Bundesliga

ဟာလန်းကို ဖင်တကြွကြွဖြစ်နေအောင် ဆွဲဆောင်နေတဲ့အသင်းကို ထုတ်ပြောလိုက်တဲ့ ဒေါ့မွန်

ဒေါ့မွန်အသင်းဥက္ကဌ ဟန်းစ်-ယိုအာခင် ဗက်ဇ်ကာက ဟာလန်းအနေနဲ့ ကမ္ဘာပေါ်က အကောင်းဆုံးကလပ်တွေထဲက တစ်သင်းအတွက် ကစားပေးသွားမှာဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး ကြယ်ပွင့်တိုက်စစ်မှူးကို အသင်းတစ်သင်းက ဆွဲဆောင်နေတယ်ဆိုတာကို သတိထားမိနေတာဖြစ်ပါတယ်။

ဟာလန်းဟာ ခိုင်မာတဲ့ အပြောင်းအရွှေ့ကောလာဟလတွေ ထွက်ပေါ်ခဲ့သူဖြစ်ပြီး ဂျာမနီကနေ ကြီးမားတဲ့အပြောင်းအရွှေ့ ပြုလုပ်တော့မယ်လို့ သတင်းအများအပြားက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ ဘာစီလိုနာ၊ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ နော်ဝေလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့တဲ့အသင်းတွေထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ အာလင်း ဟာလန်းကို ခေါ်ယူဖို့အတွက် ပြိုင်ပွဲမှာ ဦးဆောင်နေပုံရပြီး ဒေါ့မွန်စီးအီးအို ဗက်ဇ်ကာက လက်ရှိမှာတော့ စပိန်လာလီဂါထိပ်သီးအသင်းကြီးက အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးကို ဆွဲဆောင်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက အမှီအခိုကင်းတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး ရှိတဲ့သူပါ။ သူက ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအတွက် ကစားပေးနေတာဆိုပေမယ့်လည်း တစ်ချိန်မှာ သူက ကမ္ဘာပေါ်က အကောင်းဆုံးကလပ်အသင်းတွေထဲကတစ်သင်းအတွက် ကစားပေးပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် သိပါတယ်။ ဟုတ်တာပေါ့။ ရီးရဲလ်မက်ဒရစ်က သူ့ကို ဆွဲဆောင်နေပါတယ်”

ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာနဲ့ပတ်သက်ပြီးလည်း ဗက်ဇ်ကာက “အာလင်းရဲ့ သဘောအတိုင်းပါ။ ကျွန်တော်က မီနိုနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ သူက ပိုက်ဆံအကြောင်းပဲ တွေးနေတယ်ဆိုတာကို ယုံကြည်ဖို့ကတော့ မမှန်ပါဘူး။ သူက ကစားသမားအတွက် ဘာက ပိုကောင်းလဲဆိုတာကိုလည်း တွေးတဲ့သူပါ”လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းရဲ့ စာချုပ်လျော်ကြေး ပေါင် ၆၈ သန်းဟာ လာမယ့် ၂၀၂၂ နွေရာသီမှာ အသက်ဝင်လာတော့မှာဖြစ်ပြီး ဥရောပထိပ်သီးအသင်းကြီးတွေက ဒေါ့မွန်တိုက်စစ်မှူးကို ခေါ်ယူဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ကြောက်မက်ဖွယ် ဂိုးသွင်းနှုန်းကို ပြသနေခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ ၄၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ယခုရာသီမှာလည်း ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ စပို့တင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဟာလန်းမပါဘဲ ကစားသွားရဖွယ်ရှိနေပေမယ့်လည်း နည်းပြ မာကို ရိုဆာက တနင်္လာနေ့မှာ အသက် ၂၁ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးအနေနဲ့ ပါဝင်ကစားပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ သောကြာနေ့က လေ့ကျင့်ရေးမှာ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး မိုချန်ဂလတ်ဘတ်ချ်နဲ့ ကစားခဲ့တဲ့ စနေနေ့ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်သလို အသင်းခေါင်းဆောင် မာကို ရွိုက်စ်လည်း ဒူးဒဏ်ရာကြောင့် စပို့တင်းနဲ့ပွဲမှာ ပါဝင်ကစားပေးဖို့ မသေချာဘူးလို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဒါ့မြန္အသင္းဥကၠဌ ဟန္းစ္-ယိုအာခင္ ဗက္ဇ္ကာက ဟာလန္းအေနနဲ႔ ကမာၻေပၚက အေကာင္းဆုံးကလပ္ေတြထဲက တစ္သင္းအတြက္ ကစားေပးသြားမွာျဖစ္တယ္လို႔ ဝန္ခံခဲ့ၿပီး ၾကယ္ပြင့္တိုက္စစ္မႉးကို အသင္းတစ္သင္းက ဆြဲေဆာင္ေနတယ္ဆိုတာကို သတိထားမိေနတာျဖစ္ပါတယ္။

ဟာလန္းဟာ ခိုင္မာတဲ့ အေျပာင္းအေ႐ႊ႕ေကာလာဟလေတြ ထြက္ေပၚခဲ့သူျဖစ္ၿပီး ဂ်ာမနီကေန ႀကီးမားတဲ့အေျပာင္းအေ႐ႊ႕ ျပဳလုပ္ေတာ့မယ္လို႔ သတင္းအမ်ားအျပားက ေဖာ္ျပခဲ့ၾကတာျဖစ္ပါတယ္။ ဘာစီလိုနာ၊ မန္ခ်က္စတာယူႏိုက္တက္၊ မန္ခ်က္စတာစီးတီး၊ ခ်ဲလ္ဆီးနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ဟာ ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးကို ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ထုတ္ေဖာ္ျပသခဲ့တဲ့အသင္းေတြထဲမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ေႏြရာသီမွာ အာလင္း ဟာလန္းကို ေခၚယူဖို႔အတြက္ ၿပိဳင္ပြဲမွာ ဦးေဆာင္ေနပုံရၿပီး ေဒါ့မြန္စီးအီးအို ဗက္ဇ္ကာက လက္ရွိမွာေတာ့ စပိန္လာလီဂါထိပ္သီးအသင္းႀကီးက အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ဆြဲေဆာင္ေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူက အမွီအခိုကင္းတဲ့ ကိုယ္ရည္ကိုယ္ေသြးမ်ိဳး ရွိတဲ့သူပါ။ သူက ကမာၻေပၚက အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းအတြက္ ကစားေပးေနတာဆိုေပမယ့္လည္း တစ္ခ်ိန္မွာ သူက ကမာၻေပၚက အေကာင္းဆုံးကလပ္အသင္းေတြထဲကတစ္သင္းအတြက္ ကစားေပးပါလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္ သိပါတယ္။ ဟုတ္တာေပါ့။ ရီးရဲလ္မက္ဒရစ္က သူ႔ကို ဆြဲေဆာင္ေနပါတယ္”

ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူ မီႏို ႐ိုင္ယိုလာနဲ႔ပတ္သက္ၿပီးလည္း ဗက္ဇ္ကာက “အာလင္းရဲ႕ သေဘာအတိုင္းပါ။ ကြၽန္ေတာ္က မီႏိုနဲ႔လည္း ေကာင္းမြန္တဲ့ဆက္ဆံေရးရွိပါတယ္။ သူက ပိုက္ဆံအေၾကာင္းပဲ ေတြးေနတယ္ဆိုတာကို ယုံၾကည္ဖို႔ကေတာ့ မမွန္ပါဘူး။ သူက ကစားသမားအတြက္ ဘာက ပိုေကာင္းလဲဆိုတာကိုလည္း ေတြးတဲ့သူပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာလန္းရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၆၈ သန္းဟာ လာမယ့္ ၂၀၂၂ ေႏြရာသီမွာ အသက္ဝင္လာေတာ့မွာျဖစ္ၿပီး ဥေရာပထိပ္သီးအသင္းႀကီးေတြက ေဒါ့မြန္တိုက္စစ္မႉးကို ေခၚယူဖို႔ ျပင္ဆင္ေနၾကၿပီျဖစ္ပါတယ္။ ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ေဒါ့မြန္အသင္းကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ေၾကာက္မက္ဖြယ္ ဂိုးသြင္းႏႈန္းကို ျပသေနခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစုံမွာ ၄၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့သလို ယခုရာသီမွာလည္း ၁၁ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေဒါ့မြန္အသင္းဟာ စပို႔တင္းနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ ဟာလန္းမပါဘဲ ကစားသြားရဖြယ္ရွိေနေပမယ့္လည္း နည္းျပ မာကို ႐ိုဆာက တနလၤာေန႔မွာ အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာ္ေဝတိုက္စစ္မႉးအေနနဲ႔ ပါဝင္ကစားေပးသြားႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဟာလန္းဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေလ့က်င့္ေရးမွာ ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ၿပီး မိုခ်န္ဂလတ္ဘတ္ခ်္နဲ႔ ကစားခဲ့တဲ့ စေနေန႔ပြဲစဥ္ကို လြဲေခ်ာ္ခဲ့တာျဖစ္သလို အသင္းေခါင္းေဆာင္ မာကို ႐ြိဳက္စ္လည္း ဒူးဒဏ္ရာေၾကာင့္ စပို႔တင္းနဲ႔ပြဲမွာ ပါဝင္ကစားေပးဖို႔ မေသခ်ာဘူးလို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.