Ligue1 Premier League Serie A UCL&UEL

ဘောလုံးကို လေထဲမှာ အသုံးချရာမှာ အကောင်းဆုံးဆရာကြီး ၅ ဦး

ဘောလုံးလောကမှာ အရပ်နိမ့်တဲ့သူတွေက ခြေနုတ်ခြေသိမ်းကောင်းပြီး လဲပြိုဖို့ မလွယ်တဲ့ Low Center of Gravity ဆိုတဲ့ အားသာချက်နဲ့ အလိမ်အလှည့်ပိုင်း၊ ခြေထောက်နဲ့ ကစားတဲ့ အပိုင်းကို ဦးစားပေးကြချိန်မှာ တစ်ဖက်မှာလည်း အရပ်အမောင်းမြင့်မားပြီး ခုန်အားကောင်းတဲ့သူတွေအတွက် ကျက်စားရာ အမြင့်ပိုင်း လေထုထဲမှာလည်း ကြံ့ခိုင်မှုနဲ့ ခေါင်းသုံးကစားကြသူတွေ ရှိနေပါတယ်။

တိုက်စစ်သမားတွေနဲ့ ခံစစ်သမားတွေ လေထဲမှာ Aerial Ability ချင်း ပြိုင်ကြတဲ့ ခေါင်းဦးမှု၊ ခေါင်းဦးမှုက မြစ်ဖျားခံတဲ့ တိုက်စစ်ဆင်မှု၊ တိုက်ရိုက်ဂိုးသွင်းမှုတွေကို ရှေ့တန်းတွေက အသုံးချကြသလို ခံစစ်သမားတွေကလည်း သူတို့တွေ ဂိုးမသွင်းနိုင်အောင် တားဆီးရင်း တည်ကန်ဘောတွေက ဂိုးတွေ သွင်းယူတတ်ကြရာမှာ အားလုံးထဲကမှ အကောင်းဆုံး ၅ ဦးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၅။ ဗာဂျီးလ် ဗန်ဒိုက် (လီဗာပူးလ်)
ဒတ်ချ်လက်ရွေးစင်နောက်ခံလူဟာ သူ့ရဲ့ ကစားသမားဘဝကို ဂိုးဧရိယာနှစ်ဖက်စလုံးက အောင်မြင်ထင်ရှားတဲ့ လွှမ်းမိုးမှုတွေနဲ့ သင်္ကေတ ပြုထားပါတယ်။ ခံစစ်ပိုင်မှာ သူ့ကို လေထဲမှာရော မြေပေါ်မှာပါ တစ်ဦးချင်း ကျော်ဖြတ်နိုင်သူ ရှားသလို အရပ်အမောင်း၊ ဉာဏ်ရည်မြင့်မားမှုနဲ့ ကြံ့ခိုင်မှုတွေက သူ့ကို ထိပ်တန်းအဆင့်ဆီ တွန်းပို့ပေးခဲ့တာပါ။ ဗန်ဒိုက်ရဲ့ တန်ဖိုးကို ကောင်းကောင်းသိကြသူတွေကတော့ လီဗာပူးလ်အသင်းလို့ ပြောရင် တစ်လှမ်းစောနေမှာဖြစ်ပြီး တကယ်တမ်း သိတာကတော့ ဆောက်သမ်တန်ပါပဲ။ ဒါကြောင့်လည်း သူ့ကို အာဆင်နယ်က ပေါင် ၈ သန်းသာ ပေးတဲ့အချိန်မှာ ပေါင် ၁၂ သန်းအထိ ပေးခေါ်ပြီးမှာ လီဗာပူးလ်ဆီကို ပေါင် ၇၅ သန်းနဲ့ ပြန်ရောင်းပြခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ သူတို့ဆီ မရောက်ခဲ့တဲ့ ဗန်ဒိုက်အတွက် နှမြောတသမဆုံးဖြစ်နေရချိန်မှာ လီဗာပူးလ်ကတော့ တန်မှန်းသိလို့ ခေါ်ယူပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အသက် ၃၀ အရွယ် နောက်ခံလူအနေနဲ့ တိုက်စစ်ပိုင်းမှာ အရေးပါတဲ့ ဂိုးတွေကိုလည်း သွင်းယူနိုင်သလို သူ့ရဲ့ အရပ်အမောင်းနဲ့ ခုန်အားက လေထဲမှာ သူများထက် ခေါင်းတစ်လုံး ဦးနိုင်ပြီး ကိုယ်တိုင် ဂိုးမသွင်းနိုင်ရင်တောင် အသင်းဖော်တွေ အတွက် သူ့ရဲ့ ခေါင်းတိုက်မှုတွေက ဖန်တီးမှုတွေကိုလည်း ပေးစွမ်းတတ်တာဖြစ်ပါတယ်။

၄။ ဇလာတန် အီဘရာဟီမိုဗစ်ချ် (အေစီမီလန်)
ဆွီဒင်သားကြီးကတော့ လေလုံးတွေ ထွားလွန်းလို့ လေထဲမှာ ကောင်းနေတာလားလို့ ရယ်စရာပြောရမလိုဖြစ်နေပါတယ်။ ဘယ်အသင်းအတွက်ပဲ ကစားကစား ပုံမှန်ဂိုးသွင်းပေးနေတဲ့ ၁၉၈၁ ခုနှစ်ဖွား အီဘရာဟီမိုဗစ်ချ်ဟာ လက်ရှိမှာ အသက်အရွယ်အားဖြင့် ၄၀ ပြည့်ခဲ့ပြီဖြစ်ပြီး ဘောလုံးသမိုင်းမှာ အသင်းပေါင်းများစွာမှာ အစမ်းသပ်ခံခဲ့ပြီးဖြစ်တဲ့ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ပွဲပေါင်း ၈၃၆ ပွဲမှာ ၅၀၃ ဂိုး သွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အရပ်အမောင်းရော ကြံ့ခိုင်မှုပါ ပြည့်စုံတဲ့ အီဘရာဟီမိုဗစ်ချ်ဟာ တိုက်ကွမ်ဒို ခါးပတ်နက်ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်လို့ သူ့ရဲ့ ကစားပုံတွေထဲမှာ လေထဲက Movement တွေက ဘောလုံးမဆန်ဘဲ ထူးခြားဆန်းသစ်တဲ့ ပုံစံတွေကို မြင်ရတတ်ပြီး ခပ်မြင့်မြင့် ဘိုင်စကယ်ကစ်တွေ ခုန်ပြီးမှ နောက်ပေါက်နဲ့ ချပေးတာတွေလို သူများနဲ့ တစ်မူကွဲနေတာတွေကိုလည်း တွေ့ရမှာပါ။ အသက်အရွယ် ၄၀ လို့ပဲ ဆိုနိုင်တဲ့ အချိန်မှာ ကစားတဲ့ပွဲတိုင်း ရင်သပ်ရှုမောစရာတွေကို လုပ်ဆောင်ပြနေတာတွေအတွက်တော့ မချီးကျူးဘဲ မနေနိုင်အောင်လည်းဖြစ်ကြရနိုင်ပါတယ်။

၃။ ဆာဂျီယို ရာမို့စ် (ပီအက်စ်ဂျီ)
ရီးရဲလ်မက်ဒရစ်အသင်းမှာ ၁၆ နှစ်ကြာအောင် ကစားပေးခဲ့တဲ့ ဆီဗီလာအကယ်ဒမီထွက် စပိန်သားကြီးဟာ ပီအက်စ်ဂျီအသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လာရာမှာတော့ ပွဲထွက်ဖို့ စောင့်ဆိုင်းနေခဲ့ရတာပါ။ ဒီတစ်ခါ ရေးသားဖော်ပြထားတဲ့ စာရင်းမှာ အရပ်အပုဆုံးလို့လည်း ပြောလို့ရတဲ့ နောက်ခံလူ ဆိုပေးကြီးဟာ အနီကတ်တွေနဲ့လည်း ကျော်ကြားသူဖြစ်ပေမယ့် အဖိုးတန်ဂိုးတွေနဲ့လည်း အမှောင်ခြမ်းကို လွှမ်းပစ်နိုင်သူဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့စဉ်က ၅ နာရီကြာအောင် စမ်းသပ်ခဲ့တဲ့ မာရသွန် ဆေးစစ်မှုမှာ ၃၅ နှစ်သားကြီးရဲ့ အမှန်တကယ် ခန္ဓာကိုယ် ဖွဲ့စည်းမှုက ၂၅ နှစ်သားတစ်ယောက်ရဲ့ အရှိအတိုင်းပုံစံနဲ့ တူနေခဲ့တာကို အံအားသင့်ဖွယ်ရာ တွေ့ရှိခဲ့ရပြီး သူ့ရဲ့ ခံစစ်မှာရော တိုက်စစ်မှာပါ လေထဲက ခေါင်းဦးတဲ့ ပုံစံကို ဆက်လက်ထိန်းသိမ်းနိုင်ဦးမှာဖြစ်ပါတယ်။ မားကင်ညို့စ်နဲ့ သူနဲ့ တွဲဖက်လာမယ့် ပါရီသားတွေရဲ့ နောက်တန်းကတော့ ချန်ပီယံလိဂ်ကို ရယူဖို့ အထင်ကြီးခံထားရပြီး သူ့ရဲ့ ပရိသတ်တွေကတော့ ပြန်ကစားတာကို အမြန်ဆုံး မြင်ချင်နေကြသလို ကြိုတင်ရင်ခုန်နေကြပါပြီ။

၂။ အိုလီဗီးယေး ဂျီရူး (အေစီမီလန်)
မောင့်ပယ်လီယေးအသင်းနဲ့အတူ လူသိများလာခဲ့တဲ့ တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းမှာ တောက်ပလာခဲ့ပြီး လေထဲမှာ အားလုံးထက် ဦးအောင် ဘောလုံးရယူနိုင်တဲ့ အားသာချက်က ထူးခြားထင်ရှားခဲ့ပါတယ်။ ပြင်သစ်အသင်းရဲ့ ဒုတိယအများဆုံး ဂိုးသွင်းရှင်ဟာ အာဆင်နယ်အသင်းမှာ လေထဲမှာရော မြေပေါ်မှာပါ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားပုံ ကောင်းမွန်သူဖြစ်ပြီး First Touch, One Touch ကောင်းသူအဖြစ် တိုက်စစ်မှာ ဖန်တီးမှု မြင့်မားသူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးကို အရောက်မှာတော့ မသန်တဲ့ ညာခြေကပါ ပိုကောင်းလာခဲ့ပြီး ထူးချွန်တဲ့ ခေါင်းတိုက်စွမ်းရည်တွေက အသင်းကို အောင်မြင်မှုတွေဆီ ပို့ဆောင်ပေးခဲ့သလို ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားနှစ်လုံးကို ရယူခဲ့နိုင်ခဲ့တာပါ။ ဒီရာသီအစမှာ အေစီမီလန်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ၃၄ နှစ်သားကြီးဟာ အရန်ခုံကနေလည်း အသင်းကို ကယ်တင်ပေးတတ်သူဖြစ်ပြီး ငယ်ရွယ်စဉ်ကလောက် သွက်လက်ခြင်း မရှိတော့ပေမယ့် တွက်ချက်ကစားတဲ့ ပုံစံနဲ့ နေရာယူမှုတွေမှာ ပိုမိုထက်မြက်လာခဲ့တာပါ။

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို (မန်ချက်စတာယူနိုက်တက်)
ရပ်ပြီး ခုန်ရင်တောင် သူများတွေထက်သာတဲ့ ပေါ်တူဂီသားကြီးဟာ သူ့ရဲ့ တောင်ပံကစားပုံကနေ နံပါတ် ၉ တိုက်စစ်မှူးနေရာကို အလွယ်တကူ ပြောင်းလဲနိုင်ခဲ့တာဟာ လေထဲက စွမ်းဆောင်ရည်ကြောင့်လည်းဖြစ်ပါတယ်။ မြက်ခင်းစိမ်းတွေပေါ်မှာ ကစားနေဆဲမှာတောင် ဂန္ထဝင်အဖြစ် ကြိုတင်ပြီး သတ်မှတ်ခံရတဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်အထိ ခေါင်းတိုက်ဂိုး ၁၀၉ ဂိုး သွင်းယူထားသူဖြစ်ပြီး ၆ ပေ ၂ လက်မ အရပ်အတွက်တော့ တော်တော့်ကို များပြားတဲ့ ပမာဏလည်းဖြစ်နေပါတယ်။

တစ်ဖက်ခံစစ်သမားတွေထက် ပိုမြင့်အောင် ခုန်နိုင်တာ၊ နောက်တန်းလူ ချိန်သားမကိုက်တဲ့ ဘောလုံးမျိုးကို ရုတ်တရက် ဆတ်ခနဲခုန်ပြီး အဆုံးသတ်နိုင်တာတွေက ပေါ်တူဂီသားကြီးရဲ့ ထူးချွန်မှုတွေဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်မှာလည်း အကောင်းဆုံး ကြံ့ခိုင်မှုနဲ့ ယှဉ်ပြိုင်နေနိုင်ဆဲဖြစ်သလို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေမှာ သူမျှော်မှန်းထားခဲ့သလိုမျိုး မန်ချက်စတာယူနိုက်တက်ကို ဘယ်လောက်အထိ ထမ်းတင်ပေးသွားနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးေလာကမွာ အရပ္နိမ့္တဲ့သူေတြက ေျခႏုတ္ေျခသိမ္းေကာင္းၿပီး လဲၿပိဳဖို႔ မလြယ္တဲ့ Low Center of Gravity ဆိုတဲ့ အားသာခ်က္နဲ႔ အလိမ္အလွည့္ပိုင္း၊ ေျခေထာက္နဲ႔ ကစားတဲ့ အပိုင္းကို ဦးစားေပးၾကခ်ိန္မွာ တစ္ဖက္မွာလည္း အရပ္အေမာင္းျမင့္မားၿပီး ခုန္အားေကာင္းတဲ့သူေတြအတြက္ က်က္စားရာ အျမင့္ပိုင္း ေလထုထဲမွာလည္း ႀကံ့ခိုင္မႈနဲ႔ ေခါင္းသုံးကစားၾကသူေတြ ရွိေနပါတယ္။

တိုက္စစ္သမားေတြနဲ႔ ခံစစ္သမားေတြ ေလထဲမွာ Aerial Ability ခ်င္း ၿပိဳင္ၾကတဲ့ ေခါင္းဦးမႈ၊ ေခါင္းဦးမႈက ျမစ္ဖ်ားခံတဲ့ တိုက္စစ္ဆင္မႈ၊ တိုက္႐ိုက္ဂိုးသြင္းမႈေတြကို ေရွ႕တန္းေတြက အသုံးခ်ၾကသလို ခံစစ္သမားေတြကလည္း သူတို႔ေတြ ဂိုးမသြင္းႏိုင္ေအာင္ တားဆီးရင္း တည္ကန္ေဘာေတြက ဂိုးေတြ သြင္းယူတတ္ၾကရာမွာ အားလုံးထဲကမွ အေကာင္းဆုံး ၅ ဦးကို ေ႐ြးခ်ယ္ေဖာ္ျပလိုက္ပါတယ္။

၅။ ဗာဂ်ီးလ္ ဗန္ဒိုက္ (လီဗာပူးလ္)
ဒတ္ခ်္လက္ေ႐ြးစင္ေနာက္ခံလူဟာ သူ႔ရဲ႕ ကစားသမားဘဝကို ဂိုးဧရိယာႏွစ္ဖက္စလုံးက ေအာင္ျမင္ထင္ရွားတဲ့ လႊမ္းမိုးမႈေတြနဲ႔ သေကၤတ ျပဳထားပါတယ္။ ခံစစ္ပိုင္မွာ သူ႔ကို ေလထဲမွာေရာ ေျမေပၚမွာပါ တစ္ဦးခ်င္း ေက်ာ္ျဖတ္ႏိုင္သူ ရွားသလို အရပ္အေမာင္း၊ ဉာဏ္ရည္ျမင့္မားမႈနဲ႔ ႀကံ့ခိုင္မႈေတြက သူ႔ကို ထိပ္တန္းအဆင့္ဆီ တြန္းပို႔ေပးခဲ့တာပါ။ ဗန္ဒိုက္ရဲ႕ တန္ဖိုးကို ေကာင္းေကာင္းသိၾကသူေတြကေတာ့ လီဗာပူးလ္အသင္းလို႔ ေျပာရင္ တစ္လွမ္းေစာေနမွာျဖစ္ၿပီး တကယ္တမ္း သိတာကေတာ့ ေဆာက္သမ္တန္ပါပဲ။ ဒါေၾကာင့္လည္း သူ႔ကို အာဆင္နယ္က ေပါင္ ၈ သန္းသာ ေပးတဲ့အခ်ိန္မွာ ေပါင္ ၁၂ သန္းအထိ ေပးေခၚၿပီးမွာ လီဗာပူးလ္ဆီကို ေပါင္ ၇၅ သန္းနဲ႔ ျပန္ေရာင္းျပခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ သူတို႔ဆီ မေရာက္ခဲ့တဲ့ ဗန္ဒိုက္အတြက္ ႏွေျမာတသမဆုံးျဖစ္ေနရခ်ိန္မွာ လီဗာပူးလ္ကေတာ့ တန္မွန္းသိလို႔ ေခၚယူၿပီး ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ဖလားေတြကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ အသက္ ၃၀ အ႐ြယ္ ေနာက္ခံလူအေနနဲ႔ တိုက္စစ္ပိုင္းမွာ အေရးပါတဲ့ ဂိုးေတြကိုလည္း သြင္းယူႏိုင္သလို သူ႔ရဲ႕ အရပ္အေမာင္းနဲ႔ ခုန္အားက ေလထဲမွာ သူမ်ားထက္ ေခါင္းတစ္လုံး ဦးႏိုင္ၿပီး ကိုယ္တိုင္ ဂိုးမသြင္းႏိုင္ရင္ေတာင္ အသင္းေဖာ္ေတြ အတြက္ သူ႔ရဲ႕ ေခါင္းတိုက္မႈေတြက ဖန္တီးမႈေတြကိုလည္း ေပးစြမ္းတတ္တာျဖစ္ပါတယ္။

၄။ ဇလာတန္ အီဘရာဟီမိုဗစ္ခ်္ (ေအစီမီလန္)
ဆြီဒင္သားႀကီးကေတာ့ ေလလုံးေတြ ထြားလြန္းလို႔ ေလထဲမွာ ေကာင္းေနတာလားလို႔ ရယ္စရာေျပာရမလိုျဖစ္ေနပါတယ္။ ဘယ္အသင္းအတြက္ပဲ ကစားကစား ပုံမွန္ဂိုးသြင္းေပးေနတဲ့ ၁၉၈၁ ခုႏွစ္ဖြား အီဘရာဟီမိုဗစ္ခ်္ဟာ လက္ရွိမွာ အသက္အ႐ြယ္အားျဖင့္ ၄၀ ျပည့္ခဲ့ၿပီျဖစ္ၿပီး ေဘာလုံးသမိုင္းမွာ အသင္းေပါင္းမ်ားစြာမွာ အစမ္းသပ္ခံခဲ့ၿပီးျဖစ္တဲ့ အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ ပြဲေပါင္း ၈၃၆ ပြဲမွာ ၅၀၃ ဂိုး သြင္းယူထားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အရပ္အေမာင္းေရာ ႀကံ့ခိုင္မႈပါ ျပည့္စုံတဲ့ အီဘရာဟီမိုဗစ္ခ်္ဟာ တိုက္ကြမ္ဒို ခါးပတ္နက္ကိုလည္း ပိုင္ဆိုင္ထားသူျဖစ္လို႔ သူ႔ရဲ႕ ကစားပုံေတြထဲမွာ ေလထဲက Movement ေတြက ေဘာလုံးမဆန္ဘဲ ထူးျခားဆန္းသစ္တဲ့ ပုံစံေတြကို ျမင္ရတတ္ၿပီး ခပ္ျမင့္ျမင့္ ဘိုင္စကယ္ကစ္ေတြ ခုန္ၿပီးမွ ေနာက္ေပါက္နဲ႔ ခ်ေပးတာေတြလို သူမ်ားနဲ႔ တစ္မူကြဲေနတာေတြကိုလည္း ေတြ႕ရမွာပါ။ အသက္အ႐ြယ္ ၄၀ လို႔ပဲ ဆိုႏိုင္တဲ့ အခ်ိန္မွာ ကစားတဲ့ပြဲတိုင္း ရင္သပ္ရႈေမာစရာေတြကို လုပ္ေဆာင္ျပေနတာေတြအတြက္ေတာ့ မခ်ီးက်ဴးဘဲ မေနႏိုင္ေအာင္လည္းျဖစ္ၾကရႏိုင္ပါတယ္။

၃။ ဆာဂ်ီယို ရာမို႔စ္ (ပီအက္စ္ဂ်ီ)
ရီးရဲလ္မက္ဒရစ္အသင္းမွာ ၁၆ ႏွစ္ၾကာေအာင္ ကစားေပးခဲ့တဲ့ ဆီဗီလာအကယ္ဒမီထြက္ စပိန္သားႀကီးဟာ ပီအက္စ္ဂ်ီအသင္းကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕လာရာမွာေတာ့ ပြဲထြက္ဖို႔ ေစာင့္ဆိုင္းေနခဲ့ရတာပါ။ ဒီတစ္ခါ ေရးသားေဖာ္ျပထားတဲ့ စာရင္းမွာ အရပ္အပုဆုံးလို႔လည္း ေျပာလို႔ရတဲ့ ေနာက္ခံလူ ဆိုေပးႀကီးဟာ အနီကတ္ေတြနဲ႔လည္း ေက်ာ္ၾကားသူျဖစ္ေပမယ့္ အဖိုးတန္ဂိုးေတြနဲ႔လည္း အေမွာင္ျခမ္းကို လႊမ္းပစ္ႏိုင္သူျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕စဥ္က ၅ နာရီၾကာေအာင္ စမ္းသပ္ခဲ့တဲ့ မာရသြန္ ေဆးစစ္မႈမွာ ၃၅ ႏွစ္သားႀကီးရဲ႕ အမွန္တကယ္ ခႏၶာကိုယ္ ဖြဲ႕စည္းမႈက ၂၅ ႏွစ္သားတစ္ေယာက္ရဲ႕ အရွိအတိုင္းပုံစံနဲ႔ တူေနခဲ့တာကို အံအားသင့္ဖြယ္ရာ ေတြ႕ရွိခဲ့ရၿပီး သူ႔ရဲ႕ ခံစစ္မွာေရာ တိုက္စစ္မွာပါ ေလထဲက ေခါင္းဦးတဲ့ ပုံစံကို ဆက္လက္ထိန္းသိမ္းႏိုင္ဦးမွာျဖစ္ပါတယ္။ မားကင္ညိဳ႕စ္နဲ႔ သူနဲ႔ တြဲဖက္လာမယ့္ ပါရီသားေတြရဲ႕ ေနာက္တန္းကေတာ့ ခ်န္ပီယံလိဂ္ကို ရယူဖို႔ အထင္ႀကီးခံထားရၿပီး သူ႔ရဲ႕ ပရိသတ္ေတြကေတာ့ ျပန္ကစားတာကို အျမန္ဆုံး ျမင္ခ်င္ေနၾကသလို ႀကိဳတင္ရင္ခုန္ေနၾကပါၿပီ။

၂။ အိုလီဗီးေယး ဂ်ီ႐ူး (ေအစီမီလန္)
ေမာင့္ပယ္လီေယးအသင္းနဲ႔အတူ လူသိမ်ားလာခဲ့တဲ့ တိုက္စစ္မႉးဟာ အာဆင္နယ္အသင္းမွာ ေတာက္ပလာခဲ့ၿပီး ေလထဲမွာ အားလုံးထက္ ဦးေအာင္ ေဘာလုံးရယူႏိုင္တဲ့ အားသာခ်က္က ထူးျခားထင္ရွားခဲ့ပါတယ္။ ျပင္သစ္အသင္းရဲ႕ ဒုတိယအမ်ားဆုံး ဂိုးသြင္းရွင္ဟာ အာဆင္နယ္အသင္းမွာ ေလထဲမွာေရာ ေျမေပၚမွာပါ အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ကစားပုံ ေကာင္းမြန္သူျဖစ္ၿပီး First Touch, One Touch ေကာင္းသူအျဖစ္ တိုက္စစ္မွာ ဖန္တီးမႈ ျမင့္မားသူလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးကို အေရာက္မွာေတာ့ မသန္တဲ့ ညာေျခကပါ ပိုေကာင္းလာခဲ့ၿပီး ထူးခြၽန္တဲ့ ေခါင္းတိုက္စြမ္းရည္ေတြက အသင္းကို ေအာင္ျမင္မႈေတြဆီ ပို႔ေဆာင္ေပးခဲ့သလို ယူ႐ိုပါလိဂ္နဲ႔ ခ်န္ပီယံလိဂ္ ဖလားႏွစ္လုံးကို ရယူခဲ့ႏိုင္ခဲ့တာပါ။ ဒီရာသီအစမွာ ေအစီမီလန္ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ၃၄ ႏွစ္သားႀကီးဟာ အရန္ခုံကေနလည္း အသင္းကို ကယ္တင္ေပးတတ္သူျဖစ္ၿပီး ငယ္႐ြယ္စဥ္ကေလာက္ သြက္လက္ျခင္း မရွိေတာ့ေပမယ့္ တြက္ခ်က္ကစားတဲ့ ပုံစံနဲ႔ ေနရာယူမႈေတြမွာ ပိုမိုထက္ျမက္လာခဲ့တာပါ။

၁။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို (မန္ခ်က္စတာယူႏိုက္တက္)
ရပ္ၿပီး ခုန္ရင္ေတာင္ သူမ်ားေတြထက္သာတဲ့ ေပၚတူဂီသားႀကီးဟာ သူ႔ရဲ႕ ေတာင္ပံကစားပုံကေန နံပါတ္ ၉ တိုက္စစ္မႉးေနရာကို အလြယ္တကူ ေျပာင္းလဲႏိုင္ခဲ့တာဟာ ေလထဲက စြမ္းေဆာင္ရည္ေၾကာင့္လည္းျဖစ္ပါတယ္။ ျမက္ခင္းစိမ္းေတြေပၚမွာ ကစားေနဆဲမွာေတာင္ ဂႏၴဝင္အျဖစ္ ႀကိဳတင္ၿပီး သတ္မွတ္ခံရတဲ့ ေရာ္နယ္လ္ဒိုဟာ လက္ရွိအခ်ိန္အထိ ေခါင္းတိုက္ဂိုး ၁၀၉ ဂိုး သြင္းယူထားသူျဖစ္ၿပီး ၆ ေပ ၂ လက္မ အရပ္အတြက္ေတာ့ ေတာ္ေတာ့္ကို မ်ားျပားတဲ့ ပမာဏလည္းျဖစ္ေနပါတယ္။

တစ္ဖက္ခံစစ္သမားေတြထက္ ပိုျမင့္ေအာင္ ခုန္ႏိုင္တာ၊ ေနာက္တန္းလူ ခ်ိန္သားမကိုက္တဲ့ ေဘာလုံးမ်ိဳးကို ႐ုတ္တရက္ ဆတ္ခနဲခုန္ၿပီး အဆုံးသတ္ႏိုင္တာေတြက ေပၚတူဂီသားႀကီးရဲ႕ ထူးခြၽန္မႈေတြျဖစ္ၿပီး အသက္ ၃၆ ႏွစ္အ႐ြယ္မွာလည္း အေကာင္းဆုံး ႀကံ့ခိုင္မႈနဲ႔ ယွဥ္ၿပိဳင္ေနႏိုင္ဆဲျဖစ္သလို ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ေတြမွာ သူေမွ်ာ္မွန္းထားခဲ့သလိုမ်ိဳး မန္ခ်က္စတာယူႏိုက္တက္ကို ဘယ္ေလာက္အထိ ထမ္းတင္ေပးသြားႏိုင္မလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.