Bundesliga

ဟာလန်းအတွက် ကြောက်မက်ဖွယ်လစာတောင်းပေးနေတဲ့ ရွိုင်အိုလာ

ပီအက်စ်ဂျီအသင်းဟာ ဒေါ့မွန်အသင်းကနေ အာလင်း ဟာလန်းကို ခေါ်ယူချင်တယ်ဆိုရင် တစ်နှစ်လုပ်ခလစာ ပေါင် ၄၃ သန်းအထိ ကြောက်မက်ဖွယ် ပေးချေရလိမ့်မယ်လို့ သိရပါတယ်။

ပြင်သစ်လီဂူးဝမ်းချန်ပီယံဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းနေပုံရတဲ့ ခီလီယန် အမ်ဘာပေ မပါဘဲ ရှေ့ဆက်ရမယ့်ခရီးအတွက် စတင်ပြင်ဆင်နေပြီဖြစ်တာကြောင့် နွေရာသီမှာ နော်ဝေလက်ရွေးစင်တိုက်စစ်မှူးကို ပစ်မှတ်ထားသွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

အမ်ဘာပေရဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ပီအက်စ်ဂျီအသင်းရဲ့ အပြောင်းအရွှေ့ပြုလုပ်ခွင့်ကို ပိတ်ပင်ခြင်းခံခဲ့ရပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ နေပြီး မက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့နိုင်တော့မှာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ယခုနွေရာသီမှာ ဟာလန်းအတွက် ကမ်းလှမ်းခဲ့တဲ့ ပေါင်သန်း ၁၀၀ ဝန်းကျင် ကမ်းလှမ်းမှုအချို့ကို ငြင်းပယ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းက အမ်ဘာပေသာ အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် နော်ဝေတိုက်စစ်မှူးကို နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်သွားမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဟာလန်းရဲ့ လာမယ့်နှစ်မှာ အသက်ဝင်လာတော့မယ့် စာချုပ်လျော်ကြေး ပေါင် ၆၄ သန်းကြောင့် ပြောင်းရွှေ့ကြေး သက်သာနိုင်ဖွယ် ရှိနေပေမယ့် Football Italia ရဲ့ဖော်ပြချက်အရ ဟာလန်းရဲ့ အေးဂျင့်ဖြစ်တဲ့ မီနို ရွိုင်အိုလာက ကြယ်ပွင့်တိုက်စစ်မှူးအတွက် ကြီးမားလှတဲ့ တစ်နှစ်လုပ်ခ ပေါင် ၄၃ သန်းအပြင် ၎င်းအတွက် ဆုကြေးငွေပါ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

ဟာလန်းကို ဥရောပထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကတော့ နော်ဝေတိုက်စစ်မှူး တောင်းဆိုတဲ့ ကြီးမားတဲ့လစာကို ပေးချေနိုင်စွမ်းရှိတာကြောင့် ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးရဲ့ တန်ဖိုးကို ယခုနှစ်အစောပိုင်း ဥရောပမှာ တဟုန်ထိုးမြင့်တက်အောင် ပြုလုပ်ပေးခဲ့တဲ့ အေးဂျင့် ရွိုင်အိုလာက ဒေါ့မွန်တိုက်စစ်မှူးရဲ့ ပြောင်းရွှေ့ကြေးဟာ အမှန်တကယ်ရှိသင့်တာထက် ပိုမိုလျော့နည်းနေမှာဖြစ်တဲ့အတွက် လာမယ့်နွေရာသီမှာ ပိုလို့တောင် မက်မောဖွယ်ကောင်းတဲ့ ကမ်းလှမ်းမှု ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

စူပါအေးဂျင့်ဖြစ်တဲ့ မီနို ရွိုင်အိုလာဟာ သူမတူထူးခြားတဲ့ တောင်းဆိုမှုတွေနဲ့ ညှိနှိုင်းရခက်ခဲသူအဖြစ် လူသိများ ကျော်ကြားပေမယ့် ပီအက်စ်ဂျီအသင်းဟာ နွေရာသီမှာ ဒွန်နာရမ်းမားကို ခေါ်ယူခဲ့တဲ့အချိန်တုန်းက ၎င်းနဲ့ အလုပ်အတူတူ လုပ်ခဲ့ပြီးသားဖြစ်ပါတယ်။ ဟာလန်းရဲ့အပြောင်းအရွှေ့ဟာ ပီအက်စ်ဂျီအသင်းကို မက်ဆီ၊ နေမာတို့နဲ့အတူ မယုံကြည်နိုင်ဖွယ် တိုက်စစ် ၃ ဦးတွဲဖြစ်လာစေမှာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးဟာ ဒေါ့မွန်အတွက် ၆၇ ပွဲမှာ ၆၈ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူပေးထားခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သက်သေပြသထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
င္းဟာ ေဒါ့မြန္အသင္းကေန အာလင္း ဟာလန္းကို ေခၚယူခ်င္တယ္ဆိုရင္ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၄၃ သန္းအထိ ေၾကာက္မက္ဖြယ္ ေပးေခ်ရလိမ့္မယ္လို႔ သိရပါတယ္။

ျပင္သစ္လီဂူးဝမ္းခ်န္ပီယံဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးပမ္းေနပုံရတဲ့ ခီလီယန္ အမ္ဘာေပ မပါဘဲ ေရွ႕ဆက္ရမယ့္ခရီးအတြက္ စတင္ျပင္ဆင္ေနၿပီျဖစ္တာေၾကာင့္ ေႏြရာသီမွာ ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးကို ပစ္မွတ္ထားသြားဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

အမ္ဘာေပရဲ႕ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ပီအက္စ္ဂ်ီအသင္းရဲ႕ အေျပာင္းအေ႐ႊ႕ျပဳလုပ္ခြင့္ကို ပိတ္ပင္ျခင္းခံခဲ့ရၿပီးေနာက္ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိ ေနၿပီး မက္ဒရစ္ကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ႏိုင္ေတာ့မွာျဖစ္ပါတယ္။

ေဒါ့မြန္အသင္းဟာ ယခုေႏြရာသီမွာ ဟာလန္းအတြက္ ကမ္းလွမ္းခဲ့တဲ့ ေပါင္သန္း ၁၀၀ ဝန္းက်င္ ကမ္းလွမ္းမႈအခ်ိဳ႕ကို ျငင္းပယ္ခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းက အမ္ဘာေပသာ အသင္းကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ေနာ္ေဝတိုက္စစ္မႉးကို နံပါတ္ ၁ ပစ္မွတ္အျဖစ္ သတ္မွတ္သြားမွာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ဟာလန္းရဲ႕ လာမယ့္ႏွစ္မွာ အသက္ဝင္လာေတာ့မယ့္ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၆၄ သန္းေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး သက္သာႏိုင္ဖြယ္ ရွိေနေပမယ့္ Football Italia ရဲ႕ေဖာ္ျပခ်က္အရ ဟာလန္းရဲ႕ ေအးဂ်င့္ျဖစ္တဲ့ မီႏို ႐ြိဳင္အိုလာက ၾကယ္ပြင့္တိုက္စစ္မႉးအတြက္ ႀကီးမားလွတဲ့ တစ္ႏွစ္လုပ္ခ ေပါင္ ၄၃ သန္းအျပင္ ၎အတြက္ ဆုေၾကးေငြပါ ေတာင္းဆိုသြားမယ္လို႔ သိရပါတယ္။

ဟာလန္းကို ဥေရာပထိပ္သီးအသင္းႀကီးေတြျဖစ္တဲ့ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္၊ မန္ခ်က္စတာစီးတီး၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနၾကတာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းကေတာ့ ေနာ္ေဝတိုက္စစ္မႉး ေတာင္းဆိုတဲ့ ႀကီးမားတဲ့လစာကို ေပးေခ်ႏိုင္စြမ္းရွိတာေၾကာင့္ ေခၚယူႏိုင္ဖို႔ အနီးစပ္ဆုံးအေျခအေနမွာရွိေနတယ္လို႔ သိရပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ တန္ဖိုးကို ယခုႏွစ္အေစာပိုင္း ဥေရာပမွာ တဟုန္ထိုးျမင့္တက္ေအာင္ ျပဳလုပ္ေပးခဲ့တဲ့ ေအးဂ်င့္ ႐ြိဳင္အိုလာက ေဒါ့မြန္တိုက္စစ္မႉးရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ အမွန္တကယ္ရွိသင့္တာထက္ ပိုမိုေလ်ာ့နည္းေနမွာျဖစ္တဲ့အတြက္ လာမယ့္ေႏြရာသီမွာ ပိုလို႔ေတာင္ မက္ေမာဖြယ္ေကာင္းတဲ့ ကမ္းလွမ္းမႈ ရရွိႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

စူပါေအးဂ်င့္ျဖစ္တဲ့ မီႏို ႐ြိဳင္အိုလာဟာ သူမတူထူးျခားတဲ့ ေတာင္းဆိုမႈေတြနဲ႔ ညႇိႏႈိင္းရခက္ခဲသူအျဖစ္ လူသိမ်ား ေက်ာ္ၾကားေပမယ့္ ပီအက္စ္ဂ်ီအသင္းဟာ ေႏြရာသီမွာ ဒြန္နာရမ္းမားကို ေခၚယူခဲ့တဲ့အခ်ိန္တုန္းက ၎နဲ႔ အလုပ္အတူတူ လုပ္ခဲ့ၿပီးသားျဖစ္ပါတယ္။ ဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕ဟာ ပီအက္စ္ဂ်ီအသင္းကို မက္ဆီ၊ ေနမာတို႔နဲ႔အတူ မယုံၾကည္ႏိုင္ဖြယ္ တိုက္စစ္ ၃ ဦးတြဲျဖစ္လာေစမွာျဖစ္ၿပီး ေနာ္ေဝတိုက္စစ္မႉးဟာ ေဒါ့မြန္အတြက္ ၆၇ ပြဲမွာ ၆၈ ဂိုးအထိ အံ့အားသင့္ဖြယ္သြင္းယူေပးထားခဲ့ၿပီးေနာက္ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.