Match Report Premier League

သုံးပွဲဆက်နိုင်အပြီး ဘရိုက်တန်ကွင်းမှာ ခြေမှန်ပြန်ပေါ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ကွင်းလယ်လူ ချာကာ မရှိတော့တဲ့ ကွက်လပ်ကို မဖြည့်ဆည်းနိုင်ခဲ့ဘဲ အဝေးကွင်းမှာ မိုးထဲရေထဲ ရုန်းခဲ့ရသလို အိမ်ရှင် ဘရိုက်တန်တို့ရဲ့ ဖိအားပေးကစားပြီး ကြံ့ခိုင်မှု ဦးစားပေးတဲ့ ၃-၅-၂ ကစားကွက်မှာ ရုန်းကန်ခဲ့ရသလို သရေရဖို့အတွက်ထက် ပိုမိုသာလွန်တဲ့ ခြေစွမ်းမျိုး မရှိခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ခံစစ်နဲ့ တိုက်စစ်မှာ စပါးစ်နဲ့ပွဲက ၄-၃-၃ လူစာရင်းကိုပဲ ထုတ်သုံးလာပေမယ့် ကွင်းလယ်မှာ ထည့်သွင်းလာခဲ့တဲ့ ဆမ်ဘီ လိုကွန်ဂါက ကစားကွက်ကို အထောက်အကူ သိပ်မပြုခဲ့သလို အဖျက်နဲ့ နေရာယူမှုအပိုင်းတွေမှာ ပါတေးနဲ့ ထပ်နေခဲ့ပြီး ဘောလုံးကို လျင်လျင်မြန်မြန်ပေးဖို့ ပျက်ကွက်နေပြီး တန်ပြန်တိုက်စစ်ဆီ ချက်ချင်းမသွားနိုင်တဲ့ ကွင်းလယ်မှာ အော်ဒီဂွါဒ်ပါ ပျောက်ထွက်သွားခဲ့တာပါ။

ဘရိုက်တန်ကတော့ ဘီဆူးမား မပါတဲ့ ကွင်းလယ်ကို ပိုလန်သား မိုဒါနဲ့ ကျားကန်ထားခဲ့ပေမယ့် သူတို့အနေနဲ့ အလယ်ကြောကို အားမပြုဘဲ ဘောလုံးရတာနဲ့ တောင်ပံတွေကို အချိတ်အဆက်လုပ်ပြီး ကစားခဲ့ရာမှာ ဘယ်နောက်ခံလူ ကူကူရဲလားရဲ့ ထိုးစစ်မှာ အာဆင်နယ်ရဲ့ တိုမီယာစုတစ်ယောက် အလူးအလဲဖြစ်နေခဲ့ရပြီး ညာခြမ်းက ဗဲ့လ်မန်းနဲ့ တီယာနီတို့ကတော့ သူမသာကိုယ်မသာပဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန်တစ်မိနစ်မှာ ဆာကာရဲ့ ညာတောင်ပံက တစ်ကိုယ်တော် ထိုးဖောက်မှုနဲ့ ကန်ချက်က ပျော့ခဲ့လို့ ဂိုးသမား ဆန်ချက်ဇ် အမိဖမ်းသွားခဲ့သလို ဒီနောက်ပိုင်းမှာတော့ ဘရိုက်တန်တို့ အိမ်ရှင်အားနဲ့ ပြန်လည်တိုက်စစ်ဆင်ခဲ့ရာမှာ ဂိုးပေါက်ကန်ခွင့်တွေနဲ့ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ရမ်းစ်ဒေးလ်ဆီကိုတော့ အသည်းအသန်တစ်လုံးမှ ရောက်မလာခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန်မိနစ် ၂၀ မှာတော့ မော်ပေရဲ့ ဖြတ်တင်ဘောကို ရမ်းစ်ဒေးလ် ပုတ်ဖမ်းဖို့ ကြိုးစားရာမှာ ဒပ်ဖီ ဝင်လုခဲ့ရာကနေ ထိခိုက်မိခဲ့ပေမယ့် ဆက်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၃ မိနစ်မှာတော့ ဆာကာရဲ့ ထိုးဖောက်မှုကနေ အူဘာမီယန်း ခေါင်းတိုက်ခွင့်ရပေမယ့် အသုံးမချနိုင်ဘဲ အလဟဿဖြစ်ခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာ ဘယ်အသင်းမှ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့ ပထမပိုင်း ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဘရိုက်တန်တို့ ကစားအားကျလာခဲ့တာကို အာဆင်နယ်တို့ အသုံးမချနိုင်ခဲ့ဘဲ ပုံစံတူသာဖြစ်နေခဲ့ပြီး အူဘာမီယန်းကတော့ နှေးကွေးလေးလံနေခဲ့သလို တိုက်စစ်မှာ သုံးစားမရဘဲဖြစ်နေပြီး စမစ်ရိုးနဲ့ ဆာကာတို့သာ အဓိက ရုန်းနေရသလို တစ်ချက်တစ်ချက်မှာလည်း ပါတေးက တောမရောက်တောင်မရောက် အဝေးကန်ချက်တွေနဲ့ ဝင်ဖြုန်းခဲ့ပါသေးတယ်။

အာဆင်နယ်တို့အနေနဲ့ ဂိုးများရမလားဆိုပြီး အော်ဒီဂွါဒ်အစား ပေပေ၊ အူဘာမီယန်းအစား လာကာဇက်တို့ကို လဲကစားခဲ့ပေမယ့် တိုက်စစ်မှာ နေရာယူပုံတောင် မမှန်ခဲ့ကြဘဲ ဂိုးသွင်းဖို့အတွက် အားကိုးရမယ့် နေရာတွေကို မယူနိုင်ခဲ့ကြသလို ဘရိုက်တန်ရဲ့ ကစားကွက်အောက်ကနေ တန်ပြန် တိုက်စစ်ဆင်ဖို့လည်း မလုပ်တတ်ခဲ့ကြလို့ ပွဲက တဖြည်းဖြည်း ပျင်းစရာဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာ အာဆင်နယ်ရဲ့ အကောင်းဆုံးအခွင့်အရေးကို စမစ်ရိုးက လူပေးရမယ့်အစား ကန်ချက်ပျော့ပျော့နဲ့ ဖြုန်းတီးခဲ့ပြန်သလို နှစ်ဖက်စလုံးရဲ့ ပင်နယ်တီရနိုင်ခွင့်တွေကိုလည်း မလှုပ်မရှုပ်မပြုတ် ဒိုင်လူကြီး ဂျွန်မော့စ်က ခပ်တည်တည်ပဲ ငြင်းဆန်သွားခဲ့သလို ပွဲရဲ့ ရသကို ဖျက်ဆီးတဲ့ တရားခံထဲမှာ သူလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဘောလုံးကိုင်ထားတဲ့ ဘရိုက်တန်ရော ကောင်တာကစားတဲ့ အာဆင်နယ်ပါ ဘာမှ မလုပ်နိုင်ခဲ့ဘဲ ပွဲချိန်အပြည့်မှာတော့ ဂိုးမရှိသရေနဲ့ အမှတ်ခွဲယူဖို့ဖြစ်လာခဲ့သလို Trust the Process က အလုပ်ဖြစ်နေပြီလို့ ပွဲမတိုင်ခင် ဝင့်ကြွားခဲ့တဲ့ နည်းပြ အာတီတာတစ်ယောက်အတွက် ပြိုင်ဘက် ဂရေဟမ် ပေါ့တာက ဘာမှမပြောဘဲ ဖိကစားပြတဲ့ ပညာပေးမှုနဲ့ ရင်ဆိုင်ခဲ့ရသလို အများကြီး ကြိုးစားဖို့ လိုအပ်နေသေးတယ်လို့ပဲ သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ကြင္းလယ္လူ ခ်ာကာ မရွိေတာ့တဲ့ ကြက္လပ္ကို မျဖည့္ဆည္းႏိုင္ခဲ့ဘဲ အေဝးကြင္းမွာ မိုးထဲေရထဲ ႐ုန္းခဲ့ရသလို အိမ္ရွင္ ဘ႐ိုက္တန္တို႔ရဲ႕ ဖိအားေပးကစားၿပီး ႀကံ့ခိုင္မႈ ဦးစားေပးတဲ့ ၃-၅-၂ ကစားကြက္မွာ ႐ုန္းကန္ခဲ့ရသလို သေရရဖို႔အတြက္ထက္ ပိုမိုသာလြန္တဲ့ ေျခစြမ္းမ်ိဳး မရွိခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ခံစစ္နဲ႔ တိုက္စစ္မွာ စပါးစ္နဲ႔ပြဲက ၄-၃-၃ လူစာရင္းကိုပဲ ထုတ္သုံးလာေပမယ့္ ကြင္းလယ္မွာ ထည့္သြင္းလာခဲ့တဲ့ ဆမ္ဘီ လိုကြန္ဂါက ကစားကြက္ကို အေထာက္အကူ သိပ္မျပဳခဲ့သလို အဖ်က္နဲ႔ ေနရာယူမႈအပိုင္းေတြမွာ ပါေတးနဲ႔ ထပ္ေနခဲ့ၿပီး ေဘာလုံးကို လ်င္လ်င္ျမန္ျမန္ေပးဖို႔ ပ်က္ကြက္ေနၿပီး တန္ျပန္တိုက္စစ္ဆီ ခ်က္ခ်င္းမသြားႏိုင္တဲ့ ကြင္းလယ္မွာ ေအာ္ဒီဂြါဒ္ပါ ေပ်ာက္ထြက္သြားခဲ့တာပါ။

ဘ႐ိုက္တန္ကေတာ့ ဘီဆူးမား မပါတဲ့ ကြင္းလယ္ကို ပိုလန္သား မိုဒါနဲ႔ က်ားကန္ထားခဲ့ေပမယ့္ သူတို႔အေနနဲ႔ အလယ္ေၾကာကို အားမျပဳဘဲ ေဘာလုံးရတာနဲ႔ ေတာင္ပံေတြကို အခ်ိတ္အဆက္လုပ္ၿပီး ကစားခဲ့ရာမွာ ဘယ္ေနာက္ခံလူ ကူကူရဲလားရဲ႕ ထိုးစစ္မွာ အာဆင္နယ္ရဲ႕ တိုမီယာစုတစ္ေယာက္ အလူးအလဲျဖစ္ေနခဲ့ရၿပီး ညာျခမ္းက ဗဲ့လ္မန္းနဲ႔ တီယာနီတို႔ကေတာ့ သူမသာကိုယ္မသာပဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္တစ္မိနစ္မွာ ဆာကာရဲ႕ ညာေတာင္ပံက တစ္ကိုယ္ေတာ္ ထိုးေဖာက္မႈနဲ႔ ကန္ခ်က္က ေပ်ာ့ခဲ့လို႔ ဂိုးသမား ဆန္ခ်က္ဇ္ အမိဖမ္းသြားခဲ့သလို ဒီေနာက္ပိုင္းမွာေတာ့ ဘ႐ိုက္တန္တို႔ အိမ္ရွင္အားနဲ႔ ျပန္လည္တိုက္စစ္ဆင္ခဲ့ရာမွာ ဂိုးေပါက္ကန္ခြင့္ေတြနဲ႔ ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ ရမ္းစ္ေဒးလ္ဆီကိုေတာ့ အသည္းအသန္တစ္လုံးမွ ေရာက္မလာခဲ့တာကို ေတြ႕ရပါတယ္။

ပြဲခ်ိန္မိနစ္ ၂၀ မွာေတာ့ ေမာ္ေပရဲ႕ ျဖတ္တင္ေဘာကို ရမ္းစ္ေဒးလ္ ပုတ္ဖမ္းဖို႔ ႀကိဳးစားရာမွာ ဒပ္ဖီ ဝင္လုခဲ့ရာကေန ထိခိုက္မိခဲ့ေပမယ့္ ဆက္ကစားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ဆာကာရဲ႕ ထိုးေဖာက္မႈကေန အူဘာမီယန္း ေခါင္းတိုက္ခြင့္ရေပမယ့္ အသုံးမခ်ႏိုင္ဘဲ အလဟႆျဖစ္ခဲ့ၿပီး လက္က်န္ပြဲခ်ိန္ေတြမွာ ဘယ္အသင္းမွ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ ဂိုးမရွိသေရနဲ႔ ပထမပိုင္း ၿပီးဆုံးခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ဘ႐ိုက္တန္တို႔ ကစားအားက်လာခဲ့တာကို အာဆင္နယ္တို႔ အသုံးမခ်ႏိုင္ခဲ့ဘဲ ပုံစံတူသာျဖစ္ေနခဲ့ၿပီး အူဘာမီယန္းကေတာ့ ေႏွးေကြးေလးလံေနခဲ့သလို တိုက္စစ္မွာ သုံးစားမရဘဲျဖစ္ေနၿပီး စမစ္႐ိုးနဲ႔ ဆာကာတို႔သာ အဓိက ႐ုန္းေနရသလို တစ္ခ်က္တစ္ခ်က္မွာလည္း ပါေတးက ေတာမေရာက္ေတာင္မေရာက္ အေဝးကန္ခ်က္ေတြနဲ႔ ဝင္ျဖဳန္းခဲ့ပါေသးတယ္။

အာဆင္နယ္တို႔အေနနဲ႔ ဂိုးမ်ားရမလားဆိုၿပီး ေအာ္ဒီဂြါဒ္အစား ေပေပ၊ အူဘာမီယန္းအစား လာကာဇက္တို႔ကို လဲကစားခဲ့ေပမယ့္ တိုက္စစ္မွာ ေနရာယူပုံေတာင္ မမွန္ခဲ့ၾကဘဲ ဂိုးသြင္းဖို႔အတြက္ အားကိုးရမယ့္ ေနရာေတြကို မယူႏိုင္ခဲ့ၾကသလို ဘ႐ိုက္တန္ရဲ႕ ကစားကြက္ေအာက္ကေန တန္ျပန္ တိုက္စစ္ဆင္ဖို႔လည္း မလုပ္တတ္ခဲ့ၾကလို႔ ပြဲက တျဖည္းျဖည္း ပ်င္းစရာျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာ အာဆင္နယ္ရဲ႕ အေကာင္းဆုံးအခြင့္အေရးကို စမစ္႐ိုးက လူေပးရမယ့္အစား ကန္ခ်က္ေပ်ာ့ေပ်ာ့နဲ႔ ျဖဳန္းတီးခဲ့ျပန္သလို ႏွစ္ဖက္စလုံးရဲ႕ ပင္နယ္တီရႏိုင္ခြင့္ေတြကိုလည္း မလႈပ္မရႈပ္မျပဳတ္ ဒိုင္လူႀကီး ဂြၽန္ေမာ့စ္က ခပ္တည္တည္ပဲ ျငင္းဆန္သြားခဲ့သလို ပြဲရဲ႕ ရသကို ဖ်က္ဆီးတဲ့ တရားခံထဲမွာ သူလည္း တစ္ဦးအပါအဝင္ျဖစ္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ေဘာလုံးကိုင္ထားတဲ့ ဘ႐ိုက္တန္ေရာ ေကာင္တာကစားတဲ့ အာဆင္နယ္ပါ ဘာမွ မလုပ္ႏိုင္ခဲ့ဘဲ ပြဲခ်ိန္အျပည့္မွာေတာ့ ဂိုးမရွိသေရနဲ႔ အမွတ္ခြဲယူဖို႔ျဖစ္လာခဲ့သလို Trust the Process က အလုပ္ျဖစ္ေနၿပီလို႔ ပြဲမတိုင္ခင္ ဝင့္ႂကြားခဲ့တဲ့ နည္းျပ အာတီတာတစ္ေယာက္အတြက္ ၿပိဳင္ဘက္ ဂေရဟမ္ ေပါ့တာက ဘာမွမေျပာဘဲ ဖိကစားျပတဲ့ ပညာေပးမႈနဲ႔ ရင္ဆိုင္ခဲ့ရသလို အမ်ားႀကီး ႀကိဳးစားဖို႔ လိုအပ္ေနေသးတယ္လို႔ပဲ သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.