Premier League

ေပေပအတြက္ ၇၂ သန္း မသုံးသင့္ဘူးလို႔ ဆိုလုိက္တဲ့ အာဆင္နယ္တုိက္စစ္မွဴးေဟာင္း

အာဆင္နယ္အသင္းရဲ႕ ရွဳံးပြဲမရွိအသင္းမွာ ပါဝင္ကစားခဲ့ဖူးတဲ့ ေက်ာနံပါတ္ ၃၀ ရွင္ တုိက္စစ္မွဴးေဟာင္း ယယ္ရမီ အာလီယာဒီေယးက အသင္းအေနနဲ႔ ေတာင္ပံကစားသမား နီကိုလတ္စ္ ေပေပအတြက္ ေပါင္ ၇၂ သန္း အသုံးျပဳၿပီး ေခၚယူခဲ့တာ မွားယြင္းေၾကာင္း ေဝဖန္ေျပာၾကားလုိက္ပါတယ္။

ဂန္းနားတုိက္စစ္မွဴးေဟာင္းက ေပေပအေနနဲ႔ အာဆင္နယ္အသင္းမွာ ဒီေျပာင္းေရႊ႕ေၾကးနဲ႔ ထုိက္တန္တဲ့ ေျခစြမ္းကို ျပသဖို႔ ပရိသတ္ေတြရဲ႕ ဖိအားနဲ႔လည္း ရင္ဆုိင္ေနရႏုိင္တယ္လို႔ ခန္႔မွန္းလုိက္ၿပီး သူ႕အျမင္ေတာ့ ဒီကစားသမားရဲ႕ အာ႐ုံစူးစိုက္မွဳနဲ႔ အသင္းအေပၚ အက်ဳိးျပဳႏုိင္စြမ္းမွာ လိုအပ္ခ်က္ေတြ ရွိေနဆဲပဲလို႔လည္း ဆုိပါတယ္။

“မႏွစ္က သူ လိုင္လီမွာ ကစားတာ ကၽြန္ေတာ္ၾကည့္ရပါတယ္။ တကယ့္ခ်ီးက်ဴးစရာကစားသမားပါပဲ။ အခုက်ေတာ့ အာဆင္နယ္ရဲ႕ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးရွင္ျဖစ္လာတယ္။ ေငြေၾကးကလည္း ေဘာလုံးမွာ အေရးပါတယ္ဗ်။ သူသာ သာမန္ကစားသမားဆုိ လက္ရွိမွတ္တမ္း(၆ ဂိုးသြင္းၿပီး ၈ ဂိုး ဖန္တီးထားတာ)က အဆင္ေျပတာပဲ။ ဒါေပမယ့္ ဒီေျပာင္းေရႊ႕ေၾကးနဲ႔ဆုိေတာ့ သူ႕ရဲ႕ ဂိုးေတြ၊ ဖန္တီးမွဳေတြကို ပုိျမင္ခ်င္လာၾကတယ္”လို႔ အာလီယာဒီေယးက သုံးသပ္ပါတယ္။

“ေပါင္ ၇၂ သန္းတဲ့ ကစားသမားတစ္ေယာက္ကို ကၽြန္ေတာ့္အျမင္ ေျပာရရင္ေတာ့ တခ်ဳိ႕ ႐ိုးရွင္းတဲ့ အရာေတြကို သူလုပ္မျပႏုိင္တာေတြ ျမင္ေနရတယ္။ ၿပဳိင္ဘက္ႏွစ္ေယာက္သုံးေယာက္ကို သူလိမ္ထြက္သြားတာေတြက ခ်ီးက်ဴးစရာပါ။ ဒါေပမယ့္ သူ႕ရဲ႕ ဘယ္ဘယ္က အူဘာမီယန္းကို လိုအပ္ခ်ိန္မွာ မေပးႏုိင္တာကေတာ့ ဆုိးပါတယ္။ ေနာက္ၿပီးမွ အက်ဳိးမရွိတဲ့ ေနာက္ဘက္ကို ေဘာလုံးျပန္ေပးလုိက္ေရာေလ… ဒါက သူ႕ဆီက ဒီရာသီမွာ ကၽြန္ေတာ္ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ျမင္ခဲ့ရတာေတြပါ”လို႔ ႐ုပ္သံတင္ဆက္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ျပင္သစ္သားက ေဝဖန္သြားခဲ့ပါတယ္။

အာလီယာဒီေယးက ေပေပဟာ ေနာက္ပြဲေတြ ပုိကစားလာရတာနဲ႔အမွ် သူ႕ရဲ႕ အာ႐ုံစူးစိုက္မွဳကို တုိးတက္လာေအာင္ လုပ္ရမွာျဖစ္ေၾကာင္း၊ သူ႕ရဲ႕ ေျပာင္းေရႊ႕ေၾကးဆုိတာဟာ ကစားသမားေကာင္းတစ္ေယာက္ျဖစ္ေၾကာင္း သက္ေသခံမဟုတ္ဘဲ အေျခခံက်တဲ့ စြမ္းရည္ေတြကို ေက်ညက္ေနမွ ကစားသမားေကာင္းျဖစ္လာမွာျဖစ္ေၾကာင္းလည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ရှုံးပွဲမရှိအသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ကျောနံပါတ် ၃၀ ရှင် တိုက်စစ်မှူးဟောင်း ယယ်ရမီ အာလီယာဒီယေးက အသင်းအနေနဲ့ တောင်ပံကစားသမား နီကိုလတ်စ် ပေပေအတွက် ပေါင် ၇၂ သန်း အသုံးပြုပြီး ခေါ်ယူခဲ့တာ မှားယွင်းကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။

ဂန်းနားတိုက်စစ်မှူးဟောင်းက ပေပေအနေနဲ့ အာဆင်နယ်အသင်းမှာ ဒီပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသဖို့ ပရိသတ်တွေရဲ့ ဖိအားနဲ့လည်း ရင်ဆိုင်နေရနိုင်တယ်လို့ ခန့်မှန်းလိုက်ပြီး သူ့အမြင်တော့ ဒီကစားသမားရဲ့ အာရုံစူးစိုက်မှုနဲ့ အသင်းအပေါ် အကျိုးပြုနိုင်စွမ်းမှာ လိုအပ်ချက်တွေ ရှိနေဆဲပဲလို့လည်း ဆိုပါတယ်။

“မနှစ်က သူ လိုင်လီမှာ ကစားတာ ကျွန်တော်ကြည့်ရပါတယ်။ တကယ့်ချီးကျူးစရာကစားသမားပါပဲ။ အခုကျတော့ အာဆင်နယ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဖြစ်လာတယ်။ ငွေကြေးကလည်း ဘောလုံးမှာ အရေးပါတယ်ဗျ။ သူသာ သာမန်ကစားသမားဆို လက်ရှိမှတ်တမ်း(၆ ဂိုးသွင်းပြီး ၈ ဂိုး ဖန်တီးထားတာ)က အဆင်ပြေတာပဲ။ ဒါပေမယ့် ဒီပြောင်းရွှေ့ကြေးနဲ့ဆိုတော့ သူ့ရဲ့ ဂိုးတွေ၊ ဖန်တီးမှုတွေကို ပိုမြင်ချင်လာကြတယ်”လို့ အာလီယာဒီယေးက သုံးသပ်ပါတယ်။

“ပေါင် ၇၂ သန်းတဲ့ ကစားသမားတစ်ယောက်ကို ကျွန်တော့်အမြင် ပြောရရင်တော့ တချို့ ရိုးရှင်းတဲ့ အရာတွေကို သူလုပ်မပြနိုင်တာတွေ မြင်နေရတယ်။ ပြိုင်ဘက်နှစ်ယောက်သုံးယောက်ကို သူလိမ်ထွက်သွားတာတွေက ချီးကျူးစရာပါ။ ဒါပေမယ့် သူ့ရဲ့ ဘယ်ဘယ်က အူဘာမီယန်းကို လိုအပ်ချိန်မှာ မပေးနိုင်တာကတော့ ဆိုးပါတယ်။ နောက်ပြီးမှ အကျိုးမရှိတဲ့ နောက်ဘက်ကို ဘောလုံးပြန်ပေးလိုက်ရောလေ… ဒါက သူ့ဆီက ဒီရာသီမှာ ကျွန်တော် အချိန်တော်တော်များများ မြင်ခဲ့ရတာတွေပါ”လို့ ရုပ်သံတင်ဆက်သူအဖြစ် လုပ်ကိုင်နေတဲ့ ပြင်သစ်သားက ဝေဖန်သွားခဲ့ပါတယ်။

အာလီယာဒီယေးက ပေပေဟာ နောက်ပွဲတွေ ပိုကစားလာရတာနဲ့အမျှ သူ့ရဲ့ အာရုံစူးစိုက်မှုကို တိုးတက်လာအောင် လုပ်ရမှာဖြစ်ကြောင်း၊ သူ့ရဲ့ ပြောင်းရွှေ့ကြေးဆိုတာဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ကြောင်း သက်သေခံမဟုတ်ဘဲ အခြေခံကျတဲ့ စွမ်းရည်တွေကို ကျေညက်နေမှ ကစားသမားကောင်းဖြစ်လာမှာဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.