Match Report Premier League

လူချန်ကောင်းတဲ့ ဆိုးလ်ရှားကြောင့် CR7 စိတ်ပျက်ခဲ့ရပြီး ကံကောင်းလို့ မရှုံးတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ရော်နယ်လ်ဒို၊ ပေါ့ဘာနဲ့ ဆန်ချိုတို့ သုံးဦးကို အနားပေးထားခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ကို ဦးဆောင်ခိုင်းခဲ့သလို တိုက်စစ်မှာ ကာဗာနီကို အထောင်ထားခဲ့ပြီး မသုံးစွဲတာကြာနေတဲ့ မာစီယယ်လ်ကိုတော့ ဘယ်ခြမ်းမှာ ထည့်သွင်းခဲ့ပြီး ခံစစ်မှာတော့ ဗာရွန်းကို မက်ဂွိုင်းယား မပါနိုင်လို့ လင်ဒီလော့ဖ်နဲ့ပဲ တွဲပေးခဲ့ရပါတယ်။

အဲဗာတန်ကတော့ သူတို့ရဲ့ အကျိုးအပဲ့တွေကို ချန်လိုက်ရင် ပထမ ၁၁ ယောက်ဖို့ ဖျစ်ညှစ်စုစည်းထားရတဲ့ လူစာရင်းကို သုံးခဲ့ရပြီး ခံစစ်နဲ့ ကွင်းလယ်မှာ မဆိုးခဲ့ပေမယ့် တိုက်စစ်မှာတော့ အတွေ့အကြုံနည်းလွန်းတဲ့ ဂေါ်ဒန်နဲ့ လေးလံလွန်းတဲ့ ရွန်ဒွန်တို့ကိုပဲ သုံးစွဲရချိန်မှာ ဒီမာရိုင် ဂရေးတစ်ဦးပဲ ရုန်းနေခဲ့ရတာပါ။

ပွဲချိန် ၆ မိနစ်မှာ ဝန်ဘစ်ဆာကာရဲ့ ညာခြမ်းက တစ်ချက်ဖိန့်ပြီး တင်ပေးတဲ့ ဖြတ်တင်ဘောက ကောင်းခဲ့ပေမယ့် မာစီယယ်လ်ရဲ့ ဟာသဆန်ဆန် ခေါင်းတိုက်ချက်ကတော့ နားလည်ရ တော်တော်လေးခက်ခဲ့တာကြောင့် ဂိုးတိုင်ဘေးကနေပဲ ပရိသတ်ကြား ရောက်သွားခဲ့ပြီး ယူနိုက်တက်တို့ အဖွင့်ဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ ဖရက်ဒ်ရဲ့ ဖြတ်တင်ဘောကို မိုက်ကယ်ကီးန် ကြောင်သွားပြီး မဖျက်နိုင်တာကနေ ကာဗာနီ ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမားနဲ့ နီးနေလို့ ပစ်ခ်ဖို့ဒ် ပုတ်ထုတ်သွားနိုင်ခဲ့သလို အဲဗာတန်ရဲ့ ဒီမာရိုင် ဂရေးကတော့ သူနဲ့ မကြာခဏ ဆုံတွေ့နေတဲ့ ဘရာဇီးလ်ကွင်းလယ်လူကို ပါးပါးနပ်နပ်နဲ့ ပညာပေးဖို့ အမြဲချောင်းနေခဲ့တာပါ။

အဲဗာတန်ရဲ့ ရွန်ဒွန်ကတော့ တော်တော်စိတ်ပျက်ဖို့ကောင်းနေသလို ပရီးမီးယားလိဂ်မှာ မကစားသင့်တော့တဲ့ နှေးကွေးမှုတွေနဲ့ပဲ စိတ်ပျက်စရာပဲဖြစ်ခဲ့ပြီး သူဘောလုံးရတိုင်း ယူနိုက်တက်တို့ အလွယ်တကူ ပိတ်ဆို့သွားနိုင်ခဲ့ကြချိန်မှာ ဘရူနို ဖာနန်ဒက်စ်နဲ့ ဂရင်းဝုဒ်တို့ကတော့ အချိတ်အဆက် မမိခဲ့သလို ထိထိရောက်ရောက် ပြန်လည်မထိုးဖောက်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာ ဂရေးရဲ့ ကန်ချက်ကို ဒဟေးယား ကာကွယ်ခဲ့ရပြီး ညာခြမ်းက တောင်းဆန်းကလည်း ယူနိုက်တက်တို့အတွက် အန္တရာယ်များခဲ့သလို နောက်က ထိုင်ဖျက်ပေးမယ့် အယ်လန်ကို စိတ်ချရတဲ့ ကွင်းလယ်လူ ဒူကူရေးကလည်း ရှေ့တက်ကစားခဲ့လို့ အဲဗာတန်တိုက်စစ်က ရွန်ဒွန် မပါဘဲလည်း ကြည့်ကောင်းနေခဲ့ပါတယ်။

ယူနိုက်တက်တို့ ကစားပုံမကောင်းပေမယ့် ပွဲချိန် ၄၃ မိနစ်မှာတော့ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး ဂရင်းဝုဒ်ပေးတာကို ဂိုးဧရိယာနားမှာ ရသွားတဲ့ ဖာနန်ဒက်စ်က ဘယ်ခြမ်းက မာစီယယ်လ်ကို ခင်းပေးခဲ့ရာမှာ ပလာတာများမနေတော့ဘဲ ကြုံးကန်လိုက်တဲ့ ပြင်သစ်သားရဲ့ ကန်ချက်က အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်ကို ငုတ်တုတ်မေ့သွားစေခဲ့ပြီး ပထမပိုင်းကို အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အဲဗာတန်တို့အနေနဲ့ ခံစစ်ပဲ ဆက်လက်ကစားခဲ့ပြီး တန်ပြန်တိုက်စစ်တွေ အားပြုခဲ့သလို ဆိုးလ်ရှားရဲ့ အပြောင်းအလဲမရှိတဲ့ အသင်းကတော့ တော်ဖီတွေရဲ့ ဧရိယာထဲကို တိုးဝင်နိုင်ခြင်းမရှိဘဲ အပြင်ကပဲ အကဲစမ်းနေခဲ့ရတဲ့အတွက် ပိုကောင်းတဲ့ ရလဒ်ကို ရယူနိုင်ဖို့ ပွဲချိန် ၅၇ မိနစ်မှာ ကာဗာနီနဲ့ မာစီယယ်လ်တို့အစား ရော်နယ်လ်ဒိုနဲ့ ဆန်ချိုတို့ကို ထည့်သွင်းခဲ့ပါတယ်။

ဂရေးကတော့ ယူနိုက်တက်ညာခြမ်းခံစစ်ကို တောက်လျှောက်ဒုက္ခပေးသွားခဲ့ပြီး ဝန်ဘစ်ဆာကာ မရှိချိန်တွေကို အဓိက အသုံးချခဲ့သလို လင်ဒီလော့ဖ်နဲ့ မကြာခဏ လုံးထွေးနေခဲ့ရပြီး ဆွီဒင်သားရဲ့ ပါးနပ်မှုတွေကြောင့်သာ အိမ်ရှင်တွေ ဒုက္ခသိပ်မများခဲ့တာလည်း ဖြစ်ပြီး ရော်နယ်လ်ဒိုနဲ့ ဆန်ချိုတို့ကတော့ ဒုတိယပိုင်းမှ ဝင်လာရချိန်မှာ ပွဲထွက်လာတဲ့သူတွေနဲ့ နားလည်မှု မရသလိုတောင် ဖြစ်နေခဲ့ပါတယ်။

ယူနိုက်တက်တို့ရဲ့ တိုက်စစ်ကတော့ အချိတ်အဆက် လုံးဝမမိခဲ့သလို ဘောလုံးအပေးနဲ့ ပြေးဝင်မှုတွေက တိုင်မင်မကိုက်ဘဲဖြစ်နေချိန်မှာတော့ ပွဲချိန် ၆၄ မိနစ်မှာ ဂရေးက ဖရက်ဒ်ရဲ့ ဘော်ဒီတွန်းမှုကို လှလှပပ ကျော်ဖြတ်ပြီး အတွင်းကို ချိုးပေးခဲ့ရာမှာ ဒူကူရေးက ညာခြမ်းမှာ လွတ်နေတဲ့ တောင်ဆန်းဆီ ချပေးခဲ့ရာမှာ အင်္ဂလန်သားက ဒဟေးယားကို မဖမ်းနိုင်အောင် ကန်သွင်းခဲ့ပြီး ချေပဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာ ဖရက်ဒ်အစား ဆံပင်အပြာရောင်နဲ့ ပေါ့ဘာ ဝင်ကစားခဲ့ပေမယ့် ကွင်းလယ်မှာ အဖြုန်းသက်သက်သာဖြစ်နေခဲ့ပြီး ရော်နယ်လ်ဒိုကိုလည်း အပိုင်အခွင့်အရေးရအောင် ဘယ်သူမှ မဖန်တီးနိုင်ခဲ့သလို ပွဲချိန် ၈၅ မိနစ်မှာ ထောင့်ကန်ဘောက ပြန်ထွက်လာတာကနေ တွမ်ဒေးဗီးစ် ပေးလိုက်တာကနေ နောက်ခံလူ ယယ်ရီ မီနာက ဂိုးသွင်းခဲ့ပေမယ့် ခြေလှမ်းတစ်ဝက် စောနေခဲ့လို့ လူကျွံပြီး အဲဗာတန်တို့ နစ်နာခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ အဲဗာတန်တို့ရဲ့ ကောင်တာတွေကတောင်မှ ပိုပြီး ရင်ခုန်စရာကောင်းခဲ့သလို နည်းပြ ဆိုးလ်ရှားအနေနဲ့ ဘာမှ လုပ်မရဘဲ အကြံကုန်သွားခဲ့ပြီး သူ့ကြောင့် လူစားဝင်ကစားတဲ့ ရော်နယ်လ်ဒိုနဲ့ ဆန်ချိုတို့လည်း နာမည်ပျက်ခဲ့ရသလို ပွဲချိန်အပြည့်မှာတော့ တစ်ဂိုးစီသရေနဲ့ အိမ်ကွင်းမှာ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး ပရိသတ်တွေကို စိတ်ပျက်စေခဲ့ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ေရာ္နယ္လ္ဒို၊ ေပါ့ဘာနဲ႔ ဆန္ခ်ိဳတို႔ သုံးဦးကို အနားေပးထားခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကို ဦးေဆာင္ခိုင္းခဲ့သလို တိုက္စစ္မွာ ကာဗာနီကို အေထာင္ထားခဲ့ၿပီး မသုံးစြဲတာၾကာေနတဲ့ မာစီယယ္လ္ကိုေတာ့ ဘယ္ျခမ္းမွာ ထည့္သြင္းခဲ့ၿပီး ခံစစ္မွာေတာ့ ဗာ႐ြန္းကို မက္ဂြိဳင္းယား မပါႏိုင္လို႔ လင္ဒီေလာ့ဖ္နဲ႔ပဲ တြဲေပးခဲ့ရပါတယ္။

အဲဗာတန္ကေတာ့ သူတို႔ရဲ႕ အက်ိဳးအပဲ့ေတြကို ခ်န္လိုက္ရင္ ပထမ ၁၁ ေယာက္ဖို႔ ဖ်စ္ညႇစ္စုစည္းထားရတဲ့ လူစာရင္းကို သုံးခဲ့ရၿပီး ခံစစ္နဲ႔ ကြင္းလယ္မွာ မဆိုးခဲ့ေပမယ့္ တိုက္စစ္မွာေတာ့ အေတြ႕အႀကဳံနည္းလြန္းတဲ့ ေဂၚဒန္နဲ႔ ေလးလံလြန္းတဲ့ ႐ြန္ဒြန္တို႔ကိုပဲ သုံးစြဲရခ်ိန္မွာ ဒီမာ႐ိုင္ ဂေရးတစ္ဦးပဲ ႐ုန္းေနခဲ့ရတာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာ ဝန္ဘစ္ဆာကာရဲ႕ ညာျခမ္းက တစ္ခ်က္ဖိန႔္ၿပီး တင္ေပးတဲ့ ျဖတ္တင္ေဘာက ေကာင္းခဲ့ေပမယ့္ မာစီယယ္လ္ရဲ႕ ဟာသဆန္ဆန္ ေခါင္းတိုက္ခ်က္ကေတာ့ နားလည္ရ ေတာ္ေတာ္ေလးခက္ခဲ့တာေၾကာင့္ ဂိုးတိုင္ေဘးကေနပဲ ပရိသတ္ၾကား ေရာက္သြားခဲ့ၿပီး ယူႏိုက္တက္တို႔ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ဖရက္ဒ္ရဲ႕ ျဖတ္တင္ေဘာကို မိုက္ကယ္ကီးန္ ေၾကာင္သြားၿပီး မဖ်က္ႏိုင္တာကေန ကာဗာနီ ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးသမားနဲ႔ နီးေနလို႔ ပစ္ခ္ဖို႔ဒ္ ပုတ္ထုတ္သြားႏိုင္ခဲ့သလို အဲဗာတန္ရဲ႕ ဒီမာ႐ိုင္ ဂေရးကေတာ့ သူနဲ႔ မၾကာခဏ ဆုံေတြ႕ေနတဲ့ ဘရာဇီးလ္ကြင္းလယ္လူကို ပါးပါးနပ္နပ္နဲ႔ ပညာေပးဖို႔ အၿမဲေခ်ာင္းေနခဲ့တာပါ။

အဲဗာတန္ရဲ႕ ႐ြန္ဒြန္ကေတာ့ ေတာ္ေတာ္စိတ္ပ်က္ဖို႔ေကာင္းေနသလို ပရီးမီးယားလိဂ္မွာ မကစားသင့္ေတာ့တဲ့ ေႏွးေကြးမႈေတြနဲ႔ပဲ စိတ္ပ်က္စရာပဲျဖစ္ခဲ့ၿပီး သူေဘာလုံးရတိုင္း ယူႏိုက္တက္တို႔ အလြယ္တကူ ပိတ္ဆို႔သြားႏိုင္ခဲ့ၾကခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဂရင္းဝုဒ္တို႔ကေတာ့ အခ်ိတ္အဆက္ မမိခဲ့သလို ထိထိေရာက္ေရာက္ ျပန္လည္မထိုးေဖာက္ႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာ ဂေရးရဲ႕ ကန္ခ်က္ကို ဒေဟးယား ကာကြယ္ခဲ့ရၿပီး ညာျခမ္းက ေတာင္းဆန္းကလည္း ယူႏိုက္တက္တို႔အတြက္ အႏၲရာယ္မ်ားခဲ့သလို ေနာက္က ထိုင္ဖ်က္ေပးမယ့္ အယ္လန္ကို စိတ္ခ်ရတဲ့ ကြင္းလယ္လူ ဒူကူေရးကလည္း ေရွ႕တက္ကစားခဲ့လို႔ အဲဗာတန္တိုက္စစ္က ႐ြန္ဒြန္ မပါဘဲလည္း ၾကည့္ေကာင္းေနခဲ့ပါတယ္။

ယူႏိုက္တက္တို႔ ကစားပုံမေကာင္းေပမယ့္ ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ အဖြင့္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၿပီး ဂရင္းဝုဒ္ေပးတာကို ဂိုးဧရိယာနားမွာ ရသြားတဲ့ ဖာနန္ဒက္စ္က ဘယ္ျခမ္းက မာစီယယ္လ္ကို ခင္းေပးခဲ့ရာမွာ ပလာတာမ်ားမေနေတာ့ဘဲ ႀကဳံးကန္လိုက္တဲ့ ျပင္သစ္သားရဲ႕ ကန္ခ်က္က အဲဗာတန္ဂိုးသမား ပစ္ခ္ဖို႔ဒ္ကို ငုတ္တုတ္ေမ့သြားေစခဲ့ၿပီး ပထမပိုင္းကို အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း အဲဗာတန္တို႔အေနနဲ႔ ခံစစ္ပဲ ဆက္လက္ကစားခဲ့ၿပီး တန္ျပန္တိုက္စစ္ေတြ အားျပဳခဲ့သလို ဆိုးလ္ရွားရဲ႕ အေျပာင္းအလဲမရွိတဲ့ အသင္းကေတာ့ ေတာ္ဖီေတြရဲ႕ ဧရိယာထဲကို တိုးဝင္ႏိုင္ျခင္းမရွိဘဲ အျပင္ကပဲ အကဲစမ္းေနခဲ့ရတဲ့အတြက္ ပိုေကာင္းတဲ့ ရလဒ္ကို ရယူႏိုင္ဖို႔ ပြဲခ်ိန္ ၅၇ မိနစ္မွာ ကာဗာနီနဲ႔ မာစီယယ္လ္တို႔အစား ေရာ္နယ္လ္ဒိုနဲ႔ ဆန္ခ်ိဳတို႔ကို ထည့္သြင္းခဲ့ပါတယ္။

ဂေရးကေတာ့ ယူႏိုက္တက္ညာျခမ္းခံစစ္ကို ေတာက္ေလွ်ာက္ဒုကၡေပးသြားခဲ့ၿပီး ဝန္ဘစ္ဆာကာ မရွိခ်ိန္ေတြကို အဓိက အသုံးခ်ခဲ့သလို လင္ဒီေလာ့ဖ္နဲ႔ မၾကာခဏ လုံးေထြးေနခဲ့ရၿပီး ဆြီဒင္သားရဲ႕ ပါးနပ္မႈေတြေၾကာင့္သာ အိမ္ရွင္ေတြ ဒုကၡသိပ္မမ်ားခဲ့တာလည္း ျဖစ္ၿပီး ေရာ္နယ္လ္ဒိုနဲ႔ ဆန္ခ်ိဳတို႔ကေတာ့ ဒုတိယပိုင္းမွ ဝင္လာရခ်ိန္မွာ ပြဲထြက္လာတဲ့သူေတြနဲ႔ နားလည္မႈ မရသလိုေတာင္ ျဖစ္ေနခဲ့ပါတယ္။

ယူႏိုက္တက္တို႔ရဲ႕ တိုက္စစ္ကေတာ့ အခ်ိတ္အဆက္ လုံးဝမမိခဲ့သလို ေဘာလုံးအေပးနဲ႔ ေျပးဝင္မႈေတြက တိုင္မင္မကိုက္ဘဲျဖစ္ေနခ်ိန္မွာေတာ့ ပြဲခ်ိန္ ၆၄ မိနစ္မွာ ဂေရးက ဖရက္ဒ္ရဲ႕ ေဘာ္ဒီတြန္းမႈကို လွလွပပ ေက်ာ္ျဖတ္ၿပီး အတြင္းကို ခ်ိဳးေပးခဲ့ရာမွာ ဒူကူေရးက ညာျခမ္းမွာ လြတ္ေနတဲ့ ေတာင္ဆန္းဆီ ခ်ေပးခဲ့ရာမွာ အဂၤလန္သားက ဒေဟးယားကို မဖမ္းႏိုင္ေအာင္ ကန္သြင္းခဲ့ၿပီး ေခ်ပဂိုး ရယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာ ဖရက္ဒ္အစား ဆံပင္အျပာေရာင္နဲ႔ ေပါ့ဘာ ဝင္ကစားခဲ့ေပမယ့္ ကြင္းလယ္မွာ အျဖဳန္းသက္သက္သာျဖစ္ေနခဲ့ၿပီး ေရာ္နယ္လ္ဒိုကိုလည္း အပိုင္အခြင့္အေရးရေအာင္ ဘယ္သူမွ မဖန္တီးႏိုင္ခဲ့သလို ပြဲခ်ိန္ ၈၅ မိနစ္မွာ ေထာင့္ကန္ေဘာက ျပန္ထြက္လာတာကေန တြမ္ေဒးဗီးစ္ ေပးလိုက္တာကေန ေနာက္ခံလူ ယယ္ရီ မီနာက ဂိုးသြင္းခဲ့ေပမယ့္ ေျခလွမ္းတစ္ဝက္ ေစာေနခဲ့လို႔ လူကြၽံၿပီး အဲဗာတန္တို႔ နစ္နာခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အဲဗာတန္တို႔ရဲ႕ ေကာင္တာေတြကေတာင္မွ ပိုၿပီး ရင္ခုန္စရာေကာင္းခဲ့သလို နည္းျပ ဆိုးလ္ရွားအေနနဲ႔ ဘာမွ လုပ္မရဘဲ အႀကံကုန္သြားခဲ့ၿပီး သူ႔ေၾကာင့္ လူစားဝင္ကစားတဲ့ ေရာ္နယ္လ္ဒိုနဲ႔ ဆန္ခ်ိဳတို႔လည္း နာမည္ပ်က္ခဲ့ရသလို ပြဲခ်ိန္အျပည့္မွာေတာ့ တစ္ဂိုးစီသေရနဲ႔ အိမ္ကြင္းမွာ ႏွစ္ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ၿပီး ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.