Analysis Article Premier League

Expiredဖြစ်တော့မယ့် ရွှေရောင်နေ့ရက်တွေကို သက်တမ်းတိုးဖို့ တူဟယ်လ် ပြောင်းလဲသင့်တဲ့အချက်များ

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်အတွက် အချိန်အကြာကြီးမှာ ပထမဆုံးအကြိမ်အဖြစ် အရယ်အပြုံးအလွန်နည်းတဲ့ကာလဖြစ်လာနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီမှာ အသင်းကို ရောက်ရှိလာပြီးကတည်းက နိုင်ပွဲတွေ ဆက်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲထိပါ နိုင်ပွဲတွေက ရှေ့ဆက်သွားခဲ့တာဖြစ်ပါတယ်။

ယခုရာသီမှာ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းဆီကနေ သရဖူကို လုယူမယ့် အဓိကပြိုင်ဘက်အဖြစ် စတင်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ စတင်ပြီး အထစ်အငေါ့တွေ ရှိလာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ၅ ရက်အတွင်း ၂ ကြိမ်အထိ ရှုံးပွဲ တွေ့ခဲ့ရပြီး ၂ ပွဲစလုံးမှာ စုစုပေါင်း ဂိုးပေါက်ကန်သွင်းမှုက ရှားရှားပါးပါး တစ်ကြိမ်သာ ရှိခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနဲ့ ဂျူဗင်တပ်အသင်းတို့ကို ၁-၀ နဲ့ ဆက်တိုက် ရှုံးနိမ့်ခဲ့တာက ဘယ်အသင်းမဆို ဖြစ်နိုင်ပေမယ့် တူရင်မှာ ရှုံးနိမ့်ခဲ့မှုကတော့ တူဟယ်ကို စိတ်ပျက်ဒေါသထွက်စေခဲ့ပြီး ၎င်းမြင်တွေ့ခဲ့ရတဲ့ ခြေစွမ်းဟာ ထူးဆန်းတယ်လို့ ညည်းတွားခဲ့ပါတယ်။ ပွဲပန်းမှုနဲ့ ခြေစွမ်းကျဆင်းနေမှုက ချဲလ်ဆီးအသင်းရဲ့ ရှုံးပွဲ ၂ ပွဲမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး တူဟယ်အနေနဲ့ ကစားသမားတွေကို ပုံမှန်ခြေစွမ်းနဲ့ နိုင်ပွဲတွေ ပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်နေတာကြောင့် ဂျာမန်လူမျိုးနည်းပြအနေနဲ့ အသင်းရဲ့ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

၁။ မေဆန် မောင့်အပေါ် အလွန်အကျွံ မှီခိုနေရခြင်း

ချဲလ်ဆီးအသင်းဟာ မေဆန် မောင့်ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ရွေ့လျားမှုတွေကို ဘယ်လောက်တောင် လွမ်းဆွတ်နေလဲဆိုတာ စိတ်ကူးနဲ့မဟုတ်ဘဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ၂ ပွဲက သက်သေခံနေပါတယ်။ ချဲလ်ဆီးအသင်းဟာ မောင့် ဒဏ်ရာရရှိနေချိန်မှာ တိုက်စစ်နဲ့ ကွင်းလယ် အချိတ်အဆက်ပြုတ်နေတာကြောင့် တိုက်စစ်က လူကာကူအတွက် အခွင့်အရေးဖန်တီးပေးမယ့်သူမရှိတဲ့အပြင် ဘောလုံးဖြန့်ဝေမှုနဲ့ ဘောလုံးနဲ့အတူ ပြင်းထန်တဲ့ဖိအားပေးနိုင်မှုမရှိတာကြောင့် နေရာလွတ်တွေလည်း ရှာဖွေနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ဂျူဗင်တပ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို ပျော်ပျော်ကြီး ပေးထားခဲ့ပြီး နောက်တန်းမှာ အခိုင်အမာပိတ်ကစားရင်း တန်ပြန်တိုက်စစ်ကနေ ဖက်ဒရီကို ချီယေဆာရဲ့ အနိုင်ဂိုးနဲ့ အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

၂။ အိုဇေးလ်လက်သစ်ဖြစ်လာနိုင်တဲ့ ဟာဗက်ဇ်

ခိုင် ဟာဗက်ဇ်ဟာ လေဗာကူဆင်အသင်းကနေ ချဲလ်ဆီးကို ရောက်ရှိလာပြီးနောက် ပထမဆုံးရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက်ပိုင်း ယခုရာသီမှာ အသင်းဆီကနေ အများကြီး မျှော်လင့်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း တူရင်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဘောလုံးကို ၁၅ ကြိမ် ပေးခဲ့ရပြီး အခြား ချဲလ်ဆီးအသင်းဖော်တွေအားလုံးထက် ဘောလုံးပိုမိုဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာ ခရောက်ချ်ကတော့ ဟာဗက်ဇ်ဟာ အာဆင်နယ်ကွင်းလယ်ဖန်တီးရှင်ဟောင်း အိုဇေးလ်နဲ့ တူတဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပြီး နည်းစနစ်ပိုင်းအရမ်းကောင်းပေမယ့် ပုံစံက ပျင်းတိပျင်းရွဲဖြစ်နေတာကြောင့် စိတ်ပျက်စေနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဟားဗတ်ဇ်ဟာ ထိပ်တန်းပါရမီရှိသူဖြစ်ပေမယ့်လည်း ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှာ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး တူဟယ်ကို နည်းပြအဖြစ် ချဲလ်ဆီးအသင်းက ခန့်အပ်ခဲ့တဲ့ အကြောင်းအရင်းတွေထဲမှာ ဂျာမန်ကစားသမားတွေဖြစ်တဲ့ တီမို ဗာနာနဲ့ ခိုင် ဟာဗက်ဇ်တို့ရဲ့အကောင်းဆုံးပုံစံကို ရရှိလာအောင် လုပ်ဖို့ဆိုတာလည်း ပါဝင်တာကြောင့် အမှန်တကယ်ဖြစ်မြောက်အောင် လုပ်ရမယ့်အချိန်ရောက်နေပါပြီ။

၃။ ဂိုးရှေ့မှာ လမ်းပျောက်နေတဲ့ လူကာကူ

လူကာကူဟာ ချဲလ်ဆီးအသင်းကို ပြန်လာပြီးကတည်းက မေဆန် မောင့်မပါဝင်တဲ့ ပွဲစဉ် ၂ ပွဲမှာ အဆိုးရွားဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့တယ်ဆိုတာက တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ခံစားရပါတယ်။ ၂ ပွဲပေါင်း မိနစ် ၁၈၀ မှာ တစ်သင်းလုံးဆီကနေ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်သာ ရှိခဲ့တာက ဒီအသင်းမှာ တိုက်စစ်ဖရိုဖရဲဘယ်လောက်ဖြစ်နေလဲဆိုတာကို အထင်အရှားပြသလိုက်တာပဲဖြစ်ပါတယ်။ လူကာကူဟာ တူရင်မှာ ၎င်းရဲ့ အသင်းဖော် ကွင်းလယ်ကစားသမားတွေဆီကနေ လွဲမှားတဲ့ ပေးပို့မှုနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပြုလုပ်မှုတို့အတွက် အကြိမ်ပေါင်းများစွာ လက် ၂ ဖက်ကို စိတ်ပျက်လက်ပျက်နဲ့ ရိုက်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို အချိန်အပိုင်းအခြားတစ်ခုမှာ ၇၀ ရာခိုင်နှုန်းထက်ပိုပြီး တိုးမြှင့်ရယူနိုင်ပေမယ့် ပေါင် ၉၈ သန်းတန် တိုက်စစ်မှူးအတွက်တော့ ဘာမှ ဖန်တီးပေးနိုင်ခဲ့ခြင်းမရှိဘူးဆိုတာပါပဲ။ လူကာကူဟာ အဲဒီပွဲစဉ်တွေမှာ အသင်းအတွက် ဂိုးသွင်းမပေးနိုင်ခဲ့ပါဘူး။ အမှန်အတိုင်းပြောရရင် သူ့မှာ ဂိုးသွင်းဖို့ အခွင့်အရေး မရခဲ့ပါဘူး။ တူဟယ်အနေနဲ့ ဒီအတိုင်း အကြာကြီး ရှေ့ဆက်သွားလို့မရတော့ဘူးဆိုတာတော့ ပြောဖို့တောင် လိုမယ်မထင်ပဲ သူရဲ့ ချဲလ်ဆီးအသင်းနဲ့ ပျားရည်စမ်းခရီး မကုန်ဆုံးစေပဲ အသက်ဆက်ရအောင် အချက် ၂ ချက်ကို အဓိက အမြန်ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။ ဒီအချက်တွေကတော့ …

၁။ ချေးဝဲလ်အတွက် အလွန်ဆိုကို ချောင်ထိုးရတော့မယ့် အချိန်ရောက်ပြီ

ဘန် ချေးဝဲလ်ဟာ ယခုရာသီမှာ ဘယ်နောက်ခံတောင်ပံမှာ ခြေစွမ်းပြနေတဲ့ မားကို့စ် အလွန်ဆိုကြောင့် ပွဲထွက်ကစားခွင့်ရရှိဖို့အတွက် စိတ်ရှည်သည်းခံနေရပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်လူစာရင်းထဲမှာ အရန်ကစားသမားဖြစ်ခဲ့ရတဲ့ ချေးဝဲလ်အတွက် နောက်ထပ်စိတ်ပျက်စရာဖြစ်လာခဲ့တာဖြစ်ပြီး အလွန်ဆိုဟာ တူရင်က ပွဲစဉ် ပထမပိုင်းမှာ ပွဲပန်းပြီး နွမ်းနယ်နေပုံရတာကြောင့် ချေးဝဲလ်အနေနဲ့ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ အလွန်ဆိုဟာ မန်စီးတီးနဲ့ပွဲမှာ အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ဘဲ ယခုအပတ် ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ချေးဝဲလ်အနေနဲ့ ယခုရာသီ ၎င်းရဲ့ ပထမဆုံးလိဂ်မှာ ပွဲထွက်ကစားရတဲ့ပွဲစဉ်အဖြစ် ပါဝင်ကစားပေးဖို့ အခွင့်အရေးရှိနေပြီလို့ ခံစားနေရမှာဖြစ်ပါတယ်။

ချေးဝဲလ်ဟာ ၂၀၂၁-၂၀၂၂ ရာသီကို အက်စ်တွန်ဗီလာကို အနိုင်ရရှိခဲ့တဲ့ ပြီးခဲ့တဲ့အပတ် လိဂ်ဖလားပွဲစဉ်မှာသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး တူရင်မှာ အလွန်ဆို စောစောစီးစီး လူစားလဲလှယ်ခြင်းခံခဲ့ရတာက အင်္ဂလန်နောက်ခံကစားသမားအတွက် တံခါးလေး ဟသွားတဲ့အခိုက်အတံ့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နည်းပြ သောမတ်စ် တူဟယ်ရဲ့ လက်အောက်မှာ တံခါးပိတ်တော့မယ့်ပုံပေါ်လာတဲ့အခါမှာတော့ တံခါးကို အတင်းဖွင့်ပြီး ဝင်သွားဖို့ပဲ ကျန်ပါတော့တယ်။

၂။ မောင့်နေရာ အစားထိုးနိုင်မယ့် အမေ့လျော့ခံ ကစားသမားကို စအသုံးပြုသင့်ပြီ

ယခုရာသီမှာ ဒဏ်ရာပြသနာတွေနဲ့ မကြာခဏ မပါဝင်နိုင်ဖြစ်နေတဲ့ ကွင်းလယ်အင်ဂျင်ရဲ့ စက်သွားတခုဖြစ်တဲ့ မေဆန်မောင့်နေရာ လိုအပ်လျှင် အရန်သင့် အစားထိုးဖို့ တူဟယ်လ်အတွက် အပူတပြင်းလိုအပ်နေပြီး ပူလီရှစ်ချ်ကလည်း ဒဏ်ရာကြောင့် ကာလရှည်နား နေရသလို ဇီးယက်ရှ်ရဲ့ ပရီးမီးယားလိဂ်နဲ့ အံမကိုက်တဲ့ ခွန်အားနည်းမှုအတွက်လည်း ခေါင်းခဲစရာဖြစ်နေပါတယ်။

ဒီပြသနာကို အဖြေရှာပေးမယ့်သူကတော့ အဆင်သင့်ရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းသို့ အငှားချဖို့ စီစဉ်ခဲ့ပေမယ့် မဖြစ်မြောက်ခဲ့လို့ အသင်းမှာ ဆက်လက်ကျန်ရှိနေတဲ့ အင်္ဂလန်သားတောင်ပံတိုက်စစ်မှူး ဟဒ်ဆန်-အိုဒွိုင်း ဖြစ်ပါတယ်။ ဟဒ်ဆန်-အိုဒွိုင်းအနေနဲ့ ဘယ်တောင်ပံမှနေပြီး တိုက်စစ်မှူးလူကာကူးကို ချိတ်ဆက် ပံ့ပိုးပေးနိုင်သလို လိုအပ်လျှင် ခံစစ်ပါ မာမာထန်ထန် ဆင်းကူနိုင်တဲ့ အရည်အသွေးလည်းရှိပါတယ်။ နည်းပြတူဟယ်လ်အနေနဲ့ ဂျူဗင်တပ်နဲ့ပွဲ ၆၂ မိနစ်မှာ ဟဒ်ဆန်-အိုဒွိုင်းကို ဇီးယက်ရှ်နေရာလူစားဝင်ရောက်ကစားစေခဲ့ပြီး လာမည့်ပွဲများတွင်နေရာပိုပေးလာလေမလား စောင့်ကြည့်ရမှာ ဖြစ်ပါတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္အတြက္ အခ်ိန္အၾကာႀကီးမွာ ပထမဆုံးအႀကိမ္အျဖစ္ အရယ္အၿပဳံးအလြန္နည္းတဲ့ကာလျဖစ္လာေနၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ဇန္နဝါရီမွာ အသင္းကို ေရာက္ရွိလာၿပီးကတည္းက ႏိုင္ပြဲေတြ ဆက္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲထိပါ ႏိုင္ပြဲေတြက ေရွ႕ဆက္သြားခဲ့တာျဖစ္ပါတယ္။

ယခုရာသီမွာ ခ်ဲလ္ဆီးအသင္းက ပရီးမီးယားလိဂ္ ခ်န္ပီယံ မန္ခ်က္စတာစီးတီးအသင္းဆီကေန သရဖူကို လုယူမယ့္ အဓိကၿပိဳင္ဘက္အျဖစ္ စတင္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းဟာ စတင္ၿပီး အထစ္အေငါ့ေတြ ရွိလာခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ ၅ ရက္အတြင္း ၂ ႀကိမ္အထိ ရႈံးပြဲ ေတြ႕ခဲ့ရၿပီး ၂ ပြဲစလုံးမွာ စုစုေပါင္း ဂိုးေပါက္ကန္သြင္းမႈက ရွားရွားပါးပါး တစ္ႀကိမ္သာ ရွိခဲ့တာျဖစ္ပါတယ္။

မန္စီးတီးနဲ႔ ဂ်ဴဗင္တပ္အသင္းတို႔ကို ၁-၀ နဲ႔ ဆက္တိုက္ ရႈံးနိမ့္ခဲ့တာက ဘယ္အသင္းမဆို ျဖစ္ႏိုင္ေပမယ့္ တူရင္မွာ ရႈံးနိမ့္ခဲ့မႈကေတာ့ တူဟယ္ကို စိတ္ပ်က္ေဒါသထြက္ေစခဲ့ၿပီး ၎ျမင္ေတြ႕ခဲ့ရတဲ့ ေျခစြမ္းဟာ ထူးဆန္းတယ္လို႔ ညည္းတြားခဲ့ပါတယ္။ ပြဲပန္းမႈနဲ႔ ေျခစြမ္းက်ဆင္းေနမႈက ခ်ဲလ္ဆီးရဲ႕ ရႈံးပြဲ ၂ ပြဲမွာ အဓိကအခန္းက႑ကေန ပါဝင္ခဲ့ၿပီး တူဟယ္အေနနဲ႔ ကစားသမားေတြကို ပုံမွန္ေျခစြမ္းနဲ႔ ႏိုင္ပြဲေတြ ျပန္လည္ရရွိေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္ေနတာေၾကာင့္ ဂ်ာမန္လူမ်ိဳးနည္းျပအေနနဲ႔ အသင္းရဲ႕ အဓိကျပႆနာ ၃ ရပ္ကို အျမန္ဆုံး ေျဖရွင္းဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။

၁။ ေမဆန္ ေမာင့္အေပၚ အလြန္အကြၽံ မွီခိုေနရျခင္း
ခ်ဲလ္ဆီးအသင္းဟာ ေမဆန္ ေမာင့္ရဲ႕ ဖန္တီးႏိုင္စြမ္းနဲ႔ ေ႐ြ႕လ်ားမႈေတြကို ဘယ္ေလာက္ေတာင္ လြမ္းဆြတ္ေနလဲဆိုတာ စိတ္ကူးနဲ႔မဟုတ္ဘဲ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္ ၂ ပြဲက သက္ေသခံေနပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေမာင့္ ဒဏ္ရာရရွိေနခ်ိန္မွာ တိုက္စစ္နဲ႔ ကြင္းလယ္ အခ်ိတ္အဆက္ျပဳတ္ေနတာေၾကာင့္ တိုက္စစ္က လူကာကူအတြက္ အခြင့္အေရးဖန္တီးေပးမယ့္သူမရွိတဲ့အျပင္ ေဘာလုံးျဖန႔္ေဝမႈနဲ႔ ေဘာလုံးနဲ႔အတူ ျပင္းထန္တဲ့ဖိအားေပးႏိုင္မႈမရွိတာေၾကာင့္ ေနရာလြတ္ေတြလည္း ရွာေဖြႏိုင္ျခင္းမရွိခဲ့ပါဘူး။ ဒါေၾကာင့္ ဂ်ဴဗင္တပ္အသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈကို ေပ်ာ္ေပ်ာ္ႀကီး ေပးထားခဲ့ၿပီး ေနာက္တန္းမွာ အခိုင္အမာပိတ္ကစားရင္း တန္ျပန္တိုက္စစ္ကေန ခ်ီေယဆာရဲ႕ အႏိုင္ဂိုးနဲ႔ အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

၂။ အိုေဇးလ္လက္သစ္ျဖစ္လာႏိုင္တဲ့ ဟာဗက္ဇ္
ခိုင္ ဟာဗက္ဇ္ဟာ ေလဗာကူဆင္အသင္းကေန ခ်ဲလ္ဆီးကို ေရာက္ရွိလာၿပီးေနာက္ ပထမဆုံးရာသီမွာ ေျခစြမ္းျပသႏိုင္ခဲ့ၿပီးေနာက္ပိုင္း ယခုရာသီမွာ အသင္းဆီကေန အမ်ားႀကီး ေမွ်ာ္လင့္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။ ဒါေပမယ့္လည္း တူရင္မွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ေဘာလုံးကို ၁၅ ႀကိမ္ ေပးခဲ့ရၿပီး အျခား ခ်ဲလ္ဆီးအသင္းေဖာ္ေတြအားလုံးထက္ ေဘာလုံးပိုမိုဆုံးရႈံးခဲ့ရတာလည္းျဖစ္ပါတယ္။ အဂၤလန္တိုက္စစ္မႉးေဟာင္း ပီတာ ခေရာက္ခ်္ကေတာ့ ဟာဗက္ဇ္ဟာ အာဆင္နယ္ကြင္းလယ္ဖန္တီးရွင္ေဟာင္း အိုေဇးလ္နဲ႔ တူတဲ့ကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး နည္းစနစ္ပိုင္းအရမ္းေကာင္းေပမယ့္ ပုံစံက ပ်င္းတိပ်င္း႐ြဲျဖစ္ေနတာေၾကာင့္ စိတ္ပ်က္ေစႏိုင္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဟားဗတ္ဇ္ဟာ ထိပ္တန္းပါရမီရွိသူျဖစ္ေပမယ့္လည္း ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မွာ ဂိုးသြင္းယူႏိုင္ဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ၿပီး တူဟယ္ကို နည္းျပအျဖစ္ ခ်ဲလ္ဆီးအသင္းက ခန႔္အပ္ခဲ့တဲ့ အေၾကာင္းအရင္းေတြထဲမွာ ဂ်ာမန္ကစားသမားေတြျဖစ္တဲ့ တီမို ဗာနာနဲ႔ ခိုင္ ဟာဗက္ဇ္တို႔ရဲ႕အေကာင္းဆုံးပုံစံကို ရရွိလာေအာင္ လုပ္ဖို႔ဆိုတာလည္း ပါဝင္တာေၾကာင့္ အမွန္တကယ္ျဖစ္ေျမာက္ေအာင္ လုပ္ရမယ့္အခ်ိန္ေရာက္ေနပါၿပီ။

၃။ ဂိုးေရွ႕မွာ လမ္းေပ်ာက္ေနတဲ့ လူကာကူ
လူကာကူဟာ ခ်ဲလ္ဆီးအသင္းကို ျပန္လာၿပီးကတည္းက ေမဆန္ ေမာင့္မပါဝင္တဲ့ ပြဲစဥ္ ၂ ပြဲမွာ အဆိုး႐ြားဆုံး စြမ္းေဆာင္ရည္ကို ျပသခဲ့တယ္ဆိုတာက တိုက္ဆိုင္မႈမဟုတ္ဘူးလို႔ ခံစားရပါတယ္။ ၂ ပြဲေပါင္း မိနစ္ ၁၈၀ မွာ တစ္သင္းလုံးဆီကေန ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္သာ ရွိခဲ့တာက ဒီအသင္းမွာ တိုက္စစ္ဖ႐ိုဖရဲဘယ္ေလာက္ျဖစ္ေနလဲဆိုတာကို အထင္အရွားျပသလိုက္တာပဲျဖစ္ပါတယ္။ လူကာကူဟာ တူရင္မွာ ၎ရဲ႕ အသင္းေဖာ္ ကြင္းလယ္ကစားသမားေတြဆီကေန လြဲမွားတဲ့ ေပးပို႔မႈနဲ႔ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ျပဳလုပ္မႈတို႔အတြက္ အႀကိမ္ေပါင္းမ်ားစြာ လက္ ၂ ဖက္ကို စိတ္ပ်က္လက္ပ်က္နဲ႔ ႐ိုက္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈကို အခ်ိန္အပိုင္းအျခားတစ္ခုမွာ ၇၀ ရာခိုင္ႏႈန္းထက္ပိုၿပီး တိုးျမႇင့္ရယူႏိုင္ေပမယ့္ ေပါင္ ၉၈ သန္းတန္ တိုက္စစ္မႉးအတြက္ေတာ့ ဘာမွဖန္တီးေပးႏိုင္ခဲ့ျခင္ းမရွိဘူးဆိုတာပါပဲ။ လူကာကူဟာ အဲဒီပြဲစဥ္ေတြမွာ အသင္းအတြက္ ဂိုးသြင္းမေပးႏိုင္ခဲ့ပါဘူး။ အမွန္အတိုင္းေျပာရရင္ သူ႔မွာ ဂိုးသြင္းဖို႔ အခြင့္အေရး မရခဲ့ပါဘူး။ တူဟယ္အေနနဲ႔ ဒီအတိုင္း အၾကာႀကီး ေရွ႕ဆက္သြားလို႔မရေတာ့ဘူးဆိုတာေတာ့ ေျပာဖို႔ေတာင္ လိုမယ္မထင္ပဲ သူရဲ႕ ခ်ဲလ္ဆီးအသင္းနဲ႔ ပ်ားရည္စမ္းခရီး မကုန္ဆုံးေစပဲ အသက္ဆက္ရေအာင္ အဓိကအခ်က္ ၂ ခ်က္ကို အျမန္ျပင္ဆင္ဖို႔ လိုအပ္ေနပါတယ္။ ဒီအခ်က္ေတြကေတာ့ …

၁။ ေခ်းဝဲလ္အတြက္ အလြန္ဆိုကို ေခ်ာင္ထိုးရေတာ့မယ့္ အခ်ိန္ေရာက္ၿပီ
ဘန္ ေခ်းဝဲလ္ဟာ ယခုရာသီမွာ ဘယ္ေနာက္ခံေတာင္ပံမွာ ေျခစြမ္းျပေနတဲ့ မားကို႔စ္ အလြန္ဆိုေၾကာင့္ ပြဲထြက္ကစားခြင့္ရရွိဖို႔အတြက္ စိတ္ရွည္သည္းခံေနရပါတယ္။ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္လူစာရင္းထဲမွာ အရန္ကစားသမားျဖစ္ခဲ့ရတဲ့ ေခ်းဝဲလ္အတြက္ ေနာက္ထပ္စိတ္ပ်က္စရာျဖစ္လာခဲ့တာျဖစ္ၿပီး အလြန္ဆိုဟာ တူရင္က ပြဲစဥ္ ပထမပိုင္းမွာ ပြဲပန္းၿပီး ႏြမ္းနယ္ေနပုံရတာေၾကာင့္ ေခ်းဝဲလ္အေနနဲ႔ ပြဲထြက္ခြင့္ ရခဲ့ပါတယ္။ အလြန္ဆိုဟာ မန္စီးတီးနဲ႔ပြဲမွာ အေကာင္းဆုံးပုံစံ မျပသႏိုင္ခဲ့ဘဲ ယခုအပတ္ ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာ ေခ်းဝဲလ္အေနနဲ႔ ယခုရာသီ ၎ရဲ႕ ပထမဆုံးလိဂ္မွာ ပြဲထြက္ကစားရတဲ့ပြဲစဥ္အျဖစ္ ပါဝင္ကစားေပးဖို႔ အခြင့္အေရးရွိေနၿပီလို႔ ခံစားေနရမွာျဖစ္ပါတယ္။

ေခ်းဝဲလ္ဟာ ၂၀၂၁-၂၀၂၂ ရာသီကို အက္စ္တြန္ဗီလာကို အႏိုင္ရရွိခဲ့တဲ့ ၿပီးခဲ့တဲ့အပတ္ လိဂ္ဖလားပြဲစဥ္မွာသာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့တာျဖစ္ၿပီး တူရင္မွာ အလြန္ဆို ေစာေစာစီးစီး လူစားလဲလွယ္ျခင္းခံခဲ့ရတာက အဂၤလန္ေနာက္ခံကစားသမားအတြက္ တံခါးေလး ဟသြားတဲ့အခိုက္အတံ့ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ နည္းျပ ေသာမတ္စ္ တူဟယ္ရဲ႕ လက္ေအာက္မွာ တံခါးပိတ္ေတာ့မယ့္ပုံေပၚလာတဲ့အခါမွာေတာ့ တံခါးကို အတင္းဖြင့္ၿပီး ဝင္သြားဖို႔ပဲ က်န္ပါေတာ့တယ္။

၂။ ေမာင့္ေနရာ အစားထိုးႏိုင္မယ့္ အေမ့ေလ်ာ့ခံ ကစားသမားကို စအသုံးျပဳသင့္ၿပီ

ယခုရာသီမွာ ဒဏ္ရာျပသနာေတြနဲ႔ မၾကာခဏ မပါဝင္ႏိုင္ျဖစ္ေနတဲ့ ကြင္းလယ္အင္ဂ်င္ရဲ႕ စက္သြားတခုျဖစ္တဲ့ ေမဆန္ေမာင့္ေနရာ လိုအပ္လွ်င္ အရန္သင့္ အစားထိုးဖို႔ တူဟယ္လ္အတြက္ အပူတျပင္းလိုအပ္ေနၿပီး ပူလီရွစ္ခ်္ကလည္း ဒဏ္ရာေၾကာင့္ ကာလရွည္နား ေနရသလို ဇီးယက္ရွ္ရဲ႕ ပရီးမီးယားလိဂ္နဲ႔ အံမကိုက္တဲ့ ခြန္အားနည္းမႈအတြက္လည္း ေခါင္းခဲစရာျဖစ္ေနပါတယ္။

ဒီျပသနာကို အေျဖရွာေပးမယ့္သူကေတာ့ အဆင္သင့္ရွိေနၿပီး ဘိုင္ယန္ျမဴးနစ္အသင္းသို႔ အငွားခ်ဖို႔ စီစဥ္ခဲ့ေပမယ့္ မျဖစ္ေျမာက္ခဲ့လို႔ အသင္းမွာ ဆက္လက္က်န္ရွိေနတဲ့ အဂၤလန္သားေတာင္ပံတိုက္စစ္မႉး ဟဒ္ဆန္-အိုဒြိဳင္း ျဖစ္ပါတယ္။ ဟဒ္ဆန္-အိုဒြိဳင္းအေနနဲ႔ ဘယ္ေတာင္ပံမွေနၿပီး တိုက္စစ္မႉးလူကာကူးကို ခ်ိတ္ဆက္ ပံ့ပိုးေပးႏိုင္သလို လိုအပ္လွ်င္ ခံစစ္ပါ မာမာထန္ထန္ ဆင္းကူႏိုင္တဲ့ အရည္အေသြးလည္းရွိပါတယ္။ နည္းျပတူဟယ္လ္အေနနဲ႔ ဂ်ဴဗင္တပ္နဲ႔ပြဲ ၆၂ မိနစ္မွာ ဟဒ္ဆန္-အိုဒြိဳင္းကို ဇီးယက္ရွ္ေနရာလူစားဝင္ေရာက္ကစားေစခဲ့ၿပီး လာမည့္ပြဲမ်ားတြင္ေနရာပိုေပးလာေလမလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.