Premier League Transfer News

ညာေနာက္ခံလူအတြက္ ကမ္းလွမ္းမွဳေတြကို ေစာင့္ေနတဲ့ ယာဂန္ ကေလာ့ပ္

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ အသင္းရဲ႕ ညာေနာက္ခံေနရာမွာ လူပိုလိုျဖစ္ေနၿပီး တစ္ပတ္လုပ္ခ ေပါင္ကိုးေသာင္း ေပးေခ်ေနရတဲ့ အဂၤလန္သား နာသန္နီယယ္လ္ ကလိုင္းကို စာခ်ဳပ္သစ္ ဆက္လက္ကမ္းလွမ္းေတာ့မွာ မဟုတ္ဘဲ လက္လႊတ္သြားဖို႔ ကမ္းလွမ္းမွဳေတြကို ေစာင့္ေမွ်ာ္ေနတယ္လို႔ ဆုိပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ အဂၤလန္လက္ေရြးစင္ေနာက္ခံလူဟာ ၂၀၁၆ ခုႏွစ္အထိ လက္ေရြးစင္အသင္းနဲ႔ ေနာက္ဆုံးကစားထားခဲ့သူျဖစ္ၿပီး လီဗာပူးလ္အသင္းကို ေပါင္ ၁၂ သန္းနဲ႔ ေရာက္လာၿပီးေနာက္ပုိင္း ႏွစ္ရာသီသာ အျပည့္အဝကစားထားရသလို ေနာက္ဆုံး သုံးရာသီမွာေတာ့ ဒဏ္ရာ၊ အငွားေတြနဲ႔သာ က်င္လည္ေနရသူျဖစ္ပါတယ္။

ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ကမာၻ႕အဆင့္အထိ တက္လွမ္းလာႏုိင္ခဲ့တဲ့ ေတာက္ပမွဳမွာေတာ့ အသက္ႀကီးၿပီး ပရိသတ္ေတြကို ပြဲမက်ေစႏုိင္ေတာ့တဲ့ ကလုိင္းတစ္ေယာက္ ဒုကၡေတြ႕ခဲ့ရၿပီး ဘုန္းေမာက္အသင္းကို အငွားသြားကစားခဲ့ရသလို ဒီရာသီအစကလည္း ျပင္းထန္တဲ့ ဒူးအရြတ္ ဒဏ္ရာေၾကာင့္ သူ႕ရဲ႕ လီဗာပူးလ္ကစားသမားဘဝက ကုန္ဆုံးရေတာ့မလိုျဖစ္ေနပါတယ္။

ခရစၥတယ္လ္ ပဲေလ့စ္အသင္းရဲ႕ အကယ္ဒမီထြက္ကစားသမားျဖစ္တဲ့ ကလုိင္းကို သူ႕ရဲ႕ ပထမဆုံးအသင္းက ျပန္လည္အလိုရွိေနၿပီး ေဒးဗစ္ မြဳိက္စ္ရဲ႕ ဝက္စ္ဟမ္းအသင္းကလည္း ခ်ဥ္းကပ္ေနသလို ဇြန္လကုန္မွာ စာခ်ဳပ္ျပည့္ခ်ိန္မွာေတာ့ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူသြားႏုိင္ဖို႔ အသင္း သုံးေလးသင္းကလည္း စိတ္ဝင္စားေနတယ္လုိ႔ ဆိုပါတယ္။

ေဆာက္သမ္တန္အသင္းမွာ အဓိက ကစားသမားျဖစ္လာခဲ့ၿပီး ေတာက္ပလာခဲ့တဲ့ ကလိုင္းဟာ အဲ့ဒီအခ်ိန္မွာ အဂၤလန္အသင္းဆီ စတင္ ထိုးေဖာက္ဝင္ေရာက္လာႏုိင္ခဲ့တာျဖစ္ၿပီး ေပၚတူဂီဝါရင့္ေနာက္ခံလူ ဆီးဒရစ္ကို လက္လႊတ္ထားရတဲ့ ေတာင္ပုိင္းကမ္းေျခအသင္းကလည္း သူတုိ႔ရဲ႕ ကစားသမားကို ျပန္လည္ရယူဖို႔ ေစာင့္ၾကည့္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အသင်းရဲ့ ညာနောက်ခံနေရာမှာ လူပိုလိုဖြစ်နေပြီး တစ်ပတ်လုပ်ခ ပေါင်ကိုးသောင်း ပေးချေနေရတဲ့ အင်္ဂလန်သား နာသန်နီယယ်လ် ကလိုင်းကို စာချုပ်သစ် ဆက်လက်ကမ်းလှမ်းတော့မှာ မဟုတ်ဘဲ လက်လွှတ်သွားဖို့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။

အသက် ၂၉ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ ၂၀၁၆ ခုနှစ်အထိ လက်ရွေးစင်အသင်းနဲ့ နောက်ဆုံးကစားထားခဲ့သူဖြစ်ပြီး လီဗာပူးလ်အသင်းကို ပေါင် ၁၂ သန်းနဲ့ ရောက်လာပြီးနောက်ပိုင်း နှစ်ရာသီသာ အပြည့်အဝကစားထားရသလို နောက်ဆုံး သုံးရာသီမှာတော့ ဒဏ်ရာ၊ အငှားတွေနဲ့သာ ကျင်လည်နေရသူဖြစ်ပါတယ်။

ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ကမ္ဘာ့အဆင့်အထိ တက်လှမ်းလာနိုင်ခဲ့တဲ့ တောက်ပမှုမှာတော့ အသက်ကြီးပြီး ပရိသတ်တွေကို ပွဲမကျစေနိုင်တော့တဲ့ ကလိုင်းတစ်ယောက် ဒုက္ခတွေ့ခဲ့ရပြီး ဘုန်းမောက်အသင်းကို အငှားသွားကစားခဲ့ရသလို ဒီရာသီအစကလည်း ပြင်းထန်တဲ့ ဒူးအရွတ် ဒဏ်ရာကြောင့် သူ့ရဲ့ လီဗာပူးလ်ကစားသမားဘဝက ကုန်ဆုံးရတော့မလိုဖြစ်နေပါတယ်။

ခရစ္စတယ်လ် ပဲလေ့စ်အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ ကလိုင်းကို သူ့ရဲ့ ပထမဆုံးအသင်းက ပြန်လည်အလိုရှိနေပြီး ဒေးဗစ် မွိုက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းကလည်း ချဉ်းကပ်နေသလို ဇွန်လကုန်မှာ စာချုပ်ပြည့်ချိန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ဖို့ အသင်း သုံးလေးသင်းကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

ဆောက်သမ်တန်အသင်းမှာ အဓိက ကစားသမားဖြစ်လာခဲ့ပြီး တောက်ပလာခဲ့တဲ့ ကလိုင်းဟာ အဲ့ဒီအချိန်မှာ အင်္ဂလန်အသင်းဆီ စတင် ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီဝါရင့်နောက်ခံလူ ဆီးဒရစ်ကို လက်လွှတ်ထားရတဲ့ တောင်ပိုင်းကမ်းခြေအသင်းကလည်း သူတို့ရဲ့ ကစားသမားကို ပြန်လည်ရယူဖို့ စောင့်ကြည့်နေကြောင်းလည်း သိရှိရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.