Match Report Premier League

VAR နဲ့ မလိုသူတွေ ဘယ်လိုတားတား မရပ်တန့်နိုင်ခဲ့တဲ့ ချဲလ်ဆီးရဲ့ ထိပ်ဆုံးရောက်နိုင်ပွဲ

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ကွန်တေနဲ့ မေဆန်မောင့်တို့ မပါဝင်နိုင်သေးတဲ့ ကွင်းလယ်ကို အရန်ခုံထိုင်နေကျ အင်္ဂလန်ကစားသမားနှစ်ဦးနဲ့ အစားထိုးခဲ့ပြီး နည်းပြ တူဟယ်လ်လိုချင်တဲ့ တိုက်စစ်ကစားပုံနဲ့ ကစားအားကို ပေးစွမ်းခဲ့သလို ခံစစ်မှာ အလွန်ဆိုအစား ချေးလ်ဝဲလ် ပါဝင်လာခဲ့ချိန်မှာ တိုက်စစ်မှာလည်း လူကာကူးနဲ့ တီမို ဗာနာတို့ရဲ့ အတွဲအဖက်က တော်တော်လေး ရင်ခုန်စရာကောင်းခဲ့ပါတယ်။

ဂျော်ဂျင်ညိုကို အရန်ခုံမှာ ထားခဲ့တဲ့ ကွင်းလယ်အထိုင်က ကိုဗာချစ်နဲ့ လော့ဖ်တပ်စ်ချိခ်ရဲ့ နှစ်ဦးအတွဲအဖက်က ပွဲပန်းနေတဲ့ အီတလီ ပလေးမိတ်ကာထက် ပေါက်ကွဲအား Dynamism ကို ပေးစွမ်းခဲ့သလို ဗာနာနဲ့ လူကာကူးကို ဘယ်ခြမ်းကနေ ကူကစားပေးပြီး ရတာနဲ့ ဘောလုံးပေးဖို့ အဆင်သင့်ဖြစ်နေခဲ့တဲ့ ဟဒ်ဆန်-အိုဒွိုင်းကလည်း ဆောက်သမ်တန်ခံစစ်ကို ကြီးကြီးမားမား မွှေနှောက်နိုင်ခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ညာခြမ်းက ရရှိတဲ့ ထောင့်ကန်ဘောကို ချေးလ်ဝဲလ် ကန်တင်ရာမှာ လော့ဖ်တပ်ချိခ် ခေါင်းတိုက်ချပေးတာကို ဒီနေ့မှာ ပြန်လည်ပါဝင်လာခဲ့တဲ့ လူငယ်ခံစစ်မှူး ထရီဗို ချာလိုဘာက အနီးကပ်ခေါင်းတိုက်ပြီး သွင်းယူနိုင်ခဲ့တာပါ။ ဒီဂိုးအတွက်တော့ ဒီနေ့မှာမှ အတူတွဲဖက်ပြီး ပွဲထွက်ခွင့်ရတဲ့ အင်္ဂလန်သားသုံးဦးရဲ့ အတွဲအဖက်ကလည်း အမှတ်ထင်ထင်ဖြစ်ခဲ့ပါတယ်။

ချေးလ်ဝဲလ်နဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ရဲ့ ဘယ်ခြမ်းပေါက်ကွဲအားက အလွန်ဆိုကို မမြင်ချင်တဲ့သူတွေအတွက် တော်တော်လေး စိတ်ချမ်းသာစရာ ကောင်းခဲ့သလို ဆောက်သမ်တန်တို့ကတော့ ချန်ပီယံလိဂ်ဆုတွေ ယူထားတဲ့ ကွင်းလယ်အထိုင်ကို အနားပေးထားတဲ့ ချဲလ်ဆီးကို ဝဲလ်ကော့၊ ရက်ဒ်မွန့်နဲ့ တယ်လာတို့ရဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ပြန်လှန်ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပါတယ်။

ချဲလ်ဆီးတို့ရဲ့ တိုက်စစ်တော်တော်များများကတော့ အက်ဇ်ပီလီကွေတာဆီက စတင်နေခဲ့တာကို တွေ့ရပြီး သူခင်းပေးတဲ့ ဘောလုံးတွေကို လူကာကူးနဲ့ ဗာနာတို့ အသုံးမချနိုင်ခဲ့လို့ စောစောစီးစီး ဂိုးမပြတ်တာဖြစ်သလို ပွဲချိန် မိနစ် ၂၀ ဝန်းကျင်မှာတော့ ဆောက်သမ်တန်တို့ နှစ်ကြိမ်လောက် ကန်ခွင့်ရတာတွေကို ဂိုးသမား မန်ဒီ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ တိုက်စစ်ဆင်လာတဲ့ ချေးလ်ဝဲလ်က ကိုဗာချစ်နဲ့ ဝမ်းတူးရိုက်ပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးသမားကောင်းနေခဲ့တာကြောင့် နစ်နာခဲ့ရသလို ၂၉ မိနစ်မှာ ထောင့်ကန်ဘောကနေ ပြန်ရတဲ့ ဘောလုံးကို အင်္ဂလန်ဘယ်နောက်ခံလူက ဂိုးဧရိယာအစပ်ကနေ ထပ်ကန်သွင်းခဲ့ပေမယ့် မက္ကာသီကပဲ အမိဖမ်းသွားခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ ခံစစ်ကနေ ရူဒီဂါ ဆွဲတက်လာပြီး ဆောက်သမ်တန်နောက်တန်းတွေကို ဖြတ်ကျော်ထိုးပေးခဲ့တာကို တိုက်စစ်မှူး လူကာကူးက အနီးကပ် ချိုးကန်ပြီး ပိတ်သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေတယ်ဆိုပြီး ပယ်ဖျက်ခံခဲ့ရလို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရသလို ဟဒ်ဆန်-အိုဒွိုင်းကလည်း ပွဲချိန် နာရီဝက် ကျော်လာခဲ့ကတည်းက ချိတ်ဆက်ကစားပုံကျလာခဲ့လို့ ဂိုးထပ်မရဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာတော့ အက်ဇ်ပီလီကွေတာရဲ့ ဖြတ်တင်ဘောက လူကာကူးနဲ့ ဆောက်သမ်တန်ခံစစ်ကို ကျော်ပြီး ဘယ်ခြမ်းကို ရောက်သွားခဲ့ရာမှာ ဟဒ်ဆန်-အိုဒွိုင်း လိုက်လံရယူပြီး ပြန်တင်ပေးတာကို တီမို ဗာနာ ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းခေါင်းဆောင်ရဲ့ ဘောလုံးရယူစဉ်မှာ ပြစ်ဒဏ်ဘောဖြစ်နေတယ်လို့ VAR နဲ့ ပယ်ဖျက်ခဲ့တာကြောင့် နည်းပြ တူဟယ်လ်ပါ ပေါက်ကွဲခဲ့ပြီး အဝါကတ်ထိခဲ့တာပါ။

ဒိုင်လူကြီး မာတင် အက်ကင်ဆန်ကတော့ ရုပ်တည်ကြီးနဲ့ အလွဲတွေ လုပ်ရင်း ဟန်ကိုယ့်ဖို့ ကတ်တွေ ထုတ်သုံးတတ်တဲ့ ပုံစံက အလုပ်မဖြစ်မှန်း သိသင့်နေပြီးဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ပုံရိပ်ကို ကျဆင်းစေတဲ့အပြင် ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်ခြင်းကိုလည်း ခံခဲ့ရသလို ပထမပိုင်းမှာတော့ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ချဲလ်ဆီးတို့ အပြောင်းအလဲမရှိခဲ့ပေမယ့် ဆောက်သမ်တန်တို့က ကွင်းလယ်ကို ဒီယယ်လိုနဲ့ အားဖြည့်ပြီး အသင်းခေါင်းဆောင် ဝါ့ဒ်ပရောက်စ်ကို ရှေ့တက်ကစားခိုင်းခဲ့တာက သူတို့ရဲ့ ကစားကွက်ကို ပိုမြိုင်လာစေပေမယ့် ဖန်တီးမှုနည်းပြီး ကစားအားနဲ့ ပထမပိုင်းမှာ ထိန်းကစားနေခဲ့တဲ့ အိမ်ရှင်တွေအတွက်တော့ ယှဉ်ပြိုင်ရခက်လာခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာတော့ ညာခြမ်းကနေ ဂိုးဧရိယာထဲမှာ လှည့်စားကျော်ဖြတ်ဖို့ ကြိုးစားတဲ့ ချဲလ်ဆီးအကယ်ဒမီထွက် ဆောက်သမ်တန် ညာနောက်ခံလူ လီဗရာမန်တိုကို ဘောလုံးမထိဘဲ ဖျက်မိတဲ့ ချေးလ်ဝဲလ်ကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ VAR ပြန်ကြည့်အပြီး ပွဲချိန် ၆၁ မိနစ်အရောက်မှာ ဝါ့ဒ်ပရောက်စ်က ပင်နယ်တီဆိုရင် အစွမ်းမရှိတဲ့ ဂိုးသမား မန်ဒီကို အနိုင်ယူကန်သွင်းပြီး တစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာတော့ ချဲလ်ဆီးတို့ ဟဒ်ဆန်-အိုဒွိုင်းအစား မေဆန်မောင့်နဲ့ ကိုဗာချစ်အစား ဂျော်ဂျင်ညိုတို့ကို ထည့်ပြီး တိုက်စစ်မြှင့်လာခဲ့သလို အခွင့်အရေးတွေကိုတော့ အသုံးမချနိုင်ခဲ့ဘဲဖြစ်နေခဲ့သလို ပွဲချိန် ၇၄ မိနစ်မှာတော့ ဂျော်ဂျင်ညိုကို ဘောလုံးမထိဘဲ နောက်ကနေ ဖျက်ထုတ်မိတဲ့ ဝါ့ဒ်ပရောက်စ် အဝါထိပြီး VAR ကြည့်ရာမှာ အနီနဲ့ အထုတ်ခံခဲ့ရလို့ ဆောက်သမ်တန်တို့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။

ဒီအခွင့်အရေးကို ချဲလ်ဆီးတို့ လက်လွတ်မခံခဲ့ဘဲ တိုက်စစ်ကို ပိုအားထည့်ကစားခဲ့သလို ပွဲချိန် ၈၃ မိနစ်မှာတော့ လော့ဖ်တပ်စ်ချိခ်အစား ဘာကလီကို လူစားထည့်သွင်းခဲ့ပြီး တစ်မိနစ်အကြာမှာတော့ သူခင်းပေးတဲ့ ဘောလုံးကို အက်ဇ်ပီလီကွေတာက ညာခြမ်းကနေ ဂိုးရှေ့ဖြတ်အပေးမှာ ဂိုးရကံ မပါတဲ့ လူကာကူးရှေ့ကနေ တီမို ဗာနာက ဖြတ်ပိတ်ပြီး အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၈၉ မိနစ်မှာလည်း နောက်ထပ်တစ်ဂိုးက လူကာကူးအတွက် မဟုတ်ခဲ့ဘဲ မေဆန်မောင့် ဖြတ်တင်ပေးတာကို ဘယ်လ်ဂျီယမ်သားရဲ့ ပိတ်ချက်က တိုင်ထိခဲ့ချိန်မှာ ဒါကို အက်ဇ်ပီလီကွေတာ ထပ်ကန်တာမှာလည်း ဘားထိခဲ့ပြီး ပြန်အကျမှာတော့ ဘယ်ခြမ်းက ချေးလ်ဝဲလ်က Volley ကန်သွင်းရာမှာ ဂိုးသမား မက္ကာသီ ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ဂိုးစည်းကျော်သွားခဲ့လို့ ချဲလ်ဆီးတို့ တတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး လူကာကူးအတွက်တော့ စိတ်ပျက်စရာပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့် အသင်းအတွက် လမ်းကြောင်းမှန်ပေါ် ပြန်လည်တက်ရောက်နိုင်ခဲ့တဲ့ နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ မကစားခင်မှာ ရပ်တည်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ကြန္ေတနဲ႔ ေမဆန္ေမာင့္တို႔ မပါဝင္ႏိုင္ေသးတဲ့ ကြင္းလယ္ကို အရန္ခုံထိုင္ေနက် အဂၤလန္ကစားသမားႏွစ္ဦးနဲ႔ အစားထိုးခဲ့ၿပီး နည္းျပ တူဟယ္လ္လိုခ်င္တဲ့ တိုက္စစ္ကစားပုံနဲ႔ ကစားအားကို ေပးစြမ္းခဲ့သလို ခံစစ္မွာ အလြန္ဆိုအစား ေခ်းလ္ဝဲလ္ ပါဝင္လာခဲ့ခ်ိန္မွာ တိုက္စစ္မွာလည္း လူကာကူးနဲ႔ တီမို ဗာနာတို႔ရဲ႕ အတြဲအဖက္က ေတာ္ေတာ္ေလး ရင္ခုန္စရာေကာင္းခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ညိဳကို အရန္ခုံမွာ ထားခဲ့တဲ့ ကြင္းလယ္အထိုင္က ကိုဗာခ်စ္နဲ႔ ေလာ့ဖ္တပ္စ္ခ်ိခ္ရဲ႕ ႏွစ္ဦးအတြဲအဖက္က ပြဲပန္းေနတဲ့ အီတလီ ပေလးမိတ္ကာထက္ ေပါက္ကြဲအား Dynamism ကို ေပးစြမ္းခဲ့သလို ဗာနာနဲ႔ လူကာကူးကို ဘယ္ျခမ္းကေန ကူကစားေပးၿပီး ရတာနဲ႔ ေဘာလုံးေပးဖို႔ အဆင္သင့္ျဖစ္ေနခဲ့တဲ့ ဟဒ္ဆန္-အိုဒြိဳင္းကလည္း ေဆာက္သမ္တန္ခံစစ္ကို ႀကီးႀကီးမားမား ေမႊေႏွာက္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းက ရရွိတဲ့ ေထာင့္ကန္ေဘာကို ေခ်းလ္ဝဲလ္ ကန္တင္ရာမွာ ေလာ့ဖ္တပ္ခ်ိခ္ ေခါင္းတိုက္ခ်ေပးတာကို ဒီေန႔မွာ ျပန္လည္ပါဝင္လာခဲ့တဲ့ လူငယ္ခံစစ္မႉး ထရီဗို ခ်ာလိုဘာက အနီးကပ္ေခါင္းတိုက္ၿပီး သြင္းယူႏိုင္ခဲ့တာပါ။ ဒီဂိုးအတြက္ေတာ့ ဒီေန႔မွာမွ အတူတြဲဖက္ၿပီး ပြဲထြက္ခြင့္ရတဲ့ အဂၤလန္သားသုံးဦးရဲ႕ အတြဲအဖက္ကလည္း အမွတ္ထင္ထင္ျဖစ္ခဲ့ပါတယ္။

ေခ်းလ္ဝဲလ္နဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ရဲ႕ ဘယ္ျခမ္းေပါက္ကြဲအားက အလြန္ဆိုကို မျမင္ခ်င္တဲ့သူေတြအတြက္ ေတာ္ေတာ္ေလး စိတ္ခ်မ္းသာစရာ ေကာင္းခဲ့သလို ေဆာက္သမ္တန္တို႔ကေတာ့ ခ်န္ပီယံလိဂ္ဆုေတြ ယူထားတဲ့ ကြင္းလယ္အထိုင္ကို အနားေပးထားတဲ့ ခ်ဲလ္ဆီးကို ဝဲလ္ေကာ့၊ ရက္ဒ္မြန႔္နဲ႔ တယ္လာတို႔ရဲ႕ တန္ျပန္တိုက္စစ္ေတြနဲ႔ ျပန္လွန္ၿခိမ္းေျခာက္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ရဲ႕ တိုက္စစ္ေတာ္ေတာ္မ်ားမ်ားကေတာ့ အက္ဇ္ပီလီေကြတာဆီက စတင္ေနခဲ့တာကို ေတြ႕ရၿပီး သူခင္းေပးတဲ့ ေဘာလုံးေတြကို လူကာကူးနဲ႔ ဗာနာတို႔ အသုံးမခ်ႏိုင္ခဲ့လို႔ ေစာေစာစီးစီး ဂိုးမျပတ္တာျဖစ္သလို ပြဲခ်ိန္ မိနစ္ ၂၀ ဝန္းက်င္မွာေတာ့ ေဆာက္သမ္တန္တို႔ ႏွစ္ႀကိမ္ေလာက္ ကန္ခြင့္ရတာေတြကို ဂိုးသမား မန္ဒီ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာ တိုက္စစ္ဆင္လာတဲ့ ေခ်းလ္ဝဲလ္က ကိုဗာခ်စ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ကန္သြင္းခဲ့ေပမယ့္ ဂိုးသမားေကာင္းေနခဲ့တာေၾကာင့္ နစ္နာခဲ့ရသလို ၂၉ မိနစ္မွာ ေထာင့္ကန္ေဘာကေန ျပန္ရတဲ့ ေဘာလုံးကို အဂၤလန္ဘယ္ေနာက္ခံလူက ဂိုးဧရိယာအစပ္ကေန ထပ္ကန္သြင္းခဲ့ေပမယ့္ မကၠာသီကပဲ အမိဖမ္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာ ခံစစ္ကေန ႐ူဒီဂါ ဆြဲတက္လာၿပီး ေဆာက္သမ္တန္ေနာက္တန္းေတြကို ျဖတ္ေက်ာ္ထိုးေပးခဲ့တာကို တိုက္စစ္မႉး လူကာကူးက အနီးကပ္ ခ်ိဳးကန္ၿပီး ပိတ္သြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနတယ္ဆိုၿပီး ပယ္ဖ်က္ခံခဲ့ရလို႔ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရသလို ဟဒ္ဆန္-အိုဒြိဳင္းကလည္း ပြဲခ်ိန္ နာရီဝက္ ေက်ာ္လာခဲ့ကတည္းက ခ်ိတ္ဆက္ကစားပုံက်လာခဲ့လို႔ ဂိုးထပ္မရဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ အက္ဇ္ပီလီေကြတာရဲ႕ ျဖတ္တင္ေဘာက လူကာကူးနဲ႔ ေဆာက္သမ္တန္ခံစစ္ကို ေက်ာ္ၿပီး ဘယ္ျခမ္းကို ေရာက္သြားခဲ့ရာမွာ ဟဒ္ဆန္-အိုဒြိဳင္း လိုက္လံရယူၿပီး ျပန္တင္ေပးတာကို တီမို ဗာနာ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ရဲ႕ ေဘာလုံးရယူစဥ္မွာ ျပစ္ဒဏ္ေဘာျဖစ္ေနတယ္လို႔ VAR နဲ႔ ပယ္ဖ်က္ခဲ့တာေၾကာင့္ နည္းျပ တူဟယ္လ္ပါ ေပါက္ကြဲခဲ့ၿပီး အဝါကတ္ထိခဲ့တာပါ။

ဒိုင္လူႀကီး မာတင္ အက္ကင္ဆန္ကေတာ့ ႐ုပ္တည္ႀကီးနဲ႔ အလြဲေတြ လုပ္ရင္း ဟန္ကိုယ့္ဖို႔ ကတ္ေတြ ထုတ္သုံးတတ္တဲ့ ပုံစံက အလုပ္မျဖစ္မွန္း သိသင့္ေနၿပီးျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ ပုံရိပ္ကို က်ဆင္းေစတဲ့အျပင္ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ေအာ္ဟစ္ျခင္းကိုလည္း ခံခဲ့ရသလို ပထမပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ခ်ဲလ္ဆီးတို႔ အေျပာင္းအလဲမရွိခဲ့ေပမယ့္ ေဆာက္သမ္တန္တို႔က ကြင္းလယ္ကို ဒီယယ္လိုနဲ႔ အားျဖည့္ၿပီး အသင္းေခါင္းေဆာင္ ဝါ့ဒ္ပေရာက္စ္ကို ေရွ႕တက္ကစားခိုင္းခဲ့တာက သူတို႔ရဲ႕ ကစားကြက္ကို ပိုၿမိဳင္လာေစေပမယ့္ ဖန္တီးမႈနည္းၿပီး ကစားအားနဲ႔ ပထမပိုင္းမွာ ထိန္းကစားေနခဲ့တဲ့ အိမ္ရွင္ေတြအတြက္ေတာ့ ယွဥ္ၿပိဳင္ရခက္လာခဲ့တာပါ။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ညာျခမ္းကေန ဂိုးဧရိယာထဲမွာ လွည့္စားေက်ာ္ျဖတ္ဖို႔ ႀကိဳးစားတဲ့ ခ်ဲလ္ဆီးအကယ္ဒမီထြက္ ေဆာက္သမ္တန္ ညာေနာက္ခံလူ လီဗရာမန္တိုကို ေဘာလုံးမထိဘဲ ဖ်က္မိတဲ့ ေခ်းလ္ဝဲလ္ေၾကာင့္ ပင္နယ္တီေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ VAR ျပန္ၾကည့္အၿပီး ပြဲခ်ိန္ ၆၁ မိနစ္အေရာက္မွာ ဝါ့ဒ္ပေရာက္စ္က ပင္နယ္တီဆိုရင္ အစြမ္းမရွိတဲ့ ဂိုးသမား မန္ဒီကို အႏိုင္ယူကန္သြင္းၿပီး တစ္ဂိုးစီ သေရျဖစ္ေနခဲ့ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာေတာ့ ခ်ဲလ္ဆီးတို႔ ဟဒ္ဆန္-အိုဒြိဳင္းအစား ေမဆန္ေမာင့္နဲ႔ ကိုဗာခ်စ္အစား ေဂ်ာ္ဂ်င္ညိဳတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို အခြင့္အေရးေတြကိုေတာ့ အသုံးမခ်ႏိုင္ခဲ့ဘဲျဖစ္ေနခဲ့သလို ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳကို ေဘာလုံးမထိဘဲ ေနာက္ကေန ဖ်က္ထုတ္မိတဲ့ ဝါ့ဒ္ပေရာက္စ္ အဝါထိၿပီး VAR ၾကည့္ရာမွာ အနီနဲ႔ အထုတ္ခံခဲ့ရလို႔ ေဆာက္သမ္တန္တို႔ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရပါတယ္။

ဒီအခြင့္အေရးကို ခ်ဲလ္ဆီးတို႔ လက္လြတ္မခံခဲ့ဘဲ တိုက္စစ္ကို ပိုအားထည့္ကစားခဲ့သလို ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ေလာ့ဖ္တပ္စ္ခ်ိခ္အစား ဘာကလီကို လူစားထည့္သြင္းခဲ့ၿပီး တစ္မိနစ္အၾကာမွာေတာ့ သူခင္းေပးတဲ့ ေဘာလုံးကို အက္ဇ္ပီလီေကြတာက ညာျခမ္းကေန ဂိုးေရွ႕ျဖတ္အေပးမွာ ဂိုးရကံ မပါတဲ့ လူကာကူးေရွ႕ကေန တီမို ဗာနာက ျဖတ္ပိတ္ၿပီး အႏိုင္ဂိုး သြင္းယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၉ မိနစ္မွာလည္း ေနာက္ထပ္တစ္ဂိုးက လူကာကူးအတြက္ မဟုတ္ခဲ့ဘဲ ေမဆန္ေမာင့္ ျဖတ္တင္ေပးတာကို ဘယ္လ္ဂ်ီယမ္သားရဲ႕ ပိတ္ခ်က္က တိုင္ထိခဲ့ခ်ိန္မွာ ဒါကို အက္ဇ္ပီလီေကြတာ ထပ္ကန္တာမွာလည္း ဘားထိခဲ့ၿပီး ျပန္အက်မွာေတာ့ ဘယ္ျခမ္းက ေခ်းလ္ဝဲလ္က Volley ကန္သြင္းရာမွာ ဂိုးသမား မကၠာသီ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ဂိုးစည္းေက်ာ္သြားခဲ့လို႔ ခ်ဲလ္ဆီးတို႔ တတိယဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔ အိမ္ကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး လူကာကူးအတြက္ေတာ့ စိတ္ပ်က္စရာပြဲတစ္ပြဲျဖစ္ခဲ့ေပမယ့္ အသင္းအတြက္ လမ္းေၾကာင္းမွန္ေပၚ ျပန္လည္တက္ေရာက္ႏိုင္ခဲ့တဲ့ ႏိုင္ပြဲနဲ႔အတူ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ မကစားခင္မွာ ရပ္တည္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.