Premier League

ကွန်တီရဲ့ လူကာကူးကို မသုံးတတ်ဘူးလားဆိုတဲ့ ဝေဖန်ချက်ကို ချက်ကျလက်ကျတုံ့ပြန်လိုက်တဲ့ တူဟယ်လ်

ချဲလ်ဆီးအသင်းဟာ လူကာကူးကို ဘယ်လို အသုံးပြုရမယ်ဆိုတာကို အဖြေရှာမတွေ့သေးဘူးမလားလို့ အင်တာမီလန် နည်းပြ အန်တိုနီယို ကွန်တီက သောမတ်စ် တူဟယ်လ်ရဲ့ နည်းဗျူဟာပိုင်း ချဉ်းကပ်ပုံကို မေးခွန်းထုတ်ခဲ့ပါတယ်။ လူကာကူဟာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲဦးထွက် ပွဲစဉ်မှာ ဂိုးသွင်းယူပေးပြီး စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ချက်ချင်း ခြေစွမ်းပြသခဲ့တာဖြစ်ပြီး ပထမဆုံး ၄ ပွဲမှာ ၄ ဂိုးသွင်းယူပေးခဲ့ပေမယ့် အဲဒီအချိန်ကတည်းက ဂိုးပေါက်ပျောက်နေခဲ့တာ ၄ ပွဲရှိနေခဲ့ပြီဖြစ်ပါတယ်။

ကွန်တီက သူနဲ့အတူ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်ကို စီးရီးအေဖလားရရှိအောင် ကူညီခဲ့တဲ့ လူကာကူးနဲ့ ပတ်သက်ပြီး … “ပွဲစဉ်အတွင်းမှာ လူကာကူး စိတ်လှုပ်ရှားအောင် လုပ်ဖို့ လိုအပ်တဲ့အချိန်မှာ အခိုက်အတံ့လေးတွေ ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီဟာထက် သူက ယှဉ်ပြိုင်ကစားဖို့ ခက်ခဲအကြမ်းတမ်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာပဲ။ ဘာလို့လဲဆိုတော့ သူက ကွင်းရဲ့ ဘယ်နေရာမှာမဆို ထိခိုက်အောင် လုပ်နိုင်လို့ပဲ”

“အထောင်တိုက်စစ်မှူးအဖြစ်ရော ကွင်းလယ်ကနေပါ ဘောလုံးကို ဆွဲ‌ပြေးနိုင်တဲ့ ကစားသမားမျိုးကို ဒီနေ့ခေတ်မှာ အသင်းမှာ ပိုင်ဆိုင်နိုင်ဖို့က အရမ်းခက်ခဲပါတယ်”

“ခင်ဗျားမှာ ဒီလို အထောင်တိုက်စစ်မှူးမျိုး ရှိရင် ခင်ဗျား သူ့ကို အသုံးပြုဖို့ လိုတယ်။ ချဲလ်ဆီးက သူ့ကို အခုထိ ဘယ်လိုသုံးရမလဲဆိုတာကို အဖြေရှာမတွေ့သေးပုံပေါ်တယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ Sky Sport Italia ကို အခုလို ပြောကြားခဲ့ပြီး လူကာကူးကို မသုံးတတ်သူဟု တူဟယ်လ်ကို ဝေဖန်ခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ပွဲကြိုအင်တာဗျူးမှာ အန်တိုနီယို ကွန်တီရဲ့ သုံးသပ်ချက်နဲ့ ပတ်သက်ပြီး တူဟယ်လ်ကို မေးမြန်းရာမှာတော့ “သူက တော့တင်ဟမ်နဲ့ ပွဲအပြီးမှာ တီဗီမကြည့်ရသေးတဲ့ပုံပါ။ ကျွန်တော့်အနေနဲ့ စော်ကားခံရတယ်လို့တော့ မမြင်ပါဘူး။ သူက စတူဒီယိုထဲကနေ တစ်ချိန်လုံးထိုင်ပြီး ပြောနေတာပဲလေ… ကျွန်တော်တို့ ပွဲမစခင် ဟော်တယ်မှာ ရေချိုးနေတုန်းကလည်းက ဒီလိုပဲ ပြောနေတာပဲဗျ”လို့ ဖြေကြားသွားခဲ့ပါတယ်။

သူ ကျွန်တော်တို့ အကြောင်းကို ပြောနေချိန်မှာ လူကာကူးနဲ့ ချဲလ်ဆီးအသင်းသားတွေရဲ့ စပါးစ်နဲ့ပွဲက ပုံတွေကို ထိုးပြပြီး ပြောနေတာကို တွေ့ရတယ်။ သူတို့က လူကာကူးနဲ့ ဘယ်လို ချိတ်ဆက်ကစားမလဲဆိုတာကို ဆွေးနွေးနေခဲ့ကြတာပါ။ သူတို့တွေ ချီးကျူးထားကြတဲ့ လူကာကူးဟာ ဘယ်လောက်သန်စွမ်းပြီး ဂိုးတွေ ရယူထားခဲ့သလဲဆိုတာကိုလည်း အားလုံးသိကြမှာပါ။

အခုက ဂိုးမသွင်းနိုင်တာဟာ လူကာကူးရဲ့ ပြဿနာတော့ မဟုတ်ဘူးဗျ… တခြားအသင်းတွေက သူ့ကို ထိန်းချုပ်ဖို့ ပုံစံပြောင်းပြီး ကြိုးစားလာတာနဲ့လည်း ဆိုင်ပြီး ဒီအတွက် ကျွန်တော်တို့ဘက်က ကစားပုံထပ်ပြောင်းသွားဖို့အတွက် အဖြေလည်း ရှိနေပါတယ်။ အခု အဲ့ဒီအတွက် လုပ်ဆောင်နေပြီး စိတ်မပူကြပါနဲ့”လို့ တူဟယ်လ်က ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဟာ လူကာကူးကို ဘယ္လို အသုံးျပဳရမယ္ဆိုတာကို အေျဖရွာမေတြ႕ေသးဘူးမလားလို႔ အင္တာမီလန္ နည္းျပ အန္တိုနီယို ကြန္တီက ေသာမတ္စ္ တူဟယ္လ္ရဲ႕ နည္းဗ်ဴဟာပိုင္း ခ်ဥ္းကပ္ပုံကို ေမးခြန္းထုတ္ခဲ့ပါတယ္။ လူကာကူဟာ အာဆင္နယ္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲဦးထြက္ ပြဲစဥ္မွာ ဂိုးသြင္းယူေပးၿပီး စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ခ်က္ခ်င္း ေျခစြမ္းျပသခဲ့တာျဖစ္ၿပီး ပထမဆုံး ၄ ပြဲမွာ ၄ ဂိုးသြင္းယူေပးခဲ့ေပမယ့္ အဲဒီအခ်ိန္ကတည္းက ဂိုးေပါက္ေပ်ာက္ေနခဲ့တာ ၄ ပြဲရွိေနခဲ့ၿပီျဖစ္ပါတယ္။

ကြန္တီက သူနဲ႔အတူ ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္ကို စီးရီးေအဖလားရရွိေအာင္ ကူညီခဲ့တဲ့ လူကာကူးနဲ႔ ပတ္သက္ၿပီး … “ပြဲစဥ္အတြင္းမွာ လူကာကူး စိတ္လႈပ္ရွားေအာင္ လုပ္ဖို႔ လိုအပ္တဲ့အခ်ိန္မွာ အခိုက္အတံ့ေလးေတြ ရွိခဲ့တယ္။ ဒါေပမယ့္ အဲဒီဟာထက္ သူက ယွဥ္ၿပိဳင္ကစားဖို႔ ခက္ခဲအၾကမ္းတမ္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္တယ္ဆိုတာပဲ။ ဘာလို႔လဲဆိုေတာ့ သူက ကြင္းရဲ႕ ဘယ္ေနရာမွာမဆို ထိခိုက္ေအာင္ လုပ္ႏိုင္လို႔ပဲ”

“အေထာင္တိုက္စစ္မႉးအျဖစ္ေရာ ကြင္းလယ္ကေနပါ ေဘာလုံးကို ဆြဲ‌ေျပးႏိုင္တဲ့ ကစားသမားမ်ိဳးကို ဒီေန႔ေခတ္မွာ အသင္းမွာ ပိုင္ဆိုင္ႏိုင္ဖို႔က အရမ္းခက္ခဲပါတယ္”

“ခင္ဗ်ားမွာ ဒီလို အေထာင္တိုက္စစ္မႉးမ်ိဳး ရွိရင္ ခင္ဗ်ား သူ႔ကို အသုံးျပဳဖို႔ လိုတယ္။ ခ်ဲလ္ဆီးက သူ႔ကို အခုထိ ဘယ္လိုသုံးရမလဲဆိုတာကို အေျဖရွာမေတြ႕ေသးပုံေပၚတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္” လို႔ Sky Sport Italia ကို အခုလို ေျပာၾကားခဲ့ၿပီး လူကာကူးကို မသုံးတတ္သူဟု တူဟယ္လ္ကို ေဝဖန္ခဲ့ပါတယ္။

ေဆာက္သမ္တန္နဲ႔ပြဲႀကိဳအင္တာဗ်ဴးမွာ အန္တိုနီယို ကြန္တီရဲ႕ သုံးသပ္ခ်က္နဲ႔ ပတ္သက္ၿပီး တူဟယ္လ္ကို ေမးျမန္းရာမွာေတာ့ “သူက ေတာ့တင္ဟမ္နဲ႔ ပြဲအၿပီးမွာ တီဗီမၾကည့္ရေသးတဲ့ပုံပါ။ ကြၽန္ေတာ့္အေနနဲ႔ ေစာ္ကားခံရတယ္လို႔ေတာ့ မျမင္ပါဘူး။ သူက စတူဒီယိုထဲကေန တစ္ခ်ိန္လုံးထိုင္ၿပီး ေျပာေနတာပဲေလ… ကြၽန္ေတာ္တို႔ ပြဲမစခင္ ေဟာ္တယ္မွာ ေရခ်ိဳးေနတုန္းကလည္းက ဒီလိုပဲ ေျပာေနတာပဲဗ်”လို႔ ေျဖၾကားသြားခဲ့ပါတယ္။

သူ ကြၽန္ေတာ္တို႔ အေၾကာင္းကို ေျပာေနခ်ိန္မွာ လူကာကူးနဲ႔ ခ်ဲလ္ဆီးအသင္းသားေတြရဲ႕ စပါးစ္နဲ႔ပြဲက ပုံေတြကို ထိုးျပၿပီး ေျပာေနတာကို ေတြ႕ရတယ္။ သူတို႔က လူကာကူးနဲ႔ ဘယ္လို ခ်ိတ္ဆက္ကစားမလဲဆိုတာကို ေဆြးေႏြးေနခဲ့ၾကတာပါ။ သူတို႔ေတြ ခ်ီးက်ဴးထားၾကတဲ့ လူကာကူးဟာ ဘယ္ေလာက္သန္စြမ္းၿပီး ဂိုးေတြ ရယူထားခဲ့သလဲဆိုတာကိုလည္း အားလုံးသိၾကမွာပါ။

အခုက ဂိုးမသြင္းႏိုင္တာဟာ လူကာကူးရဲ႕ ျပႆနာေတာ့ မဟုတ္ဘူးဗ်… တျခားအသင္းေတြက သူ႔ကို ထိန္းခ်ဳပ္ဖို႔ ပုံစံေျပာင္းၿပီး ႀကိဳးစားလာတာနဲ႔လည္း ဆိုင္ၿပီး ဒီအတြက္ ကြၽန္ေတာ္တို႔ဘက္က ကစားပုံထပ္ေျပာင္းသြားဖို႔အတြက္ အေျဖလည္း ရွိေနပါတယ္။ အခု အဲ့ဒီအတြက္ လုပ္ေဆာင္ေနၿပီး စိတ္မပူၾကပါနဲ႔”လို႔ တူဟယ္လ္က ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.