Premier League Transfer News

2 Oct နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ညမှာ နောက်ကျပွဲအဖြစ် ကစားရမယ့် ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါကို ပွဲထုတ်ရဖို့ ရှိနေပြီး ဂရာနစ် ချာကာ ဒဏ်ရာကြောင့် ကာလကြာရှည် အနားယူရတော့မယ့်အချိန်မှာ အယ်လ်နန်နီနဲ့ မိတ်လန်းနိုင်းလ်တို့ထက် ပိုမိုသင့်တော်တဲ့ ရွေးချယ်မှုဖြစ်မယ်လို့ ခန့်မှန်းနေကြ။

– ခံစစ်ပိုင်းကို ဦးဆောင်ပြီး ခြေစွမ်းပြနေခဲ့တဲ့ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်က အာဆင်နယ်အသင်းရဲ့ ခေါ်ယူမှုသစ်တွေဖြစ်ကြတဲ့ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်နဲ့ နောက်ခံလူ ဘန်ဝှိုက်တို့ရဲ့ အသင်းအပေါ် ကြီးမားတဲ့ အင်အားဖြစ်စေမှုကို ချီးကျူးလိုက်ပြီး အနာဂတ်မှာ နားလည်မှုပိုရလာရင် အတွဲအဖက် ပိုကောင်းလာဖို့ပဲ ရှိတော့ကြောင်း ပြောကြား။

– အာဆင်နယ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်အနေနဲ့ လာမယ့်ဆောင်းရာသီမှာ အသင်းကနေ ထွက်ခွာဖို့ စိတ်ပါနေပြီး ဆီဗီလာ အသင်းနဲ့ တိုက်စစ်မှူး ယူဆက်ဖ် အန်နက်ဆီရီအတွက် ညှိနှိုင်းမှုမှာ အလိုက်ပေးမှုအဖြစ် သဘောတူညီနိုင်အောင် မြောက်လန်ဒန်ကလပ်ဘက်က ကြိုးစားနေသလို သူ့ကို ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ကလည်း စောင့်ကြည့်နေ။

– အသင်းရဲ့ လူငယ်ကွင်းလယ်လူ ဟင်နရီ-ဖရန်စစ်ကို စာချုပ်သစ် ချုပ်ဆိုလိုက်နိုင်တာနဲ့ တောင်ပံကစားသမား ဆာလား ခြေစွမ်းပြနေတာ အတွက် အကယ်ဒမီအကြီးအကဲ ပါ မာတီဆက်ကာကို အာဆင်နယ်ပရိသတ်တွေက ချီးကျူးနေကြပြီး ဂျာမန်သားကြီးရဲ့ အမြော်အမြင်ရှိပြီး ကျယ်ပြန့်တဲ့ ကင်းထောက်ကွန်ယက်ကို အသိအမှတ်ပြုခဲ့ကြ။

– လက်ရှိအနေအထားမှာ ဘာမှ ကွဲကွဲပြားပြား မသိရဘဲ အကျိုးအကြောင်း မခိုင်လုံတဲ့ ပုံစံနဲ့ မိမိကို အရန်ခုံဆီ ပို့ပစ်ခဲ့တာကို မကျေနပ်ဘူးလို့ ဂိုးသမား ဘန်းဒ် လီနိုဆီက အသံထွက်လာအပြီးမှာ နည်းပြ မီခယ်လ် အာတီတာက သူတို့နှစ်ယောက်ကြား ပြောခဲ့သမျှဟာ နှစ်ကိုယ်ကြား ဆွေးနွေးတိုင်ပင်မှုတွေသာဖြစ်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ပြီး နေရာပြန်ရဖို့ ကြိုးစားရမယ့်အစား ဒါကို ထုတ်ဖော်လာခဲ့တဲ့အတွက် စိတ်ပျက်ကြောင်း တုံ့ပြန်သွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ဝိန်းရွန်နီ နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီအသင်းဆီကနေ ရစရာ ပေါင် ၈ သန်းကနေ ၁၀ သန်း အထိ ကျန်ရှိနေပြီး ခရစ္စတီယန် ဘီလစ်ခ်ကို ရောင်းချခဲ့စဉ်က အကြွေးအတွက် ငွေကြေးခက်ခဲနေတဲ့ ချန်ပီယံရှစ်အသင်းဆီကနေ ရရှိဖို့ စောင့်ဆိုင်းနေရတာ တော်တော်ကြာခဲ့ပြီဖြစ်ကြောင်းသိရ။

– အာဆင်နယ်အသင်းရဲ့ ပထမဂိုးသမားနေရာကို ဆုံးရှုံးထားခဲ့ရတဲ့ ဘန်းဒ် လီနိုက လက်ရှိနံပါတ် ၁ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ရဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ အတွက် ဂျာမနီမှာ ဈေးမြင့်ကောင်းမြင့်နိုင်ပေမယ့် အင်္ဂလန်မှာတော့ သူတို့တွေရဲ့ ထုံးတမ်းစဉ်လာအရ သာမန်ထက် နည်းနည်းပဲပိုတဲ့ ပြောင်းရွှေ့ကြေးတစ်ခုပဲလို့ သုံးသပ်သွားခဲ့။

– နောက်ခံလူသစ် ဂျပန်သား တာကဲဟီရို တိုမီယာစုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စိတ်နေသဘောထားနဲ့ ခံယူချက်မျိုးရှိသူဖြစ်ကြောင်း အသင်းဟောင်း စိန့်ထရီဒင်ရဲ့ အားကစားဒါရိုက်တာ အန်ဒ‌ရီ ပင်တိုက ချီးကျူးလိုက်ပြီး နည်းပြ အာတီတာအနေနဲ့ သူ့ကို ရရှိလိုက်တာ ကံကောင်းခြင်းတစ်ခုပဲဖြစ်ကြောင်း သတင်းစကားပါးခဲ့။

– ဘရိုက်တန်အသင်းအနေနဲ့ သုံးပွဲဆက် အနိုင်ရရှိထားတဲ့ အာဆင်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူနိုင်လိမ့်မယ်လို့ မိုက်ကယ် အိုဝင်က ခန့်မှန်းလိုက်ပြီး ဂန်းနားဟောင်း ပေါလ် မာဆန်ကတော့ လက်ရှိအထိုင်ကို မဖျက်ဘဲ နည်းပြ အာတီတာ အတတ်မဆန်းရင် အာဆင်နယ်နိုင်ပွဲပဲလို့ အိုဝင်နဲ့ ပြောင်းပြန် ဧည့်သည်တွေ နှစ်ဂိုး-တစ်ဂိုးနဲ့အနိုင်လို့ ခန့်မှန်းသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ညမွာ ေနာက္က်ပြဲအျဖစ္ ကစားရမယ့္ ဘ႐ိုက္တန္အသင္းနဲ႔ပြဲစဥ္မွာ ကြင္းလယ္လူ ဆမ္ဘီ လိုကြန္ဂါကို ပြဲထုတ္ရဖို႔ ရွိေနၿပီး ဂရာနစ္ ခ်ာကာ ဒဏ္ရာေၾကာင့္ ကာလၾကာရွည္ အနားယူရေတာ့မယ့္အခ်ိန္မွာ အယ္လ္နန္နီနဲ႔ မိတ္လန္းႏိုင္းလ္တို႔ထက္ ပိုမိုသင့္ေတာ္တဲ့ ေ႐ြးခ်ယ္မႈျဖစ္မယ္လို႔ ခန႔္မွန္းေနၾက။

– ခံစစ္ပိုင္းကို ဦးေဆာင္ၿပီး ေျခစြမ္းျပေနခဲ့တဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္က အာဆင္နယ္အသင္းရဲ႕ ေခၚယူမႈသစ္ေတြျဖစ္ၾကတဲ့ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္နဲ႔ ေနာက္ခံလူ ဘန္ဝႈိက္တို႔ရဲ႕ အသင္းအေပၚ ႀကီးမားတဲ့ အင္အားျဖစ္ေစမႈကို ခ်ီးက်ဴးလိုက္ၿပီး အနာဂတ္မွာ နားလည္မႈပိုရလာရင္ အတြဲအဖက္ ပိုေကာင္းလာဖို႔ပဲ ရွိေတာ့ေၾကာင္း ေျပာၾကား။

– အာဆင္နယ္တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္အေနနဲ႔ လာမယ့္ေဆာင္းရာသီမွာ အသင္းကေန ထြက္ခြာဖို႔ စိတ္ပါေနၿပီး ဆီဗီလာ အသင္းနဲ႔ တိုက္စစ္မႉး ယူဆက္ဖ္ အန္နက္ဆီရီအတြက္ ညႇိႏႈိင္းမႈမွာ အလိုက္ေပးမႈအျဖစ္ သေဘာတူညီႏိုင္ေအာင္ ေျမာက္လန္ဒန္ကလပ္ဘက္က ႀကိဳးစားေနသလို သူ႔ကို ဘာစီလိုနာနဲ႔ အက္သလက္တီကို မက္ဒရစ္တို႔ကလည္း ေစာင့္ၾကည့္ေန။

– အသင္းရဲ႕ လူငယ္ကြင္းလယ္လူ ဟင္နရီ-ဖရန္စစ္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္ႏိုင္တာနဲ႔ ေတာင္ပံကစားသမား ဆာလား ေျခစြမ္းျပေနတာ အတြက္ အကယ္ဒမီအႀကီးအကဲ ပါ မာတီဆက္ကာကို အာဆင္နယ္ပရိသတ္ေတြက ခ်ီးက်ဴးေနၾကၿပီး ဂ်ာမန္သားႀကီးရဲ႕ အေျမာ္အျမင္ရွိၿပီး က်ယ္ျပန႔္တဲ့ ကင္းေထာက္ကြန္ယက္ကို အသိအမွတ္ျပဳခဲ့ၾက။

– လက္ရွိအေနအထားမွာ ဘာမွ ကြဲကြဲျပားျပား မသိရဘဲ အက်ိဳးအေၾကာင္း မခိုင္လုံတဲ့ ပုံစံနဲ႔ မိမိကို အရန္ခုံဆီ ပို႔ပစ္ခဲ့တာကို မေက်နပ္ဘူးလို႔ ဂိုးသမား ဘန္းဒ္ လီႏိုဆီက အသံထြက္လာအၿပီးမွာ နည္းျပ မီခယ္လ္ အာတီတာက သူတို႔ႏွစ္ေယာက္ၾကား ေျပာခဲ့သမွ်ဟာ ႏွစ္ကိုယ္ၾကား ေဆြးေႏြးတိုင္ပင္မႈေတြသာျဖစ္ၿပီး ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး ေနရာျပန္ရဖို႔ ႀကိဳးစားရမယ့္အစား ဒါကို ထုတ္ေဖာ္လာခဲ့တဲ့အတြက္ စိတ္ပ်က္ေၾကာင္း တုံ႔ျပန္သြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ဝိန္း႐ြန္နီ နည္းျပအျဖစ္ ကိုင္တြယ္ေနတဲ့ ဒါဘီေကာင္တီအသင္းဆီကေန ရစရာ ေပါင္ ၈ သန္းကေန ၁၀ သန္း အထိ က်န္ရွိေနၿပီး ခရစၥတီယန္ ဘီလစ္ခ္ကို ေရာင္းခ်ခဲ့စဥ္က အေႂကြးအတြက္ ေငြေၾကးခက္ခဲေနတဲ့ ခ်န္ပီယံရွစ္အသင္းဆီကေန ရရွိဖို႔ ေစာင့္ဆိုင္းေနရတာ ေတာ္ေတာ္ၾကာခဲ့ၿပီျဖစ္ေၾကာင္းသိရ။

– အာဆင္နယ္အသင္းရဲ႕ ပထမဂိုးသမားေနရာကို ဆုံးရႈံးထားခဲ့ရတဲ့ ဘန္းဒ္ လီႏိုက လက္ရွိနံပါတ္ ၁ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၃၀ အတြက္ ဂ်ာမနီမွာ ေဈးျမင့္ေကာင္းျမင့္ႏိုင္ေပမယ့္ အဂၤလန္မွာေတာ့ သူတို႔ေတြရဲ႕ ထုံးတမ္းစဥ္လာအရ သာမန္ထက္ နည္းနည္းပဲပိုတဲ့ ေျပာင္းေ႐ႊ႕ေၾကးတစ္ခုပဲလို႔ သုံးသပ္သြားခဲ့။

– ေနာက္ခံလူသစ္ ဂ်ပန္သား တာကဲဟီ႐ို တိုမီယာစုဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ စိတ္ေနသေဘာထားနဲ႔ ခံယူခ်က္မ်ိဳးရွိသူျဖစ္ေၾကာင္း အသင္းေဟာင္း စိန႔္ထရီဒင္ရဲ႕ အားကစားဒါ႐ိုက္တာ အန္ဒ‌ရီ ပင္တိုက ခ်ီးက်ဴးလိုက္ၿပီး နည္းျပ အာတီတာအေနနဲ႔ သူ႔ကို ရရွိလိုက္တာ ကံေကာင္းျခင္းတစ္ခုပဲျဖစ္ေၾကာင္း သတင္းစကားပါးခဲ့။

– ဘ႐ိုက္တန္အသင္းအေနနဲ႔ သုံးပြဲဆက္ အႏိုင္ရရွိထားတဲ့ အာဆင္နယ္အသင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူႏိုင္လိမ့္မယ္လို႔ မိုက္ကယ္ အိုဝင္က ခန႔္မွန္းလိုက္ၿပီး ဂန္းနားေဟာင္း ေပါလ္ မာဆန္ကေတာ့ လက္ရွိအထိုင္ကို မဖ်က္ဘဲ နည္းျပ အာတီတာ အတတ္မဆန္းရင္ အာဆင္နယ္ႏိုင္ပြဲပဲလို႔ အိုဝင္နဲ႔ ေျပာင္းျပန္ ဧည့္သည္ေတြ ႏွစ္ဂိုး-တစ္ဂိုးနဲ႔အႏိုင္လို႔ ခန႔္မွန္းသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.