Premier League

ပက်နဲ့ပတ်သက်ပြီး ဘုတ်ဘုတ်ဘတ်ဘတ်တွေ မပြောဖို့ သတိပေးခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်မတိုင်မီ ပက် ဂွါဒီယိုလာကို ချီးကျူးပြောဆိုခဲ့ပြီး ၎င်းကို ပိုမိုုကောင်းမွန်တဲ့နည်းပြဖြစ်လာအောင် စိန်ခေါ်နိုင်တဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယာဂန် ကလော့ပ်က မန်ချက်စတာစီးတီးအသင်းနည်းပြကို အမှန်တကယ် နှစ်သက်ကြောင်း ပြောဖူးလား မသေချာပေမယ့် သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့အရာတွေက ၎င်းနဲ့ မန်စီးတီးကို မကောင်းပြောချင်တဲ့ရည်ရွယ်ချက်မရှိပေမယ့်လည်း မန်စီးတီးအသင်းကလူတွေက တစ်စုံတယောက်က သွေးထိုးလေ့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ပက်ကို ပြောခဲ့ဖူးလား မသေချာပါဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကို သဘောကျပါတယ်။ အဲဒါက အမှန်ပါပဲ။ ဒါပေမယ့် တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဘူး။ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်က သူ ဒါမှမဟုတ် မန်စီးတီးနဲ့့ပတ်သက်ပြီ မကောင်းတဲ့အဓိပ္ပာယ်နဲ့ မပြောခဲ့တဲ့အရာတွေကို မန်စီးတီး အသင်းဝန်ထမ်းတွေထဲက တစ်စုံတယောက်က ကျွန်တော်က ဒီလိုပြောတယ်၊ ဟိုလိုပြောတယ်ဆိုပြီး သူ့ကို ပြောတာကိုတော့ စိတ်အနှောင့်အယှက်ဖြစ်မိပါတယ်”

“ကျွန်တော် သူ သတင်းစာရှင်းလင်းပွဲမှာ တကယ်ကို စိတ်ဆိုးနေတာကို မြင်နိုင်ပါတယ်။ အဲဒီအတွက် စိတ်မကောင်းပါဘူး။ ဟင့်အင်း၊ ဒီမှာ ကျွန်တော် သူ့ကို လေးစားမှု အများကြီးရှိတယ်။ ကျွန်တော်တို့ တစ်ယောက်အကြောင်း တစ်ယောက် အများကြီးသိတယ် ထင်ခဲ့ပေမယ့်လညး် တကယ်တော့ မသိခဲ့ကြပါဘူး”

“ကျွန်တော်တို့ ဘောလုံးပွဲစဉ်တွေအတွက် တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြတယ်။ ကျွန်တော်တို့ ဆုအတွက် မန်ချက်စတာကို အတူတူသွားကြရတုန်းက အခြေအနေအနည်းငယ် ရှိခဲ့ပါတယ်။ ကျွန်တော်တို့ မိသားစုတွေ တွေ့ဆုံခဲ့ကြတယ်။ ဂွါဒီယိုလာလိုမျိုး လူနဲ့ရှိနေတဲ့ မိသားစုထဲက လူတွေက လူကောင်းဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော် ပြောနိုင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အမျိုးသမီးနဲ့ ကလေးတွေက အရမ်းတော်ကြလို့ပါ။ အဲဒါ ကျွန်တော့်အတွက် အရေးပါတဲ့အရာပါ။ အဲဒီတော့ ပွဲစဉ်အတွင်း သူ ဘာပြောပြော၊ ကျွန်တော် ဘာပြောပြော အဲဒါက အရေးမပါပါဘူး”

“သူက ကျွန်တော့်ကို အကူအညီဖြစ်စေခဲ့တယ်။ သူ့အသင်းက ကျွန်တော့်ကို ပိုကောင်းတဲ့ နည်းပြဖြစ်လာဖို့ အကူအညီပေးခဲ့တယ်။ ဘောလုံးနဲ့ပတ်သက်ပြီး နောက်ထပ်တစ်ဆင့် တွေးနိုင်ဖို့ သူ ကျွန်တော့်ကို တွန်းအားဖြစ်စေခဲ့ပြီး ကျွန်တော်တို့ အသင်းတွေနဲ့အတူ သူတို့ကို အနိုင်ယူဖို့ ကြိုးပမ်းဖို့အတွက် ကျွန်တော့်ကိုယ် ကျွန်တော် ပိုကောင်းမွန်တဲ့နည်းပြဖြစ်လာအောင် သက်သေပြနိုင်စေခဲ့တယ်။ အဲဒါက ကျွန်တော် ဒီလောကထဲမှာ ရှိနေသေးတဲ့ အကြောင်းအရင်းပါပဲ”

“ယာဂန်က ခင်ဗျားကို ရှေ့ကို ဆက်လှမ်းနေအောင် စိန်ခေါ်နိုင်တဲ့သူတစ်ယောက်ပါ။ ကျွန်တော်တို့ ဂျာမနီမှာတုန်းကလည်း ယှဉ်ပြိုင်ခဲ့ပြီး အခု အင်္ဂလန်မှာလည်း နှစ်ပေါင်းများစွာ ရှိနေပါပြီ။ ကျွန်တော်တို့မှာ ယှဉ်ပြိုင်မှုတွေ အများကြီးရှိခဲ့ကြတယ်။ တစ်ခါတလေ ခင်ဗျား နိုင်မယ်။ တစ်ခါတလေ ခင်ဗျား ရှုံးနိမ့်မယ်။ ၂ သင်းစလုံးမှာ တူညီတဲ့ အတွေးရှိပြီး မတူညီတဲ့နည်းလမ်းနဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းကြပါတယ်။ သူက ကျွန်တော်တို့ထက် နည်းနည်း ပိုမြန်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ၂ ယောက်စလုံး ပွဲစဉ်တွေကို အနိုင်ရဖို့ ကြိုးပမ်းနေကြတာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းနည္းၿပ ယာဂန္ ကေလာ့ပ္က မန္ခ်က္စတာစီးတီးနဲ႔ ပြဲစဥ္မတိုင္မီ ပက္ ဂြါဒီယိုလာကို ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး ၎ကို ပိုမိုုေကာင္းမြန္တဲ့နည္းျပျဖစ္လာေအာင္ စိန္ေခၚနိုင္တဲ့သူျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ယာဂန္ ကေလာ့ပ္က မန္ခ်က္စတာစီးတီးအသင္းနည္းျပကို အမွန္တကယ္ ႏွစ္သက္ေၾကာင္း ေျပာဖူးလား မေသခ်ာေပမယ့္ သတင္းစာရွင္းလင္းပြဲမွာ ေျပာတဲ့အရာေတြက ၎နဲ႔ မန္စီးတီးကို မေကာင္းေျပာခ်င္တဲ့ရည္ရြယ္ခ်က္မရွိေပမယ့္လည္း မန္စီးတီးအသင္းကလူေတြက တစ္စုံတေယာက္က ေသြးထိုးေလ့ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ ပက္ကို ေျပာခဲ့ဖူးလား မေသခ်ာပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ သူ႔ကို သေဘာက်ပါတယ္။ အဲဒါက အမွန္ပါပဲ။ ဒါေပမယ့္ တစ္ခါလည္းမဟုတ္ ႏွစ္ခါလည္းမဟုတ္ဘူး။ သတင္းစာရွင္းလင္းပြဲမွာ ကၽြန္ေတာ္က သူ ဒါမွမဟုတ္ မန္စီးတီးနဲ႔့ပတ္သက္ၿပီ မေကာင္းတဲ့အဓိပၸာယ္နဲ႔ မေျပာခဲ့တဲ့အရာေတြကို မန္စီးတီး အသင္းဝန္ထမ္းေတြထဲက တစ္စုံတေယာက္က ကၽြန္ေတာ္က ဒီလိုေျပာတယ္၊ ဟိုလိုေျပာတယ္ဆိုၿပီး သူ႔ကို ေျပာတာကိုေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္မိပါတယ္”

“ကၽြန္ေတာ္ သူ သတင္းစာရွင္းလင္းပြဲမွာ တကယ္ကို စိတ္ဆိုးေနတာကို ျမင္နိုင္ပါတယ္။ အဲဒီအတြက္ စိတ္မေကာင္းပါဘူး။ ဟင့္အင္း၊ ဒီမွာ ကၽြန္ေတာ္ သူ႔ကို ေလးစားမႈ အမ်ားႀကီးရွိတယ္။ ကၽြန္ေတာ္တို႔ တစ္ေယာက္အေၾကာင္း တစ္ေယာက္ အမ်ားႀကီးသိတယ္ ထင္ခဲ့ေပမယ့္လညး္ တကယ္ေတာ့ မသိခဲ့ၾကပါဘူး”

“ကၽြန္ေတာ္တို႔ ေဘာလုံးပြဲစဥ္ေတြအတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႕ဆုံၾကတယ္။ ကၽြန္ေတာ္တို႔ ဆုအတြက္ မန္ခ်က္စတာကို အတူတူသြားၾကရတုန္းက အေျခအေနအနည္းငယ္ ရွိခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ မိသားစုေတြ ေတြ႕ဆုံခဲ့ၾကတယ္။ ဂြါဒီယိုလာလိုမ်ိဳး လူနဲ႔ရွိေနတဲ့ မိသားစုထဲက လူေတြက လူေကာင္းျဖစ္လိမ့္မယ္ဆိုတာ ကၽြန္ေတာ္ ေျပာနိုင္တယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ့ အမ်ိဳးသမီးနဲ႔ ကေလးေတြက အရမ္းေတာ္ၾကလို႔ပါ။ အဲဒါ ကၽြန္ေတာ့္အတြက္ အေရးပါတဲ့အရာပါ။ အဲဒီေတာ့ ပြဲစဥ္အတြင္း သူ ဘာေျပာေျပာ၊ ကၽြန္ေတာ္ ဘာေျပာေျပာ အဲဒါက အေရးမပါပါဘူး”

“သူက ကၽြန္ေတာ့္ကို အကူအညီျဖစ္ေစခဲ့တယ္။ သူ႔အသင္းက ကၽြန္ေတာ့္ကို ပိုေကာင္းတဲ့ နည္းျပျဖစ္လာဖို႔ အကူအညီေပးခဲ့တယ္။ ေဘာလုံးနဲ႔ပတ္သက္ၿပီး ေနာက္ထပ္တစ္ဆင့္ ေတြးနိုင္ဖို႔ သူ ကၽြန္ေတာ့္ကို တြန္းအားျဖစ္ေစခဲ့ၿပီး ကၽြန္ေတာ္တို႔ အသင္းေတြနဲ႔အတူ သူတို႔ကို အနိုင္ယူဖို႔ ႀကိဳးပမ္းဖို႔အတြက္ ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ ပိုေကာင္းမြန္တဲ့နည္းျပျဖစ္လာေအာင္ သက္ေသျပနိုင္ေစခဲ့တယ္။ အဲဒါက ကၽြန္ေတာ္ ဒီေလာကထဲမွာ ရွိေနေသးတဲ့ အေၾကာင္းအရင္းပါပဲ”

“ယာဂန္က ခင္ဗ်ားကို ေရွ႕ကို ဆက္လွမ္းေနေအာင္ စိန္ေခၚနိုင္တဲ့သူတစ္ေယာက္ပါ။ ကၽြန္ေတာ္တို႔ ဂ်ာမနီမွာတုန္းကလည္း ယွဥ္ၿပိဳင္ခဲ့ၿပီး အခု အဂၤလန္မွာလည္း ႏွစ္ေပါင္းမ်ားစြာ ရွိေနပါၿပီ။ ကၽြန္ေတာ္တို႔မွာ ယွဥ္ၿပိဳင္မႈေတြ အမ်ားႀကီးရွိခဲ့ၾကတယ္။ တစ္ခါတေလ ခင္ဗ်ား နိုင္မယ္။ တစ္ခါတေလ ခင္ဗ်ား ရႈံးနိမ့္မယ္။ ၂ သင္းစလုံးမွာ တူညီတဲ့ အေတြးရွိၿပီး မတူညီတဲ့နည္းလမ္းနဲ႔ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းၾကပါတယ္။ သူက ကၽြန္ေတာ္တို႔ထက္ နည္းနည္း ပိုျမန္တယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ၂ ေယာက္စလုံး ပြဲစဥ္ေတြကို အနိုင္ရဖို႔ ႀကိဳးပမ္းေနၾကတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.