La Liga Premier League Transfer News

လမ္းပတ္ရဲ႕ အာမခံခ်က္ မရေသးတဲ့ ကီပါအတြက္ ဗလင္စီယာရဲ႕ ကမ္းလွမ္းမွဳကို ရရွိထားတဲ့ ခ်ဲလ္ဆီး

အသင္းကေန ဦးစားေပးအဆင့္အတန္း ေလ်ာ့က်လာခဲ့ၿပီး ေနာက္ပုိင္းပြဲေတြမွာ အရန္ခုံမွာသာ အခ်ိန္ကုန္ေနခဲ့ရတဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတြက္ လာလီဂါကလပ္ ဗလင္စီယာကေန အငွားေခၚယူဖို႔ ကမ္းလွမ္းမွဳတစ္ခုကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ရရွိထားေၾကာင္း စပိန္က လာတဲ့ သတင္းေတြအရ သိရပါတယ္။

ဗလင္စီယာအေျခစိုက္ ပလာဇာ ဒီေပါ့တီဗာသတင္းဌာနက ေဖာ္ျပခဲ့တဲ့ ဒီသတင္းအရေတာ့ မက္စတဲလားကလပ္အေနနဲ႔ သူတုိ႔ရဲ႕ ဦးစားေပး ဂိုးသမားအျဖစ္ ရွိေနတဲ့ ဂ်က္စပါ ဆီလက္ဆန္ကို ေရာင္းခ်သြားမွာျဖစ္ၿပီး ခ်ဲလ္ဆီးမွာ အာမခံခ်က္ မရွိေတာ့တဲ့ ကီပါကို အငွားနဲ႔ ကနဦး စတင္ေခၚယူသြားဖို႔ ရွိေနတယ္လို႔လည္း ဆုိပါတယ္။

နည္းျပ ဖရန္႔ လမ္းပတ္ကို လြယ္ကူတဲ့ ေပးဂိုးေတြနဲ႔ စိတ္ပ်က္ေစခဲ့တဲ့ ကီပါဟာ အာဆင္နယ္နဲ႔ပြဲမွာေတာ့ ဂိုးေပါက္ကာကြယ္မွဳ သုညရာခိုင္ႏွဳန္းျဖစ္ခဲ့ၿပီး ႏွစ္ႀကိမ္ကန္သြင္းရာမွာ ႏွစ္ဂိုးေပးခဲ့ရအၿပီးမွာေတာ့ ခ်ဲလ္ဆီးရဲ႕ နံပါတ္တစ္ ဦးစားေပးဂိုးသမား ရာထူးက ျပဳတ္ခဲ့သလို လက္ရွိအခ်ိန္အထိေတာ့ အနာဂတ္ မေရရာေသးတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြအေနနဲ႔ေတာ့ ကီပါကို ေႏြရာသီမွာ အစားထိုးဖို႔ အုိင္းယက္စ္အသင္းရဲ႕ ဂိုးသမား အန္ဒရီ အုိနာနာကို ေခၚယူဖို႔ စီစဥ္ေနၾကၿပီး အမ္စတာဒမ္အသင္းမွာ ငါးႏွစ္ကစားခဲ့တဲ့ လက္ရွိ ဗလင္စီယာဂိုးသမား ဆီလက္ဆန္အေနနဲ႔ကေတာ့ အသင္းေဟာင္းကို ျပန္ဖို႔ ရွိေနတဲ့ သုံးဦးသုံးဖလွယ္ ေျပာင္းေရႊ႕မွဳကို ခန္႔မွန္းမွဳေတြလည္း ရွိေနပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ စပိန္လက္ေရြးစင္ဂိုးသမား ကီပါအေနနဲ႔ ႏုိင္ငံအသင္းမွာ မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား ေဒးဗစ္ ဒေဟးယားကို ျဖဳတ္ခ်ႏိုင္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေနရာျပန္လည္လႊဲေျပာင္းေပးရမယ့္ ျပႆနာနဲ႔ ရင္ဆုိင္ေနရသလို သူ႕အေနနဲ႔ ပုံမွန္ပြဲထြက္ၿပီး လက္စြမ္းျပန္ျပႏိုင္မွသာ ျဖစ္ႏုိင္မွာမို႔ လာလီဂါကို အငွားနဲ႔ တစ္ရာသီပဲျဖစ္ျဖစ္ ေျပာင္းေရႊ႕မွဳဟာလည္း ေျဖေဆးတစ္ရပ္ျဖစ္လာႏုိင္ၿပီး ယူ႐ို ၂၀၂၁ ၿပဳိင္ပြဲႀကီး မစတင္ခင္မွာ သူ႕ရဲ႕ ေနရာကို ျပန္လည္ဆုပ္ကိုင္ႏုိင္ဖို႔ ႀကဳိးစားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အသင်းကနေ ဦးစားပေးအဆင့်အတန်း လျော့ကျလာခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရတဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတွက် လာလီဂါကလပ် ဗလင်စီယာကနေ အငှားခေါ်ယူဖို့ ကမ်းလှမ်းမှုတစ်ခုကို ချဲလ်ဆီးအသင်းအနေနဲ့ ရရှိထားကြောင်း စပိန်က လာတဲ့ သတင်းတွေအရ သိရပါတယ်။

ဗလင်စီယာအခြေစိုက် ပလာဇာ ဒီပေါ့တီဗာသတင်းဌာနက ဖော်ပြခဲ့တဲ့ ဒီသတင်းအရတော့ မက်စတဲလားကလပ်အနေနဲ့ သူတို့ရဲ့ ဦးစားပေး ဂိုးသမားအဖြစ် ရှိနေတဲ့ ဂျက်စပါ ဆီလက်ဆန်ကို ရောင်းချသွားမှာဖြစ်ပြီး ချဲလ်ဆီးမှာ အာမခံချက် မရှိတော့တဲ့ ကီပါကို အငှားနဲ့ ကနဦး စတင်ခေါ်ယူသွားဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။

နည်းပြ ဖရန့် လမ်းပတ်ကို လွယ်ကူတဲ့ ပေးဂိုးတွေနဲ့ စိတ်ပျက်စေခဲ့တဲ့ ကီပါဟာ အာဆင်နယ်နဲ့ပွဲမှာတော့ ဂိုးပေါက်ကာကွယ်မှု သုညရာခိုင်နှုန်းဖြစ်ခဲ့ပြီး နှစ်ကြိမ်ကန်သွင်းရာမှာ နှစ်ဂိုးပေးခဲ့ရအပြီးမှာတော့ ချဲလ်ဆီးရဲ့ နံပါတ်တစ် ဦးစားပေးဂိုးသမား ရာထူးက ပြုတ်ခဲ့သလို လက်ရှိအချိန်အထိတော့ အနာဂတ် မရေရာသေးတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေအနေနဲ့တော့ ကီပါကို နွေရာသီမှာ အစားထိုးဖို့ အိုင်းယက်စ်အသင်းရဲ့ ဂိုးသမား အန်ဒရီ အိုနာနာကို ခေါ်ယူဖို့ စီစဉ်နေကြပြီး အမ်စတာဒမ်အသင်းမှာ ငါးနှစ်ကစားခဲ့တဲ့ လက်ရှိ ဗလင်စီယာဂိုးသမား ဆီလက်ဆန်အနေနဲ့ကတော့ အသင်းဟောင်းကို ပြန်ဖို့ ရှိနေတဲ့ သုံးဦးသုံးဖလှယ် ပြောင်းရွှေ့မှုကို ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

အသက် ၂၅ နှစ်အရွယ် စပိန်လက်ရွေးစင်ဂိုးသမား ကီပါအနေနဲ့ နိုင်ငံအသင်းမှာ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒဟေးယားကို ဖြုတ်ချနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ နေရာပြန်လည်လွှဲပြောင်းပေးရမယ့် ပြဿနာနဲ့ ရင်ဆိုင်နေရသလို သူ့အနေနဲ့ ပုံမှန်ပွဲထွက်ပြီး လက်စွမ်းပြန်ပြနိုင်မှသာ ဖြစ်နိုင်မှာမို့ လာလီဂါကို အငှားနဲ့ တစ်ရာသီပဲဖြစ်ဖြစ် ပြောင်းရွှေ့မှုဟာလည်း ဖြေဆေးတစ်ရပ်ဖြစ်လာနိုင်ပြီး ယူရို ၂၀၂၁ ပြိုင်ပွဲကြီး မစတင်ခင်မှာ သူ့ရဲ့ နေရာကို ပြန်လည်ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.