Premier League

ဖခင္ရဲ႕ ေမြးေန႔မွာ မာေဆးဒီးစ္ကား လက္ေဆာင္ေပးခဲ့တဲ့ ယူႏုိက္တက္ေနာက္ခံလူ ဝီလီယမ္စ္

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဘယ္ေနာက္ခံလူ ဘရန္ဒန္ ဝီလီယမ္စ္ရဲ႕ ဖခင္ကို ေမြးေန႔လက္ေဆာင္အျဖစ္ မာေဆးဒီးစ္ 4×4 ကားတစ္စီး လက္ေဆာင္ေပးခဲ့တဲ့ ဗီဒီယိုဟာ လူမွဳကြန္ယက္အေပၚမွာ ပ်ံ႕ႏွံ႔ေနခဲ့ၿပီး အားလုံးရဲ႕ သေဘာက်စြာ မွ်ေဝျခင္းနဲ႔ ခ်ီးက်ဴးမွဳေတြကို ရရွိထားတယ္လို႔ သိရပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ ေနာက္ခံလူဟာ ယူႏိုက္တက္အသင္းရဲ႕ အကယ္ဒမီထြက္ ကစားသမားတစ္ဦးျဖစ္ၿပီး နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားရဲ႕ ေနရာေပးမွဳနဲ႔အတူ အုိးလ္ထရက္ဖို႔ဒ္မွာ ပြဲေပါင္း ၂၆ ပြဲ အသုံးေတာ္ခံခဲ့ၿပီးၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ ေအာက္တုိဘာလက ေပါင္ေလးေသာင္းတန္ စာခ်ဳပ္သစ္ကုိလည္း ရရွိထားခဲ့တာပါ။

ဝီလီယမ္စ္ဟာ သူ႕ရဲ႕ ဖခင္ျဖစ္သူအတြက္ သူ႕ရဲ႕ တစ္ပတ္လုပ္ခနဲ႔ ညီမွ်တဲ့ ေပါင္ေလးေသာင္းတန္ မာေဆးဒီးစ္ကားကို လက္ေဆာင္ေပးခဲ့တာ ျဖစ္ၿပီး ဒီလိုေပးစဥ္မွာ ဗီဒီယိုမွတ္တမ္းကို မိတ္ေဆြတစ္ေယာက္ကို ႐ိုက္ကူးခိုင္းထားခဲ့စဥ္မွာ ေပ်ာ္စရာအျဖစ္အပ်က္နဲ႔ ဖခင္ျဖစ္သူရဲ႕ မယုံႏုိင္ဘဲျဖစ္ေနတဲ့ တုံ႔ျပန္မွဳကို ျမင္ခဲ့ရတာျဖစ္ပါတယ္။

ဗီဒီယိုမွာ အိမ္ထဲကေန လမ္းေပၚထြက္လာတဲ့ ဖခင္ျဖစ္သူရဲ႕ အိမ္တံခါးက အထြက္မွာ အျပင္က ေစာင့္ဆုိင္းေနၾကတဲ့ မိသားစုနဲ႔ မိတ္ေဆြေတြက ဟက္ပီဘတ္ေဒးလို႔ ဝိုင္းဝန္းဂုဏ္ျပဳခဲ့ၾကၿပီး ေဘးကေန ေရာက္လာတဲ့ ဝီလီယမ္စ္က ကားေသာ့ကို ေပးအပ္ခဲ့စဥ္မွာ ဖခင္ျဖစ္သူက တကယ္လား… ေသခ်ာရဲ႕လား… ငါေတာ့ ေတာ္ေတာ္အံ့ၾသသြားတယ္… မင္းေနာက္ေနတာမ်ားလားကြာလုိ႔ တုံ႔ျပန္ခဲ့တာပါ။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က က်ေရာက္ခဲ့တဲ့ ေမြးေန႔မွာ ဝီလီယမ္စ္ကေတာ့ ဖခင္ျဖစ္သူကို တအံ့တၾသျဖစ္သြားေအာင္ Surprise စီစဥ္ႏုိင္ခဲ့ၿပီး ဒီတြစ္တာက ဗီဒီယိုကို ၾကည့္ရွဳသူ ၁.၃ သန္းေက်ာ္၊ Like ေပါင္း ၆၆ ေထာင္ေက်ာ္နဲ႔ ျပန္လည္မွ်ေဝသူေပါင္း တစ္သိန္းခုနစ္ေထာင္ေက်ာ္ ရွိခဲ့ၾကတယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ ဘရန်ဒန် ဝီလီယမ်စ်ရဲ့ ဖခင်ကို မွေးနေ့လက်ဆောင်အဖြစ် မာဆေးဒီးစ် 4×4 ကားတစ်စီး လက်ဆောင်ပေးခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်အပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး အားလုံးရဲ့ သဘောကျစွာ မျှဝေခြင်းနဲ့ ချီးကျူးမှုတွေကို ရရှိထားတယ်လို့ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ် နောက်ခံလူဟာ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ နေရာပေးမှုနဲ့အတူ အိုးလ်ထရက်ဖို့ဒ်မှာ ပွဲပေါင်း ၂၆ ပွဲ အသုံးတော်ခံခဲ့ပြီးပြီဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက ပေါင်လေးသောင်းတန် စာချုပ်သစ်ကိုလည်း ရရှိထားခဲ့တာပါ။

ဝီလီယမ်စ်ဟာ သူ့ရဲ့ ဖခင်ဖြစ်သူအတွက် သူ့ရဲ့ တစ်ပတ်လုပ်ခနဲ့ ညီမျှတဲ့ ပေါင်လေးသောင်းတန် မာဆေးဒီးစ်ကားကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပြီး ဒီလိုပေးစဉ်မှာ ဗီဒီယိုမှတ်တမ်းကို မိတ်ဆွေတစ်ယောက်ကို ရိုက်ကူးခိုင်းထားခဲ့စဉ်မှာ ပျော်စရာအဖြစ်အပျက်နဲ့ ဖခင်ဖြစ်သူရဲ့ မယုံနိုင်ဘဲဖြစ်နေတဲ့ တုံ့ပြန်မှုကို မြင်ခဲ့ရတာဖြစ်ပါတယ်။

ဗီဒီယိုမှာ အိမ်ထဲကနေ လမ်းပေါ်ထွက်လာတဲ့ ဖခင်ဖြစ်သူရဲ့ အိမ်တံခါးက အထွက်မှာ အပြင်က စောင့်ဆိုင်းနေကြတဲ့ မိသားစုနဲ့ မိတ်ဆွေတွေက ဟက်ပီဘတ်ဒေးလို့ ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြပြီး ဘေးကနေ ရောက်လာတဲ့ ဝီလီယမ်စ်က ကားသော့ကို ပေးအပ်ခဲ့စဉ်မှာ ဖခင်ဖြစ်သူက တကယ်လား… သေချာရဲ့လား… ငါတော့ တော်တော်အံ့သြသွားတယ်… မင်းနောက်နေတာများလားကွာလို့ တုံ့ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျရောက်ခဲ့တဲ့ မွေးနေ့မှာ ဝီလီယမ်စ်ကတော့ ဖခင်ဖြစ်သူကို တအံ့တသြဖြစ်သွားအောင် Surprise စီစဉ်နိုင်ခဲ့ပြီး ဒီတွစ်တာက ဗီဒီယိုကို ကြည့်ရှုသူ ၁.၃ သန်းကျော်၊ Like ပေါင်း ၆၆ ထောင်ကျော်နဲ့ ပြန်လည်မျှဝေသူပေါင်း တစ်သိန်းခုနစ်ထောင်ကျော် ရှိခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.