Premier League

မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ အျပန္အလွန္စိတ္ဝင္စားမွဳရွိေနတဲ့ ဂရီလစ္ရွ္

ဂ်က္ခ္ ဂရီလစ္ရွ္ကေတာ့ အက္စတန္ဗီလာအသင္းကေန ေႏြရာသီမွာ ထြက္ခြာခဲ့ရင္ ယူႏိုက္တက္အသင္းကို သြားဖို႔ရွိတယ္လို႔ သိရပါတယ္။ ဗီလာအသင္းေခါင္းေဆာင္ဟာ နည္းျပ အ္ိုလီဂန္နာ ဆိုးလ္ရွားရဲ႕ စိတ္ႀကဳိက္ကစားသမားလည္းျဖစ္ၿပီး သူ႔ကို ေခၚယူဖို႔ စပိန္ကလပ္ေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းတို႔ကလည္း စိတ္၀င္စားေနၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာလည္း ေပါ့ဘာရဲ႕အနာဂတ္က မတည္မၿငိမ္ ျဖစ္ေနခဲ့ၿပီး သူသာ အသင္းက ထြက္ခြာသြားခဲ့ရင္ ဂရီလစ္ရွ္နဲ႔ အစားထိုးဖို႔ တာဝန္ရွိသူေတြကလည္း ျပင္ဆင္ေနပါတယ္။ အသက္၂၄ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ဂရီလစ္ရ္ွက ယူႏိုက္တက္တို႔ လိုခ်င္ေနတဲ့ အကြက္ျမင္ျမင္ ဖန္တီးမႈေတြနဲ႔ ကြင္းလယ္ပိုင္းကို ထိန္းခ်ဳပ္ႏိုင္တဲ့ ကစားသမားလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားရဲ႕ သေဘာအက်ဆုံးျဖစ္တဲ့ လက္စတာစီးတီး ကြင္းလယ္ဖန္တီးရွင္ ဂ်ိမ္းစ္ မက္ဒီဆန္ကေတာ့ ကင္းပါဝါအားကစားကြင္းမွာ စာခ်ဳပ္သက္တမ္းတိုး လက္မွတ္ထိုးလိုက္တဲ့အတြက္ သူ႕ကို ေခၚယူဖို႔က ပုိမိုခက္ခဲသြားႏုိင္တာေၾကာင့္ ဂရီလစ္ရွ္ကို ေခၚယူဖို႔သာ ပိုအာ႐ုံစိုက္လာႏိုင္ပါတယ္။

ဇန္န၀ါရီ အေျပာင္းအေ႐ႊ႕တုန္းက အဓိကကြင္းလယ္ကစားသမားေတြ ဒဏ္ရာရရွိေနတဲ့ ယူႏိုက္အသင္းဟာ သူတို႔အသင္းရဲ႕လိုအပ္ေနတဲ့ ကြင္းလယ္ပိုင္းကိုအားျဖည့္ဖို႔အတြက္ စပို႔တင္းလစၥဘြန္းအသင္းက ေပၚတူဂီလက္ေရြးစင္ ဘ႐ူႏို ဖာနန္ဒက္စ္ကို ေပါင္ ၅၅ သန္းနဲ႔ ေခၚယူခဲ့ပါတယ္။

အက္စတန္ဗီလာအသင္းဘက္ကေတာ့ သူတို႔ကစားသမားအတြက္ ေပါင္ ၆၀သန္းေလာက္ အလိုရွိေနၿပီး ကစားသမားကို အသင္းမွာ ဆက္ထိန္းထားဖို႔ကလည္း တန္းမဆင္းဖို႔ေတာ့ လိုအပ္ေနတာ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဘက္ကေတာ့ ခ်န္ပီယံလိဂ္ ၀င္ခြင့္မရရင္ေတာင္ ဂရီလစ္ရွ္ကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေန​တယ္လို႔ သိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: ဂျက်ခ် ဂရီလစ်ရှ်ကတော့ အက်စတန်ဗီလာအသင်းကနေ နွေရာသီမှာ ထွက်ခွာခဲ့ရင် ယူနိုက်တက်အသင်းကို သွားဖို့ရှိတယ်လို့ သိရပါတယ်။ ဗီလာအသင်းခေါင်းဆောင်ဟာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ စိတ်ကြိုက်ကစားသမားလည်းဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ စပိန်ကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း ပေါ့ဘာရဲ့အနာဂတ်က မတည်မငြိမ် ဖြစ်နေခဲ့ပြီး သူသာ အသင်းက ထွက်ခွာသွားခဲ့ရင် ဂရီလစ်ရှ်နဲ့ အစားထိုးဖို့ တာဝန်ရှိသူတွေကလည်း ပြင်ဆင်နေပါတယ်။ အသက်၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ ဂရီလစ်ရ်ှက ယူနိုက်တက်တို့ လိုချင်နေတဲ့ အကွက်မြင်မြင် ဖန်တီးမှုတွေနဲ့ ကွင်းလယ်ပိုင်းကို ထိန်းချုပ်နိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ သဘောအကျဆုံးဖြစ်တဲ့ လက်စတာစီးတီး ကွင်းလယ်ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆန်ကတော့ ကင်းပါဝါအားကစားကွင်းမှာ စာချုပ်သက်တမ်းတိုး လက်မှတ်ထိုးလိုက်တဲ့အတွက် သူ့ကို ခေါ်ယူဖို့က ပိုမိုခက်ခဲသွားနိုင်တာကြောင့် ဂရီလစ်ရှ်ကို ခေါ်ယူဖို့သာ ပိုအာရုံစိုက်လာနိုင်ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက အဓိကကွင်းလယ်ကစားသမားတွေ ဒဏ်ရာရရှိနေတဲ့ ယူနိုက်အသင်းဟာ သူတို့အသင်းရဲ့လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းကိုအားဖြည့်ဖို့အတွက် စပို့တင်းလစ္စဘွန်းအသင်းက ပေါ်တူဂီလက်ရွေးစင် ဘရူနို ဖာနန်ဒက်စ်ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

အက်စတန်ဗီလာအသင်းဘက်ကတော့ သူတို့ကစားသမားအတွက် ပေါင် ၆၀သန်းလောက် အလိုရှိနေပြီး ကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ကလည်း တန်းမဆင်းဖို့တော့ လိုအပ်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဘက်ကတော့ ချန်ပီယံလိဂ် ဝင်ခွင့်မရရင်တောင် ဂရီလစ်ရှ်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.