Premier League

၂၃.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း ၂ ရက္၊ စေနေန႔။

၂၃.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ နယုန္လဆန္း ၂ ရက္၊ စေနေန႔၊ ရွမ္းရက္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၁:၁၆ အထိ တိထီ ၁ လုံး။ ေက်ာ္လွ်င္ ၂ လုံး။ ၁ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၅:၅၀ အထိ ေရာဟိဏီနကၡတ္။ ေက်ာ္လွ်င္ မိဂသီနကၡတ္။ နံနက္ ၇:၃၃ အထိ အတိဂ႑ယုဂ္၊ အႏၲရာယ္၊ အတားအဆီးႏွင့္ ႀကဳံရျခင္း၊ အေႏွာင့္အယွက္၊ အဖ်က္အဆီးမ်ားအား လိမၼာပါးနပ္စြာ ေက်ာ္လႊားပါ။ ေက်ာ္လွ်င္ သုကမၼယုဂ္၊ ေအာင္ျမင္ျခင္း၊ အႏုိင္ယူခြင့္ႀကဳံျခင္း၊ ႏိုင္တုိင္း မလုပ္ဘဲ သေဘာထားႀကီးမွဳကို ျပသ၍ သိမ္းသြင္းယူပါ။

တစ္ေန႔တာ က႐ိုဏ္း။
မြန္းလြဲ ၁၂:၄၅ အထိ ကိတုဃနက႐ိုဏ္း၊ ေပ်ာ္ရႊင္ျခင္း၊ ထိမ္းျမားျခင္း၊ အခမ္းအနားေဆာင္ရြက္ရျခင္း၊ အနစ္နာခံရျခင္း၊ စိတ္ေကာင္းထား၍ ေပ်ာ္ရႊင္ႏုိင္မည့္သူမ်ားအား ကူညီျခင္းျဖင့္ မိမိအေပၚ သူတပါး၏ အေလးထားမွဳအား ရယူပါ။ နံနက္ ၁:၁၆ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာ အမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၁:၁၆ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၃.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ စနေနေ့၊ ရှမ်းရက်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၁၆ အထိ တိထီ ၁ လုံး။ ကျော်လျှင် ၂ လုံး။ ၁ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၅:၅၀ အထိ ရောဟိဏီနက္ခတ်။ ကျော်လျှင် မိဂသီနက္ခတ်။ နံနက် ၇:၃၃ အထိ အတိဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီးနှင့် ကြုံရခြင်း၊ အနှောင့်အယှက်၊ အဖျက်အဆီးများအား လိမ္မာပါးနပ်စွာ ကျော်လွှားပါ။ ကျော်လျှင် သုကမ္မယုဂ်၊ အောင်မြင်ခြင်း၊ အနိုင်ယူခွင့်ကြုံခြင်း၊ နိုင်တိုင်း မလုပ်ဘဲ သဘောထားကြီးမှုကို ပြသ၍ သိမ်းသွင်းယူပါ။

တစ်နေ့တာ ကရိုဏ်း။
မွန်းလွဲ ၁၂:၄၅ အထိ ကိတုဃနကရိုဏ်း၊ ပျော်ရွှင်ခြင်း၊ ထိမ်းမြားခြင်း၊ အခမ်းအနားဆောင်ရွက်ရခြင်း၊ အနစ်နာခံရခြင်း၊ စိတ်ကောင်းထား၍ ပျော်ရွှင်နိုင်မည့်သူများအား ကူညီခြင်းဖြင့် မိမိအပေါ် သူတပါး၏ အလေးထားမှုအား ရယူပါ။ နံနက် ၁:၁၆ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာ အမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၁၆ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)