွေပါ ပျောက်ဆုံးနေခဲ့ပြီး ဝင်လာခဲ့တဲ့ “၇ ကြိုက်”ညီနောင်နှစ်ယောက်စလုံး ဘာမှ မယ်မယ်ရရ မလုပ်နိုင်ဘဲ ဂွမ်းသွားခဲ့ရပါတယ်။ ပေါ့ဘာဝင်လာလို့ သူတို့အတွက် အခွင့်အရေးတွေကို မျှော်လင့်ခဲ့ပေမယ့် အဲဗာတန်ဘက်က ဒလန်လုပ်ဖို့ ဆံပင်ကို အပြာရောင် ဆိုးထားခဲ့သလား မသိတဲ့ ပြင်သစ်သားရဲ့ ဖြုန်းတီးမှုတွေကလည်း ဒီနှစ်ယောက်ကို ကွင်းထဲ အလကားဝင်ခိုင်းသလို ဖြစ်ခဲ့တာပါ။

နည်းနည်းနဲ့ ကျဲကျဲဝိုင်းသူကြီး ဘင်နီတက်ဇ်
အဲဗာတန်အတွက် ဘင်နီတက်ဇ် သုံးထားခဲ့တဲ့ ငွေကြေးက ဒီမာရိုင် ဂရေးအတွက် ပေါင်တစ်သန်းခွဲတည်းသာ ရှိပါသေးတယ်။ ဒီနေ့ပွဲမှာ အီဝိုဘီ၊ ရစ်ချာလစ်ဆန်၊ ဆီဂါ့ဒ်ဆန်၊ ကဲလ်ဗတ်-လူဝင်၊ ကိုးလ်မန်း၊ အန်ဒရီ ဂိုမက်စ်တို့လို ကစားသမားတွေကို ဆုံးရှုံးထားခဲ့တဲ့ အဲဗာတန်တို့ကို ရှိတဲ့သူနဲ့ လှအောင် ပြင်ဆင်လာခဲ့ပြီး ဒူကူရေးနဲ့ ဂရေးတို့က သူရဲကောင်းတွေဖြစ်ခဲ့သလို တောင်းဆန်းကတော့ ချေပဂိုးနဲ့ ဆူပါဟီးရိုးဖြစ်ခဲ့တာပါ။ သူ့ရဲ့အသင်းမှာ နှေးကွေး လေးလံလှတဲ့ တိုက်စစ်မှူး ရွန်ဒွန်တစ်ယောက်ကလွဲလို့ အားလုံးက ချီးကျူးစရာဖြစ်နေခဲ့ပြီး လာမယ့်ပွဲတွေမှာ လူပြန်စုံလာရင် အဲဗာတန်တို့ကို လျှော့တွက်လို့ လုံးဝမရနိုင်တော့တာပါ။

လက်စတာတို့ရဲ့ အမှား၊ အဲဗာတန်တို့ရဲ့ အမှန်၊ ဂရေး
အဲဗာတန်ကို လေဗာကူဆင်ကနေ ပေါင်တစ်သန်းခွဲတည်းနဲ့ ပြန်ရောက်လာတဲ့ အင်္ဂလန်သားဟာ ဒီနေ့မှာ ဂိုးမသွင်းပေမယ့် ဂိုးသွင်းသူနဲ့ ဖန်တီးသူတွေထက် ချီးကျူးခံခဲ့ရပါတယ်။ ယူနိုက်တက်တို့ရဲ့ ညာတောင်ပံကို မကြာခဏ ဒုက္ခပေးနေခဲ့တဲ့ ဒီမာရိုင် ဂရေးအနေနဲ့ ပွဲချိန် ၆၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဆွဲပြေးခဲ့စဉ်မှာ ဖရက်ဒ်ရဲ့ တွန်းတိုက်မှုကို မကျော်ဖြတ်နိုင်ခဲ့ဘူးဆိုရင် ဒူကူရေးနဲ့ တောင်ဆန်းတို့လည်း ဘာမှဖြစ်မလာနိုင်ဘဲ အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးပွဲကြုံသွားနိုင်တာပါ။ ဒါပေမယ့် ဘင်နီတက်ဇ်ရဲ့ ရွှေဖြစ်ခဲ့တဲ့ ၂၅ နှစ်သားရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ကွာလတီက ဒီရာသီမှာ စောစောစီးစီးပဲ ၃ ဂိုးရှာဖွေထားနိုင်ပြီး စက်တင်ဘာတစ်လတာ အကောင်းဆုံးအဖြစ်လည်း ပဏာမ ရွေးချယ်ခံခဲ့ရစေပါတယ်။

တစ်ပွဲတစ်ဂိုး မရိုးရနိုင်တဲ့ နောက်တန်း
မန်ချက်စတာယူနိုက်တက်ရဲ့ နောက်တန်းကတော့ တစ်ပွဲကို အနည်းဆုံးတစ်ဂိုး ပုံမှန်နီးပါးခွင့်ပြုနေရပြီး ဒီရာသီ ကစားထားပြီးသမျှ ပရီးမီးယားလိဂ် ၆ ပွဲ၊ ချန်ပီယံလိဂ် ၂ ပွဲနဲ့ ကာရာဘောင်းဖလား ၁ ပွဲ၊ စုစုပေါင်း ၉ ပွဲမှာ ၁၀ ဂိုး ပေးထားရသလို ဝုလ်ဗ်စ်နဲ့ အဝေးကွင်းတစ်ပွဲတည်းမှာသာ ဂိုးမပေးရအောင် ကစားထားနိုင်ခဲ့တာပါ။ အိမ်ကွင်းမှာလည်း Clean Sheet မရနိုင်ခဲ့တဲ့ နောက်ဆုံး ၉ ပွဲဆက်တိုက် ရှိသွားခဲ့ပြီဖြစ်ပြီး နောက်ထပ်တစ်ပွဲသာ ဆက်ပြီး ဂိုးပေးရမယ်ဆိုရင် ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလက တင်ရှိခဲ့တဲ ၁၀ ပွဲ မှတ်တမ်းဆိုးကိုလည်း လိုက်မီဖို့ ရှိနေသလို နည်းပြ ဆိုးလ်ရှားအတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုလည်းဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒါက အစပဲ ရွိေသးတယ္ ဆိုးလ္ရွားေရ
နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအတြက္ေတာ့ စက္တင္ဘာလကုန္ကစၿပီး ရင္ဆိုင္ရမယ့္ ပြဲက်ပ္ကာလမွာ သူ႔ကို ဆြမ္းႀကီးဝိုင္းေလာင္းၾကမယ့္ သူေတြထဲက ဗီလာရီးရဲလ္တစ္သင္းကိုေတာ့ အႏိုင္ရခဲ့ၿပီး ခက္ခဲမယ္လို႔ ခန႔္မွန္းထားတဲ့ အဲဗာတန္နဲ႔ပြဲမွာစၿပီး အမွတ္ေလ်ာ့ခဲ့ပါၿပီ။ မက္ဂြိဳင္းယား မပါႏိုင္သလို အေရးအေၾကာင္းဆို ထေဖာက္ေနတဲ့ ကြင္းလယ္ခံစစ္မ်ိဳးကို သုံးေနရတာေတာင္ တိုက္စစ္ကို ဖိဖိစီးစီး မကစားခဲ့တဲ့ ေနာ္ေဝသားအတြက္ ထိုင္ခုံက မလႈပ္ဘူးဆိုရင္ ၿပိဳင္ဘက္ပရိသတ္ေတြကေတာ့ ေက်နပ္ၾကမွာျဖစ္ၿပီး အိုးလ္ထရက္ဖို႔ဒ္ဘက္ကေတာ့ သံေယာဇဥ္ေလး က်န္ေနလို႔ သည္းခဲ့ေနတာပါ။ ႏိုဝင္ဘာလကုန္အထိ ေစာင့္ႀကိဳေနတဲ့ ပြဲက်ပ္ေတြမွာ ရလဒ္က ခုလိုပဲ ဆိုးေနဦးမယ္ဆိုရင္ ပရိသတ္ေတြကေတာ့ ဇီဒန္းကို ႀကိဳၿပီး ေတာင့္တေနၾကတာလည္းျဖစ္ပါတယ္။

မာစီယယ္လ္ကမွ ဟုတ္ေနေသးတယ္
ဒီေန႔ပြဲမွာ ပြဲထြက္ခြင့္ရခဲ့ၿပီး ပြဲခ်ိန္ ၆ မိနစ္မွာ ဟာသဆန္တဲ့ တြန႔္လိမ္ၿပီး ေခါင္းတိုက္ခ်က္က ေဘးထြက္သြားခဲ့ေပမယ့္ ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ဧရိယာေထာင့္က ခပ္ၾကမ္းၾကမ္းကန္ခ်လိုက္တဲ့ ကန္ခ်က္က ဂိုးျဖစ္ခဲ့တာကေတာ့ ပလာတာ မမ်ားတဲ့ ပုံစံအတြက္ အမွတ္ေပးခ်င္စရာျဖစ္ခဲ့ရပါတယ္။ ေျခစြမ္းက နိမ့္လိုက္ျမင့္လိုက္ျဖစ္ေနလို႔ နည္းျပ ဆိုးလ္ရွားက အတင္းေထာက္ခံၿပီး က်ားကန္ေပးထားခဲ့ရတဲ့ ျပင္သစ္တိုက္စစ္မႉးဟာ ဒီေန႔ပြဲမွာ ဒဏ္ရာ အနည္းငယ္ရခ်င္သလိုျဖစ္ခဲ့တာေၾကာင့္ ေစာေစာစီးစီး လူစားလဲခံခဲ့ရတာျဖစ္ၿပီး သူ႔ရဲ႕ ဂိုးျပန္ရွာေတြ႕မႈကေတာ့ အဆိုးထဲက အေကာင္းတစ္ကြက္လို႔ ဆိုရမွာပါ။

SIUUU ေတာင္းဆန္းရဲ႕ ေအာင္ပြဲခံမႈ
ခရစၥတယ္လ္ပဲေလ့စ္လိုအသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ေတာ့ သူ႔ရဲ႕ ကစားသမားဘဝက နိမ့္ဆင္းသြားဖို႔ပဲ ရွိေတာ့တယ္လို႔ ထင္ခဲ့ၾကခ်ိန္မွာ အဲဗာတန္နည္းျပသစ္ ရာဖာ ဘင္နီတက္ဇ္က သူ႔ကို ယုံယုံၾကည္ၾကည္နဲ႔ ညာေတာင္ပံမွာ ေနရာေခၚေပးခဲ့ၿပီး ဒါကို ေနာက္ဆုံး ၄ ပြဲမွာ သြင္းဂိုး ၃ ဂိုးနဲ႔ အဂၤလန္သားက တုံ႔ျပန္ျပႏိုင္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာလည္း တန္ျပန္တိုက္စစ္ကေန မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ဒေဟးယားကို လႈပ္မရေအာင္ ကန္ျပသြားခဲ့တဲ့ ေတာင္းဆန္းဟာ ဂိုးသြင္းအၿပီးမွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ တစ္စတိုင္တည္း ထပ္တူေအာင္ပြဲခံခဲ့ၿပီး ပြဲအၿပီးမွာေတာ့ သူေလးစားအားက်ရတဲ့သူအတိုင္း လိုက္လုပ္ခဲ့တာလို႔ ရွင္းျပသြားခဲ့တာပါ။

နာမည္ပ်က္ဖို႔ ဝင္ကစားၾကတဲ့ ေရာ္နယ္လ္ဒိုနဲ႔ ဆန္ခ်ိဳ
အသင္းရဲ႕ ဖ႐ိုဖရဲနဲ႔ အခ်ိတ္အဆက္မမိတဲ့ ကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းကို အေျပာင္းအလဲလုပ္ဖို႔ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ပြဲခ်ိန္ ၅၇ မိနစ္မွာ ေရာ္နယ္လ္ဒိုနဲ႔ ဆန္ခ်ိဳတို႔ကို ကာဗာနီနဲ႔ မာစီယယ္လ္တို႔အစား ထည့္သြင္းခဲ့တာပါ။ ဒါေပမယ့္ အတည္ၿငိမ္ဆုံး ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ လုခ္ေရွာတို႔ကေတာင္ လြဲျပေနတဲ့ အသင္းမွာ ေဘာလုံးေကာင္းေကာင္းမရခဲ့သလို နားလည္မႈေတြပါ ေပ်ာက္ဆုံးေနခဲ့ၿပီး ဝင္လာခဲ့တဲ့ “၇ ႀကိဳက္”ညီေနာင္ႏွစ္ေယာက္စလုံး ဘာမွ မယ္မယ္ရရ မလုပ္ႏိုင္ဘဲ ဂြမ္းသြားခဲ့ရပါတယ္။ ေပါ့ဘာဝင္လာလို႔ သူတို႔အတြက္ အခြင့္အေရးေတြကို ေမွ်ာ္လင့္ခဲ့ေပမယ့္ အဲဗာတန္ဘက္က ဒလန္လုပ္ဖို႔ ဆံပင္ကို အျပာေရာင္ ဆိုးထားခဲ့သလား မသိတဲ့ ျပင္သစ္သားရဲ႕ ျဖဳန္းတီးမႈေတြကလည္း ဒီႏွစ္ေယာက္ကို ကြင္းထဲ အလကားဝင္ခိုင္းသလို ျဖစ္ခဲ့တာပါ။

နည္းနည္းနဲ႔ က်ဲက်ဲဝိုင္းသူႀကီး ဘင္နီတက္ဇ္
အဲဗာတန္အတြက္ ဘင္နီတက္ဇ္ သုံးထားခဲ့တဲ့ ေငြေၾကးက ဒီမာ႐ိုင္ ဂေရးအတြက္ ေပါင္တစ္သန္းခြဲတည္းသာ ရွိပါေသးတယ္။ ဒီေန႔ပြဲမွာ အီဝိုဘီ၊ ရစ္ခ်ာလစ္ဆန္၊ ဆီဂါ့ဒ္ဆန္၊ ကဲလ္ဗတ္-လူဝင္၊ ကိုးလ္မန္း၊ အန္ဒရီ ဂိုမက္စ္တို႔လို ကစားသမားေတြကို ဆုံးရႈံးထားခဲ့တဲ့ အဲဗာတန္တို႔ကို ရွိတဲ့သူနဲ႔ လွေအာင္ ျပင္ဆင္လာခဲ့ၿပီး ဒူကူေရးနဲ႔ ဂေရးတို႔က သူရဲေကာင္းေတြျဖစ္ခဲ့သလို ေတာင္းဆန္းကေတာ့ ေခ်ပဂိုးနဲ႔ ဆူပါဟီး႐ိုးျဖစ္ခဲ့တာပါ။ သူ႔ရဲ႕အသင္းမွာ ေႏွးေကြး ေလးလံလွတဲ့ တိုက္စစ္မႉး ႐ြန္ဒြန္တစ္ေယာက္ကလြဲလို႔ အားလုံးက ခ်ီးက်ဴးစရာျဖစ္ေနခဲ့ၿပီး လာမယ့္ပြဲေတြမွာ လူျပန္စုံလာရင္ အဲဗာတန္တို႔ကို ေလွ်ာ့တြက္လို႔ လုံးဝမရႏိုင္ေတာ့တာပါ။

လက္စတာတို႔ရဲ႕ အမွား၊ အဲဗာတန္တို႔ရဲ႕ အမွန္၊ ဂေရး
အဲဗာတန္ကို ေလဗာကူဆင္ကေန ေပါင္တစ္သန္းခြဲတည္းနဲ႔ ျပန္ေရာက္လာတဲ့ အဂၤလန္သားဟာ ဒီေန႔မွာ ဂိုးမသြင္းေပမယ့္ ဂိုးသြင္းသူနဲ႔ ဖန္တီးသူေတြထက္ ခ်ီးက်ဴးခံခဲ့ရပါတယ္။ ယူႏိုက္တက္တို႔ရဲ႕ ညာေတာင္ပံကို မၾကာခဏ ဒုကၡေပးေနခဲ့တဲ့ ဒီမာ႐ိုင္ ဂေရးအေနနဲ႔ ပြဲခ်ိန္ ၆၅ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဆြဲေျပးခဲ့စဥ္မွာ ဖရက္ဒ္ရဲ႕ တြန္းတိုက္မႈကို မေက်ာ္ျဖတ္ႏိုင္ခဲ့ဘူးဆိုရင္ ဒူကူေရးနဲ႔ ေတာင္ဆန္းတို႔လည္း ဘာမွျဖစ္မလာႏိုင္ဘဲ အိုးလ္ထရက္ဖို႔ဒ္မွာ ရႈံးပြဲႀကဳံသြားႏိုင္တာပါ။ ဒါေပမယ့္ ဘင္နီတက္ဇ္ရဲ႕ ေ႐ႊျဖစ္ခဲ့တဲ့ ၂၅ ႏွစ္သားရဲ႕ ကိုယ့္ကိုယ္ကို ယုံၾကည္မႈနဲ႔ ကြာလတီက ဒီရာသီမွာ ေစာေစာစီးစီးပဲ ၃ ဂိုးရွာေဖြထားႏိုင္ၿပီး စက္တင္ဘာတစ္လတာ အေကာင္းဆုံးအျဖစ္လည္း ပဏာမ ေ႐ြးခ်ယ္ခံခဲ့ရေစပါတယ္။

တစ္ပြဲတစ္ဂိုး မ႐ိုးရႏိုင္တဲ့ ေနာက္တန္း
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေနာက္တန္းကေတာ့ တစ္ပြဲကို အနည္းဆုံးတစ္ဂိုး ပုံမွန္နီးပါးခြင့္ျပဳေနရၿပီး ဒီရာသီ ကစားထားၿပီးသမွ် ပရီးမီးယားလိဂ္ ၆ ပြဲ၊ ခ်န္ပီယံလိဂ္ ၂ ပြဲနဲ႔ ကာရာေဘာင္းဖလား ၁ ပြဲ၊ စုစုေပါင္း ၉ ပြဲမွာ ၁၀ ဂိုး ေပးထားရသလို ဝုလ္ဗ္စ္နဲ႔ အေဝးကြင္းတစ္ပြဲတည္းမွာသာ ဂိုးမေပးရေအာင္ ကစားထားႏိုင္ခဲ့တာပါ။ အိမ္ကြင္းမွာလည္း Clean Sheet မရႏိုင္ခဲ့တဲ့ ေနာက္ဆုံး ၉ ပြဲဆက္တိုက္ ရွိသြားခဲ့ၿပီျဖစ္ၿပီး ေနာက္ထပ္တစ္ပြဲသာ ဆက္ၿပီး ဂိုးေပးရမယ္ဆိုရင္ ၁၉၇၁ ခုႏွစ္ ေဖေဖာ္ဝါရီလက တင္ရွိခဲ့တဲ ၁၀ ပြဲ မွတ္တမ္းဆိုးကိုလည္း လိုက္မီဖို႔ ရွိေနသလို နည္းျပ ဆိုးလ္ရွားအတြက္ေတာ့ ႀကီးမားတဲ့ စိန္ေခၚမႈလည္းျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.