Premier League

ရော်နယ်လ်ဒိုနဲ့တောင် နှိုင်းယှဉ်ခြင်းခံခဲ့ရတဲ့ အာဆင်နယ်ရဲ့ အာရှသားလေး

အာဆင်နယ်ညာနောက်ခံကစားသမား တာကဲဟီရို တိုမီယာစုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုမှာရှိတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမျိုးရှိသူအဖြစ် ၎င်းရဲ့နည်းပြဟောင်းတွေထဲကတစ်ဦးရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။

တိုမီယာစုဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့မှာ ဘိုလော့ညာအသင်းကနေ ပေါင် ၁၇ သန်းနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့အချိန်ကတည်းက ထူးချွန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ရှေ့မှာ တောက်ပတဲ့အနာဂတ်ရှိသူဖြစ်ပြီး ဂျပန်နောက်ခံကစားသမားအပေါ် ဆယ်ကျော်သက်အရွယ်မှာ လောင်းကြေးထပ်ခဲ့တဲ့ ဆင့်-ထရာအူဒန်အသင်းရဲ့ အားကစားဒါရိုက်တာ အန်ဒရီ ပင်တိုက ရော်နယ်ဒိုနဲ့ ဆင်တူတဲ့ အဓိက အချက်တစ်ချက် ရှိနေတယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

ဂျပန်သားနဲ့ ပတ်သက်ပြီး အံ့အားသင့်စရာကောင်းတဲ့အရာက အောင်မြင်မှုမဟုတ်တဲ့ ဘယ်လိုအရာကိုမှ လက်မခံတာဖြစ်တယ်လို့ ပင်တိုက Goal ကို ပြောကြားခဲ့ပါတယ်။ “သူက ကံကောင်းတာမဟုတ်ဘူး။ သူက ကံကောင်းမှုဖြစ်နေတဲ့အတွက် တိုမီအတွက် ဘယ်အရာမှ ရောက်မလာခဲ့တာပါ။ သူက အလုပ်အရမ်းကြိုးစားတဲ့ ကစားသမားမျိုးပါ”

“ခင်ဗျား ပေးဆပ်ကစားတတ်တဲ့ ကစားသမားတွေ အများကြီးတွေ့မှာပါ။ ဒါပေမယ့် တိုမိက စိတ်ပိုင်းဖြတ်မှုနဲ့့ပတ်သက်တဲ့နေရာမှာ၊ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားတဲ့နေရာမှာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တဲ့နေရာမှာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နည်းနည်းတူတဲ့အချက်တွေရှိပါတယ်”

“သူက ဘယ်တုန်းကမှ စိတ်ကျေနပ်ခဲ့တယ်ဆိုတာမျိုးမရှိတဲ့ ကစားသမားမျိုးဖြစ်ပြီး သူက သူ့ကိုယ်သူ ဆက်လက်တိုးတက်နေအောင် အမြဲတမ်း အလုပ်ကို ပြင်းပြင်းထန်ထန် ဆက်လုပ်နေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဂျပန် လက်ရွေးစင်နောက်ခံကစားသမားဟာ ၂၀၁၉ ခုနှစ်မှာ စီးရီးအေကို မပြောင်းရွှေ့မီ ဘယ်လ်ဂျီယံမှာ တစ်နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး ရော်နယ်ဒိုရဲ့ အလုပ်ကျင့်ဝတ်စောင့်သိမှုနဲ့ နှိုင်းယှဉ်ခြင်းခံရတာဟာ တိုမီယာစုအတွက်တော့ ဝါဂွမ်းတစ်ပိဿာနဲ့ နှမ်းတစ်ပိဿာချင်း ချိန်တွယ်သလို ဖြစ်နေမှာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ နှစ်ပေါင်းများစွာ ပြသခဲ့တဲ့ ကမ္ဘာ့အဆင့် ခြေစွမ်းအတွက် အကောင်းဆုံးဖြစ်လာဖို့အတွက် အစွမ်းကုန်ပေးဆပ်ခဲ့သူဖြစ်ပြီး နေရာတစ်ခုမှာတင် ကျေနပ်မနေဘဲ နေရာသစ်တွေကို စွန့်စားသွားလာပြီး အောင်မြင်မှုကို မှတ်ကျောက်တင်ခဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ညာေနာက္ခံကစားသမား တာကဲဟီ႐ို တိုမီယာစုဟာ ခရစၥတီယာႏို ေရာ္နယ္ဒိုမွာရွိတဲ့ စိတ္ဓာတ္ပိုင္းဆိုင္ရာမ်ိဳးရွိသူအျဖစ္ ၎ရဲ႕နည္းျပေဟာင္းေတြထဲကတစ္ဦးရဲ႕ ခ်ီးက်ဴးျခင္းကို ခံခဲ့ရပါတယ္။

တိုမီယာစုဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ ေနာက္ဆုံးေန႔မွာ ဘိုေလာ့ညာအသင္းကေန ေပါင္ ၁၇ သန္းနဲ႔ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့အခ်ိန္ကတည္းက ထူးခြၽန္တဲ့ စြမ္းေဆာင္ရည္ျပသႏိုင္တဲ့ ကစားသမားေတြထဲက တစ္ဦး ျဖစ္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားဟာ ေရွ႕မွာ ေတာက္ပတဲ့အနာဂတ္ရွိသူျဖစ္ၿပီး ဂ်ပန္ေနာက္ခံကစားသမားအေပၚ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ေလာင္းေၾကးထပ္ခဲ့တဲ့ ဆင့္-ထရာအူဒန္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ အန္ဒရီ ပင္တိုက ေရာ္နယ္ဒိုနဲ႔ ဆင္တူတဲ့ အဓိက အခ်က္တစ္ခ်က္ ရွိေနတယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။

ဂ်ပန္သားနဲ႔ ပတ္သက္ၿပီး အံ့အားသင့္စရာေကာင္းတဲ့အရာက ေအာင္ျမင္မႈမဟုတ္တဲ့ ဘယ္လိုအရာကိုမွ လက္မခံတာျဖစ္တယ္လို႔ ပင္တိုက Goal ကို ေျပာၾကားခဲ့ပါတယ္။ “သူက ကံေကာင္းတာမဟုတ္ဘူး။ သူက ကံေကာင္းမႈျဖစ္ေနတဲ့အတြက္ တိုမီအတြက္ ဘယ္အရာမွ ေရာက္မလာခဲ့တာပါ။ သူက အလုပ္အရမ္းႀကိဳးစားတဲ့ ကစားသမားမ်ိဳးပါ”

“ခင္ဗ်ား ေပးဆပ္ကစားတတ္တဲ့ ကစားသမားေတြ အမ်ားႀကီးေတြ႕မွာပါ။ ဒါေပမယ့္ တိုမိက စိတ္ပိုင္းျဖတ္မႈနဲ႔့ပတ္သက္တဲ့ေနရာမွာ၊ အလုပ္ကို ျပင္းျပင္းထန္ထန္ႀကိဳးစားတဲ့ေနရာမွာ၊ က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ စားေသာက္တဲ့ေနရာမွာ ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ နည္းနည္းတူတဲ့အခ်က္ေတြရွိပါတယ္”

“သူက ဘယ္တုန္းကမွ စိတ္ေက်နပ္ခဲ့တယ္ဆိုတာမ်ိဳးမရွိတဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး သူက သူ႔ကိုယ္သူ ဆက္လက္တိုးတက္ေနေအာင္ အၿမဲတမ္း အလုပ္ကို ျပင္းျပင္းထန္ထန္ ဆက္လုပ္ေနမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်ပန္ လက္ေ႐ြးစင္ေနာက္ခံကစားသမားဟာ ၂၀၁၉ ခုႏွစ္မွာ စီးရီးေအကို မေျပာင္းေ႐ႊ႕မီ ဘယ္လ္ဂ်ီယံမွာ တစ္ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ၿပီး ေရာ္နယ္ဒိုရဲ႕ အလုပ္က်င့္ဝတ္ေစာင့္သိမႈနဲ႔ ႏႈိင္းယွဥ္ျခင္းခံရတာဟာ တိုမီယာစုအတြက္ေတာ့ ဝါဂြမ္းတစ္ပိႆာနဲ႔ ႏွမ္းတစ္ပိႆာခ်င္း ခ်ိန္တြယ္သလို ျဖစ္ေနမွာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ႏွစ္ေပါင္းမ်ားစြာ ျပသခဲ့တဲ့ ကမာၻ႔အဆင့္ ေျခစြမ္းအတြက္ အေကာင္းဆုံးျဖစ္လာဖို႔အတြက္ အစြမ္းကုန္ေပးဆပ္ခဲ့သူျဖစ္ၿပီး ေနရာတစ္ခုမွာတင္ ေက်နပ္မေနဘဲ ေနရာသစ္ေတြကို စြန႔္စားသြားလာၿပီး ေအာင္ျမင္မႈကို မွတ္ေက်ာက္တင္ခဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.